Main menu

Background

Wednesday, 10 Feb 2010

   ပုဂ္ဂလိကသုတေသနအဖွဲ့အစည်းများနဲ့ ရာဖြတ်အေဂျင်စီများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့စက်မှုလုပ်ငန်းများကို အကာအကွယ် ပေးတဲ့အနေနဲ့ အင်ဒို နီးရှားအမျိုးသားစံနှုန်းများကို လျှော့ချပေးမှာဖြစ်ကြောင်း အင်ဒိုနီးရှားစက်မှုဝန်ကြီး အမ်အက်စ်ဟိဒါယက်က ဖေဖော်ဝါရီ ၄ ရက်နေ့ကပြောကြားပါတယ်။ အင်ဒိုနီးရှားတွင် စံနှုန်း ၄၃ခုကို သတ်မှတ်ကျင့်သုံးလျက်ရှိပါတယ်။                Source: antara.com

Wednesday, 10 Feb 2010

   ကမ္ဘာ့ အိုင်တီလုပ်ငန်းနယ်ပယ်မှာ ကိုရီးယားနိုင်ငံကို ကမ္ဘာ့ဆော့ဝဲအင်အားကြီးနိုင်ငံတစ်ခုအဖြစ်ထူထောင်နိုင်မယ့် စီမံကိန်းများကို တောင်ကိုရီးယားအစိုးရက ဆောင်ရွက်လျက်ရှိပါတယ်။ သမ္မတလီမြောက်ဘက် သဘာပတိအဖြစ် ဦးစီးကျင်းပတဲ့ အရေးပေါ်စီးပွားရေး ဆိုင်ရာ အစည်းအဝေးမှာ ဆော့ဝဲစနစ်တွေကို ခိုင်မာအောင်လုပ်ဖို့နဲ့  နောက်သုံးနှစ်အတွင်း ဒီပညာရပ် နယ်ပယ်မှာတိုးတက်မှုရှိအောင် ဆောင်ရွက်ဖို့အတွက် ဝမ်တစ်ထရီလီယံ (၁ ဒေါ်လာ=၁၁၅၂၀မ်) ရှိ စီမံကိန်းတစ်ခုကို အသိပညာ စီးပွားရေးဝန်ကြီးဌာနက ကြေညာခဲ့ ပါတယ်။Source: Chosun.com

Wednesday, 10 Feb 2010

   ဆိုမာလီ ပင်လယ်ဓားပြတွေ ဖမ်းဆီးထားတဲ့သင်္ဘောကို ဒိန်းမတ်နိုင်ငံအထူးတပ်ဖွဲ့က ဝင်ရောက်ချေမှုန်းပြီး သင်္ဘောပေါ်ရှိ သင်္ဘော သား ၂၅ ဦးကို လွှတ်ပေးလိုက် တယ်လို့ ဥရောပသမဂ္ဂ ရေတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။  ပြန်ပေးဆွဲခံထားရတဲ့ သင်္ဘောကို ဝင်စီးနိုင်တာဟာ ယခုအကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ Source: star-telegram.com

