Background
တရုတ်၊ ဂျပန်နဲ့ကိုရီးယားနိုင်ငံတို့မှ စီးပွားရေးသုတေသီတို့ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အမျိုးသားတက္ကသိုလ်မှာ ဖေဖော်ဝါ ရီ ၈ ရက်နေ့ကစတင်ပြီး အစည်းအဝေးကျင်းပခဲ့ပါတယ်။ အစည်းအဝေးရဲ့ရည်ရွယ်ချက်ကတော့ အရှေ့အာရှစီးပွားရေးကိုထူထောင်ဖို့ ပဲ ဖြစ်ပါတယ်။ အနောက်ဥရောပမှာကျင့်သုံးနေတဲ့ ယူရိုငွေကြေးလိုတစ်ခုတည်းသော ဒေသတွင်းငွေကြေးတစ်ရပ်ထူထောင်ဖို့ ပထမခြေလှမ်းအဖြစ် တရုတ်ယွမ်၊ ဂျပန်ယန်းနဲ့ တောင်ကိုရီးယားဝမ်တို့ရဲ့ ငွေလဲလှယ်မှုနှုန်းထားကို ချိတ်ဆက်ထားဖို့ ကိုရီးယားစီးပွားရေး အသင်းဥက္ကဌနဲ့ ဆိုးလ်အမျိုးသား တက္ကသိုလ် ပါမောက္ခ ကင်အင်ဂျွန်းကအဆိုပြုခဲ့ပါတယ်။ အရှေ့အာရှ စီးပွားရေးတွေကို ယခုလိုပေါင်းစည်းလိုက်တဲ့အတွက် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး ဒီက တစ်ဆင့် အာရှဒေသနဲ့ အမေရိကန်ပြည်ထောင်စုအကြားတည်ရှိနေတဲ့ ကမ္ဘာ့ကုန်သွယ်မှု ချိန်ခွင်လျှာတစ်ဘက်စောင်းနင်းဖြစ်တာကို လျှော့ချပေးနိုင်လိမ့်မယ်လို့ဆိုပါတယ်။ ဒီလိုမဆောင်ရွက်နိုင်ရင် ကမ္ဘာ့ငွေကြေးနဲ့ စီးပွားရေးအကျပ်အတည်း နောက်တစ်ကြိမ်ထပ်မံဖြစ် ပွားနိုင်တယ်လို့ ဆိုပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက ဖြစ်ပွားခဲ့တဲ့ အာရှဘဏ္ဍာရေးအကျပ်အတည်းနဲ့ မကြာမီက ဖြစ်ပေါ်ခဲ့တဲ့ကမ္ဘာ့ဘဏ္ဍာရေး အကျပ် အတည်းမျိုးမဖြစ်ပွားဖို့အတွက် အရှေ့အာရှသုံးနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတို့ကငွေကြေးဖလှယ်ရေး ရန်ပုံငွေဒေါ်လာဘီလီယံ ၁၂၀ ထားရှိမဲ့ ချင်းမိုင် ကနဦး အစီအစဉ်လိုမျိုး နိုင်ငံစုံငွေကြေးဖလှယ်မှု အစီအစဉ်ကိုဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အကောင်းဆုံးကတော့ တစ်ခုတည်းသော အာရှငွေကြေးထူထောင်ပြီး ငွေကြေးသမဂ္ဂထူထောင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ အဖြစ်နိုင်ဆုံးကတော့ အရှေ့အာရှငွေကြေးတွေကိုစုစည်းပြီး ငွေကြေးဖလှယ်မှုနှုန်း အစီအစဉ်ကိုဆောင်ရွက်ဖို့ဖြစ်ပါတယ်။ မကြာမီကဖြစ်ပေါ်ခဲ့တဲ့ ဘဏ္ဍာရေးအကျပ်အတည်းက ''အရှေ့အာရှခေတ် ဆန်းချိန်'' ကို လမ်းဖွင့်ပေးလိုက်တယ် လို့ ဂျပန် စီးပွားရေးအသင်း ဥက္ကဌ မာဆာဟီဆာဖူဂျီတကပြောကြားပါတယ်။ ဥရောပမှာလက်ရှိဖြစ်ပေါ်နေတဲ့ ဂရိကြွေးမြီအကျပ်အတည်းကိုကြည့်ပါက တစ်ခုတည်းသော ဒေသဆိုင်ရာငွေကြေးစနစ်က အမျိုးသားစီးပွားရေးတွေအပေါ် ထိခိုက်မှုဖြစ်စေနိုင်တာကိုတွေ့ရမှာဖြစ်တဲ့အတွက် ဒီကိစ္စကို ပိုမိုဆွေးနွေးဖို့လိုမယ်လို့ ရှင်ဟန်း ရင်းနှီး မြှုပ်နှံမှုအဖွဲ့မှ စီးပွားရေးပညာရှင်လီဆန်ကွမ်းကပြောကြားပါတယ်။ Source: Koreatimes.co.kr ဉာဏ်တင်
ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်တွန်းလှန်ရာတွင် ရေရှည်ပိုမိုတည်တံ့နိုင်မဲ့ အသွင်ကူးပြောင်းမှုကို အလေးပေးလုပ်ဆောင်ဖို့ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ဖွံ့ဖြိုးရေးအဖွဲ့က ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တိုက်တွန်းထားတယ်လို့ ဗီယက်နမ်သတင်းဌာနကပြောကြားပါ တယ်။ မျက်မှောက်ခေတ်မှာ ထွန်းကားနေတဲ့နည်းပညာတွေကြောင့် ပိုမိုထိရောက်၊ သဘာ၀၀န်းကျင်နဲ့လိုက်ဖက်ပြီး လူမှုရေးအရ တူညီမျှ တဲ့ စီးပွားရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်လို့ အန်းတက်အဖွဲ့ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။ ဝင်ငွေနိမ့်ကျပြီး ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေက ''မြစိမ်းရောင်'' အဆောက်အဦတွေအပါအဝင် စွမ်းအင်အရည်အသွေးတိုးတက်စေမဲ့ အစီအမံအမျို မျိုးချမှတ် ဆောင်ရွက်သင့်တယ်လို့ အန်းတက်အဖွဲ့ကပြောကြားပါတယ်။ နေစွမ်းအင်သုံး ဘက်ထရီ၊ လေစွမ်းအင်နဲ့ ဇီဝဓါတ်ငွေ့စတဲ့ စွမ်းအင်တွေကိုသုံးစွဲရင် လေထုသန့်ရှင်းမှုကိုရရှိပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုမိုပေါ်ပေါက်နိုင်တယ်လို့ပြောကြားပါတယ်။ ခိုင်မာတောင်တင်းတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက်လိုအပ်တဲ့ အစီအမံတွေချမှတ်ဆောင်ရွက်ခြင်း၊ သြဂဲနစ် စိုက်ပျိုးရေးနည်းပညာများကိုအသုံးပြုခြင်း၊ လယ်ယာစိုက်ပျိုးထုတ်လုပ်မှုမှာ ဓာတုဆေးဝါးတွေအသုံးပြုမှုကို လျှော့ချနိုင်ဖို့အတွက် အင်းဆက်ပိုးများကိုအသုံးပြု၍ ပိုးမွှားများကို ထိန်းချုပ်ခြင်းစသည့်နည်းလမ်းများကို ကျင့်သုံးသွားဖို့ အစိုးရများကို အန်းတက်အဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။ Source: Bernama.comဉာဏ်တင်
