Main menu

Background

Sunday, 7 Oct 2012

အမေရိကားပဲပုပ်ရိတ်သိမ်းမှု တိုးတက်နေခြင်းနဲ့အတူ ပဲပုပ်ဆီအစားထိုး စား အုန်းဆီ ပြောင်းလဲမှု ကျဆင်းခြင်းနဲ့အတူ အာရှမှ ဝယ်လိုအားနှေးကွေးတာကြောင့် အောက်တိုဘာလ ၂ ရက်နေ့မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေးဟာ သုံးနှစ် နီးပါး အတွင်း အနိမ့်ဆုံးကို ကျဆင်းခြင်းနဲ့ဆက်ပြီး စားအုန်းဆီဈေးကျဆင်းခဲ့ပါတယ်။  အမေရိက ပဲပုပ်ရိတ်သိမ်းမှုကြောင့် ချီကာကို ပဲပုပ်ဈေးကလည်း သုံးလအတွင်း အနိမ့်ဆုံးကို ကျဆင်းမှုဟာ ယခုနှစ်စက စပြီး ၂၉ ရာခိုင်နှုန်းကျော်ထိ ဆင်းလာ ခဲ့ပါတယ်။

Thursday, 4 Oct 2012

ပြည်ပတင်ပို့မှုကောင်းမယ့် အလားအလာအရ ဈေးနှုန်းမြင့်တက်ခဲ့ပေမယ့် အမေရိက ပဲပုပ်အထွက်နှုန်း က မျှော်မှန်းထားတာထက် ပိုမိုမယ်ဆိုတဲ့ ခန့်မှန်း ချက်တွေရှိလာတဲ့အတွက် မလေးရှားစားအုန်း ဆီကြိုပွိုင့်ဈေး၊ စက်တင်ဘာလ ၁၉ ရက်မှာ အနည်းငယ်ပြန်လည်လျော့ကျခဲ့ပါတယ်။ အမေရိက ပဲပုပ်က ကနဦး ခန့်မှန်းထားသလို ဆိုးဆိုးဝါးဝါးပျက်စီးခြင်းမရှိဘဲ ရိတ်သိမ်းမှုကလည်း တိုးတက်လာ တာကြောင့် ကြိုပွိုင့်ဈေး ကျဆင်းလာခြင်းဖြစ်ပါတယ်။ စားအုန်းဆီကို ပဲပုပ်ဆီ အစားသုံးစွဲနိုင်ပါတယ်။ စားအုန်းဆီကြမ်းဈေးက တစ်တန်ရင်းဂစ် ၂၈၄၀ (ကန်ဒေါ်လာ ၉၂၈) ထိ ရှိလာနိုင်တယ်လို့  Phillip Futures   မှ လေ့လာဆန်းစစ်သူ Ker Chung Yang   မှ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ပဲပုပ်ဈေးနဲ့အတူ စားအုန်းဆီ ထပ်မံကျဆင်းဖွယ် ရှိတယ်လို့လည်း ၎င်းကဆိုပါတယ်။ ဘာစာ မလေးရှားကုန်စည်ဒိုင်မှာ ဒီဇင်ဘာလ အခြေခံစံနှုန်း စာချုပ်ဈေးက သုည ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ရင်းဂစ် ၂၈၅၉ (ကန်ဒေါ်လာ ၉၃၅) ဈေးနားကပ် လာခဲ့ပါတယ်။ စက်တင်ဘာလအတွင်း သိုလှောင်မှုက တန်ချိန် ၂ ဒသမ ၂ သန်းကျော်နိုင်တဲ့ အတွက် ပြည်ပတင်ပို့မှု အားကောင်းပေမယ့် ဈေးနှုန်းမြင့်တက်လာခြင်းမရှိကြောင်း ကုန်သည်များမှဆိုပါတယ်။ ဒါ့အပြင် လက်ငင်းဈေးကွက် မှာ အားပျော့နေတာ ကြောင့်လည်း ဈေးမြင့်တက်ဖို့ ခက်ခဲတယ်လို့ဆိုပါတယ်။ စက်တင်ဘာလ ပထမ လဝက်အတွင်း ပြည်ပတင်ပို့မှုက ယခင်လထက် ၁၂ ရာခိုင်နှုန်း ပိုမိုတယ်လို့ ကုန် ပစ္စည်းစစ်ဆေးသူများရဲ့ စာရင်းများအရသိရပါတယ်။ အခြားအသီးအရွက်ဆီဈေးကွက်မှ ဒီဇင်ဘာလပို့ရမယ့် အမေရိက ပဲပုပ်ဆီ ဈေးဟာ သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ ၂၀၁၃ ဇန်နဝါရီလ ပဲပုပ်ဆီစာချုပ်ဈေးဟာ သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်းသိရပါတယ်။  ယုဇနှSource: Reuters

