Main menu

Background

Sunday, 30 Jan 2011

ယခုတစ်ပတ် ထောပတ်နဲ့ ပဲယင်းအသစ်များ တင်ပို့မှုရှိလာ               ယခင်သီတင်းပတ်များ ပဲဟောင်းလက်ကျန်ပြတ်သွားလို့ ပြည်ပတင်ပို့မှု ရပ်သွားတဲ့ ထောပတ်ပဲနဲ့ ပဲယင်းများ ယခုတစ်ပတ်မှာ တန်ချိန် ၄ဝ ကျော်စီနဲ့ ပြန်လည်တင်ပို့လာနိုင်ပါပြီ။ အဓိကဈေးကွက်များဖြစ်တဲ့ ဂျပန်၊ ကိုရီးယားနဲ့ အိန္ဒိယတို့ကို တင်ပို့ခြင်းဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ထောပတ်ပဲ တစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၅ဝ ဖြစ်ပြီး ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၇၁ဝ-၇၃ဝ ဖြစ်ကြောင်း သိရပါတယ်။                                     MIRT - MAPT

Sunday, 30 Jan 2011

မြေထောက်ပဲတင်ပို့မှု အနည်းငယ်တိုးလာ               ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းမှ မြေထောက်ပဲ တန်ချိန် ၁၉ဝ ခန့်သာ တင်ပို့မှုရှိခဲ့ရာက ယခုပတ် (ဇန်နဝါရီ ၂ဝ ရက်မှ ၂၆ ရက်) အတွင်းမှာတော့ တန်ချိန် ၂၆ဝ ခန့်ထိ တိုးတက်တင်ပို့လာတာတွေ့ရပါတယ်။ ဈေးကွက်တွေကို မြေထောက်ပဲအသစ် အနည်းငယ်စီဝင်လာနေပြီဖြစ်ပြီး ပြည်ပဝယ်လက်ပုံမှန်အဝယ်ရှိလို့ ယခုတစ်ပတ်တင်ပို့မှု ပိုလာတာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်က တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ ရှိခဲ့ရာက ဇန်နဝါရီလ ၂၇ ရက်မှာ ကန်ဒေါ်လာ ၆၄ဝ-၆၆ဝ ကို လျော့ကျလာတာ တွေ့ရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာတော့ ယခင်တစ်ပတ်ဈေးအတိုင်း မြေထောက်ပဲ (polished) တစ်တန်ကို ကန်ဒေါ်လာ ၈၁၃-၈၃၅၊ (unpolished)တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၂ ရှိကြောင်း သိရပါတယ်။                               MIRT - MAPT