တရုတ်နဲ့ ဂျပန်တို့ဟာ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက်ဆွေးနွေး ညှိနှိုင်းလျက်ရှိပါ တယ်။ အကယ်၍ တရုတ်နိုင်ငံကတင်ပို့တဲ့ အစားအစာတွေမှာ ပြဿနာပေါ်ခဲ့ရင် တရုတ်စက်ရုံများအတွင်းသို့ ဂျပန်အရာရှိတွေဟာ ဒီသဘောတူစာချုပ်အရ ဝင်ရောက်စစ်ဆေးခွင့်ရှိမယ်လို့ ဂျပန်သတင်းစာ ဆန်ကေးရှင်းဘွန်းမှာဖော်ပြထားပါတယ်။ Source: bjreview.comဉာဏ်တင်
မော်တော်ယာဉ်များကို အစုလိုက်အပြုံလိုက်ပြန်ခေါ်ပြီး နောက်ပြန်လည်ပြင်ဆင်ထားတဲ့ယာဉ်များရဲ့ ချို့ယွင်းချက်များကို ထုတ်ဖော် ကြေညာဖို့ တိုယိုတာကစီစဉ်ထားတယ်လို့ ဂျပနန်နိုင်ငံ ယူမီယူရီသတင်းစာမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။ တံခါး တွေပိတ်မရတဲ့ အခက်အခဲ သို့မဟုတ် ထိုင်ခုံတွေနဲ့နေတာအပါအဝင် သာမန်ပြဿနာရှိနေတဲ့ အချက်အလက်တွေကို ထုတ်ဖော် ပြောကြားတဲ့နေရာမှာ တိုယိုတာဟာဟာ ပထမဆုံးကားကုမ္ပဏီကြီး ဖြစ်နိုင်တယ်လို့ သတင်းစာမှာဖော်ပြထားပါတယ်။ ဉာဏ်တင်
တောင်ကိုရီးယားနိုင်ငံပိုင် လယ်ယာ သားငါးကုန်သွယ်ရေး ကော်ပိုရေးရှင်းက ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှုကြောင့် ဖြစ်ပေါ်လာမယ့် အန္တရာယ်ကိုကာကွယ်ဖို့ အပြည်ပြည်ဆိုင်ရာ သီးနှံဝယ်ယူရေးကုမ္ပဏီကို ဖွဲစည်းဖို့ရည်ရွယ်ထားကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြောကြားပါတယ်။ လာမယ့် ၁၀ နှစ်မှာ အပြည်ပြည်ဆိုင်ရာ သီးနှံဖြန့်ဖြူရေးကို ကိုင်တွယ်ဖြေရှင်းဖို့စီစဉ်တာ ဖြစ်တယ်လို့လည်း ပြောကြားပါတယ်။ Source: antara.co.idဉာဏ်တင်
ဖိလစ်ပိုင်နိုင်ငံကလွဲပြီး ဗီယက်နမ်နိုင်ငံက အာဆီယံနိုင်ငံတွေနဲ့ ဆန်ရောင်းဝယ်ဖို့ စာချုပ်ချုပ်ဆိုထားခြင်းမရှိတဲ့အတွက် အခွန် လျှော့ချမှုကြောင့် ဗီယက်နမ်ဆန်ထုတ်လုပ်မှုနဲ့ရောင်းချမှုကို ကြီးကြီးမားမားထိခိုက်မှာမဟုတ်ဘူးလို့ ဗီယက်နမ်လယ်ယာ စိုက်ပျိုးရေး နဲ့ ကျေးလက်ဖွံံ့ဖြိုးရေးမူဝါဒနဲ့ မဟာဗျူဟာအဖွဲ့ ဒုတိယအကြီးအကဲကပြောကြားပါတယ်။ Source: vovnews/vnsဉာဏ်တင်
