Main menu

Background

Sunday, 6 Feb 2011

ပဲလွန်းဖြူပုံမှန်တင်ပို့               မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် မှ တဆင့် တစ်ဘက်နိုင်ငံသို့ ဇန်နဝါရီ လ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၁၆ သန်းဖိုးတန်ဖိုးရှိ ပဲလွန်းဖြူ ၁၄၃ တန်ကျော် ခွဲတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်န ဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိကာလ အတွင်းက ပဲလွန်းဖြူ ၁၃၆ တန်ခွဲ တင်ပို့နိုင်ခဲ့တာမို့ ၇ တန်တင်ပို့မှု ပိုမိုခဲ့ တယ်လို့ သိရပါတယ်။ ယခုအပတ်ဈေးဟာ ယခင်အပတ်ဈေးထက် ပိုမိုမြင့် တက်လျက်ရှိပါတယ်။မိမိဘက်နဲ့ တစ် ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများ ကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -                             မိမိဘက် (ကျပ်/တန်)                         တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)                 ယခု           ယခင်     ပြောင်းလဲမှု     %       ယခု       ယခင်          ပြောင်းလဲမှု        %            ၉၁၄၅၁၅      ၇၂၁ဝ၈၇       ၁၉၃၄၂၉    ၂၁     ၁ဝ၆၈     ၈၅၄            ၂၁၄                ၂ဝMIRT(DOBT)

Sunday, 6 Feb 2011

ယခင်နှစ် ဇန်နဝါရီမှာ ပဲလွန်းဖြူတင်ပို့မှု ၂ ဆခန့်ပို                ၂ဝ၁ဝ ဇန်နဝါရီလမှာ ပင်လယ် ရေကြောင်းက ပဲလွန်းဖြူတန်ချိန် ၁၅ဝဝ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီ လမှာ တန်ချိန် ၄၅ဝ ကျော်သာရှိလို့ ယခင်နှစ်က နှစ်ဆခန့် ပိုတင်လာတာ တွေ့ရပါတယ်။ ယခုသီတင်းပတ် (ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်) အတွင်းမှာတော့ တန်ချိန် ၁၇၅ တင်ပို့နိုင်တာတွေ့ရပါတယ်။ ဈေးကွက်အသီးသီးကို ပဲလွန်းဖြူအဝင် တိုးတက်လာပြီး အရောင်းအဝယ် လည်း သွက်နေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၄ ရက် ရန်ကုန် FOB ဈေးအနေနဲ့ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၃ဝ-၈၅ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၅ဝအသီးသီးရှိပြီး၊ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ တစ်တန် ကို ကန်ဒေါ်လာ ၁ဝ၅၇ ရှိကြောင်း သိရပါတယ်။ MIRT- MAPT

Sunday, 6 Feb 2011

ပြည်ပဲစင်းငုံ အဝင်များလာတာကြောင့် ဈေးအနည်းငယ်လျော့                 ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေး ထက် အနည်းငယ်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၅ဝဝ ကျပ်လျော့နည်းခဲ့ပြီး တစ်တင်းလျှင် ၂၂၅ဝဝ ကျပ်ဖြင့် အရောင်း သွက်နေ ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ တိုင်းအတွင်း ပေါက်ခေါင်းမြို့နယ်မှ အဝင်များပြီး မကွေးတိုင်းဒေသကြီး အောင်လံမြို့နဲ့ ပြလို့မှလည်း အဝင်ရှိကြောင်း သိရပါတယ်။ တစ်နေ့လျှင် အိတ် ၆ဝဝ-၇ဝဝ ခန့် အဝင်ရှိတယ်လို့ သိရပါတယ်။ တိုင်းအတွင်းနဲ့ အခြားတိုင်းရှိမြို့နယ်များမှ အဝင်များလာခြင်းကြောင့် ဈေးအနည်း ငယ် လျော့နည်းသွားခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာလည်း ပြည် ဈေးကွက်အတွင်းသို့ အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်တယ်လို့သိရ ပါတယ်။                                                                                ဆုမွန်မွန်ဆွေ

