Background
ရန်ကုန်မြို့တွင်းယာဉ်ရောင်းဝယ် ရေးစခန်းများနှင့် အထင်ကရနေရာများ တွင် ယခုရက်ပိုင်းအတွင်း ယာဉ်ရပ်နား မှုကန့်သတ်ချက်များရှိလာသဖြင့် ယာဉ် ရပ်နားမှုကျဲသွားသလို လူဝင်ကျဲပါးလာ ကြောင်း သိရသည်။
ယခုလမှာ မန္တလေးမြို့ရှိ လူနေ စိပ်တဲ့အိမ်ခြံမြေများအရောင်းအဝယ် ပြန်ဖြစ်လာကြောင်း အိမ်ခြံမြေ အကျိုး ဆောင်အချို့ထံမှသိရပါတယ်။ မန္တလေး မြို့တွင်းရောမြို့သစ်ပါလူနေစိပ်တဲ့အိမ်မြေ များမှာ ခေါ်ဈေးနဲ့ အရောင်းအဝယ်ပြန် ဖြစ်လာတယ်လို့ ၇၂ လမ်း၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ သိရပါတယ်။ “လူနေရပ်ကွက်မှာ အရောင်းအဝယ် ပြန် ဖြစ်နေတာ တစ်လလောက်ရှိပြီ။ ယခုရက်မှာ ရဲမွန်တောင်၊ မဟာမြိုင်၊ တ၊ဏ၊
တိုကျို၊ ဂျပန် စူဇူကီး ကားကုမ္ပဏီ ဟာ အင်ဒိုနီးရှားနိုင်ငံမှာ စူဇူကီးကား စက်ရုံအား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်(ယန်း၁၀၀ဘီလီယံ) ဖိုးတည်သွားမယ်၊အာရှနိုင်ငံများအတွင်း ထပ်မံတိုးချဲ့သွားမယ် လို့ဇူလိုင်လနောက် ဆုံးပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့ရော်ဘာသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံရဲ့ ရော်ဘာဝယ်လိုအား ကျ ဆင်းခြင်းနဲ့ တရုတ်ပြည်တွင်းရော်ဘာ သိုလှောင်မှုပမာဏမြင့်မားနေမှုတို့ကြောင့် ကမ္ဘာ့ ရော်ဘာဈေးနှုန်းများ အားနည်း နေတယ်။ ဇူလိုင်လ ၂၉ ရက်နေ့ ကမ္ဘာ့ ရော်ဘာထုတ်လုပ်တင်ပို့မှု အများဆုံး ထိုင်းနိုင်ငံရဲ့ မှိုင်းခံရော်ဘာအဆင့် - ၅ (RSS-5) ဈေးနှုန်းက တစ်တန်ကို ၂၄၉၁ ဒသမ ၅၀ ဒေါ်လာသာရှိရာ ဇူလိုင်လ ၁၈ ရက်နေ့က ဈေးနှုန်းဖြစ်တဲ့ ၂၅၂၂ ဒေါ်လာထက် တစ်တန်ကို ၃၀ ဒသမ ၅၀ ဒေါ်လာ ဈေးကျလာတယ်။
မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှုအနေဖြင့် ပြည်နယ်၊ တိုင်းဒေသအသီးသီးတွင် စိုက်ပျိုးလျက်ရှိပြီး စက်မှုကုန်ချော သီးနှံအနေနဲ့လည်း တစ်ပင်လုံးအသုံးဝင်သောအပင်ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၃ ရက်ထိ ကာလအတွင်းမှာ ရော်ဘာ ၄၈၆ တန်ကျော် ကိုရီးယားနိုင်ငံနဲ့ စင်္ကာပူနိုင်ငံကိုတင်ပို့နိုင်ခဲ့ပါ တယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၀၄၇ သန်းဖိုး ရရှိခဲ့ပါတယ်။ ကိုရီးယားနိုင်ငံကို MSR-20 ၂၈၅ တန်ခန့်နဲ့ စင်္ကာပူနိုင်ငံကို MSR-20 ၂၀၂ တန်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာတင်ပို့မှုမရှိခဲ့ပါဘူး။ ယမန်နှစ်က ကိုရီးယားနိုင်ငံကို ရော်ဘာအပို့ရှိခဲ့သော်လည်း ယခုနှစ်မှာ ပထမဦးဆုံးအကြိမ်တင်ပို့ခြင်းဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်တို့မှ ကန်ဒေါ်လာ ၅ ဒသမ ၄၄၅ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၁၅၁၆၂ တန်ကျော်ကို ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်တာကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားကုန်စည်ဒိုင်မှ သြဂုတ် လဆန်းက ခရမ်းစွဲကြက်သွန်ဖြူအမြိတ်ပါ တစ်ပိဿာ ကို ၁၈၀၀ ကျပ်ရှိခဲ့ရာက သြဂုတ်လ ဒုတိယအပတ်အစမှာတော့ အမြိတ်ပါ တစ်ပိဿာကို ၂၁၀၀ ကျပ်ထိ ရှိခဲ့ ကြောင်း သိရ ပါတယ်။
အခုတလော ပခုက္ကူကြက်သွန်နီဈေးကွက်ဟာ တက်ရိပ် ပြနေတာကိုတွေ့ရပါတယ်။ ထိပ်စ တစ်ပိဿာ ၆၀၀ ကျပ်၊ အလတ်စ တစ်ပိဿာ ၅၅၀ ကျပ်၊ အောက်စတစ်ပိဿာ ၅၂၅ ကျပ်များနဲ့ ကုန်စည်ဒိုင်မှာ အရောင်း အဝယ်ဖြစ်နေပါ တယ်။ အဝင်တွေအနေနဲ့ နေ့စဉ်ပိဿာချိန် ၂ သောင်းကျော်မှ ၁ သိန်းကျော်ကြား အဝင်ရှိနေပါတယ်။
ဟိုပုံးနနွင်းကိုတော့ ချင်းဝယ်ယူနေတဲ့ လှောင်လက် သမားတွေက ဈေးမေးပေမယ့် များများစားစားဝယ်ယူမှုတော့ မရှိသေးပါဘူး။ ဟင်းခတ်ဖို့ရယ်၊ ပရဆေးဖော်ဖို့အတွက်ရယ် သာအဓိက ဝယ်ယူမှုရှိနေတာကြောင့် သူကလဲ အများကြီး မဟုတ်တောင်၊ တစိမ့်စိမ့်နဲ့တော့ ရောင်းဖြစ်နေပါတယ်။