Main menu

Background

Sunday, 1 May 2011

ပဲတီစိမ်း တန် ၄ဝဝ ကျော် နယ်စပ်မှပို့နိုင်               ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒဿမ ၄၇၅ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၄၃၈ တန်တင်ပို့ခဲ့ပါတယ်။ နှစ်သစ်ကူးကာလ အတွင်း ရက်သတ္တပတ် နှစ်ပတ်မှာတော့ မူဆယ် နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများကနေ ပဲတီစိမ်း ၁၂၃၅ တန်တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှုလျော့ကျခဲ့တယ်လို့ ဆိုရပါမယ်။ ယခုအပတ်မှာတော့ ချင်းရွှေဟော်စခန်းကနေ တင်ပို့နိုင်မှု မရှိပါဘူး။ သယ်ယူစရိတ်အနေနဲ့ကတော့ မန္တလေး- မူဆယ်ကားခနှုန်းထားမှာ ပဲတီစိမ်း တစ်ပိသာကို ၉၅ ကျပ်မှ ၇၅ ကျပ်အထိကျဆင်းခဲ့တာတွေ့ရပါတယ်။ တစ်ဘက်နိုင်ငံနဲ့ မိမိဘက်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                 မိမိဘက်(ကျပ်/တန်)                                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု                   ယခင်         ပြောင်းလဲမှု      %           ယခု          ယခင်    ပြောင်းလဲမှု    %ပဲတီစိမ်း      ၁ဝဝ၅၈၂ဝ          ၉၈၉ဝဝဝ        ၁၆၈၂ဝ       ၁ .၆          ၁၂၈၆         ၁၂၅၂       ၃၄          ၂ .၆MIRT (DOBT)

Sunday, 1 May 2011

ပဲတီစိမ်း ပြည်ပအရောင်းအဝယ် ယခုတစ်ပတ်အနည်းငယ်အေး              ယခုနှစ်ဆန်းပိုင်းက ပဲတီစိမ်းကို ပြည်ပအဝယ် ထိပ်ဆုံးမှာ သွက်နေခဲ့ရာမှ သြင်္ကန်အပြီးကာလမှာတော့ အဝယ်အနည်းငယ် အေးတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက်များကလည်း ပဲတီစိမ်းစပေါ်ကတည်းက အဆွဲများလာလို့ ယခုအချိန်မှာ ပဲသိုလှောင်မှုတွေ များနေတာကြောင့် အဝယ်အေးနေခြင်းဖြစ်တယ်လို့ ဝါရင့်ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ နောက်ပိုင်းထွက်တဲ့ ပဲတီရွှေဝါတွေကလည်း တချို့ မိုးမိသွားတဲ့အတွက် ရေထိပဲတွေ တရုတ်ဝယ်လက် ဈေးလျော့ဝယ်ယူမှုတွေကြောင့်လည်း ဈေးအနည်းငယ်လျော့ကျတယ်လို့ သိရပါတယ်။                ရန်ကုန်ဈေးကွက်အတွင်း  FOB  အရောင်းအဝယ်ဖြစ်မှုအနေနဲ့ သြင်္ကန်ပိတ်ရက်များမှအပ ဧပြီလ ၁ ရက်မှ ၂၈ ရက်အထိ ပဲတီစိမ်း အညာရွှေဝါ တန်ချိန် တစ်သောင်းကျော်နဲ့ ခွဲခြမ်းတန် ၅ဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ သြင်္ကန် မတိုင်မီ ရက်ပိုင်းအတွင်း အရောင်းအဝယ်ဖြစ်မှု ပမာဏများပြီး သြင်္ကန်အပြီး တစ်ပတ်အတွင်းမှာတော့ စုစုပေါင်းတန် ၃ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                   ကန်ဒေါ်လာ                ပဲတီစိမ်း(အညာ)         ပဲတီစိမ်း (ပခုက္ကူ)                ရွှေဝါအသေး၂၉-၄-၁၁        ၁ဝ၅ဝ-၁ဝ၇ဝ             ၁ဝ၅ဝ-၁ဝ၇ဝ                 ၁၂၅ဝ-၁၂၇ဝ၂၂-၄-၁၁        ၁၁၅ဝ-၁၁၇ဝ             ၁ဝ၅ဝ-၁ဝ၇ဝ                 ၁၄၅ဝ-၁၄၇ဝ                                                                                                      MIRT (MAPT)