Friday, 28 Sep 2012

အမေရိကန်စိုက်ပျိုးရေးဌာန(USDA) မှ မကြာခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ ရင်းနှီးမြှုပ်နှံသူများ စားအုန်းဆီကို ပြောင်းလဲလာကြတဲ့အတွက် အစောပိုင်းရက် များက ဈေးနှုန်းလျော့ကျပြီး၊ စက်တင်ဘာလ ၁၃ ရက်မှာ မလေးရှားစားအုန်းဆီ ကြမ်း ကြိုပွိုင့်ဈေးနှုန်း ပိုမိုမြင့်တက်လာကြောင်း သိရပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ နိုဝင်ဘာလ အခြေခံစံနှုန်းစာချုပ်ဈေးက သုည ဒသမ ၄ ရာခိုင်နှုန်း ပိုမိုလာပြီး၊ တစ်တန်ရင်းဂစ် ၂၉၃၀ (ကန်ဒေါ်လာ ၉၆၂)ရှိကြောင်း သိရပါတယ်။

Sunday, 9 Sep 2012

ကမ္ဘာမှာ စားအုန်းဆီဒုတိယအများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံမှာ စား အုန်းဆီ သိုလှောင် လက်ကျန်ပမာဏ မြင့်တက်မယ်ဆိုတဲ့ခန့်မှန်းချက်တွေအရ မလေးရှား စားအုန်းဆီကြမ်းဈေးဟာ စက်တင်ဘာလ ၅ ရက်မှာ တစ်ပတ်အတွင်း အနိမ့်ဆုံးကိုကျဆင်းလာပါတယ်။ ပြည်ပတင်ပို့မှုများပေမဲ့ ထုတ်လုပ်မှုမြင့်တက်နေဆဲ ဖြစ်လို့ သိုလှောင်လက်ကျန် ပမာဏဟာ ၉ လအတွင်း  အမြင့်ဆုံးကို မြင့်တက် နိုင်တယ်လို့ ကုန်သည်များ ခန့်မှန်းထားတာကြောင့် ယခင်ရက်က အမေရိကန် ပဲပုပ်ဈေးကွက် စံချိန်တင်မြင့်တက်တဲ့တိုင် စားအုန်းဆီဈေး က လျော့ကျ ရောင်းဝယ် နေခြင်းဖြစ်ပါတယ်။

Monday, 3 Sep 2012

ဒုတိယမြောက် ကမ္ဘာ့စားအုန်း ဆီ ဝယ်လိုအား အများဆုံး တရုတ်နိုင် ငံရဲ့ စားအုန်းဆီတင်သွင်းမှုက ၄ နှစ် အတွင်းအနိမ့်ဆုံးနှုန်းကို ရောက်ရှိ သွားတယ်လို့ သိရတယ်။ တရုတ်နိုင်ငံ ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း အားနည်းနေခြင်းနဲ့ တရုတ်အစိုးရက စားသုံးဆီ ဈေးနှုန်းတွေ တည်ငြိမ် အောင် ထိန်းချုပ်နေခြင်းတို့ကြောင့် ဖြစ်တယ်။

Monday, 3 Sep 2012

သြဂုတ် ၂၂ ရက်မှ ၂၈ ရက်ထိကာ လအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ  ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၆၉ သန်းတန်ဖိုးရှိ အချိုမှုန့် တန် ၇၀ ခန့်တင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ တင်သွင်းမှုမရှိခဲ့သဖြင့် ယခင် အပတ်တင်သွင်းမှုထက် ၁၁၆ တန်ခန့် လျော့နည်းခဲ့ပါတယ်။

Friday, 31 Aug 2012

အမေရိကန်နိုင်ငံ မိုးခေါင်မှုက ၅၆ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ခြင်းကြောင့် ဆီထွက်သီးနှံဈေးနှုန်း များ မြင့်တက်လာခဲ့ရာ လွန်ခဲ့တဲ့တစ်လအတွင်း ဈေးအနိမ့်မှာ ရှိနေတဲ့ မလေးရှားစားအုန်း ဆီကြမ်းကြိုပွိုင့်ဈေးဟာ သြဂုတ်လ ၂၃ ရက်မှာ ပြန်တက်လာခဲ့ပါ တယ်။ ပြည်ပဝယ်လိုအားကောင်းပေမဲ့ ယခုဈေးနှုန်းက တာရှည်မခံ နိုင်ဘူး လို့ တချို့ကုန်သည်တွေက ဆိုပါတယ်။ စက်တင်ဘာနဲ့အောက်တိုဘာလ တွေဟာ စားအုန်းဆီ အများဆုံးထုတ်လုပ် တဲ့  ကာလဖြစ်တဲ့အတွက် ဈေးနှုန်း ဆက်ပြီး မတက်နိုင်ဘူးလို့ အချို့ကုန်သည်တွေက ဆိုပါတယ်။