Wednesday, 10 Feb 2010

   နိုင်ငံခြားသားလုပ်သားများ အပေါ်မှီခိုနေရမှုကို စင်ကာပူနိုင်ငံကင်းလွတ်စေနိုင်ဖို့အတွက် နိုင်ငံခြားသားလုပ်သားအပေါ်ကောက်ခံတဲ့ အခွန်ကိုတိုးမြှင့်သင့်တယ်လို့ စီးပွားရေးမဟာဗျူဟာရေးရာကော်မတီကထောက်ခံတင်ပြခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားလုပ်သား တွေအပေါ်မှီခိုနေရတဲ့ လုပ်ငန်းတွေကတော့ မိမိတို့ရဲ့ အကျိုးအမြတ်ကိုထိခိုက်စေနိုင်တယ်လို့ပြောကြပါတယ်။ စားသောက်ကုန် လုပ်ငန်းလိုလုပ်ငန်းမျိုးတွေအတွက် စင်ကာပူလုပ်သားများရှာဖွေရေးမှာ စိန်ခေါ်မှုအခက်အခဲတစ်ခုဖြစ်ပါတယ်။ အချို့ကုမ္ပဏီတွေက တော့ လူအင်အားလျှော့ချပြီး ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ဖို့အတွက် စက်ယန္တရားတွေကိုသုံးဖို့စီစဉ်နေပါပြီ။ ဒါကလည်း လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။   ''တိုးလာတဲ့အခွန်အခအတိုင်း ပေးရုံကလွဲလို့ ကျွန်တော်တို့ဘာမှမတတ်နိုင်ပါဘူး။ တစ်ခုရှိတာကတော့ ပင်လယ်ရပ်ခြားမှာသွားပြီး ကျွန်တော်တို့လုပ်ငန်းတွေကို ဖွင့်လှစ်ဖို့ပဲရှိပါတယ်။ ကျွန်တော်တို့ဆက်ပြီးရှင်သန်ချင်တယ်ဆိုတော့ ကုန်ကျစရိတ်ကို ထည့်တွက်ရ တော့မှာပါ'' လို့ ဂျူမိန်းဆာတာစဖက်ရှင်းလုပ်ငန်းရဲ့ အုပ်ချုပ်မှုဒါရိုက်တာကပြောပါတယ်။ Source: channelnewsasia.comဉာဏ်တင်

Wednesday, 10 Feb 2010

   အိန္ဒိယ-အာဆီယံ လွတ်လပ်တဲ့ကုန်သွယ်မှု သဘောတူစာချုပ် (အက် တီအေ)ဟာ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင် အကောင်အထည်ပေါ်ခဲ့ပြီဖြစ်ပါတယ်။  အိန္ဒိယ-အာဆီ ယံဒေသမှာ မှီတင်းနေထိုင်သူဦးရေဟာ ၁ ဒသမ ၈ ဘီလီယံရှိပြီး စုစုပေါင်းဂျီ  ဒီပီက ဒေါ်လာ ၂ ဒသမ ၇၅ ထရီလျံ ရှိပါတယ်။ ဒီဒေသနှစ်ခုဟာ ပထဝီဝင်အနေအထားအရ နီးကယ်ထိစပ်မှုရှိနေ တဲ့အတွက် အိန္ဒိယ-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးအလားအလာတွေက ကြီးမားစွာဖြစ်ထွန်းတည်ရှိနေပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေကစပြီး အိန္ဒိယ နိုင်ငံဟာ "Look East Policy" ဆိုတဲ့ အရှေ့ဘက်သို့မျှော်ကြည့်ရေး မူဝါဒကို ျမှတ်ပြီး ပစိဖိတ်ဒေသနဲ့ အရှေ့တောင်အာရှဒေသနဲ့ ဆက်ဆံရေးကို အလေးထားဆောင်ရွက်ခဲ့ပါတယ်။   အကျပ်အတည်းကို အမြစ်ကလှန်ပြီး ဖြေရှင်းနိုင်ဖို့အတွက် အာရှဒေသဟာစုပေါင်းပြီး  ကြိုးပမ်းအားထုတ်သင့်တယ်လို့ အိန္ဒိယ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (အက်ဖ်အိုင်စီစီအိုင်) ရဲ့ ဥက္ကဋ္ဌ ဟတ်ရှ်ပတ် ဆင်းဂါနီးယားကပြောကြားပါ တယ်။  အိန္ဒိယနဲ့ အာဆီယံရှိ စီးပွားရေးတွေဟာ ပြန်လည်နာလန်ထူလာပြီဖြစ်တဲ့အတွက် အာဆီယံ-အိန္ဒိယရဲ့ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်လာပြီး ၂၀၁၀ ပြည့်နှစ်မှာ ဒေါ်လာ ၅၀ဘီလီယံထိ တိုးတက်လာရာမှ တစ်ဆင့်လာမယ့်ငါးနှစ်တာကာလ အတွင်း ဒေါ်လာဘီလီ ယံ ၁၀၀ အထိရောက်ရှိမယ်လို့ အိန္ဒိယအက်ဖ်အိုင်စီစီအိုင်က လေ့လာသုံးသပ်ထားပါတယ်။    အာဆီယံ-အိန္ဒိယဆက်ဆံရေး ခိုင်မာတောင့်တင်းဖို့ ကြိုးပမ်းဆောင်ရွက်ရာမှာ အခွင့်အလမ်းတွေရှိသလို စိန်ခေါ်မှုတွေရှိနေပါတယ်။ ဒါကြောင့် နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်မှု အရှိန်လျော့ကျမသွားအောင် ထိန်းသိမ်းဖို့လိုတယ်လို့ ဒေလီဆွေးနွေးပွဲအဆင့် ၂ ကျင်းပစဉ်က အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ပွတ်ရ်ှပါနာသန်ကပြောကြားခဲ့ပါတယ်။  Source: bernama.comဉာဏ်တင်

