Main menu

Background

Sunday, 15 Jul 2012

    အောင်ပန်းဈေးကွက်မှာ ချင်း (ဥမ) က ပုံမှန်အဝင်ရှိနေပါတယ်။ ဈေးကလည်း ချိုနေတော့ လှောင် လက် တွေကဝယ်နေကြပါတယ်။ ခြံရှင်တွေကတော့ အများကြီး ထုတ်မရောင်းကြသေးပါဘူး။ ဥမကေ တာ့ ဖော်ပြီးရင်လည်း သုံးလေးလလောက် အထိ အထားခံတဲ့အတွက် ဒီထက်ပိုဈေးရတဲ့အချိန်ထိ ထားကြဦးမယ်လို့လည်း သိရပါတယ်။

Sunday, 15 Jul 2012

    အောင်ပန်းနဲ့ တောင်ကြီးဈေးကွက်မှ ချင်းနဲ့ ချင်း(ဥမ)ယခုတစ်ပတ် ပြည်ဈေး ကွက်ကို ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့်  ဝင်ရောက်မှုမှာ ယခင်အပတ်အတိုင်း အဝင်ရှိပြီး၊ အခြားတိုင်းဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို ပိဿာချိန် ၄၀၀ ခန့်ကို ဈေးကွက်မှ တစ်ဆင့်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ပြည် ဈေးကွက်ပွဲရုံများမှာ တစ်ရက်ကို ပိဿာချိန် ၄၀၀ ခန့်နဲ့ ပုံမှန် အရောင်းအဝယ် ဖြစ်လျက်ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်၊ ချင်း(ဥမ) ၄၀၀-၅၀၀ ကျပ်တို့နဲ့ အသီးသီးရောင်းဝယ်လျက်ရှိပြီး၊ ယခင်အပတ် ဈေးအတိုင်း မပြောင်းလဲဘဲ ဈေးငြိမ်နေတာတွေ့ရပါတယ်။ဝင်းဝင်းခိုင်

Sunday, 15 Jul 2012

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၇၈ သန်း တန်ဖိုးရှိ ချင်းခြောက် ၃၅ တန်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅ တန် အပို့ ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ လည်း ကန်ဒေါ်လာ သုည ဒသမ ၀၆၀ သန်းတန်ဖိုးရှိ ချင်းခြောက် တန် ၃၀ ခန့် လည်း အပို့ရှိခဲ့ပါတယ်။ MIRT(DOBT)

Sunday, 15 Jul 2012

    ပြည် မတ်ပဲဈေးကွက်သို့ ပဲအဝင်နည်းလာပြီး ပေါက်ခေါင်း၊ ကျီးသဲ၊ ရွှေ တောင်ဘက်မှတစ်နေ့အိတ် ၁၅၀၊ ၂၀၀ ခန့်သာဝင်တယ်လို့သိရပါတယ်။ ယခု တစ်ပတ် ပဲတစ်တင်းကို ၁၅၅၀၀ ကျပ်ဈေးနဲ့ ဈေးမြင့်အရောင်း အဝယ်ဖြစ် တယ်လို့သိရပါ တယ်။ ရန်ကုန်ဝယ်လက်ပုံမှန်ရှိသော်လည်း ပဲဈေးအမြင့်ကို ဆက်စောင့်နေပြီး ကုန်သည်များက ထုတ်မရောင်းကြသေးတာ ကို တွေ့ရပါ တယ်။ တစ်နေ့ကို အိတ် ၅၀၀ ခန့်သာ မတ်ပဲအရောင်း အဝယ်ဖြစ်ပြီး ပဲစီးဆင်း မှုမှာ တစ်နေ့ကို အိတ် ၁၂၀၀ ခန့်နဲ့၊ ပြည်၊ မင်းလှ၊ ကြို့ပင်ကောက်၊ လက်ပံတန်း ဘက်မှ ရန်ကုန်သို့ တင်ပို့တယ်လို့သိရ ပါတယ်။                     မိမိအေး

Sunday, 15 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၀၃၇ သန်း တန်ဖိုးရှိ ပဲယင်း ၇၇ တန်ခန့်အပို့ရှိခဲ့ရာယခင်အပတ်ကထက်တန် ၄၀ ကျော် အပို့ ပိုခဲ့ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးမှာလည်း ယခင်အပတ်ကထက် ဈေးအနည်း ငယ်မြင့်လျက်ရှိပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်နှစ်ဖက်မြေပြင်ပေါက်ဈေးများ ကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-

Sunday, 15 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၉၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၇၂၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက် ၆၂၇ တန် တင်ပို့ မှု ပိုမိုလျက်ရှိပါတယ်။ မိမိဘက်ပဲတီစိမ်းမြေပြင်ပေါက်ဈေးမှာ ယခင်အပတ်ကထက် ၁၀၆၆၇ ကျပ် မြင့်တက်လျက်ရှိပြီး တစ်ဖက်နိုင်ငံဈေး မှာ ငွေဈေး အတက်အကျ ကြောင့်သာ အနည်းငယ်ပြောင်းလဲမှု ရှိသော်လည်း တရုတ်ယွမ်ပေါက်ဈေးမှာမူ ပြောင်းလဲမှုမရှိပါဘူး။ ယခင်အပတ်က ပဲတီစိမ်းတစ်တန်ကို ၅၃၃၂ ယွမ်ပေါက်လျက် ရှိပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြ လိုက်ရပါတယ်-

