Main menu

Background

Tuesday, 28 May 2013

ရှမ်းပြည်နယ်  တောင်ပိုင်း အောင်ပန်း ကုန်စည်ဒိုင် ဈေးကွက်မှာ မေလတတိယပတ်အတွင်း အစေ့ထုတ် ပြောင်း ကို တရုတ်ဝယ်လက် ရှိတာ ကြောင့် မန်းပွဲရုံတွေက အဝယ်လိုက်နေ သလို ပဲရာဇာကိုလည်း မန်းပဲခွဲစက်များ က ရသလောက်ဝယ်ယူနေတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ် ကောင်း ခဲ့သလို ဈေးနှုန်းကလည်း ခပ်စွာစွာ အခြေအနေမှာ ရှိနေပါတယ်။

Monday, 20 May 2013

ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မေလ ၅ ရက်မှ ၁၁ ရက်အတွင်း နနွင်း ၁၅၀ ဒသမ ၁၆ တန်တင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်များမှာ ပါကစ္စတန်နိုင်ငံကို ၂၉ ဒသမ ၉၆ တန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ကို ၂၈ တန်၊ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၂ တန်နဲ့ မလေးရှား နိုင်ငံကို ၇၆ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ် နနွင်းတင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် တစ်ရာ့နှစ်ဆယ် ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၤဥြ ဈေးက တစ်တန် ကို ပျမ်းမျှ ကန်ဒေါ်လာ ၅၃၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှ ယခုလအထိ နနွင်းတင်ပို့မှုစုစုပေါင်း တန်ချိန်မှာ ၂၁၈၄ ဒသမ ၉၈၈ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလိုတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ ကိုးသိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။                      MIRT (DOT)

Monday, 20 May 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ် ရေးဇုန်က ၂၀၁၃ ခုနှစ်ဧပြီလတွင်  ကန်ဒေါ်လာ သုည ဒသမ ၂၂၇ သန်းတန်ဖိုးရှိ ငရုတ်သီးခြောက် တန် ၁၃၀ တင်ပို့နိုင် ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်သော ၂၀၁၃ မတ်လနှင့်နှိုင်း ယှဉ်ပါက ကန်ဒေါ်လာ သုည ဒသမ ၀၄၇ သန်းလျော့နည်း ခဲ့ပါတယ်။ မိမိနိုင်ငံမှငရုတ်သီးခြောက် များအား မဲဆောက်မှ ဘန်ကောက်အထိတင်ပို့ပြီး ဘန်ကောက်တွင်တန်ဖိုးမြှင့် ထုတ် ကုန်အဖြစ် ထုတ်လုပ်၍ မလေးရှားသို့ ဆက်လက်တင်ပို့ ကြောင်း သိရှိရပါတယ်။

Monday, 20 May 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ်ရေး ဇုန်က ၂၀၁၃ ခုနှစ် ဧပြီလတွင်  ကန်ဒေါ်လာ သုည ဒသမ ၂၆၀ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၆၄၉ တန်ကျော်တင်ပို့နိုင်ခဲ့ ပြီး အနီးစပ်ဆုံးကာလဖြစ်သော ၂၀၁၃ မတ်လနှင့်နှိုင်းယှဉ်ပါ ကကန်ဒေါ်လာသုည ဒသမ ၁၃၃ သန်းလျော့နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ၏ဈေးကွက် အတွင်းသို့ ထိုးဖောက်ဝင်ရောက် နိုင်တဲ့ အနေအထားရှိပြီး ကြက်သွန်နီ အလုံးသေးများကိုပိုမို ကြိုက်နှစ်သ က်ကြောင်း၊ စားသောက်ဆိုင်များနဲ့ ဟိုတယ် အစားအစာများတွင် အသုံးများကြောင်း သိရှိရပါတယ်။

Monday, 20 May 2013

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လွန်ခဲ့တဲ့ ၅ နှစ် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ ချင်းစိုတင်ပို့မှုဟာ ၂၀၁၀-၂၀၁၁ တစ်နှစ်မှာသာ တန်ချိန် ၇၀ တင်ပို့မှုရှိခဲ့ပြီးကျန်နှစ်တွေမှာ တင်ပို့မှုမရှိခဲ့ပါ။ ဒါပေမဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အစ ဧပြီလမှတန်ချိန် ၁၃၁ တန်ကျော်၊ တန်ဖိုးဒေါ်လာ ၃၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒါကြောင့် မေလ ၁၁ ရက်အထိမှာ ၁၃၁ တန်ကျော်၊ တန်ဖိုး ဒေါ်လာ ၃၅၀၀၀ ဖြင့် တင်ပို့ ပြီးဖြစ်ပါတယ်။ ထပ်ပြီးလည်းတင်ပို့ဖို့အလားအလာ ကောင်းနေပါတယ်။