မလေးရှား ဘာစာကုန်စည်ဒိုင်မှာ ၂၀၁၂ နိုဝင်ဘာလ စာချုပ်အခြေခံ ဈေးနှုန်းဟာ တစ်တန်ရင်းဂစ် ၃၀၇၉ (ကန်ဒေါ်လာ ၉၉၄) ရှိတဲ့အတွက် ဇူလိုင်လ ၁၇ ရက်နောက်ပိုင်း အမြင့်ဆုံးဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အချို့ ဈေးကွက်လေ့လာ ဆန်းစစ်သူတွေကတော့ စားအုန်းဆီဈေးက တစ်တန်ရင်းဂစ် ၃၁၈၃ (ကန်ဒေါ်လာ ၁၀၂၈ ) ကို ရောက်ရှိနိုင်တယ်လို့လည်းဆိုပါတယ်။ သြဂုတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  စားအုန်းဆီတင်ပို့မှုဟာ ယခင်လထက် ၆ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပြီး အများစုကို တရုတ်နဲ့အိန္ဒိယကိုတင်ပို့ခြင်းဖြစ်တယ်လို့ ကုန်ပစ္စည်းစစ်ဆေးတဲ့ Intertek အေဂျင်စီမှဆိုပါတယ်။ အမေရိကန်မှာ မိုးခေါင်မှု အဆိုးဝါးဆုံးဖြစ်နေလို့ ပဲပုပ်သီးနှံများ ပျက်စီးတဲ့အတွက် ပဲပုပ်ဆီရောင်းချမှုနည်းလာ လို့ စားအုန်းဆီကို ပိုမိုဝယ်ယူနိုင်တယ်လို့ဆိုပါတယ်။ ဆီအုန်းစိုက်ပျိုးသူများဟာလည်း အင်ဒိုနီးရှားနဲ့မလေးရှားတို့ရဲ့ ဆီအုန်း အထွက်နှုန်းကိုထိခိုက်စေနိုင်တဲ့ အယ်နီညိုရာသီဥတု ဖြစ်စဉ်ဟာ ယခုနှစ်ကုန်ပိုင်းမှာ ပြန်လာနိုင်ချေ ရှိတဲ့အတွက် အရှေ့တောင်အာရှရဲ့ ရာသီဥတုအပေါ်လည်း စိုးရိမ် နေကြပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ ၂၀၁၃ ဇန်နဝါရီလအတွက် ပဲပုပ်ဆီ စာချုပ် ဈေးဟာ သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ယုဇန၊Source: Reuters
 

Wednesday, 29 Aug 2012

မလေးရှားစားအုန်းဆီဈေးက ယခုတစ်ပတ်အစပိုင်းမှာ  ၁၀ လအတွင်း အနိမ့် ဆုံးနီးပါးကျဆင်းပြီးေ နာက် ဈေးကွက်ပြန်ကောင်းလာပြီး ပြည်ပတင်ပို့မှုပြန်ကောင်း လာတာကြောင့် သြဂုတ် ၁၆ ရက်မှာ စားအုန်း ဆီကြမ်း ဈေးအနည်းငယ် ပြန်တက် လာပါတယ်။ အထွက်မြင့်တက်ပြီး ပြည်ပတင်ပို့မှုနည်းခြင်းက မလေးရှားနိုင်ငံ အတွင်း ဆီလက်ကျန်များမှာကို စိုးရိမ်တဲ့အတွက် သြဂုတ် ၁၄ ရက်ကြိုပွိုင့်ဈေးမှာ အောက်တိုဘာလနောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။

Wednesday, 29 Aug 2012

ယခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုရှိ ဒေသအချို့မှာ နှစ်ငါးဆယ်အတွင်း အဆိုးဆုံး သော   မိုးခေါင်ခြောက်သွေ့မှု ကြောင့် ပြောင်း၊ ပဲပုပ်နဲ့ ဂျုံဈေး နှုန်းတွေမြင့်မားလာရာမှာ ပြောင်း ဈေး မြင့်မားမှုနှုန်း အများဆုံးဖြစ် ကြောင်း သိရတယ်။

Monday, 27 Aug 2012

မလေးရှားနိုင်ငံရဲ့ စားအုန်းဆီလက်ကျန်က ဇူလိုင်လမှာ ပြန်လည်များလာတဲ့ ခန့်မှန်းချက်တွေအရ စားအုန်းဆီကြမ်းဈေးက သြဂုတ် ၈ ရက်မှာသီတင်း ၈ ပတ် အတွင်း အနိမ့်ဆုံးနီးပါးကို ကျဆင်းလာတယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှု နှေး ကွေးပြီး စားအုန်းဆီထုတ်လုပ်မှု မြင့်တက်တဲ့အတွက် ဖေဖော်ဝါရီလနောက်ပိုင်း ဇူလိုင်လ စားအုန်းဆီလက်ကျန်ဟာ မြင့်တက်ဖွယ်ရှိတယ်လို့ ရိုက်တာစစ်တမ်းအရ သိရပါတယ်။

Pages