Sunday, 1 May 2011

ပင်လယ်ရေကြောင်း ပဲတီစိမ်း အတင်လျော့ကျလာ             ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု တန်ချိန် တစ်သောင်းနီးပါးထိ ရှိခဲ့ရာက ယခုတစ်ပတ် သြင်္ကန်အပြီးမှာတော့ တန်ချိန် ၃ဝဝဝ အောက်ကို လျော့ကျလာတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို အများဆုံးဖြစ်ပါတယ်။ ဗီယက်နမ်ကိုတင်ပို့တဲ့ ပဲတီစိမ်းများ ကိုတော့ ဗီယက်နမ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့တယ်လို့ သိရပါတယ်။ ယခင် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်နှစ်ပတ်လုံးမှာ ပဲတီစိမ်း တင်ပို့မှုဟာ တန်ချိန် သုံးသိန်းနီးပါးရှိပြီး ၂ဝ၁ဝ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာ တန်ချိန် တစ်သောင်း တင်ပို့မှုရှိခဲ့တာ လေ့လာတွေ့ရှိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့်အထိ တင်ပို့မှု ရှိခဲ့လို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။                              MIRT - MAPT

Sunday, 1 May 2011

ဧပြီလမှာ ပဲလွန်းဖြူ တန် ၅ဝဝဝ FOB  အရောင်းအဝယ်ဖြစ်                 ဧပြီလ ၁ ရက်မှ ၂၈ ရက်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ပဲလွန်းဖြူတန်ချိန် ၅ဝဝဝ ကို FOB  အရောင်းအဝယ်ဖြစ် ခဲ့တာ တွေ့ရပါတယ်။ ပြည်ပဝယ်လိုအား ရှိပြီး ပြည်တွင်းဒေသအသီးသီးက လည်း ဈေးကွက်တွေကို ဝင်ရောက်နေ  တာကြောင့် အခြားပဲအုပ်စုထဲမှာ ပဲလွန်းဖြူကို ပြည်ပအဝယ်များတာ တွေ့ရပါတယ်။ သြင်္ကန်အပြီး သီတင်းပတ်တွင်းမှာ နေ့စဉ် အရောင်းအဝယ် ရှိပြီး တစ်ပတ်လုံးတန်ချိန် ၂၆ဝဝ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ သြင်္ကန် မတိုင်မီဈေးအတိုင်း ပြောင်းလဲမှု မရှိဘဲ ပဲလွန်းဖြူ (FAQ ) တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ နဲ့ SQ တစ် တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီး ရှိတယ်လို့ သိရပါတယ်။                                      MIRT - MAPT

Sunday, 1 May 2011

သြင်္ကန်အပြီး ပဲလွန်းဖြူနီ တင်ပို့မှု ပုံမှန်အတိုင်းဖြစ်              သြင်္ကန်မတိုင်မီ သီတင်းပတ် အတွင်း ပဲလွန်းဖြူနီ တန်ချိန် ၂ဝဝဝ အထိ တိုးတင်ပို့ခဲ့ရာမှ သြင်္ကန်အပြီး (ဧပြီလ ၂၂ ရက်မှ ၂၈ ရက်)မှာတော့ တန်ချိန် ၅ဝဝ နဲ့ ပုံမှန်တင်ပို့မှုအတိုင်း တင်လာတာတွေ့ရပါတယ်။ ယခုနှစ်ပိုင်းမှာ ပဲလွန်းဖြူကို နိုင်ငံစုံက ဝယ်ယူလျက်ရှိပြီး ဒီတစ်ပတ်မှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနဲ့ အီကွေဒေါစတဲ့ နိုင်ငံတွေကို တင်ပို့ခဲ့ပါတယ်။               ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်အတွင်း ပဲလွန်းဖြူ တန်ချိန် ၃ဝဝဝဝ နီးပါးတင်ပို့ ခဲ့ပြီး ၂ဝ၁ဝ ဧပြီလ ၁ ရက်မှ ၂၂ ရက် အတွင်းမှာ တန်ချိန် ၃ဝဝဝ ကျော်တင်ပို့ ခဲ့တာတွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာ လည်း တန်ချိန် ၃ဝဝဝ ကျော်တင်ပို့မှုရှိတာတွေ့ရပါတယ်။ ပြည်ပဝယ်လက်ကြိုက် ပဲဖြစ်လို့ ပုံမှန်တင်ပို့မှု ရှိဦးမယ် လို့ ကုန်သည်များက ဆိုပါတယ်။                                                                                 MIRT - MAPT

