Main menu

Background

Sunday, 6 Mar 2011

ဟင်္သာတဈေးကွက်သို့ မတ်ပဲသစ်များ အဝင်လှိုင်ပါပြီ            ဟင်္သာတပဲဈေးကွက်သို့ မြို့နယ်အတွင်း ကျေးရွာအုပ်စုများနဲ့ ဟင်္သာတ ခရိုင်အတွင်းရှိ လေးမျက်နှာ၊ အင်္ဂပူ မြို့နယ်များမှ မတ်ပဲသစ်များလည်း နေ့စဉ်ဝင်ရောက်ပြီး တစ်တင်းခွဲဝင်အိတ် ၃၅ဝ ကျပ်မှ ၅ဝဝ ကျပ်အထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ မတ်ပဲတစ်တင်းဈေးမှာ ယခင်အပတ်က ၂၂၅ဝဝ ကျပ်ဖြစ်ပြီး၊ ယခုအပတ်တွင် ပိဿာ ၂ဝ ဝင်တစ်တင်းကို ၂၁၉ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ရန်ကုန်ဝယ်လက်များလည်း ပုံမှန်အတိုင်းရှိနေပြီး၊ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အိတ် ၄ဝဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်

Sunday, 6 Mar 2011

ဒေသစုံက မတ်ပဲအဝင်ရှိပြီး မန်းဈေးကွက် ပုံမှန်ရောင်းဝယ်            မန္တလေးတိုင်းဒေသကြီးမှာ မတ်ပဲဧက ဝ ဒသမ ၆သိန်းခန့် စိုက်ပျိုးရန် လျာထားသော်လည်း ဧက ဝ ဒသမ ၇ သိန်း ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားချက်ထက် ကျော်ခဲ့ပါတယ်။ တိုင်းတွင်းအများဆုံးစိုက်တဲ့မြို့နယ်များဖြစ်တဲ့ ကျောက်ဆည်၊ နေပြည်တော် ပျဉ်းမနား၊ ပျော်ဘွယ်နဲ့ နေပြည်တော်လယ်ဝေးတို့က မတ်ပဲများကို ရန်ကုန်သို့ တစ်ပတ်အတွင်း အိတ် ၄၃ဝဝ ကျော်ရောင်းဝယ်မှုရှိခဲ့ကြောင်း သိရပါတယ်။ ရွှေဘိုနဲ့ကောလင်းတို့မှလည်း ဒေသတွင်းသို့ အိတ် ၃ဝဝ ခန့် ဝင်ရောက် လာပြီး၊ ဇန်နဝါရီလက တစ်ပိဿာကို ၉ဝဝ ကျပ်၊ ၁၁၁၇ ကျပ်ရှိခဲ့ပေမဲ့ ဒီတစ် ပတ်မှာတော့ တစ်ပိဿာကို ၁ဝ၅ဝ ကျပ်၊ ၁၁၅ဝ ကျပ်နဲ့ ပုံမှန် ရောင်းဝယ်နေကြ ကြောင်း သိရပါတယ်။ ချိုချိုမြင့်

Sunday, 6 Mar 2011

နယ်စပ်မှ မတ်ပဲပိုမိုတင်ပို့နိုင်           ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် မှ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးထွက် ကန်ဒေါ်လာ ၇ဝ၄ဝဝ တန်ဖိုးရှိမတ်ပဲ ၇၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂ဝ ကျော်သာ တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၅၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ တတိယပတ်မှာမှ တင်ပို့နေတာဖြစ်ပြီး ဖေဖော်ဝါရီလ တစ်လလုံး တန် ၉ဝ ကျော်နဲ့ ဧပြီလမှ ဖေဖော်ဝါရီလကုန်ထိ နယ်စပ်မှ မတ်ပဲတန်ချိန် ၈၆ဝဝ တင်ပို့ထားပြီးဖြစ်ပါတယ်။တစ်ဖက်နိုင်ငံမှာ ဈေးပြောင်းလဲမှုမရှိသော်လည်း မိမိဘက် မြေပြင်ပေါက်ဈေးမှာ ယခင်အပတ်ကထက် ကျပ် ၃၂၆ဝဝ ကျော်လျော့နည်း လျက် ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ပါတယ် -                                မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု            ယခင်      ပြောင်းလဲမှု   %         ယခု        ယခင်   ပြောင်းလဲမှု        %မတ်ပဲ         ၈၈ဝ၇၈၅        ၉၁၃၄၁ဝ      ၃၂၆၂၅      ၄         ၁ဝ၃၉       ၁ဝ၃၉         -           -MIRT (DOBT)

