Main menu

Background

Thursday, 17 May 2012

    တရုတ်နိုင်ငံမှ ပဲပုပ်ဝယ်လိုအား မြင့်တက်မှုဟာ ကမ္ဘာ့  ပဲပုပ်ဈေးနှုန်း အမြင့်ဆုံးကို ရောက်ရှိဖို့  တွန်းပို့ဖွယ် ရှိနေပါတယ်။ လွန်ခဲ့တဲ့  ၁၀ နှစ်မှာ တရုတ်နိုင်ငံရဲ့  ပဲပုပ်တင်သွင်းမှုဟာ နှစ်စဉ် ၁၇ ရာခိုင်နှုန်း    မြင့်တက်ခဲ့ ပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာန USDA  ရဲ့ခန့်မှန်းချက်အရအမေရိကန် ပဲပုပ်သိုလှောင်လက်ကျန်ဟာ တင်ပို့မှု တိုးတက်နေတာကြောင့် ၁၉၆၅ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းလာ ဖွယ် ရှိပါတယ်။

Tuesday, 15 May 2012

    ကမ္ဘာ့စီးပွားရေးပြန်ကောင်းမွန်လာခြင်းနဲ့ ကုန်စည်ဝယ်လိုအားတို့အပေါ် သံသယဖြစ်စေတဲ့  အီးယူ အကျပ်အတည်းနဲ့ အမေရိကန်မှ စီးပွားရေးစာရင်းများ ထွက်ပေါ်လာတာကြောင့် မေလ ၃ ရက်နေ့မှာ မလေးရှား၊ စားအုန်းဆီကြိုပွိုင့်ဈေး ဟာ သီတင်း ၆ ပတ်အတွင်း ဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။ စားအုန်းဆီကြိုပွိုင့် ဈေးဟာ မတ်လ ၂၃ ရက်မှာ ဖြစ်ပေါ်တဲ့ တစ်တန်ရင်းဂစ် ၃၃၇၀ (ကန်ဒေါ်လာ ၁၁၁၁)ကို လျော့ကျခဲ့တယ်လို့ သိရပါတယ်။

Tuesday, 15 May 2012

    ကမ္ဘာ့ စားနပ်ရိက္ခာ ဈေးနှုန်း ကျဆင်းတယ်လို့ FAO  က ကြေညာ ပေမယ့် ပဲပုပ်ကြိုပွိုင့်ဈေးကတော့ ၄ နှစ် နီးပါးအတွင်း ၎င်းရဲ့ အမြင့်ဆုံးဈေးကို ဆက်လက်ထိန်းထားပါတယ်။ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လကစပြီး ယခုလအထိ ပဲပုပ်ဈေးအမြင့်ဆုံးကို   ရောက်ရှိနေပြီး၊ ရောင်းချမှု နည်းတာကြောင့်လည်း ဆက်လက်မြင့်တက်ဖွယ်ရှိနေပါတယ်။ ပဲပုပ်လက်ကျန်နည်းခြင်းက ပြောင်းဈေး ပိုမိုမြင့်တက်စေဖို့လည်း တွန်းပို့နေတယ် လို့ သတင်းများစွာက ဆိုထားပါတယ်။

Sunday, 8 Apr 2012

    လာမယ့်လတွေမှာ ပဲပုပ်အထွက်လျော့ကျမယ့် မျှော်လင့်ချက်အရ စားအုန်းဆီ ကို ဝယ်လိုအားပိုကောင်း လာမယ့် အလားအလာရှိလာတဲ့အတွက် ကုန်သည်များ ဆက်လက်ရင်းနှီးမြှုပ်နှံကြကာ ဧပြီလ ၄ ရက်မှာ မလေးရှားစားအုန်းဆီကြိုပွိုင့် ဈေးက ၁၃ လအတွင်း အမြင့်ဆုံးနီးပါးမြင့်တက်လာခဲ့ပါတယ်။

Monday, 2 Apr 2012

    စားဆီဝယ်လိုအားကောင်းမွန်ခြင်းက ဈေးနှုန်းကျဆင်းမှုကို တန့်စေခဲ့ပေမဲ့ အမေရိကန်ရဲ့ အဓိကပဲပုပ် စိုက်ပျိုးမှု၊ သိုလှောင်မှု အစီရင်ခံစာအပေါ် ကုန်သည် များ သတိထားလာကြတာကြောင့် မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေး ၃ ရက်မြောက် အနေနဲ့ ကျဆင်းခဲ့တယ်လို့သိရပါတယ်။ ယခုသီတင်းပတ်အစပိုင်းမှာ တောင် အမေရိကမှာ မိုးခေါင်တာကြောင့် ပဲပုပ်ရောင်းချမှုနည်း

