Background
ပင်လယ်ရပ်ခြားမှ အလုပ်သမားများ အစုလိုက်အပြုံလိုက်ဝင်လာတာကို အများပြည်သူတို့က မကျေမနပ်ပြောလာကြပြီးနောက်ပိုင်း စင်ကာပူနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမားတို့၏ မိသားစုတွေအတွက်တင်းကျပ်တဲ့ စည်းမျဉ်းတွေကို စင်ကာပူကပြဋ္ဌာန်းတော့မှာဖြစ်ပြီး လူဝင်မှုမူဝါဒတွေကို လည်း တင်းကျပ်တော့မှာဖြစ်ပါတယ်။
ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုကို ဖြတ်သန်းတိုက်ခတ်လာတဲ့ စီးပွားရေးမုန်တိုင်းဒဏ်မှ ရှေ့ဆောင်နည်းပညာကုမ္ပ ဏီကြီးတွေ အကာ အကွယ်ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်က တစ်စစလုံးပါး ပါးလျက်ရှိပါတယ်။ Big Tech သုတေသနအေဂျင်စီက သုံးလပတ်ဝင်ငွေအခြေအနေကို လာမဲ့ ရက်သတ္တပတ်မှာ ထုတ်ပြန်တော့မှာဖြစ်ပါတယ်။ အဲဒီအခါမှာ မိုက်ကရို ဆော့ဖ်၊ BM နဲ့ အင်တဲတို့လို ဆော့ဖ်ဝဲနဲ့ ဟတ်ဝဲထုတ်လုပ်တဲ့ အမေရိကန်ရဲ့ အထင်ကရကုမ္ပဏီကြီးတွေရဲ့ အခြေအနေကိုစိတ်ပျက် စရာတွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။
ဥရောပစီးပွားရေးအကျပ်အတည်း ကအရှေ့ပိုင်းဒေသကို ကူးစက်ပျံ့နှံ့လာ မှာကိုစိုးရိမ်နေပေမဲ့ တောင်ကိုရီးယား၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတွေက ထွက် ပေါ်လာတဲ့သတင်းဆိုးတွေကဒေသတွင်း ရှိ ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုကို ယိုင်လဲသွားအောင် စွမ်းဆောင်နိုင် ခြင်းမရှိခဲ့ပါ။ အနောက်ပိုင်းမှာရှိတဲ့ ပို့ ကုန်ဈေးကွက် အားနည်းမှုကြောင့် တရုတ်စီးပွားရေးရဲ့ တိုးတက်ဖွံ့ဖြိုးမှုက သုံးနှစ်ကျော်အတွင်း အနှေးကွေးဆုံး ဖြစ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထား တဲ့ စာရင်းဇယားတွေမှာ ဇူလိုင် ၁၃ ရက်က တွေ့ရပါတယ်။
အိန္ဒိယအစိုးရက တရုတ်နို့နဲ့ နို့ထွက်ပစ္စည်းတင်သွင်းမှု ပိတ်ပင်ထားခြင်းကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးလိုက်ကြောင်း သိရပါတယ်။ ယင်းကြေငြာချက်ကို ပြည်ပကုန်သွယ်ရေးဌာနမှ ဇူလိုင် ၂ ရက်မှာ ၂၀၁၂ ခုနှစ် ဇွန် ၂၃ ရက်တိုင်အောင် ပိတ်ပင်ထားခြင်းကို ဆက်လက်ပိတ်ပင်သွားဖို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ တင်သွင်းမှုတားမြစ်ထားတဲ့အထဲ မှာ ချောကလက်၊ ချောကလက်ထုတ်ကုန် နို့ သို့မဟုတ် နို့ထွက်ပစ္စည်းနဲ့ပြုပြင်ထားတဲ့ သကြားလုံး၊ သကြားမုန့်နဲ့ အခြားစားသောက် ကုန်များ ပါဝင်တယ်လို့ သိရပါတယ်။
အီးယူဒေသစီးပွားရေးကျဆင်းမှု ပိုမိုလာတဲ့လက္ခဏာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ရေနံစိမ်းဝယ်ယူထားတဲ့စာချုပ်တွေ ကို ဈေးမြင့်နေတဲ့ကာလ အတွင်း ပြန်လည်ရောင်းချမှုများလာရာ ဇူလိုင် ၂ ရက် ရေနံစိမ်းဈေးနှုန်းများ ကျဆင်းလာတယ်။ မေလအတွင်း အီးယူဒေသ အလုပ်လက်မဲ့နှုန်းက ၁၁ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ဖွယ်ရှိရာ ဧပြီလအလုပ်လက်မဲ့နှုန်းဖြစ်တဲ့ ၁၁ ရာခိုင်နှုန်းထက် ပိုမိုခဲ့တယ်။ ၁၉၉၀ နောက်ပိုင်း အမြင့်ဆုံး အလုပ် လက်မဲ့နှုန်းဖြစ်တယ်လို့ သိရတယ်။