Sunday, 6 Mar 2011

မတ်ပဲတင်ပို့မှု တန် ၅ဝဝဝ ကျော်သာရှိဆဲ            ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုက ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာလည်း တန်ချိန် ၅ဝဝဝ ကျော်သာ တင်ပို့တာတွေ့ရပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာ ဝယ်လိုအားနည်းလို့ ဈေးကျနေသလို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာလည်း အိန္ဒိယအဝယ်နည်းနေတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက် အချို့ကတော့ ပဲတီစိမ်းဈေးမြင့်နေလို့ မတ်ပဲဘက်ကို အဝယ်ပြန်လိုက်လာတာကြောင့် တင်ပို့မှု ပုံမှန်ရှိနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၂၉ဝဝဝ ခန့်ရှိပြီး ဇန်နဝါရီလအတွင်းမှာ တန်ချိန် ၄၅ဝဝဝ ကျော်ထိ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလမှာတော့ တန်ချိန် ၃၈ဝဝဝ ကျော် တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူတင်ပို့မှုလျော့ကျနေတာတွေ့ရပါတယ်။ ပြည်ပအရောင်းအဝယ်နည်းတာ ကြောင့် ရန်ကုန် FOB  ဈေးမှာ တစ်ပတ်လုံးငြိမ်နေရာမှ မတ်လ ၄ ရက်နေ့မှာ လျော့ကျခဲ့ပါတယ်။                  ဒေါ်လာ/တန်                 မတ်ပဲ(FAQ)                     မတ်ပဲ(SQ)၄-၃-၁၁         ၉ဝဝ-၉၂ဝ                 ၁ဝဝဝ-၁ဝ၂ဝ၂၅-၂-၁၁       ၉၃ဝ-၉၅ဝ                ၁ဝ၃ဝ-၁ဝ၅ဝMIRT(MAPT)

Sunday, 27 Feb 2011

တန်ချိန် ၃ဝဝ နီးပါးပို့             ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မန်ကျည်းသီးတန်ချိန် ၂၉၇ တန် တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေကတော့ စင်ကာပူနိုင်ငံကို ၉၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ မလေးရှားနိုင်ငံကို ၂၅ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုတန်ချိန် ၁၄၉ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၃၅ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့ အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန် ဒေါ်လာ ၁ဝ၆၁၈ဝ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ၇၄ တန်သာပို့နိုင်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ ၄ ဆလောက်ပိုပြီး ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)  