မယ်လမင်းဓာတ်ပါနေတဲ့ နို့ မှုန့်တွေပြန်ပေါ်နေတယ်လို့သတင်း များထွက်ပေါ်လာပြီးနောက် အစားအစာဘေးကင်းရေးကို အာမခံ ချက်ရှိနိုင်ဖို့အတွက် ၂၀၁၀ခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမှုပြုလုပ်သွားဖို့ဆုံးဖြတ်ထားကြောင်း တရုတ်ဒုတိယဝန်ကြီးချုပ် Li Keqiang ကဖေဖော်ဝါရီ ၁၁ရက် နေ့ကကျင်းပတဲ့ မကြာသေးမီက ဖွဲ့စည်းထားတဲ့ အစားအစာဘေးကင်းရေးကော်မရှင်ရဲ့ ပမာဏ အစည်းအဝေးမှာ ပြောကြားပါတယ်။ Source: bjreview.comဉာဏ်တင်
''အမေရိကန်လူမျိုးတွေက သန့်ရှင်းတဲ့ စွမ်းအင်လုပ်ငန်းတွေကိုပိုမိုဆောင်ရွက်လာအောင် ကျွန်တော်တို့လုပ်ဆောင်ရပါမယ်''လို့ ဖေဖော်ဝါရီ ၃ရက်နေ့ပြောကြားခဲ့တဲ့ ပြည်ထောင်စုအခြေအနေမိန့်ခွန်းမှာ အမေရိကန် သမ္မတအိုဘားမားကပြောကြားခဲ့ပါတယ်။ ဒီစွမ်းအင်တွေကသန့်ရှင်းမှုရှိပြီး စွမ်းအင်အရင်းအမြစ်ကလည်း ပြည်တွင်းမှာပဲရနိုင်တဲ့ စွမ်းအင်တွေဖြစ်လို့ အစိုးရကအားပေးခဲ့တဲ့ အတွက် ဒီစွမ်းအင်ကိုရရှိရေးလုပ်ငန်းဟာအလျင်အမြန်တိုးတက်လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်က လေအင်အားသုံးစွမ်းအင်ထုတ်လုပ်မှုဟာ ၃၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဒီလုပ်ငန်းဟာ လွန်ခဲ့တဲ့ငါးနှစ်တာ ကာလ အတွင်း နှစ်စဉ် ၃၅ ရာခိုင် နှုန်းတိုးတက်ခဲ့တယ်လို့ အမေရိကန် လေစွမ်းအင်လုပ်ငန်းက လွန်ခဲ့တဲ့သီတင်းပတ်အတွင်းကပြောကြားခဲ့ ပါတယ်။ အလားတူပဲ နေစွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်းတွေကို ဥရောပ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ အစိုးရက အားပေးမှုတွေရှိနေ ပါတယ်။ ကမ္ဘာပေါ်မှာ ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းကြီး ၁၀ ခုကို အကောင်အထည်ဖော်လျက်ရှိရာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက စီမံကိန်း ငါးခုကို ပြီးမြောက်အောင်အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါတယ်။ပြန်ပြည့်မြဲ စွမ်းအင်အကောင်အထည်ဖော်ရာမှာတွေ့ရတဲ့ အခက်အခဲက ကျန်ကျစရိတ်များပြားတာပဲ ဖြစ်ပါတယ်။ ထုတ်လုပ်နိုင် စွမ်းရည်ဘက်က ကြည့်ရင်လည်း နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုဟာ အမြင့်ဆုံး ထုတ်လုပ်နိုင်မှုရဲ့ ၉၅ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင် ပေမဲ့ လေစွမ်းအင်က နေရာအနေအထားပေါ်မူတည်ပြီး သူရဲ့အမြင့်ဆုံး ထုတ်လုပ်နိုင်မှုစွမ်းရည်ရဲ့ ၂၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင် နှုန်း၊ နေစွမ်းအင် က ၁၀ ရာခိုင်နှုန်းက ၂၀ ရာခိုင် နှုန်းထိသာထုတ်လုပ်နိုင်ပါတယ်။ Source: forbe's.comဉာဏ်တင်