အီရတ်ရဲ့ ရေနံထုတ်လုပ်မှုက နှစ်ပေါင်း ၂၀ အတွင်း အမြင့်မားဆုံးနှုန်းကို ရောက်ရှိခဲ့ တယ်လိ့ု သိရတယ်။ အီရတ်နိုင်ငံရှိ ဟာလ်ဖာရာရေနံတွင်းမှ ရေနံထုတ်လုပ်မှုတိုးတက်ခဲ့ရာ အီရတ်ရဲ့ ရေနံအထွက်တိုးခြင်းဖြစ်တယ်။ယခုဇွန်လအတွင်း တစ်ရက်ကို စည်ပေါင်း ၃ ဒသမ ၀၇ သန်းကျော် ထုတ်လုပ်နိုင်ခဲ့ရာ မေလအတွင်းတစ်ရက် ထုတ်လုပ်တဲ့စည်ပေါင်း ၂ ဒသမ ၉၂ သန်းထက်ပိုမိုတယ်လိ့ု အီရတ်ရဲ့ စွမ်းအင်ရေးရာ ဒုတိယဝန်ကြီးချုပ်က ပြောကြားတယ်။
တရုတ်နဲ့ ရေနံရောင်းဝယ်ရာမှာ ယွမ်ကိုပေးချေရမည့်ငွေကြေးအဖြစ် အီရန် နိုင်ငံကလက်ခံကြောင်း သတင်းရရှိပါတယ်။ ဒီလိုလက်ခံလိုက်တဲ့အတွက် တကယ် လို့တခြားနိုင်ငံတွေကလည်း အလားတူပေးချေမှုမျိုး ဖြစ်လာရင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ငွေကြေးအဖြစ် အမေရိကန်ဒေါ်လာ လွှမ်းမိုးထားခြင်းကို ထူးထူး ခြားခြား ခြိမ်းခြောက်မှုဖြစ်သွားစေပါတယ်။
အီးယူဒေသတွင်းနိုင်ငံတွေရှိ ရွေးကောက်ပွဲများရလဒ်ကြောင့် ဒေသတွင်းခြိုးခြံချွေတာရေး စီမံကိန်းအတွက် ကြိုးပမ်းမှုတွေ လမ်းချော်သွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကို မီးထိုးပေးသလိုဖြစ်နေရာ မေ ၇ ရက် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းတွေက လေးလေ ကျာ်ကာလအတွင်း အနိမ့်ဆုံးနှုန်းကို ကျဆင်းလာတယ်။
ပြည်တွင်းသံရည်ကျိုစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရန် အတွက် သတ္တုရိုင်းတင်ပို့မှုအပေါ် ပို့ကုန်အခွန်ကို မေ ၆ ရက်က စတင်စည်းကြပ်တော့မည်ဟု စွမ်းအင်နှင့်သတ္တုဝန်ကြီး ဌာနက မေ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အင်ဒိုနီး ရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ၌ လာရောက်ကြသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသည် ထုတ်လုပ်မှုစတင်ပြီးနောက် ၁၀ နှစ် အကြာတွင် အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ရှိသည်ဟု ကြေညာချက်ထုတ်ပြန်ပြီး ၂ လအကြာမှာ သတ္တုရိုင်း တင်ပို့မှု အပေါ် ပြည်ပပို့ကုန်အခွန် စည်းကြပ်မည့်ဥပဒေ ထွက်ပေါ်လာ ခြင်းဖြစ်ပါတယ်။
မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)နဲ့ ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာအဖွ့ဲ(FAO) တို့ပူးပေါင်းပြီး သစ်သီးဝလံ (အဓိက သရက်သီး)များမှာ ကျရောက်တတ်တဲ့ ရောဂါပိုးမွှားများကာကွယ်နှိမ်နင်းရေးသင်တန်း (Training of Trainers on Integrated Pest management on Bactrocoro Fruit Fly Management for mongoes) ကို ၂၀၁၂ ခုနှစ် ဧပြီ ၂၀ ရက်မှာ တောင်ကြီးမြို့ အေးသာယာဂေါက်ကလပ် အစည်းအဝေးခန်းမမှာ စတင်ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။