Sunday, 15 Jul 2012

    ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ပဲလွန်းဖြူ၊ စွန်တာနီ/ပြာ၊ ထောပတ်ပဲနဲ့ ပဲနီကြားတင်ပို့မှုမှာ ယခင်အပတ် ကထက် အပို့ပိုတာတွေ့ရပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၀၃၉၂ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၅၈ တန်ခန့်၊ ကန်ဒေါ်လာသုညဒသမ ၀၃၅ သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၅၃ တန်ကျော်၊ ကန်ဒေါ်လာသုညဒသမ ၀၂၁ သန်းတန်ဖိုးရှိ ထောပတ်ပဲ ၂၈ တန်ခန့်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၇၅ သန်းတန်ဖိုးရှိ ပဲနီကြား ၉၆ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲလွန်းဖြူ ၁၀ တန်ခန့်၊ စွန်တာနီ/ပြာ ၅ တန်၊ ထောပတ်ပဲ ၂ တန်ကျော်နဲ့ ပဲနီကြား ၄၁ တန်ကျော် အပို့ ပိုခဲ့တယ်လို့ သိရှိရပါတယ်။MIRT(DOBT)

Sunday, 15 Jul 2012

    ပြည်ဈေးကွက်သို့ ယခုဇူလိုင်လဆန်းတွင် ပဲတီစိမ်းသစ် များ စတင်ဝင်ရောက်ပြီဖြစ်ပါတယ်။ မင်းတုန်း၊ ကံမဖက်မှ ဝင်ရောက်လာတာဖြစ်ပြီး ဒေသတွင်းမြို့နယ်များမှထွက်ရှိမှု နည်းနေခဲ့သေးတဲ့အတွက် တစ်ရက် အိတ် ၄၀ ကျော် ၅၀ ခန့် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Monday, 9 Jul 2012

    ပြည်တွင်းရော်ဘာထုတ်လုပ်သူများက ရော်ဘာဈေးနှုန်း တွေထက်ဝက်ခန့်ကျဆင်းနေတာကြောင့် အခြားအဓိက ရော်ဘာ ထုတ်လုပ်တဲ့နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံတို့နဲ့ဆွေးနွေးညှိနှိုင်းဖို့ အင်ဒိုနီးရှား အစိုးရကိုတိုက်တွန်း လိုက်ကြောင်း သိရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာရော်ဘာ ဈေး နှုန်းတွေ အချိန်ကြာမြင့်စွာ အနိမ့်ဆုံးနှုန်းဖြစ်နေတာကို ပြောင်းလဲဖို့အတွက် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ ဆွေးနွေးသင့်ကြောင်း အင်ဒိုနီးရှားရော်ဘာအသင်း Gap Kindo ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။

Monday, 9 Jul 2012

    ၂၀၁၂ မှာတော့ ရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်း  ANRPC အသင်းဝင်နိုင်ငံများရဲ့ ထုတ်လုပ်မှုက တန်ချိန် ၁၀ ဒသမ ၈ သန်းကိုရောက်ရှိမယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့နှစ်ထက် ၄ ဒသမ ၉ ရာခိုင်နှုန်းထုတ်လုပ်မှု မြင့်တက်ခဲ့ပါတယ်။ ဒီလိုအထွက်နှုန်း တက်ခဲ့တာကတော့ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့မလေးရှားမှာ ထုတ်လုပ်မှု မြင့်တက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အင်ဒိုနီးရှားရဲ့ ထုတ်လုပ်မှုကတော့ ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီးတန်ချိန် ၃ ဒသမ ၂၆၁ သန်း ကို ရောက်ရှိ ခဲ့တယ်လို့သိရပါတယ်။ ဗီယက်နမ်ကတော့ ၂၀၁၂ မှာတန်ချိန် ၉၁၅၀၀၀ ထုတ်လုပ်ဖို့ခန့်မှန်းထားပြီး ယခင်နှစ်က ၈၆၀၀၀၀ တန် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ မှာ မလေးရှားရဲ့ထုတ်လုပ်မှုကတန်ချိန် ၁ သန်းရှိပြီး နှစ်စဉ်တိုးတက်မှု သုည ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ သွင်းကုန်အနေနဲ့ကတော့ ANRPC  အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၂၀၁၂ ဒုတိယ ၃ လပတ် တင်သွင်းမှုက တန်ချိန် ၁ ဒသမ ၀၈၃ သန်းရှိကြောင်းသိရပါတယ်။Source: European Rubber Journal ,KZW                                                     

Pages