Main menu

Background

Wednesday, 12 Jun 2013

မုံရွာကုန်စည်ဒိုင်ကို ချောင်းဦး၊ ယင်းမာပင်၊အရာတော်၊မြောင် (အမြင့်)၊ ရေဦး၊ တန့်ဆည်မြို့နယ်များမှ ပဲတီစိမ်း များ လှိုင်လှိုင်ဝင်လျက်ရှိရာ ယခုအပတ် အတွင်း တစ်ရက်ကို တင်း ၄၀၀၀ မှ ၅၀၀၀ အတွင်း ဝင်ရောက်နေ ပါတယ်။ တရုတ်ဝယ်လက်ရှိလို့ မန္တလေးဝယ် လက် အဆွဲများပြီး၊ မုံရွာကုန်စည်ဒိုင်မှာ ကုန်သည်များအလုအယက် ဝယ်ကြလို့ ဇွန် ပထမပတ်အတွင်း ပဲတီစိမ်းဈေး တက်လာပါတယ်။ မေ ၃၁ ရက်နေ့က ပဲတီစိမ်းတစ်တင်း ၂၅၇၀၀ ကျပ်မှ ဇွန် ၄ ရက်နေ့မှာ ၂၆၈၀၀ ကျပ်ကို ဈေး လှုပ်ခဲ့ပါတယ်။ ချောင်းဦး မြို့နယ်မှ မန္တလေးမြို့ကို ပဲတီစိမ်းတိုက်ရိုက် စီး ထွက်မှုများလည်းရှိပြီး၊ မုံရွာကုန်စည် ဒိုင်မှာလည်း တစ်ရက်ကို ပဲတီစိမ်းအိတ် ၁၀၀၀ - ၁၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးတိုင်းဒေသကြီးကို တစ်ပတ် အတွင်း ပဲတီစိမ်းအိတ် ၆၀၀၀ ကျော် စီးထွက်ကြောင်းသိရပါတယ်။သန်းသန်းတင် - မုံရွာ

Wednesday, 12 Jun 2013

မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၂၇၉ သန်းတန်ဖိုးရှိ ရော်ဘာ MSR 20  တန် ၁၂၀ ကျော်ကို စင်္ကာပူနဲ့အိန္ဒိယနိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံသို့ တန် ၁၀၀ ကျော်နဲ့ အိန္ဒိယသို့တန် ၂၀ ဖြစ်ပါတယ်။ ယခင် အပတ် ကထက် တန် ၃၀၀ ကျော်လျော့နည်း ခဲ့ပါတယ်။ ရော်ဘာ ဈေးများဆက်လက်ကျဆင်းလာတာကြောင့် လျော့နည်းရခြင်း ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်း မှ မေလအတွင်းမှာ ကန် ဒေါ်လာ ၅ ဒသမ ၅၀၇ သန်းဖိုးရှိ ရော်ဘာ ၂၂၇၀ တန် ကျော်နဲ့ နယ်စပ်ကူးသန်းရောင်း ဝယ်ရေးစခန်းများမှ ကန်ဒေါ် လာ ၂၀ ဒသမ ၆၅၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၇၅၆၈ တန်ကျော်တင်ပို့ထား ပြီးဖြစ်ပါတယ်။ နိုင်ငံတကာဈေးများ ကျဆင်းသလို မိမိတို့ရော်ဘာ FOB ဈေးနှုန်းမှာလည်း တစ် တန်လျှင် ဒေါ်လာ ၅၀ ခန့်ဈေးကျ၍ RSS 1 တစ်တန်လျှင် ဒေါ်လာ ၂၄၅၀ -၂၅၅၀၊ RSS 3  နဲ့  MSR 20 တစ်တန်လျှင်ဒေါ်လာ ၂၃၅၀- ၂၄၅၀၊ ျွှ ၅ နဲ့ MSR 50 တစ်တန်လျှင်ဒေါ်လာ ၂၂၅၀- ၂၃၅၀၊ MSR 10 တစ်တန်လျှင် ဒေါ်လာ ၂၄၀၀- ၂၅၀၀ နဲ့  Creep Rubber တစ်တန်လျှင်ဒေါ်လာ ၂၁၅၀- ၂၂၅၀  ဖြစ်ကြောင်း မြန်မာ နိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းက ဈေးနှုန်း ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ယဉ်ယဉ်အေး DCCA