Wednesday, 10 Feb 2010

   အသင့် ထုပ်ပိုးထားပြီး ဟင်းသီးဟင်းရွက်တွေကိုဝယ်စားရင်မစားမီဆေးကြောပါ။ ဒီအကြံပြုချက်ကို အိတ် သု့ိမဟုတ် ပလတ်စတစ် ဘူးများဖြင့် ထုပ် ပိုးထားတဲ့ ဟင်းသီးဟင်းရွက်နမူနာ ၂၀၈ မျိုးကို လေ့လာဆန်းစစ်ပြီးနောက်ပေးထားတာဖြစ်ပါတယ်။ ဒီလေ့လာမှုကို ကနေဒါ  စားသုံးသူများသမဂ္ဂက ဆောင်ရွက်ပေးပြီး စားသုံးသူအစီရင်ခံစာ မဂ္ဂဇင်း မတ်လထုတ်မှာ ဖော်ပြထားသလို ConsumerUnion.org ဝက်ဘ် ဆိုက်မှာ တင်ပြထားပါတယ်။ လူတွေရဲ့အစာချေလမ်းကြောင်းမှာတွေ့ရတဲ့ ကိုလီဖောင်းနဲ့ အင်တာရို ကိုးကတ် အပါ အဝင် ဘက်တီးရီးယားပိုးမွှားအမြောက်အမြားကို လေ့လာမှုပြုတဲ့ ပစ္စည်းတွေရဲ့ ၃၉ ရာခိုင်နှုန်းမှာတွေ့ရပါတယ်။   တွေ့ရှိရတဲ့ ဘက်တီးရီးယားတွေက ကျန်းမာရေးကောင်းနေသူအတွက် ပြဿနာမရှိနိုင်ပေမယ့် အသီးအရွက်တွေဟာ ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ သန့်ရှင်းမှုအတွက် အပြည့်အဝအာမခံချက်မပေးနိုင်တာကို စမ်းသပ်ချက်တွေအရသိရပါတယ်လို့ စားသုံးသူ သမဂ္ဂမှ အကြီးတန်းသိပ္ပံပညာရှင် မိုကယ်ဟန်ဆင်းကပြောပါတယ်။ စစ်ဆေးတဲ့ နမူနာတွေထဲမှာ အထင်ကရကုမ္ပဏီကြီးတွေရဲ့ ဆိုင် တွေက ဝယ်ထားတဲ့ ကုန်ပစ္စည်းအမျိုးအစား ၁၆ မျိုး ပါဝင်တယ်လို့ဆိုပါတယ်။    Source: montrealgazzette.comဉာဏ်တင်