Sunday, 6 Feb 2011

မုံရွာပဲစင်းငုံနီ နယ်စုံက အဝင်သွက်လာပြီ                        မုံရွာကုန်စည်ဒိုင်ကို ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ နယ်စုံက ပဲစင်းငုံနီ အဝင်သွက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးဝယ်လက်က အများဆုံးဝယ်ယူပြီး မုံရွာ နယ်ခံ ကုန်သည်အချို့ကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်ယူမှု အားကောင်း နေတယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီပေါက်ဈေး ဇန်နဝါရီလအတွင်း အနိမ့်အမြင့်ဈေးမှာ အဟောင်းတစ်တင်း ၁၄၅ဝဝ ကျပ်၊ ၂၁၅ဝဝ ကျပ်၊ ဖေဖော်ဝါရီလဆန်းမှာ ၁၉ဝဝဝ ကျပ်၊ အသစ်တစ်တင်းဈေး ဇန်နဝါရီလမှာ ၁၆ဝဝဝ ကျပ်၊ ၂၄၂ဝဝ ကျပ်၊ ယခုတစ်ပတ် ၂၂၅ဝဝ ကျပ်နဲ့ အရောင်းအဝယ် သွက်ခဲ့ပါတယ်။ ဒေသတွင်းနဲ့ တိုင်းပြင်ပဆွဲအားကောင်းလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို တင်း ၅ဝဝဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ ဇန်နဝါရီလအတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးကို တင်း ၉ဝဝဝ ခန့်၊ ရန်ကုန်ကိုတင်း ၂၄ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၂၅ဝဝ ခန့် စီးထွက်ခဲ့ တယ်လို့ ဈေးကွက်က ဆိုပါတယ်။                                                                                                          ထွန်းလှိုင်

Sunday, 6 Feb 2011

အရောင်းသွက်နေတဲ့ မန်းပဲစင်းငုံ                       မန်းဈေးကွက်သို့ နယ်စုံမှ ပဲစင်းငုံများဝင်ရောက်လျက်ရှိပြီး ဝင်ရောက် လာတဲ့ပဲစင်းငုံတွေကို ရန်ကုန် ဝယ်လက်ရဲ့ဝယ်လိုအားကြောင့် ဈေးမာနေတာ ကိုလည်းတွေ့ရပါတယ်။ ယခုအပတ် ပဲစင်းငုံ (နီ) တစ်ပိဿာ ကျပ် ၁၁၅ဝ၊ တစ်တန် ၇ဝ၄၂၄ဝ ကျပ်၊ ပဲစင်းငုံ (ဖြူ) ၉၁၇ ကျပ်၊ တစ်တန် ၅၆၁၅ဝဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်အတွင်း ပစ္စည်းအဝင်လှိုင်နေပေမဲ့လည်း ရန်ကုန် ဝယ်လက်ဆွဲအားကောင်းနေတာကြောင့် ဈေးမာနေတာဖြစ်တယ်လို့ ရောင်းဝယ်ကြတဲ့ ကုန်သည်များမှ ပြောကြားပါတယ်။ ဈေးကွက်အတွင်းမှာလည်း ရောင်းဝယ် အားကောင်းနေတာကြောင့် ပဲစင်းငုံဈေးကွက်ဟာ စည်ကားနေတာကို လည်းတွေ့ရပါတယ်။ တစ်ပတ်အတွင်း ရန်ကုန်သို့ တန် ၅ဝဝ ခန့် တင်ပို့မှု ရှိခဲ့ ကြောင်း သိရှိရပါတယ်။                                              ကျော်ကျော်မိုး

Sunday, 6 Feb 2011

အဝင်လှိုင်လာတဲ့ မုံရွာပဲစင်းငုံဈေးကွက်                  မုံရွာပဲဈေးကွက်မှာ ပဲစင်းငုံဟာ ဒီဇင်ဘာ ၂ဝ ရက်ကစတင် ဝင်ရောက် ခဲ့ပြီး ဇန်နဝါရီလကုန်မှာတော့ အဝင်လှိုင်နေပြီလို့ ပြောရမှာပါ။ နေ့စဉ် အိတ် ၅ဝဝဝ ခန့်ပုံမှန်ဝင်ရောက်နေပြီး လှောင်လက်နှင့် ရန်ကုန် မျှပြီးဆွဲနေတယ်လို့ သိရပါတယ်။ ဈေးဖြစ်ပေါ်မှုမှာ ဇန်နဝါရီလအတွင်း ပဲစင်းငုံအဟောင်း အမြင့် ၂၁၅ဝဝ ကျပ်၊ နိမ့် ၁၄၅ဝဝ ကျပ်၊ ပဲစင်းငုံအသစ် အမြင့်ဈေး ၂၆၈ဝဝ ကျပ်၊ နိမ့် ၁၆ဝဝဝ ကျပ်ဈေးဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အောင်မင်း

