Background
ဈေးအမြင့်မှာရှိနေတဲ့ ပြည်ကုလားပဲ ပြည်ကုလားပဲဈေးမှာ အောက်တိုဘာဒုတိယပတ်က ၂၃၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိရာမှ ယခုတတိယပတ်မှာ ၂၃၅ဝဝ ကျပ်ဖြင့် တစ်တင်းလျှင် ၃ဝဝ ကျပ်ဈေးဆက်လက်မြင့်တက်ခဲ့ပါတယ်။ ဈေးကွက်အတွင်း လက်လီသမားများ အဝယ်လိုက်လာပြီး၊ ပဲခွဲစက်များမှလည်း အဝယ်လိုက်လာတဲ့အတွက် ဈေးမြင့်ခဲ့ ကြောင်း သိရပါတယ်။ ယခုနှစ်ကုလားပဲဈေးကောင်းတဲ့အတွက် လယ်စိုက်သူတောင်သူများလည်းကုလားပဲပိုမိုဖြစ်ထွန်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါ တယ်။ အခြားတိုင်းသို့ တင်ပို့ရောင်းချခြင်း မရှိဘဲ ဒေသတွင်း အိတ် ၂ဝဝ-၃ဝဝ အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာ ဗွီတူးဈေးကွက်မြူးနေ အောက်တိုဘာတတိယပတ်မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ဗွီတူးဈေးဆက်လက်မြင့်လာခဲ့ရာ တစ်တင်း ၂၂၂ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ ကြောင်း သိရပါတယ်။ ကုလားပဲ (တိုင်ပေ) အနေနဲ့ တစ်တင်း ၂၁၈ဝဝ ကျပ်ထိ ဈေးရလာခဲ့ပြီး ကုလားပဲရိုးရိုးကတော့ ရောင်းလက်မရှိတဲ့အတွက် ဈေးကွက်မဖွင့်နိုင် ခဲ့ဘူးလို့ ကုန်သည်ရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ရဲ့ ယခုပတ်အတွင်း အဓိက ဝယ်လက်ကတော့ ကြာဇံစက်နဲ့ ခွဲစက်သမားများဖြစ်ကြပြီး နယ်အဝယ်အားနည်းကာ ဒေသတွင်းကုန်သည်တစ်ချို့ လှောင်လက်ပဲ ပြောင်းလဲ ဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တစ်ရက်အိတ် ၃ဝဝ မှ ၅ဝဝ ဝန်းကျင်ခန့် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ပြီး နယ်တင်ပို့မှုအနေနဲ့ မန္တလေးကို အိတ် ၈ဝဝ ခန့်နဲ့ ရန်ကုန်ကို အိတ် ၁ဝဝဝ ခန့်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ပြည်ပဲတီစိမ်းလည်း အရောင်းသွက် ဈေးကောင်းရ အောက်တိုဘာ တတိယပတ်မှာ ပဲတီစိမ်းကို တရုတ်ဝယ်လက်မှ ဆွဲအားကောင်းနေတဲ့အတွက် အရောင်းသွက်နေပြီး ဈေးမြင့်လာတာကိုတွေ့ရပါတယ်။ မုံရွာပဲတီစိမ်းကြီးသစ် ဈေးကောင်းရ တစ်ရက်ကို အိတ် ၄ဝ၊ ၅ဝ အထိဝင်ရောက်လျက်ရှိပါတယ်။ ဒေသတွင်းထွက်ရှိတဲ့ မိုးပဲတီစိမ်း များကတော့ ဝင်ရောက်မှုမရှိတော့ဘဲ လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းကို ၂၄ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ကထက် ၁ဝဝဝ ကျပ်ခန့်ဈေးမြင့်လာခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် အရောင်းသွက်တဲ့ရက်ဆိုရင် အိတ် ၂ဝဝ ကျော်ထိအရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုတစ်ပတ်အတွင်း အသစ်ဝင်ရောက်လာတဲ့ ပဲတီစိမ်းအမျိုးအစားကတော့ အရည်အသွေးကောင်းတဲ့အတွက် တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ဈေးကောင်းရရှိနေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ဈေးမြင့် အရောင်းသွက်လာတဲ့ မန်းကုလားပဲ မန်းကုလားပဲဈေးကွက်မှာ ယခုတစ်ပတ်မှာလည်း ဒေသတွင်း ပဲခွဲစက် လုပ်ငန်းရှင်များမှ ဝယ်လိုအား ကောင်းနေတဲ့အတွက် ယခင်တစ်ပတ်ထက် ဈေးမြင့် လာပြီး အရောင်းသွက်နေကြပါတယ်။ အောက်တိုဘာလ ဒုတိယပတ်မှာ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၁ဝဝ ကျပ် (တစ်တန် ၆၇၃၆ဝဝ ကျပ်) ၊ ကုလားပဲ (တိုင်ပေ) တစ်ပိဿာ ၁ဝ၄၈ ကျပ် (တစ်တန် ၆၄၁၇ဝဝ ကျပ်)ဈေးတို့နဲ့သာ ရောင်း ဝယ်ခဲ့ရာမှ ယခုအောက်တိုဘာ တတိယပတ်မှာ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၁၁၈၈ ကျပ် (တစ်တန် ၇၂၇၅ဝဝ ကျပ်)၊ ကုလားပဲ (တိုင်ပေ) တစ်ပိဿာ ၁၁၃၈ ကျပ်(တစ်တန် ၆၉၆၉ဝဝ ကျပ်) ဈေးတို့နဲ့ ဈေးမြင့်လာပြီး ရောင်းဝယ်နေကြပါတယ်။ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်တို့ ဝယ်လိုအားရှိသလို ရန်ကုန်ဝယ်လက် အချို့မှ လည်း ဝယ်ယူမှုရှိနေတာကြောင့် ဈေးမြင့်လာတာဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်အချို့က ပြောပါတယ်။ ကျော်ကျော်မိုး
မန်းပဲတီစိမ်းကို တရုတ်ဝယ်လက် ဆွဲအားကောင်း ယခုတစ်ပတ် မန်းဈေးကွက်တွင် ပဲတီစိမ်းကို တရုတ်ဝယ်လက်မှ ဆွဲအားကောင်းနေတဲ့အတွက် အရောင်းသွက်နေပြီး ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ မကွေး၊ အောင်လံတို့မှ ထွက်ရှိတဲ့ ပဲတီစိမ်းအသစ်များ အနည်းငယ်သာ ဝင်ရောက်မှုရှိနေပါတယ်။ ဈေးကွက်အတွင်းမှာ ရောင်းဝယ်အားအကောင်းဆုံး သီးနံှတစ်ခုဖြစ်သလို အောက်တိုဘာလ ဒုတိယပတ်ထက် ဈေးမြင့်ပြီး ရောင်းဝယ်နေကြတာကို တွေ့ရပါတယ်။ အောက်တိုဘာလ ဒုတိယပတ်မှာ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၃၃၃ ကျပ်၊ တစ်တန် ၈၁၆၃ဝဝ ကျပ်ဈေးဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပဲတီစိမ်း ထိပ်စ တစ်ပိဿာ ၁၅၆၄ ကျပ်၊ တစ်တန် ၉၅၈ဝဝဝ ကျပ်ဈေးတို့ဖြင့် ဈေးမြင့်ပြီးရောင်းဝယ်နေကြပါတယ်။ တင်ပို့မှုအနေနဲ့ တရုတ်ကို တစ်ပတ်အတွင်း ၁၃ဝဝ တန်၊ ရန်ကုန်ကို ၇၇ဝ တန်တင်ပို့မှုရှိခဲ့ပါတယ်။ တရုတ်ဝယ်လက်မှ ဝယ်လိုအားကောင်းနေတဲ့အတွက် ပဲတီစိမ်းဈေးကွက် ဈေးဆက်လက်မာနေဦးမယ်လို့ ကုန်သည်တချို့က ခန့်မှန်းပြောဆိုနေကြကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
ဈေးမာလာတဲ့ မန်းမြေထောက် မြေထောက်ပဲကို မန်ဈေးကွက်အတွင်း အောက်တိုဘာလ ဒုတိယပတ် ထက် ယခုတတိယပတ်မှာ ဈေးမြင့်ရောင်းဝယ်နေကြပါတယ်။ ရန်ကုန်ဝယ် လိုအားရှိနေတဲ့အတွက် ဈေးမြင့်လာတာဖြစ်တယ်လို့ မြေထောက်ကုန်သည် တို့ကပြောပါတယ်။ အောက်တိုဘာလဒုတိယပတ်မှာ မြေထောက်ပဲတစ်ပိ ဿာ ၈၇ဝ ကျပ် (တစ်တန် ၅၃၂၇ဝဝ ကျပ်)ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး၊ ယခု တတိယပတ်မှာတော့ တစ်ပိဿာ ၉၂၆ ကျပ် (တစ်တန် ၅၆၇ဝဝဝ ကျပ်)နဲ့ ဈေးမြင့်ရောင်းဝယ်နေကြပါတယ်။ ရောင်းဝယ်မှုအနေနဲ့ တစ်ပတ်အတွင်း ၅၄ ပိဿာဝင် အိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါ တယ်။ ကျော်ကျော်မိုး
ပင်လယ်ရေကြောင်းကမြေထောက် တန် ၈ဝဝ ကျော်ထိ တင် ယခုတစ်ပတ် (အောက်တိုဘာလ ၁၄ ရက်မှ ၂ဝ ရက်နေ့)အတွင်း ပင်လယ်ရေကြောင်းကနေ မြေထောက်ပဲ တန်ချိန် ၈ဝဝ ကျော်ထိ စံချိန်တင် တိုးတက်တင်ပို့တာတွေ့ရပါတယ်။ ဒီနှစ် မှာ ထူးထူးခြားခြား ရုရှားကို တင်ပို့တဲ့ ပမာဏများတာ တွေ့ရသလို ပုံမှန် အဝယ်ရှိတဲ့ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်းခပ်သွက်သွက် တင်ပို့ နေတာ တွေ့ရပါတယ်။ ယခင်သီတင်း ပတ်ကလည်း တန် ၅ဝဝ နီးပါး တင်ပို့ခဲ့ တာဖြစ်လို့ ယခုအောက်တိုဘာလ မြေ ထောက်ပဲအတင် ယခင်လတွေထက် သိသိသာသာပိုမယ်လို့ခန့်မှန်းရပါတယ်။ တင်ပို့မှု တိုးတက်သလို ရန်ကုန် FOB ဈေးနဲ့ အိန္ဒိယ မွန်ဘိုင်းဈေး များလည်း မြင့်တက်လာတာ တွေ့ ရပါတယ်။ ၂၂-၁ဝ-၁ဝ ၁၄-၁ဝ-၁ဝရန်ကုန် ၆၆ဝ-၆၇ဝ ၆၃ဝ-၆၄ဝ(FOB)အိန္ဒိယမွန်ဘိုင်း ၈၃၅ ၇၇၉(Unpolished)အိန္ဒိယမွန်ဘိုင်း ၈၈ဝ ၈ဝ၂(polished) MIRT(MAPT)
