Main menu

Background

Tuesday, 15 Feb 2011

ပဲလွန်းဖြူ ပုံမှန်တင်ပို့မှုရှိ ပဲလွန်းနီတင်ပို့မှု တက်လာ           ယခုသီတင်းပတ် (ဇန်နဝါရီလ ၃-၇ ရက်)အတွင်း ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တန်ချိန် ၁၇ဝ ခန့်တင်ပို့မှုရှိလို့ ယခင်သီတင်း ပတ် တွေလိုပဲ ပုံမှန်တင်ပို့နေပြီး ပဲလွန်းနီ ကတော့ ယခုတစ်ပတ်မှာ တန် ၇ဝ ကျော် တင်ပို့လာတာတွေ့ရပါတယ်။ ဈေးကွက်အသီးသီးကို ပဲလွန်းဖြူ၊ ပဲလွန်းနီတွေ လှိုင်လှိုင်ဝင်ရောက်နေပြီ ဖြစ် သလိုအရောင်းအဝယ်လည်း သွက် တယ်လို့ သိရပါတယ်။ အဝယ်လိုက် လာတာကြောင့် ရန်ကုန် FOB ဈေးမှာ လည်း ယခင်တစ်ပတ်ထက်ဈေး ပိုကာ ဖေဖော်ဝါရီလ ၁၁ ရက်မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၈၉ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိမွန်ဘိုင်း ဈေးကွက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၆ဝ ဝန်းကျင်မှာ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT

Tuesday, 15 Feb 2011

မုံရွာပဲစင်းငုံ အဝယ်သွက်သလို သယ်ယူမှု မြင့်တက်           ဖေဖော်ဝါရီ ၁ဝ ရက်ပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ နယ်စုံက ပစ္စည်းဝင်ရောက်မှု များပြားလာခဲ့ပြီး၊ ဝယ်လက်မျိုးစုံအဝယ်သွက်ခဲ့ကာ သယ်ယူစီးဆင်းမှုလည်း မြင့်တက်ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်ဈေးကွက်မှာ တော့ ပဲစင်းငုံနီအဟောင်းတစ်တင်း အနိမ့်ဆုံး ၁၉ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂ဝဝဝဝ ကျပ်၊ ပဲစင်းငုံနီအသစ်တစ်တင်း အနိမ့်ဆုံး ၂၂၂ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၈ဝဝ ကျပ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ အဟောင်းတစ်တင်း ၁၉၅ဝဝ ကျပ်နဲ့ အသစ်တစ်တင်း ၂၂၃ဝဝ ကျပ် အရောင်းအဝယ် သွက်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ရန်ကုန်အဝယ်အော်ဒါ အနည်းငယ်သွက်ခဲ့ကာ ဒေသခံ ကုန်သည်တွေ ဝယ်ယူမှုသွက်ခဲ့လို့ တစ်ရက် တင်း ၇ဝဝဝ ဝန်းကျင် နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။             ဖေဖော်ဝါရီ ၁ ရက်ကနေ ၈ ရက်နေ့အထိ မုံရွာကုန်စည်ဒိုင်နယ်မြေ ကနေ ပဲစင်းငုံနီ စီးဆင်းမှုပမာဏ မြင့်တက်လာခဲ့ကာ မန္တလေးကို တင်း ၃ဝဝဝ ခန့်၊ ရန်ကုန်ကို တင်း ၁၂ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၂ဝဝဝ ခန့် စုစုပေါင်း တင်း ၁၇ဝဝဝ ထိ စီးဆင်းခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ထွန်းလှိုင်