Wednesday, 12 Jun 2013

လျှော်ဖြူပင်မှထွက်ရှိတဲ့ အစေးကို ပရဆေး၊ ဖျော်ရည်၊ ဂျယ်လီ၊ စက်မှု ကုန်ကြမ်းအဖြစ် စွယ်စုံသုံးစွဲနိုင်သဖြင့် မုံရွာမြို့နယ်မှာ လျှော်ဖြူပင်များကို စီးပွားဖြစ်စတင်စိုက်ပျိုးနေကြောင်း ခြံရှင်တစ်ဦးထံမှ သိရပါတယ်။

Wednesday, 12 Jun 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်  ကူးသန်း ရောင်းဝယ်ရေးစခန်း အသီးသီးမှ မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၅ ဒသမ ၉၀၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့တန်ချိန် ၁၆၆၁၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ၇၉၅၇ တန်နီးပါး၊ ချင်းရွှေဟော်မှ ၅၉၁၅ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၂၇၄၀ တန်ခန့် ယခုအပတ်မှာတင်ပို့ခဲ့တာဖြစ်ပါတယ်။ ကန်ပိုက်တီးစခန်းမှ တင်ပို့ခဲ့ခြင်းမရှိပါဘူး။ယခင်အပတ်က တန်ချိန် ၁၆၀၀၀ သာ တင်ပို့ခဲ့တာမို့ ယခုအပတ် ပြောင်းတင်ပို့မှု တန် ၆၀၀ ကျော်ပိုမိုလာခဲ့ပါ တယ်။ ပြောင်းနဲ့ နှမ်းကိုတရုတ်လိုင်းမှဈေးကောင်းပေးပြီး ဝယ်နေတယ်လို့ မူဆယ်ကို တင်ပို့ နေတဲ့ကုန်သည်တွေထံက သိရှိရပါတယ်။ နှစ်နိုင်ငံပြောင်းဈေးများကိုကြည့်မယ် ဆိုလျှင်ဈေးအနည်းငယ် ပြန်ကျသွားတာတွေ့ ရပါတယ်။ မန္တလေး-မူဆယ်ကုန်စည် သယ်ယူခနှုန်းထား မှာတော့ ပြောင်းတစ်ပိသာကို ၅၂ ကျပ်နှုန်းဖြစ်ပြီး ယခင်အပတ် က ၄၇ ကျပ်ဖြစ်လို့ သယ်ယူခနှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ် -

Wednesday, 12 Jun 2013

မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်ထိ ကာလအတွင်းမှာ ဗီယက်နမ်နိုင်ငံသို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ ပြောင်းမျိုးစေ့ တန် ၂၆၀ တင်ပို့နိုင်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၄၂ သန်းဖိုးဖြစ် ပြီး၊ ပြောင်းမျိုးစေ့တစ်တန်လျှင် ဒေါ်လာ ၁၇၀၀ ဈေးရရှိပါတယ်။ ယခင်အပတ်က ထိုင်းနိုင်ငံကို ပြောင်းမျိုးစေ့ တန် ၁၅၀ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၁၀၀ ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါ တယ်။ မေလတစ်လလုံး မှာတော့ ပြောင်းဖူးစေ့ ၆၉ တန်နဲ့ ပြောင်းမျိုးစေ့ တန် ၄၁၀ တင်ပို့နိုင်ခဲ့ပါတယ်။ယဉ်ယဉ်အေး DCCA

Wednesday, 5 Jun 2013

မုံရွာကုန်စည်ဒိုင် မေလကုန်ပတ် ပဲဈေးကွက်မှာ  ပြည် တွင်းသုံး ပဲများ ဈေးအေးအရောင်းအေးနေခဲ့ပြီး၊Export ပဲဖြစ်တဲ့ ငုံနီနဲ့ စိမ်းကြီးကတော့ ဈေးအေးပေမယ့် အရောင်း အဝယ်သွက်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ယခုတစ် ပတ် ကုလားပဲဈေးကွက်အနေနဲ့ Export အဝယ်မရှိပေမယ့် ဒေသတွင်း ပဲခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက် နဲ့ ပဲကြော်ဖို ပဲလက်လီအဝယ်ပုံမှန်ရှိခဲ့လို့ ဈေးငြိမ်နေခဲ့ပါတယ်။ ပေါက်ဈေး အားဖြင့် V2တစ်တင်း၁၁၆၀၀ ကျပ်ထိုင်ဝမ်တစ်တင်း ၁၈၀၀၀ ကျပ်၊ ကုလားပဲရိုးရိုး ၁၇၉၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၈၁၀၀ ကျပ်အသီးသီးအမြင့်ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ပတ်အတွင်း ကုလားပဲမျိုးစုံ အိတ် ၃၀၀၀ ကျော်ရှိတယ်လို့ ကုန်သည်ရပ် ကွက်က ဆိုပါတယ်။