Sunday, 1 May 2011

ယခုလ ပဲစင်းငုံ FOB အရောင်းအဝယ်အသင့်အတင့်ရှိ            ယခုလအတွင်း သြင်္ကန်ပိတ်ရက်များလည်း ရှိတာကြောင့် ကုန်စည်ဒိုင်ဖွင့်ရက်များ အတွင်း ပဲစင်းငုံအရောင်းအဝယ် အသင့်အတင့်ရှိနေတာတွေ့ရပါတယ်။ ဧပြီလ ၁ ရက်မှ ၂၈ ရက်အတွင်း ပဲစင်းငုံဖြူနီနဲ့ အနီ အရောင်းအဝယ်ဖြစ်မှု တန်ချိန် ၁၅ဝဝဝ ကျော်ရှိတဲ့အနက် သြင်္ကန်မတိုင်မီ အရောင်းအဝယ်ဖြစ်မှု ပမာဏများတာ တွေ့ရပါတယ်။             သြင်္ကန်နောက်ပိုင်းမှာတော့ ပဲစင်းငုံဖြူနီနဲ့ အဖြူ တန် တစ်ထောင်အောက်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ကုန်သည်ကြီးများ ပြောကြားချက်အရ အိန္ဒိယမှာလည်း ပဲစင်းငုံသစ်တွေ ရောင်းအားများနေတဲ့အတွက် အိန္ဒိယဝယ်လက် တွေ အဝယ်နည်းခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းကုန်သည်ကြီးများက လည်း ဈေးအမြင့်နဲ့ ပိုက်မိနေတဲ့အတွက် လက်ရှိဈေးမှာ အရောင်းနည်းတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းလို့ ပဲစင်းငုံ ရန်ကုန် FOB  ဈေးလည်း လျော့ကျလာတာကို ဖော်ပြလိုက်ပါတယ်                                                 ဒေါ်လာ/တန်                 ပဲစင်းငုံနီ(FAQ)                  ပဲစင်းငုံဖြူနီ၊ အဖြူ(FAQ)၂၉-၄-၁၁            ၇၈ဝ-၈ဝဝ                          ၆၈ဝ-၇၁ဝ၂၂-၄-၁၁             ၈၅ဝ-၈၇ဝ                         ၇၆ဝ-၇၈ဝ                                                                                   MIRT(MAPT)

Sunday, 1 May 2011

 ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု သိသိသာသာလျော့ကျ                ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်တွေက တန်ချိန် ၃၅ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့ ခဲ့ရာမှ သြင်္ကန်အပြီး ယခုသီတင်းပတ်မှာတော့ တန်ချိန် ၃ဝဝဝ အောက်ကို သိသိသာသာ လျော့ကျတင်ပို့တာ တွေ့ရပါတယ်။ အိန္ဒိယ ဝယ်လိုအား နည်းနေတာကြောင့် ပဲစင်းငုံတင်ပို့မှုကတော့ အားပျော့နေဦးမယ်လို့ ကုန်သည် များက သုံးသပ်ပါတယ်။                 ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံတင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၁၅ဝဝဝဝ ခန့်သာရှိပြီး ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်း တန်ချိန် ၂ဝဝဝ ခန့်သာရှိခဲ့တာတွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ကာလတူ မှာတော့ တန်ချိန် ၅ဝဝဝ အထိ တင်ပို့မှုရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ပိုတင်လာတာတွေ့ရှိရပါတယ်။                      MIRT - MAPT

