Background
ဥရောပ ဗဟိုဘဏ်(ECB)ရဲ့ ရေရှည် ဘဏ္ဍာ ငွေ ပြန်လည် ထောက်ပံ့ရေး လုပ်ငန်း (LTRO) အရ ဒုတိယအကြိမ် ပေးမဲ့ အစီအစဉ်အတွက် ဘဏ် ၈၀၀ အတွက် ယူရိုဘီလီယံ ၅၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၉ ရက်က ဗဟိုဘဏ်ကခွဲေ၀ လျာ ထားပေးပါတယ်။ ပထမဆုံး တင်ဒါအဖြစ် ခွဲေ၀ ပေးနိုင်ဖို့ အတွက် ECB က ဒေသတွင်းရှိဘဏ္ဍာ ရေး အဖွဲ့အစည်းများထံသို့ ယူရိုတစ်ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ)ကို ထုတ်ပေး ခဲ့ပါတယ်။ ချေးငွေပမာဏမှာ စောစောပိုင်းက ခန့်မှန်းထားတာထက် အနည်းငယ် ပိုမိုခဲ့ပါတယ်။
ဆွီဒင်ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်း myFc က ရေနဲ့ လည်ပတ်နိုင်မဲ့ အားသွင်းစက်တွေ ထုတ်နိုင်တော့မယ် လို့ပြောပါတယ်။ တခြား ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီဒူရာဆဲလ်ကလည်း ဖုန်းတွေ အားပေးနိုင်မဲ့စွမ်းအင် "ဖျာ" (Mat) ကိုထုတ်လုပ်နိုင်ပြီလို့ဆိုပါတယ်။ ကာလီဖိုးနီးယား အခြေစိုက် XPAL Power ကလည်း ၁၅ နှစ်လောက် အားသွင်းထားနိုင်တဲ့ ဖုန်းကို ထုတ်နိုင်ပြီလို့ ပြောပါတယ်။
၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေး အသိုက် အဝန်း (AEC) ဖွဲ့စည်းပြီးတာနဲ့ တစ်ပြိုင်နက် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင် ငံအား စြင်္ကံအချင်းချင်းကုန်သွယ်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ဖို့ ပြင်ဆင်ရန် ထိုင်းနိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍ မှ ဦးစီးအဖွဲ့ဝင်များက ထိုင်းနိုင်ငံအား အကြံပြုထား ကြောင်း ထိုင်းသတင်း အေဂျင်စီက ဖော်ပြထား ပါတယ်။
ဇန်နဝါရီလအတွက် ဂျာမနီစီးပွားရေးအညွှန်းကိန်း ၄ လဆက်တိုက် မြင့်မားခဲ့တယ်ဆိုတဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်ပိုင်း ယူကိုငွေတန်ဖိုးက သီတင်းပတ် ၁၀ ပတ်ကျော်ကာလအတွင်း အမြင့်ဆုံးကို ရောက်ရှိလာတယ်။ အီးယူဒေသရဲ့ စီးပွားရေးအင်အားအကြီးမားနိုင်ငံဖြစ်တဲ့ ဂျာမနီရဲ့ GDP ကလည်း ၂၀၁၁ ခုနှစ် စတုတ္ထသုံးလပတ်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ဖွယ်ရှိတယ်လိ့ု Bloomberg မှ စီးပွားရေးပညာရှင်တွေရဲ့ လေ့လာမှုအရသိရတယ်။
