Main menu

Background

Monday, 27 Aug 2012

ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှု  လျော့ကျပေမဲ့ တောင်ကိုရီးယားကို ဆက်လက်တင်ပို့မှုရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၈၀ ခန့်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ်မှာ တန်ချိန် ၄၀၀ ခန့် တင်ပို့ခဲ့ပါတယ်။ တောင်ကိုရီးယားအပြင် ပြင်သစ်၊ ကူဝိတ်၊ ထိုင်းနဲ့ တရုတ်ကိုလည်း အနည်းငယ်စီတင်ပို့မှု ရှိတာတွေ့ရပါ တယ်။ ယခုတစ်ပတ် မြေပဲဆန်တင်ပို့မှုကတော့ ပင်လယ်ရေကြောင်းက တင်ပို့မှုမှာ ၁၄ တန်သာ ရှိတာတွေ့ရပါတယ်။ ဇူလိုင်လ တစ်လလုံးမှာ နှမ်းတန်ချိန် ၁၈၀၀ ကျော်တင်ပို့ခဲ့ပြီး ဇွန်လမှာ တန်ချိန် ၂၂၀၀ ခန့်အထိ တင်ပို့မှုရှိခဲ့ကြောင်း သိရပါ တယ်။                                                     MIRT - MAPT

Monday, 27 Aug 2012

အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီပို့ကုန်များက ဇွန်လက တန် ၁ ဒသမ ၁၄ သန်း ရှိခဲ့ရာမှ ဇူလိုင်လမှာ တန် ၁ ဒသမ ၄ သန်းရှိခဲ့ကြောင်း ဘလွန်းဘတ်နယူးစ် က စိုက်ပျိုးရေးအမှုဆောင် ငါးဦးကိုကောက်ယူထားတဲ့ စစ်တမ်းအရ သိရပါတယ်။ စားအုန်းဆီအထွက်က ၅ ရာခိုင်နှုန်း ကျဆင်းပြီး တန် ၂ သန်းရှိလိမ့်မယ်လို့ အမှုဆောင် ၃ ဦး ကခန့်မှန်းပါတယ်။ ဒါပေမဲ့ အမှုဆောင်အရာရှိတွေက လက်ကျန်နဲ့ ပတ်သက်လို့ ပြောကြားခြင်းမရှိပါဘူး။

Sunday, 29 Jul 2012

    မလေးရှားနိုင်ငံရဲ့ စားအုန်းဆီတင်ပို့မှုမှာ ဇွန်လ အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ဇူလိုင် ၁ ရက်က ၂၅ ရက်အထိ ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း Intertek က ပြုလုပ်တဲ့ လွတ်လပ်တဲ့ ဈေးကွက်သုတေသနပြုချက်အရ သိရပါတယ်။ ယခင်ဇွန်လ အလားတူကာလနဲ့ စုစုပေါင်း တင်ပို့မှုက တန် ၁ ဒသမ ၂ သန်းရှိပြီး ယခုလပိုင်းမှာ စုစုပေါင်းတင်ပို့ မှုက ၁ ဒသမ ၀၃ သန်းသာရှိခဲ့ကြောင်း သုတေသနပြုချက်အရ သိရပါတယ်။

Sunday, 29 Jul 2012

    ကမ္ဘာမှာ ပဲပုပ်စေ့စိုက်ပျိုး ထုတ် လုပ်မှု အများဆုံးနိုင်ငံဖြစ်တဲ့ အမေရိ ကန်ရဲ့ ပဲပုပ်အဓိကစိုက်ပျိုး ထုတ် လုပ် တဲ့ ဒေသတွေမှာ ပူပြင်းခြောက်သွေ့ တဲ့ ရာသီဥတုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစား နေရပြီး ပဲပုပ်စေ့ထုတ်လုပ်မှု ကျဆင်း ကာ ရောင်းလို အား လျော့နည်း သွား လိမ့်မယ်လို့ စိုးရိမ်ပူပန်လာကြတယ်။

Sunday, 22 Jul 2012

    မလေးရှားစားအုန်းဆီကြမ်းဈေးဟာ သီတင်း ၃ ပတ်အတွင်း နိမ့်ကျနေခဲ့ရာမှ အမေရိကန်ပြည်ထောင်စုမှာ ၁၉၅၆ ခုနှစ် နောက်ပိုင်း မိုးခေါင်ခြောက်သွေ့မှု အပြင်း ထန်ဆုံးဖြစ်နေတဲ့အတွက် ကမ္ဘာ့ဆီထွက်သီးနှံ ရောင်းချမှုကို ခြိမ်းခြောက်လျက်ရှိ တာကြောင့် မလေးရှားစားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။ အမေရိကန်မှာ ပူပြင်းခြောက်သွေ့ခြင်းကြောင့် သီးနှံဈေးနှုန်းက ယခုတစ်ပတ် အတွင်း  စံချိန်တင်မြင့်တက်ခဲ့ကာ ပဲပုပ်ဆီရောင်းချမှုနည်းတဲ့အပေါ် စိုးရိမ်မှုတွေရှိ လာတဲ့ အတွက် ဈေးသက်သာတဲ့ စားအုန်းဆီကို ပြောင်းလဲဝယ်ယူလာကြပါတယ်။