Sunday, 27 Feb 2011

 ဝယ်လိုအားကောင်းနေလို့ အိန္ဒိယနနွင်းဈေး အတက်ဘက်ဆက်လက်ချီတက်ဖွယ်ရှိ            အိန္ဒိယပြည်တွင်းဈေးကွက် နနွင်းဝင်ရောက်မှုရှိပေမဲ့ ဝယ်လိုအားတက်နေတာကြောင့် နနွင်းဈေးက အမြင့်ဘက် ဆက်လက်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကုန်သည်များက ဈေးနှုန်းသိသိသာသာကျဆင်းအုံးမယ်လို့ မျှော်လင့်ထားပြီး လာမယ့် သီတင်းပတ်မှာ ဝယ်လိုအားတက်ဖို့ မျှော်လင့်ထားကြပါတယ်။              နနွင်းသစ်ဝင်ရောက်မှုကလည်း ဈေးကွက်များအတွင်း ဝယ်လိုအားအသစ်ကို စောင့်ဆိုင်းနေလို့ ထင်သလောက် မဝင်လာသလို လက်ကျန်နည်းတဲ့ အခြေအနေတွေက ဈေးနှုန်းတက်အောင် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ နနွင်းစိုက်ပျိုးတဲ့ ဒေသတွေမှာ နနွင်းဝင်ရောက်မှု နှောင့်နှေးခြင်းနဲ့ လက်ကျန်နည်းလာခြင်းတို့ကြောင့် ကာလလတ်မှာ ဈေးနှုန်းကို အထောက် အပံ့ဖြစ်နိုင်ဖွယ်ရှိပါတယ်။            လာမယ့်သီတင်းပတ်တွေမှာ ပြည်တွင်းရော ပြည်ပမှာ အဝယ်တက်မယ့် အလားအလာရှိပြီး စိုက်ပျိုးထားတဲ့ အပင် တွေလည်း ပျက်စီးတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ နနွင်းစိုက်ပျိုးတဲ့ အတ္တရာပရာဒေ့ရှ်နဲ့ ကာနာတာကာမှာ မိုးကောင်းခြင်းက ယခုနှစ် အထွက်နှုန်းကို ပိုမို ကောင်းစေပြီး ယင်းမျှော်လင့်ချက်ကြောင့်ပင် ဈေးနှုန်းမြင့်တက်မှုကို ဖိအားဖြစ်စေနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ယခုနှစ်မှာ ၇ဝ ကီလိုပါအိတ် ၆၅ သိန်းနဲ့ ၇ဝ သိန်းအကြားထွက်ရှိမယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့စာရင်းအရ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလအတွင်း နနွင်းတင်ပို့မှုဟာ တန်ချိန် ၃၅၅ဝဝ ရှိလို့ ၂ဝဝ၉ ခုနှစ် ကာလတူတင်ပို့မှု တန်ချိန် ၄ဝ၈၂၅ ထက် ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နနွင်းအခက် တစ်တန်ကို ရူပီး ၈၁၉၉ဝ-၁၁၇၆၉ဝ (ကန်ဒေါ်လာ ၁၈၁၂-၂၆ဝ၄) နဲ့ နနွင်းဥ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ၉ဝ-၁၁၂ဝ၆ဝ (ကန်ဒေါ်လာ ၁၇၂၈-၂၄၇၉) နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: business standard  

Sunday, 27 Feb 2011

ဆိုဈေးမာနေတဲ့ ဗမာနနွင်းတက်            ကျောက်ဆည်၊ မြစ်သားနယ်မှ ထွက်ရှိသော ဗမာနနွင်းတက်မှာ အသစ်စတင်ထွက်ရှိလာသော်လည်း ယခုရက်ပိုင်း အရောင်းအေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်က သီးနံှပေါ်စမှစလို့ ဈေးကောင်းရ အဝယ်လိုက်ခဲ့သော်လည်း ယခုနှစ် ပြည်ပဈေးကွက်တစ်ခုဖြစ်တဲ့ အိန္ဒိယမှာ အထွက်ကောင်းတာကြောင့် အဝယ်အေးနေခြင်းဖြစ်တယ်လို့ နနွင်းတက် ကုန်သည်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ လက်ရှိဈေးကွက် အနေအထားကတော့ အဝယ်မလိုက်သော်လည်း တောင်သူက ဈေးတင်းခံနေတဲ့အတွက် တောင်သူဆိုဈေး တစ်ပိဿာ ၃ဝဝဝ ကျပ်ရှိတယ်လို့ နနွင်းတက် အရောင်း အဝယ်ပြုလုပ်နေသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ သင်းးသင်းးမြတ် 