ရေလိုက်ကြဲစနစ်နဲ့ စိုက်တဲ့ မင်းလှမတ်ပဲ ပဲခူးတိုင်းဒေသကြီးအနောက်၊ မင်းလှမြို့နယ်မှာ မတ်ပဲကိုစိုက်ပျိုးနေပြီလို့ သိရပါတယ်။ မင်းလှ ပတ်ဝန်းကျင် ရွာများမှာ မတ်ပဲ၊ ပဲပုပ်တို့ကို သီတင်းကျွတ် လဆန်းပိုင်းမှာ ပဲစတင်စိုက်ပျိုးကြပြီး၊ စပါးမစိုက်နိုင်တဲ့ မြစ်နား ချောင်းနားနီးတဲ့ ရေလံျှကွင်းတွေမှာရေတက်ပြီး ပြန်ကျသွားတဲ့အချိန် တင်ကျန်ခဲ့တဲ့ နုန်းတင်မြေမှာ ရေလိုက်ကြဲနည်းနဲ့ စိုက်ပျိုးကြတယ်လို့သိရပါတယ်။ ယခုနှစ်စိုက်ပျိုးပြီးတဲ့ဧက လေး ထောင်ခန့် ရှိတယ်လို့ သိရပါတယ်။ မတ်ပဲစိုက်ချိန် စောပြီး အထွက်လည်းစောမှာ ဖြစ်လို့ နတ်တော်လမှာ ပဲစပေါ်မယ်လို့သိရပါတယ်။ မိမိအေး
မိုးနဲ့အပြိုင်အေးနေတဲ့ မတ်ပဲဈေး မတ်ပဲဈေးကတော့ ဟင်္သာတပဲဈေးကွက်မှာ မိုးနဲ့အပြိုင်အေးနေပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ ပဲတစ်တင်းကို ၂၆၆ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုအပတ်ရဲ့ မတ်ပဲဈေးမှာ ၂၆ဝဝဝ ကျပ်ကို ကျဆင်းလာပါတယ်။ ယခုအပတ်ပဲရောင်းဝယ်မှုအနေနဲ့ ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ဖြစ်ပေါ်နေသော ပေါက်ဈေးများဖြင့် တစ်ရက်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၇၅ဝ ခန့်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
လက်လီသမားများအပြင် လက်ကားအဝယ်လိုက်နေတဲ့ ပြည်ပဲနီပြား ပြည်ဈေးကွက်မှာတိုင်းအတွင်း လက်လီသမားများဖြင့် အဝယ်လိုက်ခဲ့တဲ့ ပဲနီပြားဟာ ယခုအောက်တိုဘာ လဆန်းမှစ၍ လက်ကားသမားများလည်း အဝယ်ရှိလာတယ်လို့ သိရပါတယ်။ စက်တင်ဘာလအတွင်း တစ်ရက်ကို အိတ် ၄ဝ၊ ၅ဝသာအရောင်းအဝယ်ဖြစ်ခဲ့ကြသော်လည်း အောက်တိုဘာ ပထမပတ်အတွင်း အိတ် ၁ဝဝ ခန့်အထိ အရောင်းသွက်ခဲ့ကြပါတယ်။ဈေးနှုန်းအနေဖြင့် တစ်တင်းကို ၂၆ဝဝဝ ကျပ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာ ဒုတိယပတ်မှာတော့ ငွေပေါ်လိုလို့ ထုတ်ရောင်းချသူများရှိလာတာကြောင့် ယခင်အပတ်ကထက် တစ်တင်း ၅ဝဝ ကျပ်ခန့် ဈေးကျခဲ့ပြီး တစ်တင်း ၂၅၅ဝ ကျပ်ဈေးဖြစ်ခဲ့ပါတယ်။အရောင်းအဝယ်ဖြစ်မှုကတော့ ပျမ်းမျှ တစ်ရက်ကို ၂၅ အိတ် ၊ ၃ဝ အိတ်ဖြစ်ခဲ့ကြပြီး လက်ကားသမားများ အဝယ်ရှိတဲ့ရက် ဆိုပါက တစ်ရက်ကို အိတ် ၁ဝဝ ကျော်အထိ အရောင်းသွက်လျက်ရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း