Tuesday, 15 Feb 2011

အရောင်းအဝယ်သွက်တဲ့ မန်းပဲစင်းငုံနီဈေးကွက်                   မန်းပဲစင်းငုံကို ရန်ကုန်ဝယ်လက်သမားတို့ ဝယ်အားကောင်းနေတာ ကြောင့် မန်းဈေးကွက်အတွင်းမှာ ရောင်းဝယ်အားအကောင်းဆုံး သီးနံှတစ်ခု ဖြစ်ပါတယ်။ ယခင်အပတ်ဈေးနဲ့ ကွာဟမူသိပ်မရှိဘဲ ဒီတစ်ပတ်မှာလည်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေတာတွေ့ရပါတယ်။ ယခုတစ်ပတ် ပဲစင်းငုံနီ တစ်ပိဿာ ၁၁ဝ၈ ကျပ်၊ (တစ်တန် ၆၇၈၅ဝဝ ကျပ်) ငုံဖြူတစ်ပိဿာ ၉ဝ၈ ကျပ်(တစ်တန် ၅၅၆ဝဝဝ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ပဲစင်းငုံဈေးကွက်ရာသီဖြစ်တာကြောင့် ဈေးကွက်အတွင်း စီးဆင်းမှုရှိနေ သလောက် ရန်ကုန်ဝယ်လက်တို့ ဝယ်လားကောင်းနေတဲ့အတွက် ယခုအတိုင်းဆိုရင် ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ကောင်းနေအုံးမယ်လို့ ကုန်သည်တို့က ခန့်မှန်း ကြပါတယ်။ ကျော်ကျော်မိုး

Tuesday, 15 Feb 2011

အဝင်သွက်အရောင်းသွက် ပြည်ပဲစင်းငုံဈေးကွက်             ပြည်ဈေးကွက်သို့ ယခုတစ်ပတ်တွင်လည်း ပဲစင်းငုံများ အဝင်များလာ ပါတယ်။ မကွေးနဲ့ အောင်လံမြို့နယ်များအပြင် အခြားမြို့နယ်များမှာလည်း အဝင် များကြောင်းသိရပါတယ်။ တိုင်းအတွင်းရှိ ပေါင်းတလည်၊ ပေါက်ခေါင်းနဲ့ ဆီဆုံကုန်းမှလည်း အဝင်ရှိတယ်လို့သိရပါတယ်။ ပြည်ဈေးကွက်သို့ နေ့စဉ် အိတ် ၇ဝဝ- ၈ဝဝ ခန့် အဝင်ရှိပြီး၊ လှောင်လက်သမားများနဲ့ အိတ်စ်ပို့တာများမှ အဝယ်များ နေတာကြောင့် အရောင်းသွက်နေကြောင်း သိရပါတယ်။ ဈေးနှုန်းအနေ ဖြင့် ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၂၅ဝဝ ကျပ်ဖြင့် အရောင်းသွက် ခဲ့သလို ယခုတစ်ပတ်မှာလည်း တစ်တင်းကို ၂၂၇ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် အနည်း ငယ် ဈေးမြင့်ကာ ဆက်လက် အရောင်းသွက်နေကြောင်းသိရပါတယ်။                              ဆုမွန်မွန်ဆွေ

Tuesday, 15 Feb 2011

ပဲစင်းငုံတင်ပို့မှု တန် ၆ဝဝဝ နီးပါးသာရှိ             ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၆၃ဝဝ ကျော်ကို လျော့ကျ တင်ပို့ ရာမှ ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) မှာ တန် ၆ဝဝဝ နီးပါး သာ တင်ပို့နိုင်လို့ ဆက်လက်လျော့ကျနေတာတွေ့ရပါတယ်။ အိန္ဒိယ ပေါက်ဈေး ထက် ရန်ကုန်ဈေး မြင့်တက်ကွာခြားနေလို့ အဝယ်နည်းသွားပေမဲ့ အိန္ဒိယ ဝယ်လက် အချို့က တက်ဈေးမျှော်ပြီး ဝယ်ယူမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်ဖြစ်မှုတော့ နည်းတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခု သီတင်းပတ် ရန်ကုန် FOB ဈေးနှုန်းအပြောင်းအလဲများကို ဖော်ပြလိုက်ပါတယ်-                                                                                                              ဒေါ်လာ/တန်                     ပဲစင်းငုံနီ                                  ပဲစင်းငုံဖြူနီ၊ အဖြူ                    အသစ်       အဟောင်း             အသစ်         အဟောင်း ၁ဝ-၂-၁၁     ၉၁၅-၉၃ဝ   ၈၄ဝ-၈၆ဝ                 -              ၇၃ဝ-၇၅ဝ ၄-၂-၁၁       ၉၁ဝ-၉၂ဝ   ၈၄ဝ-၈၆ဝ           ၈၁ဝ-၈၂ဝ        ၇၄ဝ-၇၅ဝ MIRT(MAPT)