Monday, 20 May 2013

ယခုတစ်ပတ်မှာ အောင်ပန်းချင်းများ ပြည်ဈေးကွက်ကို ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်ရှိပြီး၊ ယခင် တစ်ပတ်က ထက် အိတ် ၅၀ ခန့်ကို ပိုမိုဝင်ရောက်လာပါတယ်။ အဝင်များပေမယ့် ဈေးနှုန်းများ ယခင်ပတ် ဈေးအတိုင်း ချင်း(ရှယ်)တစ်ပိဿာကို ၁၀၀၀ ကျပ်၊ (ဂျွန်) တစ်ပိဿာ ၉၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေပြီး၊ နေ့စဉ် ပိဿာချိန် ၃၀၀ ခန့် ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ် စားသုံးမှု အဖြစ် ဈေးကွက်မှတစ်ဆင့်ယခုတစ်ပတ်အတွင်း တစ်နေ့ကို ပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိကြောင်းလည်း သိရပါ တယ်။ဝင်းဝင်းခိုင် - ပြည်

Monday, 20 May 2013

မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်းရောင်းဝယ်ရေး စခန်းမှ မေလဒုတိယ ပတ်မှာကန်ဒေါ်လာ သုည ဒသမ ၀၄၆ သန်းတန်ဖိုးရှိ ချင်းစို ၁၇၆ တန်နဲ့ ကန် ဒေါ်လာ သုည ဒသမ ၀၃၀ သန်းဖိုးရှိ ချင်းခြောက် ၁၅ တန် တင်ပို့နိုင်ခဲ့ သလို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၉ သန်းဖိုးရှိ ချင်းခြောက် ၁၅ တန်နီးပါးနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေမှ ကန်ဒေါ်လာသုည ဒသမ ၀၀၅ သန်းဖိုးရှိချင်းစို ၆ တန်တို့ အသီးသီးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်က တမူးမှ ချင်း စိုတန် ၈၀၊ စစ်တွေမှချင်းစို ၅ တန်နဲ့ မူဆယ်မှ ချင်းခြောက်တန် ၃၀ နီးပါးတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ချင်းစိုရော ချင်းခြောက်ပါ တင်ပို့မှု ပိုမိုလာတယ်လို့ သိရပါတယ်။မော်မော်အောင်၊ MIRT (DCCA)

Monday, 20 May 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ မေလ ၈ ရက်မှ ၁၄ ရက်အတွင်း ကန် ဒေါ်လာ သုည ဒသမ ၂၄၃ သန်း တန်ဖိုးရှိ ပဲကြီး ၂၄၈ တန်ကျော် တင်ပို့ခဲ့ သလို ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ ပဲကြီးအခွံချွတ် ၇ တန် နီးပါးကိုလည်း တင်ပို့ခဲ့တာ တွေ့ရပါ တယ်။ မေလ ဒုတိယပတ် အတွင်းမှာ တရုတ်လိုင်း ကနေ နှမ်း၊ ပြောင်း၊ ပဲကြီး တွေအဆွဲများတယ်လို့ သိရပါတယ်။ ယခင် အပတ်က မူဆယ်မှ ပဲကြီး ၁၇၃ တန်ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ် ၇၅ တန်ပိုမိုခဲ့ပါတယ်။မော်မော်အောင် MIRT (DCCA)