Sunday, 27 Feb 2011

အင်းစနနွင်း ဈေးကွက်စဝင်                  ရှမ်းပြည်နယ်တောင်ပိုင်းမှာ နနွင်းကို အင်းလေးဒေသရဲ့ အရှေ့ဖက်တစ်ကြောမှာလည်း အတော်များများ စိုက် ပျိုးကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆင်တောင်နနွင်း၊ ဟိုပုံးနနွင်းပြီးရင် အင်းလေးနနွင်းကလည်း ဈေးကွက်ဝင်ပါတယ်။ ပင်လောင်းနနွင်းကတော့ အဖြူများတာကြောင့် လူကြိုက်နည်းပြီး ရောင်းပန်းသိပ်မလှပါဘူး။ ယခုလောလောဆယ် ဈေးကွက် မှာတော့ အင်းစလို့ခေါ်တဲ့ နနွင်းတွေက ဈေးကွက်ကို ဝင်လာနေပါပြီ။ အင်းလေးအရှေ့ဖက်ခြမ်းမှာစိုက်တဲ့ နနွင်းက တစ်ရာသီကို ပိဿာချိန် ၈ သိန်း၊ ၉ သိန်းခန့်ထွက်ပါတယ်။ အင်းစနနွင်းက တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာ ရွာငံနယ်က ဝင်တဲ့ ပြိုင်စနဲ့ အောင်ပန်းနယ်တစ်ဝိုက်က ဝင်နေတဲ့ ရိုးရိုးစတွေကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၂ဝဝ ကျပ်၊ ဆင်တောင်နနွင်းက တစ်ပိဿာ ၃၂ဝဝ ကျပ်ဈေးရှိပါတယ်။ ဆင်တောင်နနွင်းကတော့ လက်ကျန်နည်းနေပြီလို့ သိရပါတယ်။ နနွင်းကလည်း ချင်းလိုပါပဲ။ မတ်လကုန် ဧပြီလမှသာ အဝင်လှိုင်လာမှာဖြစ်ပါတယ်။ ပြည်ပဝယ်လက်မရှိပေမဲ့ ပြည်တွင်း သုံးအတွက် မန္တလေး၊ မြင်းခြံ၊ မိတ္ထီလာဖက်က ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ နနွင်း တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင် 

Sunday, 27 Feb 2011

ယခုအပတ်မူဆယ်မှ နနွင်းတက်ဆက်လက်တင်ပို့               ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် စစ်တွေနယ်စပ်တို့မှ ကန်ဒေါ်လာ ၂၃ဝဝဝ တန်ဖိုးရှိ နနွင်းတက် ၁၃ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၈ တန်ခန့်တင်ပို့ခဲ့တာမို့ ယခု အပတ်မှာ ၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ နနွင်းတက် ၁၂ တန် နီးပါးနဲ့ စစ်တွေမှာ ပုံမှန်အတိုင်း ၁ တန်သာ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT) 

Sunday, 27 Feb 2011

ဈေးကောင်းစောင့်တဲ့ ရှမ်းချင်းဈေးကွက်                ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဈေးကွက်မှာ ချင်းစိုတွေ အဝင်နည်း နေပါသေးတယ်။ အောင်ပန်းနဲ့ ကလောနယ်တစ်ဝိုက်ကသာ အနည်းငယ်ဝင်နေသေးတယ်လို့ သိရပါတယ်။ အချို့တောင်သူတွေက ပစ္စည်းတွေက မဖော်သေးဘဲ အဲဒီအတိုင်းထားပြီး ဈေးကောင်းရမှသာ ဖော်မယ်ဆိုပြီး ထားကြတာကြောင့် အဝင်နည်းလာတာ ဖြစ်တယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ချင်းခြောက်တွေကလည်း ဈေးကွက်ကို အနည်းငယ်သာ ဝင်နေပါသေးတယ်။ မတ်၊ ဧပြီလဆိုရင် ချင်းစိုတွေ အဝင်ပိုနည်းသွားပြီး၊ ချင်းခြောက်တွေသာ အဝင်လှိုင် လာတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက တစ်ပိဿာကို ၄ဝဝ ကျပ်မှ ၆၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ၁၇ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။              ဟိုပုံးဈေးကွက်မှာတော့ ချင်းစိုဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဒီနှစ် ဟိုပုံးမြို့နယ်မှာ ချင်းစိုအထွက်လျော့ပြီး ထွက်တဲ့ချင်း တွေကလည်း ယခင်နှစ်တွေကလို အခက်လှ၊ အခက်ကြီးတွေ သိပ်မများဘဲ ချင်းညံ့ လို့ခေါ်တဲ့ အသေးတွေသာ အထွက်များပါတယ်။ အညံ့စ ချင်းတွေကို ချင်းခြောက် အဖြစ် ပြန်လည် ပြုလုပ်တာကြောင့် ချင်းစိုနည်းပြီး ချင်းခြောက်ကတော့ ဈေးကွက် မှာ များများစားစားဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဟိုပုံးဈေးကွက်မှာ ချင်းခြောက်က တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပြီး၊ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက် တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၃ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင် 

Pages