Thursday, 28 Jan 2010

   စစ်တမ်းကောက်ယူခဲ့တဲ့ အလုပ်အကိုင်ဖော်ထုတ်ရေးမှာ အဆုံးအဖြတ်ပေးနိုင်သူ ၁၅၀၀ ကျော်အနက် ၅၁ ရာခိုင်နှုန်းက ယခုနှစ် ပထမသုံးလပတ် မှာ အလုပ်သမားငှားရမ်းမှုတွေ ပိုမိုများပြားလာမယ်လို့ဖြေကြားပါတယ်။ ယခင်ကကောက်ယူခဲ့တဲ့ စစ်တမ်းအရ ယခုလိုဖြေကြားသူ ၃၄ ရာခိုင်နှုန်းသာရှိတယ်လို့ ဟတ်ဆန်အစီရင်ခံစာအရသိရပါတယ်။   ၂၀၀၉ ခုနှစ်က အလုပ်သမားတွေဟာ လစာများလျှော့ချတာကိုခံခဲ့ရပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်ကို ပထမဆုံးဝင်ရောက် ကြတဲ့ ဘွဲ့ရပညာတတ်တွေအတွက် အခြေအနေပိုမို ဆိုးဝါးပါတယ်။ ဒါပေမဲ့ ယခုအခါမှာတော့ အလုပ်သမားငှားရမ်းမှု အခြေအနေပိုမို ကောင်းမွန်လာရုံမျှမက အလုပ်သမားတွေဟာ လစာပိုမိုရဖို့မျှော်လင့်ချက်တွေရှိလာပါတယ်။ အစွမ်းအစရှိသူတွေရ ရှိနိုင်ဖို့အတွက် လုပ်ငန်းတော်တော်များများက လစာတိုးမြှင့်ပေးဖို့ရည်မှန်းထားကြောင်း ပြောကြားပါတယ်။ လစာတိုးမပေးနိုင်ပါဘူးလို့ ပြောကြားသူ ဟာ ရှစ်ရာခိုင်နှုန်းသာရှိပါတယ်။   စစ်တမ်းအရ ယခုနှစ်မှာ အများစုက ဆုကြေးငွေများတိုးမြှင့်ပေးဖို့စီစဉ်ထားပါတယ်။ ဖြေကြားသူတွေထဲက ၇၄ ရာခိုင်နှုန်းခန့်က ၂၀၀၉ ခုနှစ် အတွက်ပင် ဆုကြေးငွေတွေပေးဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။    ဒါပေမဲ့ အလုပ်အကိုင်ရရှိသူတွေဟာ ကန်ထရိုက်အငှားစနစ်၊ အချိန်ပိုင်းစနစ်၊ စီမံကိန်းစနစ် စတာမျိုးကိုသာရနိုင်တယ်လို့ စင်ကာပူ လူသားအရင်းအမြစ်အဖွဲ့ကအမှုဆောင်ညွှန်ကြားရေးမှူး ဒေးဗစ်အန်းကပြောကြားပါတယ်။   အလုပ်အကိုင်ငှားရမ်းမဲ့ အခွင့်အလမ်းက ဘဏ်လုပ်ငန်းကဏ္ဍနဲ့ ဘဏ္ဍာရေးဆိုင်ရာကဏ္ဍာမှာ ပိုများမယ်လို့စစ်တမ်းမှာဖော်ပြ ထားပါတယ်။ အခြားအလားအလာကောင်းတဲ့ ကဏ္ဍတွေကတော့ မီဒီယာ၊ ကြော်ငြာနဲ့ အများပြည်သူဆက်ဆံရေးလုပ်ငန်းတွေဖြစ် တယ်လို့ဖော်ပြထားပါတယ်။    Source: channelnewasia.comဉာဏ်တင်