Tuesday, 15 Feb 2011

  အုတ်ဖိုမတ်ပဲဈေး ခပ်အေးအေး               အုတ်ဖိုမြို့နယ် မတ်ပဲဈေးကွက်မှာ ၂၂ ပိဿာတစ်တင်းကို ဇန်နဝါရီ ပထမပတ်က ၂၂၅ဝဝ ကျပ်ရှိနေခဲ့ပြီး ယခုဇန်နဝါရီ ဒုတိယပတ်မှာ တစ်တင်း ၂၃ဝဝဝ ကျပ်ထိ ခပ်အေးအေးသာ ဈေးမြင့်ခဲ့ပါတယ်။ ပထမပတ်နဲ့ ဒုတိယပတ် ကြားကာလမှာ အခိုက်အတန့် ၂၄ဝဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်များ အနည်းငယ်ဝယ်ယူခဲ့ခြင်းကြောင့် ဈေးမြင့်ခဲ့ခြင်းဖြစ်ပြီး ရောင်းဝယ်မှု မှာတော့ အေးမြဲအေးနေပါတယ်။ စီးဝင်မှုလည်း မရှိသလောက်ဖြစ်ပါတယ်။ ကုန် သည်ပွဲစား၊ အပ်ပဲများသာ ပုံမှန်အတိုင်း ရောင်းဝယ်ကြပါတယ်။ ယခုတစ်ပတ် ရန်ကုန်တင်ပို့မှုမှာလည်း တစ်တင်းခွဲအိတ်ဖြင့် အိတ် ၁၈ဝဝ ခန့်သာ တင်ပို့နိုင် တယ်လို့ သိရပါတယ်။                               မြင့်ဦး

Tuesday, 15 Feb 2011

  ပြည်မတ်ပဲဈေး ဆက်အေးနေ              ပြည်မတ်ပဲဈေးကွက်သို့ တိုင်းတွင်းမြို့နယ်များမှသာ ပဲသစ်များအဝင်ရှိပြီး အခြားတိုင်းမှ အဝင်မရှိဘူးလို့ သိရပါတယ်။ ပဲသစ်၊ ပဲဟောင်းတစ်တင်းကို ၂၂၅ဝဝ ကျပ်ဈေးရှိပြီး၊ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် လျော့ခဲ့သော်လည်း ဈေးသိပ် မပြောင်းဘဲ ဈေးအေးနေတာကိုတွေ့ရပါတယ်။ မြို့တွင်းမှာ တစ်နေ့ကို ပဲသစ်၊ ပဲဟောင်း အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ရှိပြီး ရန်ကုန်သို့ တစ်နေ့ကို အိတ် ၁၅၅ဝ ခန့် တင်ပို့တယ်လို့သိရပါတယ်။ မိမိအေး