Wednesday, 5 Jun 2013

၂၀၁၃ ခုနှစ် မေလအတွင်း မုံရွာ ကုန်စည်ဒိုင်မှာ ဒေသတွင်းပဲခွဲစက်၊ အမှုန့်ကြိတ်စက်နဲ့ မန္တလေးမြို့မှ အဝယ်ပုံမှန်ရှိ လို့ တစ်ရက်ကို ကုလားပဲ ဖြူလုံးကြီး V2 အိတ် ၃၀၀ နဲ့ ၅၀၀ ကြား အရောင်းအဝယ် ဖြစ်ပြီး၊ တစ် ပိဿာ အနိမ့် အမြင့် ဈေးမှာ ၉၇၉ ကျပ်၊ ၉၈၉ ကျပ် ဈေးပေါက်နေပါ တယ်။ မေလ ၂၉ ရက် မုံရွာမြို့ မြစန္ဒာ ခန်းမမှာ တိုင်းဒေသ ကြီး ရင်းနှီးမြှုပ် နှံမှုနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေး နွေးပွဲမှာ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှ ကုလားပဲခြမ်းများ ဝယ်ယူလိုကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရတာကြောင့် ကုလားပဲခြမ်းများ အရောင်းအဝယ် သွက်နိုင်တယ်လို့ ကုန်သည်များက ဆို ကြပါတယ်။သန်းသန်းတင်-မုံရွာ

Wednesday, 5 Jun 2013

အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၃ ခုနှစ်၊ မေနောက်ဆုံးပတ်မှာ ဒေသထွက် လယ်ယာသီးနှံများ ဈေးနှုန်းအလွန် အတက်အကျမရှိဘဲ ဈေးငြိမ်ပြီး၊ အရောင်း အဝယ် သွက်ခဲ့ကြောင်းနဲ့ စုစုပေါင်းကုန်ချိန်ပိဿာ ၈ သိန်းကျော် ၁၃၆၉ တန်ခန့် တင်ပို့ရောင်းချနိုင်ပါတယ်။မေ ၂၃ မှ ၃၀ ရက်အထိ အောင်ပန်းကုန်စည်ဒိုင်က တင်ပို့ရောင်းချခဲ့တဲ့ သီးနှံ အမျိုးအစားအလိုက် ဈေးနှုန်းများနဲ့ တင်ပို့ရောင်းဝယ်ခဲ့မှု အခြေအနေများကတော့ ပဲပုပ်စေ့တစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ၃၅ တန်၊ ပဲစင်းငုံ တစ်ပိဿာ ၈၀၀ ကျပ် - ၉၀၀ ကျပ်နဲ့ ၂၆ တန်၊ ပဲရာဇာတစ်ပိဿာ ၁၅၅၀ ကျပ် နဲ့ ၃၃ တန်၊ အစေ့ထုတ်ပြောင်းတစ်ပိဿာ ၄၆၀ ကျပ်နဲ့ ၃၉ တန်၊ ပန်းနှမ်းတစ် ပိဿာ ၁၁၀၀ ကျပ်နဲ့ ၂၉ တန်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၆၅၀ ကျပ် - ၁၆၀၀ ကျပ်နဲ့ ၃၅၉ တန်၊ ချင်းအစိုတစ်ပိဿာ ၇၅၀ ကျပ် - ၁၀၅၀ ကျပ်နဲ့ ၃၆၂ တန်၊ နနွင်းတစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ၃၆ တန်၊ ချင်းခြောက်တစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ၃၅ တန်၊ အာလူး တစ်ပိဿာ ၃၅၀ ကျပ် - ၆၅၀ ကျပ်နဲ့ ၄၁၅ တန်တို့ ဖြစ်ကြပြီး၊ အစေ့ထုတ်ပြောင်းနဲ့ ပဲစင်းငုံမှာ တောင်သူလက်ကျန် ကုန်သ လောက်နည်းပါးနေပြီး၊ ပွဲရုံလှောင်လက်များကသာ အရောင်းအဝယ်ပြုလျက် ရှိကြောင်း အောင်ပန်းကုန်စည် ဈေးကွက်သတင်းအရ သိရပါတယ်။         မင်းအောင် - တောင်ကြီး

