Background
မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ သြဂုတ် ၁ ရက်မှ ၇ ရက် ထိကာလအတွင်းမှာကန်ဒေါ်လာ သုည ဒသမ ၂၁၀ သန်းတန်ဖိုးရှိ အချိုမှုန့် တန် ၂၀၀ ကျော်ကို မူဆယ်နဲ့ ၉ တန် ကို ချင်းရွှေဟော်နယ်စပ်တို့မှ အသွင်းရှိ ခဲ့ပါတယ်။ ယခင်အပတ် တင်သွင်းမှု ထက် ၄၅၇ တန်ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)
ဇူလိုင်လအတွင်း အမေရိကန်ရဲ့ အလုပ်အကိုင် ခန့်ထားမှုနှုန်းက ခန့်မှန်း ထားတဲ့ပမာဏထက် ပိုမိုခဲ့ခြင်း၊ ကာရေ ဗီယံပင်လယ်ရှိ အပူပိုင်းမုန်တိုင်း အာ နက်စတိုက ဟာရီကိန်းအဖြစ် အရှိန် ပြင်းလာနိုင်ပြီး မက္ကဆီကိုပင်လယ်ကွေ့ ကို မကြာမီရက်များအတွင်း ရောက်ရှိ လာနိုင်ကာ ရေနံထုတ်လုပ်မှုကို ထိခိုက် စေမယ်လို့ ခန့်မှန်းကြခြင်းနဲ့ အီရန်ရဲ့ ရေနံထုတ်လုပ်မှုများစွာကျဆင်းခြင်းတို့ ကြောင့် သြဂုတ်လဆန်း ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းေ တွ မြင့်မားလာတယ်။
အမေရိကန်ဗဟိုဘဏ်နဲ့ အီးယူ ဒေသဗဟိုဘဏ်တွေအနေနဲ့ စီးပွားရေး လှုံ့ဆော်မှုစီမံကိန်းတွေ ချမှတ် ဆောင် ရွက်သွားလိမ့်မယ်လို့ ခိုင်ခိုင်မာမာ ခန့်မှန်းလာကြခြင်းနဲ့ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းတွေ မြင့်မားလာခြင်းတို့ကြောင့် ဇူလိုင် ၃၁ ရက် သဘာဝရော်ဘာ ဈေး နှုန်း တွေက ယခင်သီတင်းပတ် ဈေးနှုန်း တွေနဲ့ယှဉ်ရင် အနည်းငယ်မြင့်မားလာ တယ်။
တရုတ်နိုင်ငံက ကမ္ဘာ့ဒုတိယမြောက် ရေနံ စိမ်းသုံးစွဲမှု အများဆုံးနိုင်ငံဖြစ်တဲ့အတွက် တရုတ် နိုင်ငံရဲ့ စီးပွားရေးအခြေအနေက ကမ္ဘာ့ရေနံစိမ်း ဈေးကွက်ကို များစွာလွှမ်းမိုးနေတယ်။ ယခုသုံးလ ပတ်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု နှေး ကွေးကာ ၇ ဒသမ ၄ ရာခိုင်နှုန်းသာ တိုးတက် နိုင်တယ်လို့ တရုတ်ဗဟိုဘဏ် ငွေကြေးမူဝါဒ ကော်မတီမှ အကယ်ဒမစ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့Song Guoqing က ပြောကြားတယ်။
အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုနဲ့ အမေရိကန်ပြည်ထောင်စုက စီးပွားရေးတွန်းအားပေး အစီအစဉ်တွေ ဆောင်ရွက်မဲ့ အလားအလာတွေကြောင့် ရေနံစိမ်းဈေးနှုန်းတွေက နှစ်လအတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိခဲ့ပြီး နောက် ပိုင်း ဇူလိုင် ၂၀ ရက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။
ပင်လယ်ရပ်ခြားမှ အလုပ်သမားများ အစုလိုက်အပြုံလိုက်ဝင်လာတာကို အများပြည်သူတို့က မကျေမနပ်ပြောလာကြပြီးနောက်ပိုင်း စင်ကာပူနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမားတို့၏ မိသားစုတွေအတွက်တင်းကျပ်တဲ့ စည်းမျဉ်းတွေကို စင်ကာပူကပြဋ္ဌာန်းတော့မှာဖြစ်ပြီး လူဝင်မှုမူဝါဒတွေကို လည်း တင်းကျပ်တော့မှာဖြစ်ပါတယ်။
ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုကို ဖြတ်သန်းတိုက်ခတ်လာတဲ့ စီးပွားရေးမုန်တိုင်းဒဏ်မှ ရှေ့ဆောင်နည်းပညာကုမ္ပ ဏီကြီးတွေ အကာ အကွယ်ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်က တစ်စစလုံးပါး ပါးလျက်ရှိပါတယ်။ Big Tech သုတေသနအေဂျင်စီက သုံးလပတ်ဝင်ငွေအခြေအနေကို လာမဲ့ ရက်သတ္တပတ်မှာ ထုတ်ပြန်တော့မှာဖြစ်ပါတယ်။ အဲဒီအခါမှာ မိုက်ကရို ဆော့ဖ်၊ BM နဲ့ အင်တဲတို့လို ဆော့ဖ်ဝဲနဲ့ ဟတ်ဝဲထုတ်လုပ်တဲ့ အမေရိကန်ရဲ့ အထင်ကရကုမ္ပဏီကြီးတွေရဲ့ အခြေအနေကိုစိတ်ပျက် စရာတွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။
ဥရောပစီးပွားရေးအကျပ်အတည်း ကအရှေ့ပိုင်းဒေသကို ကူးစက်ပျံ့နှံ့လာ မှာကိုစိုးရိမ်နေပေမဲ့ တောင်ကိုရီးယား၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတွေက ထွက် ပေါ်လာတဲ့သတင်းဆိုးတွေကဒေသတွင်း ရှိ ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုကို ယိုင်လဲသွားအောင် စွမ်းဆောင်နိုင် ခြင်းမရှိခဲ့ပါ။ အနောက်ပိုင်းမှာရှိတဲ့ ပို့ ကုန်ဈေးကွက် အားနည်းမှုကြောင့် တရုတ်စီးပွားရေးရဲ့ တိုးတက်ဖွံ့ဖြိုးမှုက သုံးနှစ်ကျော်အတွင်း အနှေးကွေးဆုံး ဖြစ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထား တဲ့ စာရင်းဇယားတွေမှာ ဇူလိုင် ၁၃ ရက်က တွေ့ရပါတယ်။
အိန္ဒိယအစိုးရက တရုတ်နို့နဲ့ နို့ထွက်ပစ္စည်းတင်သွင်းမှု ပိတ်ပင်ထားခြင်းကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးလိုက်ကြောင်း သိရပါတယ်။ ယင်းကြေငြာချက်ကို ပြည်ပကုန်သွယ်ရေးဌာနမှ ဇူလိုင် ၂ ရက်မှာ ၂၀၁၂ ခုနှစ် ဇွန် ၂၃ ရက်တိုင်အောင် ပိတ်ပင်ထားခြင်းကို ဆက်လက်ပိတ်ပင်သွားဖို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ တင်သွင်းမှုတားမြစ်ထားတဲ့အထဲ မှာ ချောကလက်၊ ချောကလက်ထုတ်ကုန် နို့ သို့မဟုတ် နို့ထွက်ပစ္စည်းနဲ့ပြုပြင်ထားတဲ့ သကြားလုံး၊ သကြားမုန့်နဲ့ အခြားစားသောက် ကုန်များ ပါဝင်တယ်လို့ သိရပါတယ်။
အီးယူဒေသစီးပွားရေးကျဆင်းမှု ပိုမိုလာတဲ့လက္ခဏာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ရေနံစိမ်းဝယ်ယူထားတဲ့စာချုပ်တွေ ကို ဈေးမြင့်နေတဲ့ကာလ အတွင်း ပြန်လည်ရောင်းချမှုများလာရာ ဇူလိုင် ၂ ရက် ရေနံစိမ်းဈေးနှုန်းများ ကျဆင်းလာတယ်။ မေလအတွင်း အီးယူဒေသ အလုပ်လက်မဲ့နှုန်းက ၁၁ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ဖွယ်ရှိရာ ဧပြီလအလုပ်လက်မဲ့နှုန်းဖြစ်တဲ့ ၁၁ ရာခိုင်နှုန်းထက် ပိုမိုခဲ့တယ်။ ၁၉၉၀ နောက်ပိုင်း အမြင့်ဆုံး အလုပ် လက်မဲ့နှုန်းဖြစ်တယ်လို့ သိရတယ်။