Tuesday, 15 Feb 2011

  နယ်စပ်မှ မတ်ပဲတင်ပို့မှု ယခုအပတ်မရှိ              ဖေဖော်ဝါရီလ ၂ ရက်မှ ၈ရက်ထိကာလအတွင်း မူဆယ်(၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံ သို့ မတ်ပဲတင်ပို့နိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့ ဇန်နဝါရီလအတွင်းမှာ ၂၈ တန်နဲ့ ဧပြီလမှ ဒီဇင်ဘာလထိမှာ ၈၄၈၈ တန်တင်ပို့ ထားပြီးဖြစ်ပါတယ်။မူဆယ်နယ်စပ်မှ တင်ပို့တဲ့မတ်ပဲများဟာ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီး များကထွက်ရှိတာဖြစ်တယ်လို့သိရပါတယ်။အရောင်း အဝယ် မရှိသလို နှစ်ဖက်ပေါက်ဈေးများလည်း ပြောင်းလဲမှုမရှိပါဘူး။မိမိဘက် မတ်ပဲ တစ်တန်ပေါက်ဈေးက ၈၃၁၃၃ဝ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံပေါက်ဈေးက ၉၈၇ ဒေါ်လာရှိတယ်လို့သိရပါတယ်။ MIRT(DOBT)

Tuesday, 15 Feb 2011

တစ်လအတွင်း အိန္ဒိယမတ်ပဲ လက်ရှိဈေးဝန်းကျင်မှာ တက်လိုက်ကျလိုက်ဖြစ်နေ                အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးကောင်း မတ်ပဲတွေ မရရှိနိုင်လို့ တစ်လအတွင်း တစ်တန် ကန်ဒေါ်လာ ၉ဝဝ ဝန်းကျင်မှာ အတက် အဆင်းဖြစ်နေတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းပေမဲ့ ဝယ်လို အားတက်ချိန် ဈေးပြန်မာလာပြီး အဝယ်နည်းချိန်မှာ ဈေးလျော့သွားပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်းပဲမရရှိနိုင်တဲ့အတွက် လက်ရှိဈေးဝန်းကျင်အောက် တော့ များများကျဆင်းမသွားတာဖြစ်ပါတယ်။ မွန်ဘိုင်းဈေးကွက် လက်ငင်းပေါက် ဈေးနဲ့ C & F ဈေးများ ကာလတူနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                          ဒေါ်လာ/တန်                  မွန်ဘိုင်းဈေးကွက်            မွန်ဘိုင်း(C & F) ၁ဝ-၂-၁၁             ၈၈၃                         ၉ဝ၅-၉၁ဝ ၁ဝ-၁-၁၁           ၈၈ဝ-၈၉၇                     ၈၉၅                                                                                                            MIRT(MAPT)

Tuesday, 15 Feb 2011

မတ်ပဲတင်ပို့မှု ယခင်တစ်ပတ်ထက် ထက်ဝက်လျော့ကျ              ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) အတွင်းမတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၇၅ဝဝ သာရှိလို့ ယခင်တစ်ပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၁၅ဝဝဝ ရဲ့ ထက်ဝက်လျော့ကျလာတာတွေ့ရပါတယ်။ ပြည်တွင်းက လှောင်လက်များရဲ့ အနာဂတ်ဈေးမျှော်ပြီး ဝယ်ယူနေမှုကြောင့် လက်ရှိပြည်တွင်းပေါက်ဈေးက အိန္ဒိယ ဈေးကွက်ပေါက်ဈေးထက် မြင့်နေတဲ့အတွက် ပြည်ပတင်ပို့သူများ ဈေးမကိုက်လို့ တင်ပို့မှု လျော့ကျသလို ပြည်ပဝယ်လက်တွေလည်း ဝယ်လိုအားနည်း သွားတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးလည်း လျော့ကျလာတာကို ယခင် သီတင်းပတ် ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                               ဒေါ်လာ/တန်                           မတ်ပဲ(FAQ)                 မတ်ပဲ(SQ) ၁ဝ-၂-၁၁                 ၈၉ဝ-၉ဝဝ                ၉၉ဝ-၁ဝဝဝ ၄-၂-၁၁                   ၉၁ဝ-၉၂ဝ                ၁ဝ၃ဝ-၁ဝ၄ဝ                                                                                                     MIRT(MAPT)

Pages