Sunday, 22 Jul 2012

    တောင်ကိုရီးယားမှ နှမ်းတန်ချိန် ၁၂၀၀၀ ဝယ်ယူဖို့ တင်ဒါခေါ်လိုက် ရာ ကမ္ဘာ့နှမ်းဈေးနှုန်းတွေနဲ့ အပြိုင် အိန္ဒိယနှမ်းဈေးနှုန်းေ တွက လွန်ခဲ့တဲ့ ၄ ရက်အတွင်း ၁၈ ရာခိုင်နှုန်းမြင့်မား လာတယ်။ ဇူလိုင် ၄ ရက်က ကီလို ၂၀ ကို ၁၃၇၅-၁၄၀၀ ရူပီး (တစ်တန် ကို ကန်ဒေါ်လာ ၁၂၅၀-၁၂၇၃ ဝန်း ကျင်) သာရှိတဲ့ နှမ်းဈေးနှုန်းတွေက ဇူလိုင် ၇ ရက်မှာ ၁၆၀၀-၁၆၅၀ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၁၄၅၅-၁၅၀၀ ဝန်းကျင်)အထိရောက်ရှိလာ တယ်။

Wednesday, 18 Jul 2012

    အမေရိကန်ပဲပုပ်ထုတ်လုပ်ရာဒေသမှာ မိုးခေါင်ခြောက်သွေ့နေရာမှ မိုးရွာသွန်း မယ့် ခန့်မှန်းချက်တွေအရ မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် ဆီထွက်သီးနှံ ရောင်းချမှုနည်းတဲ့ အတွက် ဈေးနှုန်း ကျဆင်း မှု ပြန်လည်ကန့်သတ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်။

Wednesday, 18 Jul 2012

    ကမ္ဘာ့ပဲပုပ်ဝယ်ယူမှု   အများဆုံး တရုတ်နိုင်ငံမှာ မွေးမြူရေးအစာ ဝယ်လို အားများလာခြင်းနဲ့ ကြိတ်ခွဲနိုင်မှု တိုးချဲ့ လာခြင်းတွေေ ကြာင့် ဇွန်လအတွင်းမှာ ပဲပုပ်တန်ချိန် ၅ ဒသမ ၆၂ သန်း တင် သွင်းခဲ့ရာ နိုဝင်ဘာလ နောက်ပိုင်း အများ ဆုံး တင်သွင်းခဲ့ကြောင်း  အကောက်ခွန် စာရင်းများအရ  သိရပါတယ်။

Sunday, 1 Jul 2012

    ယခုသီတင်းပတ်နှောင်းပိုင်းမှာ အီးယူခေါင်းဆောင်များရဲ့ ထိပ်သီးဆွေးနွေးပွဲက ဒေသတွင်းအကြွေးအကျပ် အတည်း လျော့ပါးအောင်ဖြေရှင်းနိုင်ဖွယ်မရှိခြင်းအတွက် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုဖြစ်ကာ မလေးရှား စားအုန်း ဆီကြမ်းကြိုပွို င့်ဈေး၊ ဇွန်လ ၂၇ ရက်မှာ ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ရာသီဥတု ပူပြင်းခြောက်ေ သွ့မှုက ပဲပုပ်အထွက်ကို ကျဆင်းစေပြီး ဆီထွက်သီးနှံရောင်းချမှု လျော့နည်းဖွယ်ရှိခြင်းဟာ စားအုန်းဆီဈေး ကို မြှင့်တင်နိုင်တဲ့အတွက် လက်ရှိ စားအုန်းဆီေ ဈးကျဆင်းမှု ကန့်သတ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။  ဈေးကွက်မှာ စားအုန်းဆီတစ်တန်ရင်းဂစ် ၃၀၀၀-၃၀၅၀ (ကန်ဒေါ်လာ ၉၃၉-၉၈၆ ) အတွင်း ရှိနေတယ်လို့ ကုန်သည် တစ်ဦးကဆိုပါတယ်။ ရာသီဥတုအခြေအနေက ကာလတို အတွင်း စားအုန်းဆီေ ဈးကွက်ကို ကြီးမားစွာလွှမ်းမိုးနေ ပါတယ်။ အမေရိကန်နိုင်ငံမှာ လက်ရှိစိုက်ပျိုးရာသီအတွင်း ရာသီဥတုခြောက်ေ သွ့ခြင်းက စားအုန်းဆီဈေးကို အထောက်အပံ့ပြုနေပါတယ်။

Sunday, 1 Jul 2012

    တရုတ်နိုင်ငံရဲ့  ဆီထွက်သီးနှံ ဝယ်လိုအား ဆက်လက်ကြီးထွားနေ တာကြောင့် တစ်နှစ်ကို လိုအပ်ချက် တန်ချိန် ၅ ဒသမ ၆ သန်းမြင့်တက် လျက်ရှိလို့ ၂၀၁၁ အောက်တိုဘာလမှ ၂၀၁၂ စက်တင်ဘာလအတွင်း ပဲပုပ် တန်ချိန် ၅၇ ဒသမ ၉ သန်း တင်သွင်း ရဖွယ်ရှိတယ်လို့ ဇွန်လ ၂၆ ရက်မှာ ဟမ်းဘတ်အခြေစိုက် Oil  World   ဆီ ထွက်သီးနှံ သုတေသန လုပ်ငန်းရှင်များ က ခန့်မှန်းထားပါတယ်။ အဲဒီပမာဏ ဟာ မေမှာ Oil  World   ရဲ့ အစော ပိုင်း တင်သွင်းမှု ခန့်မှန်းထားခြင်းထက် တန်ချိန် ၁ သန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Pages