Wednesday, 5 Jun 2013

ယခုမေလနောက်ဆုံးပတ် ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံ ဈေးနှုန်းများယခင်အပတ်ကအတိုင်းဈေးအပြောင်းအလဲ သိပ် မဖြစ်ဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါတယ်။ မတ်ပဲမှာ ယခင်အပတ်က ၁၈၀၀၀ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်မှာ ၁၇၃၀၀ ကျပ်နဲ့ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတလည် မြို့နယ်များမှ တစ်ရက်အိတ် ၂၅၀ မှ ၃၀၀ ကျော်အဝင် ရှိသလို ရန်ကုန်ဝယ်လက်ကလည်း နေ့စဉ်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က မေလကုန်မတ်ပဲဈေးမှာ တစ်တင်း ၁၂၃၀၀ ကျပ်သာ ဈေးရခဲ့တဲ့အတွက် ယခုနှစ်မှာ မတ်ပဲဈေး ကောင်း မရဘူးဆို သော်လည်း ယခင်နှစ်ထက်တော့ ဈေးပိုရ ခဲ့ပါတယ်။

Wednesday, 5 Jun 2013

မန္တလေးမြို့ ပဲ၊ ပြောင်း၊ နှမ်းကုန် စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း)ကိုဟုမ္မလင်း၊ မုံရွာ၊ ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို၊ ဝက်လက်စတဲ့ ဒေသများမှ မြေထောက် ပဲများ ဝင်ရောက်ရောင်းဝယ်မှု ရှိပေမယ့် ကျန်ခဲ့တဲ့ လလောက်အရောင်းအဝယ် မဖြစ်ဘဲ အရောင်းအဝယ်အေးလျက် ရှိ ပါတယ်။ အိန္ဒိယဝယ်လက်ရှိပြီး၊ ရန်ကုန် ဝယ်လက်အဝယ်လိုက်ပေမယ့် ပစ္စည်း ပြတ်သလောက် နီးပါးရှိပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေအထား က မြေထောက်ပဲတစ်ပိဿာ ၁၇၅၉ ကျပ် (တစ်တန် ၁၀၇၇၁၉၄ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၃၀၀ မှ  ၅၀၀ ကြား အရောင်းအဝယ် ဖြစ်ကြောင်း၊ ကုန်စည်ဒိုင် သတင်းရပ်ကွက်မှ သိရပါ တယ်။ မြေထောက်ပဲ ပြည်ပအဝယ်ရှိ သလို မကွေး၊ မုံရွာ၊ ဒေသများမှ ဝင် ရောက်လာတဲ့ နိုင်လွန်ပဲလည်း ပြည်ပ (အိန္ဒိယ)ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက် ဆွဲအား ကောင်းပေမယ့် လိုအပ် သလောက်တော့ မရောင်းချနိုင်ပါ ဘူး။ ဈေးကွက်ရှိပေမယ့် ပစ္စည်းက ရှားပါး ပါတယ်။ သင့်တော်တဲ့ ဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်ပေမယ့် နှစ်စဉ်နှစ် တိုင်းမှာ ပြည်ပအဆွဲမရှိတာကြောင့် စိုက်ပျိုးမှု၊ သိုလှောင်ထားရှိမှုမရှိပါဘူး။ ရောက်၊ ဝယ်၊ ရောင်းစနစ်နဲ့ ခပ်သွက် သွက် ရောင်းဝယ်မှုပြုကြပါတယ်။ ယခု လက်ရှိ ရောင်းဝယ်တဲ့ ဈေးနှုန်းက နိုင် လွန်ပဲတစ်ပိဿာ ၁၁၈၁ ကျပ်(တစ်တန် ၇၂၃၂၃၃ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၂၅၀ မှ ၄၀၀ အတွင်းသာ အရောင်း အဝယ်ရှိကြောင်း သိရပါတယ်။ ယခုနှစ်မှစပြီး၊ ပြည်ပဈေးကွက်ကို ထိုးဖောက် ဝင်ရောက်တဲ့ အတွက် ကျွန်တော်တို့ ကုန်သည်တွေလည်း မလှောင်ရဲသလို ပဲတောင်သူများက လည်း စိုက်ဧက များများစားစားမရှိ တာကြောင့် ပစ္စည်းရှားပါးရတာဖြစ် ကြောင်း  ကုန်သည်တစ်ဦးမှ ပြောကြား ပါတယ်။      စိုးအောင် - မန္တလေး

Pages