Sunday, 30 Jan 2011

 အအေးပိုမှုကြောင့် ၂ဝ၁ဝ-၂ဝ၁၁ အိန္ဒိယကုလားပဲအထွက် ၂ဝ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်              အိန္ဒိယနိုင်ငံ အဓိကစိုက်ပျိုးတဲ့ ဒေသ များမှာ အအေးပိုမှုကြောင့် အချို့ဒေသ က ပဲပင်များ ပျက်စီးမှု ဖြစ်ပေါ်တဲ့အတွက် ယခုနှစ် ကုလားပဲထွက်ရှိမှုဟာ ၅ ပုံ ၁ ပုံခန့် ကျဆင်းနိုင်တယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကုန်သည်များ ကဆိုပါတယ်။ ဇန်နဝါရီ ၈ ရက်မှာပြီးဆုံးတဲ့ သီတင်းပတ်အတွင်း တစ်နှစ်ထက်တစ်နှစ် စားနပ် ရိက္ခာ ဈေးနှုန်းဖောင်းပွဲမှု ၁၅ ဒသမ ၅၂ ရာခိုင် နှုန်း ရှိနေခြင်းကို ထိန်းချုပ်ဖို့ အစိုးရကကြိုးစားနေတဲ့တိုင် ကမ္ဘာ့ပဲထုတ်လုပ်မှု အများဆုံးလည်းဖြစ်၊ အများဆုံး စားသုံးသူလည်းဖြစ်တဲ့ အိန္ဒိယမှာ ပဲ အထွက်လျော့ကျပြီး ပြည်တွင်းဝယ်လိုအား ကောင်းနေခြင်းတို့ကြောင့် ကုလားပဲဈေးနှုန်း ထပ်မံ မြင့်တက်ဖွယ်ရှိတယ်လို့ သိရ ပါတယ်။              အထွက်လျော့ကျခြင်းက နှစ်စဉ်လိုအပ်ချက် တန်ချိန် ၁၉ သန်းအတွက် အာရှနိုင်ငံတွေက ပဲပိုမိုတင်သွင်းရဖို့ ဖြစ်စေနိုင်ပါတယ်။ အိန္ဒိယ နိုင်ငံဟာ ၂ဝဝ၉- ၁ဝ လိုအပ်ချက်အတွက် သြစတြေးလျက ကုလားပဲအပါအဝင် ပဲမျိုးစုံ တန်ချိန် သုံးသန်းခန့် တင်သွင်းခဲ့ရတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ တစ်လကတည်းက မဒ္ဒရာပရာဒေ့ရှ်နဲ့ ရာဂျက်စသန်တို့မှာ အအေးလွန်ကဲပြီး သီးနံှတွေ ပျက်စီးခဲ့ရပါတယ်။ ဒါကြောင့် ကုလားပဲအထွက်ဟာ ၂ဝ ရာခိုင်နှုန်းလျော့ကျနိုင်တယ်လို့ မဟာရပ် ရှတရာ အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။           မဒ္ဒရာပရာဒေ့ရှ် အလယ်ပိုင်းပြည်နယ်က စုစုပေါင်းကုလားပဲထုတ်လုပ်မှုရဲ့ ၄ဝ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိပြီး၊ ရာဂျက်စသန် မဟာရပ် ရှတရာနဲ့ အင်ဒရာပရာဒေ့ရှ်တို့ကလည်း အဓိက ထုတ်လုပ်တဲ့ ပြည်နယ်များဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ယခင်နှစ်က ကုလားပဲတန်ချိန် ၇ ဒသမ ၄ သန်းထွက်ရှိခဲ့ပေမဲ့ ၂ဝ၁ဝ-၁၁ မှာ တန်ချိန် ၇ ဒသမ ၆ သန်းထုတ်လုပ်ဖို့ ရည်မှန်းထားခဲ့ပါတယ်။ ကုလားပဲဟာ အိန္ဒိယမှာစိုက်ပျိုးတဲ့ အဓိက ပဲတစ်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် အောက်တိုဘာမှာ စိုက်ပျိုးပြီး ဖေဖော်ဝါရီလမှာ ရိတ်သိမ်းလေ့ရှိပါတယ်။ မဒ္ဒရာပရာဒေ့ရှ်က ပဲဝင်ရောက်မှုဟာ ၁၅-၂ဝ ရက်ခန့် နောက်ကျနိုင်တဲ့ အတွက် ပြည်တွင်းကုလားပဲဈေး မြင့်တက်ဖွယ်ရှိတယ်လို့ အခြားကုန်သည် တစ်ဦးကလည်း ဆိုပါတယ်။ NCDEX ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ ကုလားပဲ စာချုပ်အခြေခံဈေးဟာ ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တစ်တန်ကို ရူပီး ၂၇၂၆ဝ (ကန်ဒေါ် လာ ၅၉၉)ဈေးဖြစ်ခဲ့ပြီးနောက် ၃-၄ ပတ်လောက် မှာ တစ်တန် ရူပီး၂၈ဝဝဝ(ကန်ဒေါ်လာ၆၇၅)အထိ မြင့်တက်နိုင်တယ်လို့လည်းခန့်မှန်းကြပါတယ်။            သြစတြေးလျမှာ ရေလွှမ်းမိုးခြင်းကြောင့်လည်း အိန္ဒိယကို ကုလားပဲ တင်သွင်းဖို့ နှောင့်နှေးခဲ့တဲ့အတွက် ဈေးမြင့်တက်ဖွယ်ရှိပါတယ်လို့လည်း အခြား ကုန်သည် တစ်ဦးက ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ နှစ်စဉ်ပဲမျိုးစုံတန်ချိန် ၁၅ သန်းခန့် ထုတ်လုပ်ပြီး၊ ပြည်တွင်းလိုအပ်ချက်ကို ကနေဒါ၊ မြန်မာ၊ အမေရိကန်၊ သြစတြေး လျနဲ့ တူရကီတို့က တင်သွင်းနေရပါတယ်။= ယမင်းးခင်Source: commoditycontrol.com 