Thursday, 28 Jan 2010

  စီးပွားရေးကယ်တင်မှုအစီအစဉ် (ဘငေူသကအ)နဲ့ ဘဏ္ဍာရေးစွမ်းအားမြှင့်အစီအစဉ်တွေကြောင့်ဖြစ်လာနိုင်တဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်မှုတွေကို ပြန်လည်ဆန်းစစ်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(ဒဗလျူတီအို)ကို တိုက်တွန်းခဲ့ပါတယ်။ ဒီတိုက်တွန်းချက်ကို ဒဗလျူတီအိုရဲ့ ချမ်းသာတဲ့အဖွဲ့ဝင်နိုင်ငံတွေက ဇန်နဝါရီ ၂၂ ရက်နေ့ကပယ်ချခဲ့ပါတယ်။   ငွေကြေးတတ်နိုင်တဲ့ နိုင်ငံတွေမှာ ရှိတဲ့ စက်မှုလုပ်ငန်းတွေကို ကူညီခြင်းအားဖြင့် စီးပွားရေးကယ်တင်မှုတွေက တရားမျှတမှုမရှိတဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှုမျိုးဖြစ်သွားနိုင်တယ်လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကယုံကြည်ထားပါတယ်။   ဒဗလျူတီအိုကုန်သွယ်ရေးမူဝါဒသုံးသပ်ရေးအဖွဲ့ရဲ့ အစည်းအဝေးမှာ အမေရိကန်လေ့လာဆန်းစစ်ဖို့ အဆိုပြုချက်ကိုပယ်ချခဲ့တယ် လို့ အစည်းအဝေးကိုတက်ရောက်တဲ့ အရာရှိတစ်ဦးကပြောကြားပါတယ်။   ဥရောပသမ္မတကတော့ အဆိုပြုချက်ကို လုံးလုံးလျားလျားတော့ မကန့်ကွက်ပေမဲ့ လက်တွေ့ကျကျဆောင်ရွက်နိုင်ဖို့အတွက် ထပ်မံလေ့လာမှုတွေကိုလုပ်ဖို့လိုသေးတယ်လို့ပြောကြားခဲ့ပါတယ်။   ယခုအဆိုပြုချက်ကို အာဂျင်တီးနားနိုင်ငံကဦးဆောင်တင်ပြတာဖြစ်ပြီး၊ အီကွေဒေါ၊ ကျူဘား၊ ဘရာဇီး၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ထောက်ခံပါတယ်။ ဒါပေမဲ့အဖွဲ့ဝင်နိုင်ငံတွေကတော့ ပုံမှန်အစီရင်ခံစာတွေသာ ယခုနှစ် ဇွန်လမှာတစ်ကြိမ် နိုဝင်ဘာလမှာ တစ်ကြိမ် တင်သွင်းဖို့သဘောတူကြပါတယ်။Source:moneycontrol.comဉာဏ်တင်