Monday, 20 May 2013

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းကုန်စည်ဒိုင်မှာ မေ ဒုတိယပတ်အတွင်း ပဲ၊ ပြောင်းနဲ့ စားဖိုဆောင်ပစ္စည်း များဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်ပန်းကုန်စည်ဒိုင်ရဲ့ မေ ဒုတိယပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ သီးနှံအမျိုးအစားအလိုက် ဈေးနှုန်းများကတော့ ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀ ကျပ် - ၁၄၀၀ ကျပ်၊ အစေ့ထုတ်ပြောင်းတစ်ပိဿာ ၄၁၀ ကျပ်၊ ပဲစင်းငုံတစ်ပိဿာ ၉၅၀ ကျပ် - ၁၀၅၀ ကျပ်၊ ပဲရာဇာ တစ်ပိဿာ ၁၄၀၀ ကျပ်၊ ပဲပုပ်စေ့တစ်ပိဿာ ၁၃၀၀ ကျပ်၊ ပန်းနှမ်းတစ်ပိဿာ ၁၁၀၀ ကျပ်၊ ချင်းခြောက်တစ်ပိဿာ ၁၂၀၀ ကျပ်၊ချင်းအစိုတစ်ပိဿာ ၅၀၀ကျပ် - ၇၅၀ ကျပ်၊ နနွင်းတစ်ပိဿာ ၁၂၀၀ ကျပ် နဲ့ အာလူးတစ်ပိဿာ ၂၅၀ ကျပ် - ၅၃၀ ကျပ်ဖြစ်ပြီး၊ မေ ၉ ရက်မှ ၁၅ ရက်နေ့ အထိ သီးနှံတစ်မယ်ခြင်းအလိုက် အရောင်းအဝယ်ဖြစ်မှု အခြေအနေများကတော့ ပဲစင်းငုံ ၂၅ တန်၊ ပဲရာဇာ ၁၃ တန်၊ ပဲပုပ်စေ့ ၂၁ တန်၊ အစေ့ထုတ်ပြောင်း ၃၁ တန်၊ ပန်းနှမ်း ၇ တန်၊ ကြက်သွန်ဖြူ ၂၈၈ တန်၊ ချင်းအစို ၃၀၁ တန်၊ နနွင်း ၁၃၁ တန်၊ ချင်းခြောက် ၉၂ တန်နဲ့ အာလူး ၃၀၈ တန်တို့ဖြစ်ကြပြီး၊ စုစုပေါင်းကုန်ချိန် ၁၂၁၇ တန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အောင်ပန်း ကုန်စည်ဒိုင် ဈေးကွက်က သိရပါတယ်။ မင်းအောင် - တောင်ကြီး

Monday, 20 May 2013

၂၀၁၃ ခုနှစ်၊ မေလ ဒုတိယပတ် ပခုက္ကူကုန်စည်ဒိုင် အရောင်းအဝယ်ကို ကြည့်ရင် ရောင်းတယ် ဝယ်တယ်၊ အရောင်းအဝယ်ဖြစ်တယ်လို့ဆိုရပေမဲ့ ဈေးနှုန်း၊ အရောင်းအဝယ်ဖြစ်တဲ့အတိုင်းအတာစတာတွေ နည်းတယ်လို့သိရ ပါတယ်။ ပဲစင်းငုံနီတစ်ပိဿာ ၁၀၂၅ ကျပ်၊ တစ်တင်း ၂၀၅၀၀ ကျပ်မှ တစ်ပိဿာ ၁၀၆၀ ကျပ်၊တစ်တင်း ၂၁၂၀၀ ကျပ်ဆိုတော့ အနည်းငယ်တက်လာတယ်လို့ဆိုရမှာ ဖြစ် ပေမဲ့ တစ်ရက်ချင်း ပွတ်ကာသီကာ တစ်ပိဿာ အပေါ် ၂၀ ကျပ်၊ ၂၅ ကျပ်အကွာ၊ တစ်တင်းအပေါ် ၁၀၀ ကျပ်အကွာ၊ ၂၀၀ ကျပ်အကွာနဲ့ အရောင်းအဝယ်ဖြစ်နေ တာပါ။ စီပီပြောင်းဖူးစေ့လည်း တစ်ပိဿာ ၄၃၃ ကျပ်၊ တစ်တင်း ၇၈၀၀ ကျပ်မှ တစ်ပိဿာ ၄၅၂ ကျပ်၊ တစ်တင်း ၈၁၅၀ ကျပ်ပါ။ ကျန်တဲ့ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဝါကြီး၊ ပဲတီစိမ်းတွေအနေနဲ့လည်း နည်းနည်းဆင်း၊ နည်းနည်း တက်နဲ့သာ အရောင်းအဝယ်ဖြစ်နေတာပါ။ ကုလားပဲဝါတစ်တင်း ၁၈၂၀၀ ကျပ်၊ ကုလားပဲဖြူ လုံးကြီး V2 တစ်တင်း ၁၈၆၀၀ ကျပ်၊ ပဲတီစိမ်းတစ်တင်း ၂၅၂၀၀ ကျပ်ဈေးတွေပါ။ ခြုံငုံသုံးသပ်ရရင်တော့ အရောင်းအဝယ်ဖြစ်တယ်။ အရေအတွက်နည်းနည်းနဲ့ ဈေးနှုန်းတွေအနေနဲ့ ပွတ်ကာသီကာဖြစ်ရတယ်လို့သာ ပြောရမှာပါ။ မြင့်ဦး-ပခုက္ကူ

Pages