Sunday, 30 Jan 2011

မုံရွာမှာ ကုလားပဲ ရောင်းလက်ရှား                 မုံရွာကုန်စည်ဒိုင် ဇန်နဝါရီစတုတ္ထပတ် ကုလားပဲဈေးကွက်အနေနဲ့ ပဲလက်ကျန်နည်းနေပေမဲ့ အရောင်း အဝယ်အသင့်အတင့်ဖြစ်နေဆဲလို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဒေသတွင်းခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက်နဲ့ ပဲကြော် လုပ်ငန်းသမားတွေအနေနဲ့ ကုန်ကြမ်းရှိသူတွေထံ လိုက်လံဝယ်ယူမှုသာရှိခဲ့ပြီး၊ ကုန်စည်ဒိုင်မှာ ရောင်းလက် ရှားလို့ ဈေးမဖွင့်နိုင်တဲ့ဈေးတွေရှိခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီလအတွင်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဲတစ်တင်းရဲ့ပေါက်ဈေးတွေကို လေ့လာတဲ့အခါ ကုလားပဲ (ရိုးရိုး) အနိမ့်လုံး ၁၈ဝဝဝ ကျပ်ကနေ အမြင့်ဆုံး ၂၂၂ဝဝ ကျပ်၊ ကုလားပဲထိုင်ဝမ်အနိမ့်ဆုံး ၂ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၄၂ဝဝ ကျပ်၊ ကုလားပဲ ဠ၂ အနိမ့်ဆုံး ၂၂ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၆ဝဝဝ ကျပ်၊ ၉၂၉ တစ်တင်း ၂၄ဝဝဝ ကျပ် အသီးသီးဈေးမြောက်ခဲ့ပါတယ်။ ကုလားပဲရိုးရိုးနဲ့ ထိုင်ဝမ်ကပစ္စည်းပြတ်သလောက်ရှိလို့ နေ့စဉ်ပေါက်ဈေးမဖွင့် နိုင်တာတွေ့ရပါတယ်။ ခွဲခြမ်းလက်လီ သမားတွေကတော့ ကုန်ကြမ်းပေါက်ဈေး သက်သာတဲ့ စားတော်ပဲတွေ ဝယ်ယူကြိတ်ခွဲလျက်ရိြှပီး၊ တစ်ပိဿာ ၁၁၈၅ ကျပ်ခန့်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီရက်ပတ်ထဲမှာ မန္တလေးကို ကုလားပဲတင်း ၅ဝဝ ခန့်သာ စီးဆင်းသွားနိုင်တယ်လို့သိရပါတယ်။ ထွန်းလှိုင် 

Sunday, 30 Jan 2011

ရောင်းသူဈေးကွက်ဖြစ်နေတဲ့ မုံရွာ ပဲတီစိမ်း              မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်း မန္တလေးနဲ့ရန်ကုန်ဝယ်လက်တွေ အဝယ်သွက် ခဲ့လို့ အရောင်းအဝယ်ပြိုင်ဆိုင်နေတယ်လို့ ပွဲရုံရပ်ကွက်ကသိရပါတယ်။ ပစ္စည်းအဝင် ပုံမှန်သာရှိခဲ့လို့ ရောင်းသူ ဈေးကွက်ဖြစ်ပေါ်နေကာ ဒီရက်ပတ်ထဲမှာ စိမ်းကြီးတစ်တင်း ၂၉ဝဝဝ ကျပ်နဲ့ စိမ်းသေးတစ်တင်း ၂၄ဝဝဝ ကျပ်ထိ ဈေးကောင်းရလျက်ရှိတာတွေ့ရပါတယ်။ ဝယ်လက်အားဖြင့် စိမ်းကြီးကို မန္တလေးလက်နဲ့ စိမ်းသေးကို ရန်ကုန်လက်က ပုံမှန်ထက် အဝယ်သွက်ခဲ့လို့ ဒီရက်ပတ်ထဲ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက်လျှင် အိတ် ၅ဝဝ အထက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒီရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲတီစိမ်းစီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၆ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝ ခန့် တင်ပို့စီးထွက်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။                                                                ထွန်းလှိုင် 