ဒေသတွင်းရှိ ဘဏ်များအပေါ်တွင် ကြီးကြပ်ထိန်းကွပ်မှုလွန်ကဲလာမှာကို အာရှဒေသတွင်းရှိ အဆင့်မြင့်ဘဏ်အရာရှိများက စိုးရိမ်နေကြတယ်လို့ ဘဏ္ဍာရေး တီထွင်ဆန်းသစ်မှုလေ့လာရေးဌာနနှင့် ပရိုက်စ်ဝါးတားကူးပါး တို့ပူးတွဲဆောင်ရွက်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ယခုတွေ့ရှိချက်ကို ဘဏ်လုပ်ငန်းတွေတွေ့ကြုံရမဲ့ အဓိကစွန့်စားမှုတွေနဲ့ပတ်သတ်ပြီး နိုင်ငံ၄၉နိုင်ငံက ဘဏ်အရာရှိ၊ ကြီးကြပ် ထိန်းသိမ်းသူနဲ့ လေ့လာသူ ၄၄၃ ဦးကို စစ်တမ်းကောက်ယူရာမှရရှိခဲ့ခြင်းသာဖြစ်ပါတယ်။ အမေရိကန်နဲ့ ဥရောပက ဘဏ်တွေကိုပြုလုပ်တဲ့ ကြီးကြပ်မှုအသစ်မျိုးကို အာရှဘဏ်တွေမှာလုပ်လို့ဖြစ်မှာဟုတ်ဘူး၊ မတည် ရင်းနှီးမှုရန်ပုံငွေ သို့မဟုတ် ရှယ်ယာနဲ့ အက်ဆက်အမျိုးအစားကို အကြီးအကျယ် တိုးမြှင့်ပေးလိုက်ရင် စီးပွားရေးပုံစံတွေ ပျော့ ပြောင်းလွယ်ကူမှုမရှိတော့ဘဲ ဘဏ်တွေက စွန့်စားမှုလုပ်ဖို့ စိတ်ကုန်သွားနိုင်တယ်လို့ ဘဏ်အရာရှိတွေကပြောကြားပါတယ်။ စည်းကမ်း အသစ်တွေကြောင့် စည်းကမ်းထိန်းသိမ်းမှု နည်းတဲ့ဆီကို ဘဏ်လုပ်ငန်းတွေပြောင်းသွားအောင် တွန်အားပေးသလို ဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေး နာလန်ထူမှုဟာ အားနည်းနေသေးတယ်။ အတိုးနှုန်းနိမ့်ကျမှုနဲ့ ဘဏ္ဍာရေးနဲ့ ငွေ ကြေးတွန်းအားပေးမှုတွေနဲ့ ကျားကန်ပေးထားရသေးတယ်။ ရှယ်ယာနဲ့ ချေးငွေဈေးကွက်တွေကို ပြုပြင်ပြောင်းလဲလိုက်ရင် အက်ဆက် ပူဖောင်းဖြစ်လာနိုင်သေးတယ်လို့ဆိုပါတယ်။ Source: CNA
ကမ္ဘာ့စီးပွားရေးနာလန်ထူမှုက မျှော်လင့်ထားသလို ဖြစ်မလာသေးဘဲ ဥရောပမှာ ကြွေးမြီပြဿနာတွေတိုးတက်နေတဲ့အပေါ် စိုးရိမ် နေရတဲ့အတွက် ကုန်စည်အများစုရဲ့ ဈေးနှုန်းတွေဟာ ဖေဖော်ဝါရီ ၄ရက်နေ့က ကျဆင်းခဲ့ပါတယ်။ ရေနံ၊ သတ္တုနဲ့ အခြေခံသတ္တုတွေရဲ့ ဈေးနှုန်းဟာ ရင်းနှီးမြှုပ်နှံသူတွေက ကြိုက်နှစ်သက်မှုမရှိတဲ့အတွက် ဈေးနှုန်းတွေအကြီးအကျယ်ကျဆင်းခဲ့ပါတယ်။ Source: AP