Wednesday, 27 Jan 2010

   အာဆီယံနဲ့သြစတြေးလျ-နယူး ဇီလန်လွတ်လပ်တဲ့သဘောတူစာချုပ်ဟာ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်အသက်ဝင် ခဲ့ပါတယ်။ သဘောတူစာချုပ်အရ နှစ်နိုင်ငံကုန်သွယ်နေတဲ့ ကုန်ပစ္စည်းတွေအတွက် အကောက်ခွန်ကို သုညရာခိုင်နှုန်းအထိ တစစ လျှော့ချသွားမှာဖြစ်ပါတယ်။   လွတ်လပ်တဲ့ကုန်သွယ်မှုနဲ့ လယ်ယာစိုက်ပျိုးရေးဟာ အမြဲတမ်းကသိကအောက် ဖြစ်တက်ပါတယ်။ နိုင်ငံအတော်များများက အကောက်ခွန်တွေ၊ ခွဲတမ်းသတ်မှတ်ပြီး မိမိလယ်သမားတွေအတွက် အကာအကွယ်တွေပေးတတ်ပါတယ်။ ယခုသဘောတူစာချုပ် မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီသဘောတူစာချုပ်အရ ကင်းလွတ်ခွင့်ပေးရာမှာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်ကို ပို့တဲ့ဆန်၊ အင်ဒိုနီးရှားကိုရောင်းတဲ့ မင်းဂွတ်၊ ပြောင်းနဲ့သရက်သီး၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ကထွက်တဲ့ ဟင်းသီးဟင်းရွက်နဲ့သကြား၊ အင်ဒိုနီး ရှားနဲ့မလေးရှားကိုပေးပို့တဲ့ ဝိုင်နဲ့အရက်စတာတွေမပါသေးပါဘူး။   ဒီလိုချွင်းချက်တွေရှိနေပေမယ့် အကျိုးရှိနိုင်ပါတယ်။ ယခုအခါမှာ သြစတြေးလျကထွက်တဲ့ ဒိန်ခဲနဲ့စပျစ်သီးတွေ မလေးရှားမှာ အခွန် မရှိတော့ပါ ဘူး။ ဖိလစ်ပိုင်မှာ ဂျုံနဲ့သိုးသားအခွန်လွတ်သွားပါပြီ။ နောက်လာမဲ့ နှစ်နှစ် သို့မဟုတ် သုံးနှစ်မှာ တခြားအခွန်တွေကိုလည်း ဖယ်ရှားပေးတော့မှာဖြစ်ပါတယ်။   လယ်ယာစိုက်ပျိုးရေးထုတ်ကုန်တွေကိုတင်သွင်းတဲ့အခါမှာ သြစတြေးလျက အခွန်နည်းနည်းပဲကောက်ပါတယ်။ ဒါပေမယ့် ပိုးမွှား သန့်စင်ရေး စံနှုန်းသတ်မှတ်ချက်တွေမြင့်လွန်းတဲ့အတွက် အတားအဆီးတွေများလွန်းတယ်လို့ တခြားနိုင်ငံတွေကပြောကြပါတယ်။   ဒီလိုစံနှုန်းသတ်မှတ်ချက်မရှိ တောင်မှ ယခုလိုသဘောတူညီချက်မရခင်က သြစတြေးလျဟာ အာဆီယံနဲ့ဆက်သွယ်ရာမှ စင်ကာပူ နဲ့စာရင်ပိုပြီး မြင့်မားတဲ့ကုန်သွယ်မှုအတားအဆီးတွေရှိနေပါသေးတယ်။ စင်ကာပူဟာ ၂၀၁၁ ခုနှစ်ရောက်ရင် အခွန်လုံးဝမကောက်တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တော့မှာပါ။ သြစတြေးလျကတော့ ၂၀၂၀ ပြည့်မှာမှ ဒီအခြေအနေမျိုးရနိုင်ပါမယ်။ Source: businesspectator.com.au

Wednesday, 27 Jan 2010

ကုန်ကျစရိတ်ကိုလျှော့ချပြီး ဆုံးရှုံး မှုကိုထေမိအောင် ဆောင်ရွက်နေပေမယ့် မိုဘိုင်းဖုန်းဈေးကွက်ဟာ အရှုံးနဲ့ရင်ဆိုင်နေရပါတယ်။ ဆိုနီအီရစ်ဆန်ကုမ္ပဏီဟာ ၂၀၀၈ ခုနောက်ဆုံးသုံးလပတ်က ယူရို ၁၈၇ သန်းဆုံးရှုံးခဲ့ပြီး ၂၀၀၉ ခုနှစ် နောက်ဆုံးလပတ်မှာ ယူရို ၁၆၇ သန်း (ဒေါ်လာ ၂၃၈ သန်း) ဆုံးရှုံးမယ်လို့ခန့်မှန်းထားပါတယ်။ ၂၀၀၉ ခုနှစ်တစ်နှစ်လုံး ခြုံတွက်ရင် ယူရို ၈၃၆ သန်းဆုံးရှုံးမယ်လို့ မှန်းဆထားပါတယ်။Source: bbc.co.UK

Pages