Sunday, 30 Jan 2011

အဝင်လှိုင်၊ အထွက်လှိုင်တဲ့ စစ်ကိုင်းက ပဲတီစိမ်း                    ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ အရာတော်၊ မြောင်မြို့နယ် များမှ ပဲတီစိမ်းများ မုံရွာမြို့ကို အဝင်လှိုင်နေပါတယ်။ အဝင်လှိုင်သလို အိတ်စပို့ဝယ်လက်အဆွဲသွက်လို့ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံပြီးရင် ဒုတိယအရောင်းအဝယ်အဖြစ်ဆုံးက ပဲတီစိမ်းဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ပဲတီစိမ်းအကြီးထက် အသေးကို အိတ်စပို့ ဝယ်လက်အဆွဲများလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှ ပဲတီစိမ်းအသေးတင်း ၈ဝဝ ကျော်နဲ့ ပဲတီစိမ်းအကြီးတင်း ၅ဝဝ ကျော်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခုလအတွင်း တစ်ပိဿာအနိမ့်အမြင့်ဈေးမှာ ပဲတီစိမ်းအကြီး ၁၂၁၁ ကျပ်- ၁၅၅၃ ကျပ်၊ ပဲတီစိမ်းအသေး ၁ဝဝဝ ကျပ်-၁၂၈၉ ကျပ်ဈေးအသီးသီးနဲ့ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။                                            သန်းးသန်းးတင် 

Sunday, 30 Jan 2011

မူဆယ်နှင့် စစ်တွေက အပို့ရှိ             ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်အိမ်နီးချင်းနိုင်ငံများသို့ ကန်ဒေါ်လာ ၁ ဒသမ ၄၄ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန် ၁၅၃ဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှတင်ပို့တဲ့ ပဲတီစိမ်းဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေး တိုင်းဒေသကြီး ထွက်ကုန်များဖြစ်ပြီး စစ်တွေမှတင်ပို့တဲ့ ပဲတီစိမ်းကတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်နဲ့ မင်းပြား ဒေသထွက်ကုန်များ ဖြစ်ပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်းလုံးခြမ်းတင်ပို့နိုင်ခဲ့ခြင်းမရှိသော်လည်း ယခင်အပတ်ကထက် ပဲတီစိမ်းလုံး တန် ၁ဝဝခန့် တင်ပို့မှုပိုမိုခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ပဲတီစိမ်း အရည်အသွေးစုံအားလုံးကို ဝယ်လိုအား ရှိနေပြီး အရည်အသွေးအလိုက် တစ်တန်ကို ယွမ် ၈၅ဝဝ မှ ၁ဝ၅ဝဝ ထိ ပေးပြီး ဝယ်ယူနေတယ်လို့ သိရပါတယ်။ ယခုအပတ်မှာ ယွမ်ငွေ ခိုင်မာလျက် ရှိသော်လည်း ပို့ကုန်တင်ပို့မှုအထိုက်အလျောက် ပိုမိုလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ဖော်ပြ ပေးလိုက်ပါတယ်။                                                       မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု               ယခင်           ပြောင်းလဲမှု    ရာခိုင်နှုန်း     ယခု     ယခင်     ပြောင်းလဲမှု   ရာခိုင်နှုန်းပဲတီစိမ်း    ၁၂၁၁ဝ၇၉      ၁၁၂၄၉၂၃          ၈၆၁၅၆            ၇         ၁၃၉၂   ၁၃၆ဝ           ၃၂           ၂MIRT(DOBT)