အာဆီယံဒေသက အမေရိကန်နိုင်ငံနဲ့ စတုတ္ထမြောက် ကုန်သွယ်မှု အများဆုံးဖြစ်လာတယ်လို့ သိရတယ်။ လက်ရှိမှာ အာဆီယံမှ အမေရိကန် ကိုတင်ပို့တဲ့ အဓိကပစ္စည်းတွေမှာ စက်မှုလုပ်ငန်းသုံးစက်များ၊ အီလက် ထရွန်းနစ်ပစ္စည်းများ၊ တယ်လီကွန်မြူနီကေးရှင်းဆိုင်ရာ ပစ္စည်းများနဲ့ အပို ပစ္စည်းများ၊ ကွန်ပျူတာနဲ့ ဆက်စပ်အပိုပစ္စည်းများဖြစ်တယ်လို့ အာရှဖောင် ဒေးရှင်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။အာဆီယံနဲ့ အမေရိကန်နိုင်ငံအကြား စုစုပေါင်း ကုန်သွယ်ရေးက ၁၉၈၀ မှ ၁၉၉၆ အထိကာလအတွင်း ၄ ဆနီးပါး တိုးတက်ခဲ့ကြောင်း သိရတယ်။Source:chinapost.com.twပပ
တန်ဇန်းနီးယားအခြေစိုက် ကုန်သွယ်ရေးအုပ်စု ETG နဲ့ မွန်ဘိုင်းမှ Coronation Group တို့ ဖက်စပ်ဆောင်ရွက်နေတဲ့ETG Agro ကုမ္ပဏီဟာ အိန္ဒိယပဲမျိုးစုံ ပြုပြင်ထုတ်လုပ်တဲ့ နေရာမှာ ရူပီး ၁၀၀ ကုဋေ (ကန်ဒေါ်လာ ၂၀ ဒသမ ၃၁ သန်း)ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေကြောင်းသိရပါတယ်။ ယင်းကုမ္ပဏီဟာ ဂူဂျာရတ်နဲ့ မဟာရပ် ရှတရာမှာ ပဲပြုပြင်ထုတ်လုပ်တဲ့ စက်ရုံတစ်ခုစီကို မကြာမီ စတင် ဆောင်ရွက်တော့မယ်လို့ သိရပါတယ်။
အီးယူဒေသ အစိုးရများအနေနဲ့ ဒေသတွင်း ကြွေးမြီပြဿနာကို အပြီး သတ်ဖြေရှင်းနိုင်မှု မရှိသေးခြင်း၊ အမေ ရိကန်နဲ့ အစ္စရေးက အီရန်နိုင်ငံအပေါ် ပြစ်တင်ဝေဖန်မှုများလာခြင်းနဲ့ အမေ ရိကန်နိုင်ငံမှာ ကြွေးမြီများလာခြင်းတို့ ကြောင့် ရွှေ၊ ငွေအပါအဝင် သတ္တုတွေ နဲ့ ရေနံစိမ်းဈေးနှုန်းတွေ မြင့်မားလာ တယ်။
ဒီတစ်ပတ်အတွင်းမှာတော့ အမေ ရိကန်ဒေါ်လာဈေးကွက်ဟာ ငြိမ်သက် နေခဲ့တာကိုတွေ့ရပါတယ်။ သိမ်ဖြူငွေ လဲစင်တာတွင် အမေရိကန်ဒေါ်လာ ဈေးသည် တစ်ပတ်အတွင်း အပြောင်း အလဲမရှိခဲ့ဘဲ ငြိမ်သက်နေခဲ့သည်။ထို့ပြင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၏ ငွေလဲစင်တာများတွင် ဖော်ပြ ထားသည့် ငွေဈေးနှုန်းမှာလည်း အ ပြောင်းအလဲမရှိခဲ့ဘဲ ငြိမ်သက်နေသည် ကိုတွေ့ရသည်။
ဇန်နဝါရီလအတွင်း ဂျပန်နိုင်ငံရဲ့ ကုန်သွယ်ရေးလိုငွေပြမှုမှာ ယန်း ၁ ဒသမ ၄၈ ထရီလီယံရှိလာကာ ၃၃ နှစ်အတွင်း လိုငွေပြမှု အများဆုံးဖြစ်ခဲ့ကြောင်း အစိုးရမှထုတ်ပြန်တဲ့ ကြေညာချက်အရ သိရပါတယ်။ပို့ကုန်တင်ပို့မှုမှရရှိတဲ့ ဝင်ငွေမှာ ယခင်နှစ်ကထက် ၉ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၁ ထရီ လီယံခန့်သာရှိခဲ့ပြီး လေးလဆက်တိုက်ကျဆင်းလာခြင်း ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်လာလကုန်၌ ဟောင်ကောင်ဒေသ၏ နိုင်ငံခြား အရန်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၂၈၃ ဒသမ ၅ ဘီလီယံ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၂၂၀၀ ဘီလီယံကျော်ရှိ၍ လွန်ခဲ့သော နိုဝင်ဘာလထက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ငွေကြေး အာဏာပိုင်မှ ထုတ်ပြန်ခဲ့သည်။