Sunday, 1 May 2011

ပဲမျိုးစုံအနက် မတ်ပဲကို ပြည်ပ FOB အဝယ်အများဆုံးဖြစ်              ရန်ကုန်မြို့ဈေးကွက်အတွင်း ပဲမျိုးစုံပြည်ပအဝယ်များရှိတဲ့အနက် မတ်ပဲကိုတော့ ဝယ်လိုအား အများဆုံး ဖြစ်တယ်လို့ ကုန်သည်ကြီးများက ဆိုပါတယ်။ လက်ရှိဈေးမှာ ပြည်ပဝယ်လက်အကြိုက်တွေ့ပြီး အဝယ်သွက် နေတယ်လို့ သိရပါ တယ်။ ပဲအသင်းတာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ ယခုနှစ်မှာ ပဲထွက်နောက်ကျခြင်း၊ ရိတ်သိမ်းချိန်မိုးတစ်ကြိမ် ရွာသွန်းမှုကြောင့် ပဲရိတ်သိမ်းမှုနှေးကွေးခြင်း တို့ကြောင့် ဈေးကွက်အတွင်း ဝင်ရောက်မှုဟာ ပုံမှန်ထက်နောက်ကျပြီး သြင်္ကန် နောက်ပိုင်းမှာ စုပြုံဝင်ရောက်လာတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်များ အဝယ်သွက်နေတဲ့တိုင် ဝယ်လိုအားထက်ရောင်းလိုအား အဆမတန်များခြင်းနဲ့ ကုန်သည်ကြီးများ ငွေကြေးမနိုင်မနင်း ဖြစ်ခြင်းတို့ကြောင့် ဈေးကျဆင်းလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းအတွင်း မတ်ပဲ SQ အရောင်းအဝယ် ဖြစ်မှုများပေမဲ့ FAQ  အရောင်းအဝယ်နည်းတာလေ့လာတွေ့ရှိရပါတယ်။ ဒါပေမဲ့ တစ်ပတ်အတွင်း (ဧပြီလ ၂၃ မှ ၂၈ )အရောင်းအဝယ်ဖြစ် မှုကတော့ မတ်ပဲ  FAQ  တန်ချိန် ၈ဝဝဝ ကျော်နဲ့ SQ တန်ချိန် ၆ဝဝဝ ခန့်ရှိတာ တွေ့ရပါတယ်။ ဧပြီလ ၁ ရက်မှ ၂၈ ရက်အတွင်း (ကုန်စည်ဒိုင်ဖွင့်ရက်များအတွင်း) အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မတ်ပဲ SQ တန်ချိန် တစ်သောင်းကျော်နဲ့ FAQ တန်ချိန် ၃ဝဝဝဝ နီးပါးအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                          ဒေါ်လာ/တန်                 မတ်ပဲ(FAQ)          မတ်ပဲ(SQ)၂၉-၄-၁၁         ၈၅ဝ-၈၇ဝ           ၁ဝဝဝ-၁ဝ၂ဝ၂၂-၄-၁၁         ၉၁ဝ-၉၃ဝ           ၁ဝ၆ဝ-၁ဝ၈ဝ                                                                                           MIRT(MAPT)