Sunday, 30 Jan 2011

ပင်လယ်ရေကြောင်းက တစ်ပတ်အတွင်း တန် ၃၅ဝဝ တင်             ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၄ဝဝဝ ခန့်ရှိပြီး ယခုသီတင်းပတ်မှာ တန်ချိန် ၃၅ဝဝ တင်ပို့မှုရှိခဲ့ပါတယ်။ မုံရွာ၊ ရွှေဘိုနဲ့ မန္တလေးတိုင်းဒေသကြီးက ပဲတီစိမ်းအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်နေပြီဖြစ်ပြီး၊ ပဲတီစိမ်းကြီးကို တရုတ်ဘက်က ဝယ်ယူကာ စိမ်းသေးကိုတော့ ရန်ကုန်ဝယ်လက်ကအဆွဲရှိနေတယ်လို့ သိရပါတယ်။ ယခင်တစ်နှစ်လုံး ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲတီစိမ်းဟာ ယခုနှစ်ရာသီအစမှာလည်း ပြည်ပဝယ်ယူသူတွေ ပုံမှန်ဝယ်ယူနေတာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း အခြားပဲဈေး အပြောင်းအလဲရှိပေမဲ့ ပဲတီစိမ်းဈေးကတော့ ယခင် သီတင်းပတ်ဈေးနဲ့ ငြိမ်နေတာတွေ့ရပါတယ်။ ဇန်နဝါရီလ ၂၇ ရက် ရန်ကုန် FOB  ဈေးအနေနဲ့ ပဲတီစိမ်း (အညာ၊ ပခုက္ကူ)  တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ ရှိပြီး ပဲတီရွှေဝါအသေးတစ်တန်ကို ကန်ဒေါ်လာ ၁၂၂ဝ-၁၂၄ဝ ဖြစ်ကြောင်း သိရပါတယ်။                    MIRT-MAPT

Sunday, 30 Jan 2011

ဈေးစွာတဲ့ ဟင်္သာတပဲလွန်းဖြူ               ဟင်္သာတဈေးကွက်ရဲ့ ပဲလွန်းဖြူ ဈေးဟာ ဇန်နဝါရီ တတိယပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို၂၁၅ဝဝ ကျပ် ဖြင့်ရောင်းဝယ်ကြပြီး၊ ယခုနောက်ဆုံးပတ်မှာ တစ်တင်းကို ၂၄ဝဝဝ ကျပ် ဖြစ်လို့ ယခင်အပတ်ထက် တစ်တင်းကို ၂၅ဝဝ ကျပ်မြင့်လာပါတယ်။ ယခုတစ်ပတ် ဈေးပိုလာရခြင်းမှာ ရန်ကုန်ဝယ် လက်များရဲ့ ဝယ်လိုအားကောင်းလာ လို့ ဈေးအေးမသွားဘဲ ဈေးမြင့်လာတာ ဖြစ်တယ်လို့ ကုန်သည်များက ဆိုပါ တယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေး ကွက်သို့တစ်ပတ်အတွင်း ပျမ်းမျှတစ် တင်းခွဲဝင်အိတ် ၁၃ဝဝ ခန့် တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။                                                      အေးအေးခိုင်

Sunday, 30 Jan 2011

ပဲလွန်းဖြူ           ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ် လာ ၁ဝ၉ဝဝဝ တန်ဖိုးရှိ ပဲလွန်းဖြူ ၁၃၆ ဒသမ ၅တန် တင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၅ ရက်မှ ၁၁ရက်ထိ ကာလ အတွင်းက တန် ၁၂ဝ တင်ပို့နိုင် ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှ ဒီဇင်ဘာ လထိ နယ်စပ်မှ ပဲလွန်းဖြူ တန်ချိန် ၃၃ဝဝ ကျော်တင်ပို့ထားပြီး ဖြစ်ပါ တယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်။ မိမိဘက် ဈေး အနည်းငယ် ကျသော်လည်း တစ်ဘက်နိုင်ငံဈေးမှာ အနည်းငယ် မြင့် တက်လျက်ရှိပါတယ်။                    (ဒေါ်လာ/တန်)မိမိဘက်                ယခု           ယခင်          ပြောင်းလဲမှု            %(ကျပ်/တန်)      ၇၂၁ဝ၈၇       ၇၂၁၂၅၂            ၁၆၅              ဝ .ဝ၂တစ်ဘက်             ယခု             ယခင်          ပြောင်းလဲမှု            %နိုင်ငံ                    ၈၈၄            ၈၅၃               ၃၁                  ၃ .၅                                                                                                           MIRT(DOBT)

Pages