Friday, 23 Mar 2012

    အမေရိကန်စီးပွားရေး ကောင်းမွန်လာတဲ့စာရင်းများနဲ့ ဝယ်လိုအားတိုးတက် လာဖွယ်ရှိခြင်းတို့ကြောင့် မလေးရှားစားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ မတ်လ ၁၄ ရက်မှာ ၉ လအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ မလေးရှားဘာစာ ကုန်စည်ဒိုင်မှာ မေလအခြေခံစံနှုန်း စာချုပ်ဈေးဟာ သုည ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန် ရင်းဂစ် ၃၃၈၅ (ကန်ဒေါ်လာ ၁၁၀၈) ရှိလို့ ဇွန်လ ၆ ရက် နောက်ပိုင်း အမြင့်ဆုံးရောက်ရှိခဲ့ပါတယ်။

Friday, 23 Mar 2012

    မူဆယ်နယ်စပ်ကတော့ ကန်ဒေါ်လာသုညဒသမ ၇၇၂ သန်းတန်ဖိုးရှိ နှမ်း နက်၅၃၂ တန်ကျော်၊ ကန်ဒေါ်လာသုည ဒသမ ၀၈၉ သန်း တန်ဖိုးရှိ နှမ်းဖြူ ၆၈ ဒသမ ၅၅၀ သန်းနဲ့ ကန်ဒေါ်လာသုညဒသမ ၀၁၈ သန်း တန်ဖိုးရှိ နှမ်းဖြူ (အခွံချွတ်) ၁၃ တန်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ တင်ပို့ခဲ့ရာ နှမ်းနက် တန် ၂၆၀ ကျော်ယခင်အပတ်ကထက် ပိုမိုတင်ပု့ိနိုင်ခဲ့တယ်လို့ သိရပါတယ်။

Friday, 23 Mar 2012

    နှမ်းလက်ကျန်များလျော့နည်းလာပြီဖြစ်လို့ ပင်လယ်ရေကြောင်းက နှမ်း တင် ပို့မှုကတော့ ဆက်လက်လျော့ကျနေပါတယ်။ ယခင်တစ်ပတ်က နှမ်းတန်ချိန် ၄၅၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (မတ်လ ၅-၉ ရက်)အတွင်းမှာ တန်ချိန် ၂၉၀ခန့် သာ ဂျပန်နဲ့ တောင်ကိုရီးယားကို တင်ပို့မှု ရှိခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၉ ရက်နေ့အထိ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန်

Friday, 23 Mar 2012

    ကမ္ဘာမှာ ပဲပုပ်အများဆုံးဝယ်ယူ သူ တရုတ်နိုင်ငံရဲ့  ဝယ်ယူလိုအား မြင့်တက်နေတာကြောင့်  ယခုနှစ်မှာ စံချိန်သစ်တင်တဲ့အထိ ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ သိရ ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်မှာ ကုန်ဆုံးတဲ့ ယခုနှစ်အတွက် တင်သွင်း မှုဟာ ယခင်နှစ်တင်သွင်းတဲ့ တန်ချိန် ၅၂ သန်းထက်ကျော်လွန်ပြီး၊  တန်ချိန် ၅၆ သန်းအထိ ရှိနိုင်တယ်လို့ ဘေဂျင်း မှာကျင်းပတဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံညီလာခံမှာ နိုင်ငံရဲ့ ထိပ် တန်း သီးနှံ စီမံခန့်ခွဲမှုဒါရိုက်တာ Nie  Zhembang  မှ ပြောကြားပါတယ်။

Monday, 12 Mar 2012

    တစ်လအတွင်း မြေပဲဆီဈေး မြင့်တက်လာခြင်းက ဂူဂျာရတ်ရှိ ဆီစက်လုပ်ငန်းရှင် များအနေနဲ့ ၎င်းတို့ထုတ်လုပ်မှုကိုလျှော့ချပေးဖို့ ဖြစ်စေသလိုအချို့သော ဆီစက်လုပ်ငန်း ရှင်များလည်း စက်လည်ပတ်မှုရပ်ရတဲ့တိုင် ဖြစ်စေတယ်လို့ သိရပါတယ်။ ၉၀ ရာခိုင်နှုန်း ကျော်တဲ့ ဆီစက်များက ပိတ်ဖို့ဖြစ်လာပြီး ကျန်ဆီစက်များမှာလည်း တစ်ပတ်အတွင်း အချိန်ပိုင်းသာလည်ပတ်ကြရတယ်လို့ သိရပါတယ်။

Pages