Sunday, 6 Feb 2011

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်ပြန်လျော့                 ယခင်သီတင်းပတ် ပင်လယ်ရေကြောင်းက ပဲစင်းငုံတန်ချိန် တစ်သောင်း နီးပါးအထိ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီလ ၂၇ မှ ဖေဖော်ဝါရီလ ၂ ရက်) အတွင်းမှာတော့ တန်ချိန် ၆၃ဝဝ ကျော်ကို အနည်းငယ် ပြန်လျော့ဆင်းလာ တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း အိန္ဒိယဝယ်လက်များ ပဲစင်းငုံ အဝယ် လိုက်လို့ အရောင်းအဝယ်သွက်ပေမဲ့ တရုတ်နှစ်သစ်ကူးပိတ်ရက်တွေကြောင့် ပုံမှန် ထက်လျော့ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုကတော့ ပဲစင်းငုံအဟောင်းက ပိုများတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၂၂ဝဝဝ ကျော်ရှိပြီး ဒီဇင်ဘာလတင်ပို့မှု တန် ၁၁ဝဝဝ ကျော်ထက် ၁ ဆပိုလာတာတွေ့ရပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလမှာလည်း ပဲစင်းငုံတန်ချိန် ၁၄ဝဝဝ ခန့်သာတင်ပို့မှုရှိလို့ ယခုနှစ် ဇန်နဝါရီလမှာ တင်ပို့မှု ပိုခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                 ဒေါ်လာ/တန်                          ပဲစင်းငုံနီ                          ပဲစင်းငုံဖြူနီ၊ အဖြူ                 အသစ်         အဟောင်း          အသစ်         အဟောင်း ၄-၂-၁၁     ၉၁ဝ-၉၂ဝ     ၈၄ဝ-၈၆ဝ      ၈၁ဝ-၈၂ဝ       ၇၄ဝ-၇၅ဝ ၂၇-၁-၁၁   ၈၆ဝ-၈၈ဝ     ၉၃ဝ-၉၅ဝ       ၇၈ဝ-၈ဝဝ      ၈ဝဝ-၈၁ဝ                                                                                                                              MIRT(MAPT) 

Sunday, 6 Feb 2011

ဟင်္သာတ မတ်ပဲအသစ် ဈေးကွက်ဝင်လာ               ဇန်နဝါရီလလယ်က ဟင်္သာတမှာစပေါ်ခဲ့တဲ့ မတ်ပဲအသစ်ဟာ တစ်ရက် ပြီးတစ်ရက် အဝင်များလာပါတယ်။ မတ်ပဲဟောင်းများလည်း လက်ကျန်ပြတ်သွားပြီး ယခုအပတ် မတ်ပဲသစ် ပိဿာ ၂ဝ တစ်တင်းကို ၂၃၄ဝဝ ကျပ်ဖြစ်ပြီး ယခင် အပတ်ဈေးမှာလည်း ၂၃၄ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဈေးကွက်သို့ နေ့စဉ် မတ်ပဲသစ်အိတ် ၂၅ဝ ခန့် ဝင်ရောက်ပြီး ရန်ကုန်ဈေးကွက်သို့ အိတ် ၂ဝဝ ခန့် တင်ပို့နေတယ်လို့ သိရပါတယ်။ အေးအေးခိုင်

Sunday, 6 Feb 2011

 စစ်ကိုင်းတိုင်းဒေသကြီး မတ်ပဲရာခိုင်နှုန်းပြည့် စိုက်ပျိုးပြီး                     စစ်ကိုင်းတိုင်းဒေသကြီးမှာ မတ်ပဲကို ဧက ၁ ဒသမ ၄၅၅ သိန်းလျာ ထားပြီး ဧက ၁ ဒသမ ၅၂ သိန်း စိုက်ပျိုးပြီးလို့ ၁ဝ၄ ဒသမ ၂၇ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ မိုးစိုက်ဧက ထွက်ခဲ့တဲ့ မတ်ပဲများထဲက အရည် အသွေးကောင်းရင် ရန်ကုန်ဝယ်လက်နှင့် အရည်အသွေးညံ့ရင် ဒေသတွင်း အသုံး အဖြစ် နေ့စဉ် ၁၅ဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ဇန်နဝါရီလ ဈေးကွက်ဈေးဖြစ်ပေါ်မှုမှာ နိမ့် တစ်တင်း ၁၉၅ဝဝ ကျပ်၊ မြင့် တစ်တင်း ၂၄ဝဝဝ ကျပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်မင်း

Sunday, 6 Feb 2011

 နယ်စပ်က မတ်ပဲ အပို့ရှိလာ                        မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ ၂၆၃ဝဝ တန်ဖိုးရှိ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်း ဒေသကြီးထွက် မတ်ပဲ ၂၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၁၃ တန်သာ တင်ပို့ခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာလ တစ်လလုံးနဲ့ ဇန်နဝါရီလ ပထမ ၃ ပတ်တာ ကာလမှာ မတ်ပဲတင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ ဇန်နဝါရီလ တတိယပတ်မှာ ပြန်လည် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-

Pages