Sunday, 1 May 2011

ပင်လယ်ရေကြောင်း မတ်ပဲတင်ပို့မှု အားကောင်းနေဆဲ               ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုအနေနဲ့ သြင်္ကန်မတိုင်မီ သီတင်းပတ် အတွင်း တန်ချိန် တစ်သောင်းကျော်ထိ တင်ပို့ခဲ့ပြီး သြင်္ကန်အပြီး သီတင်းပတ် (ဧပြီလ ၂၂ ရက်မှ ၂၈ ရက်) အတွင်းမှာလည်း တန်ချိန် ၇၅ဝဝ ခန့်နဲ့ တင်ပို့မှုအား ကောင်းဆဲ ဖြစ်တာတွေ့ရပါတယ်။ မတ်ပဲတင်ပို့မှုနိုင်ငံအစုံရှိပေမဲ့ အဓိကပမာဏ များတာကတော့ အိန္ဒိယကို ဖြစ်ပါတယ်။               ယခင်ဘဏ္ဍာနှစ် မတ်ပဲတင်ပို့မှုကို လေ့လာကြည့်ရာမှာ တစ်နှစ်ပတ်လုံး တန်ချိန် ၅ သိန်းနီးပါး အပို့ရှိခဲ့ပြီး ၂ဝ၁ဝ ဧပြီ ၁ ရက်မှ ၂၂ ရက်အတွင်း တန်ချိန် နှစ်သောင်းကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့်သာရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၅ဝဝဝ ခန့် လျော့ကျတင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိ အရောင်းအဝယ်ဖြစ်မှုတွေအရ လာမယ့် သီတင်းပတ်တွေမှာလည်း မတ်ပဲ တင်ပို့မှု အားကောင်းဖွယ်ရှိကြောင်း သိရပါတယ်။                MIRT - MAPT 

Sunday, 24 Apr 2011

အော်ဂဲနစ် မန်ကျည်းမှည့် ဈေးကွက်                  တကယ်လို့များ အော်ဂဲနစ်ပြိုင်ပွဲ ရှိရင် မန်ကျည်းပင်က ပထမရလိမ့်မယ် ထင်ပါတယ်။ ဓါတုဗေဒ သွင်းအားစု တွေ မတီထွင်မီကတည်းက ကြီးရင့် သီးပွင့်နေတဲ့ မန်ကျည်းပင်တွေဟာ အညာတစ်ခွင်မှာ အော်ဂဲနစ် သစ်ပင် အစစ်တွေပါပဲ။ နောက်ပိုင်းစိုက်တဲ့ ပင်ပျိုတွေကိုလည်း မြေဆီကြဲပက်စိုက် တယ်လို့မကြားမိပါဘူး။ ဒါကြောင့် ဈေး ကွက်ကလည်း ထင်ပေါ်လို့ စင်တော် ကောက်ပုံရပါတယ်။ အိမ်ရှင်မတွေရဲ့ စားဖိုဆောင်မှာလည်း မရှိမဖြစ်နီးပါး၊ စားသောက်ကုန်လုပ်ငန်းမှာ အသွင် အမျိုးမျိုး၊ တိုင်းရင်းဆေးဝါးတွေမှာ လည်း သူကမပါမဖြစ်၊ ဒါကြောင့် အခြား သီးနံှတွေ ဈေးအေးဈေးကျနေချိန်မှာ မန်ကျည်းအခွံခွာအစေ့ပါ တစ်ပိဿာကို ၁၂ဝဝ ကျပ်ထိ ဈေးတတ် နေပါတယ်။ ပခုက္ကူဈေးကွက်ကိုတော့ မြိုင်နယ်တစ်ကြောနဲ့ ပေါက်နယ်အစပ် တွေကဝင်ပါတယ်။ တစ်ဆယ်ကီလို အထုပ်ငယ်လေးတွေ ပလတ်စတစ် အိတ်ပါးနဲ့ ခွဲထုပ်ပိုးပြီး တရုတ်ကိုတင်ပို့ တယ်လို့သိရပါတယ်။ တရုတ်ဘက်မှာ မန်ကျည်းနှစ်ကို စားသောက်ကုန် သကြားလုံး၊ အလှကုန်ပစ္စည်း ကုန်ကြမ်း နဲ့ မန်ကျည်းစေ့ကိုတော့ အရည်ကြိုပြီး သင်္ဘောဆေးပြုလုပ်တဲ့ နေရာမှာ အသုံးပြုကြောင်း လေ့လာသိရှိရပါတယ်။ မောင်မောင်အေး 

Pages