Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဧပြီလ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈၆၃ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၅၀၀၀ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကျန် တရုတ်နယ်စပ်များဖြစ်တဲ့ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ကန်ပိုက်တီးစခန်းတို့မှ ပြောင်း ဖူးစေ့ တင်ပို့မှုမရှိပါဘူး။ ယခင်အပတ်ကမူဆယ်မှ ၄၄၆၅ တန်ကျော်၊ လွယ်ဂျယ်မှ တန် ၄၀၀ နဲ့ချင်းရွှေဟော်မှ ၁၄၆၀တန်ကိုတင်ပို့ခဲ့တာမို့ ယခုအပတ်ပြောင်း တင် ပို့မှု ဟာ ယခင်အပတ်တင်ပို့မှုထက် ၁၃၁၄ တန်လျော့နည်းခဲ့ပါတယ်။ မြန်မာနှစ်သစ် ကူးသြင်္ကန်ကာလနဲ့တိုက်ဆိုင်နေတာကြောင့် ယခုလိုတင်ပို့မှု လျော့ နည်းခဲ့တာ ဖြစ်ပါတယ်။ တရုတ်နယ်စပ်တွင် ဆန်နဲ့ဖရဲသီးဈေးကျဆင်းလာတာနဲ့အမျှ မန္တလေး-မူဆယ်ကားခများ လည်း ကျဆင်းလာပါတယ်။ ယခုအပတ်မန္တလေး-မူဆယ်ကုန်စည် သယ်ယူခနှုန်းထား မှာ ပြောင်းတစ်ပိသာ ၆၀ ကျပ်ဖြစ်တာကြောင့် ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါ က လျော့နည်းခဲ့တာတွေ့ရပါတယ်။ နှစ်နိုင်ငံပြောင်းဈေး များကိုကြည့်မယ် ဆိုလျှင် တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှုမရှိဘဲ မိမိဘက်ဈေးကယခင်အပတ်ထက် အနည်းငယ် မြင့် တက်လာတာ တွေ့ရပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၃၁၃၃၄၈ ၃၀၅၈၄၅ ၇၅၀၃ ၂ ၃၅၉ ၃၅၉ - -MIRT (DCCA)
မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ ကူးသန်း ရောင်းဝယ်ရေးစခန်းများမှ ဧပြီလ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈၆၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၆၄၅ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က ၁၂၅၉ တန်ကျော်တင်ပို့နိုင်ခဲ့လို့ ယခုအပတ်မှာ ၆၁၃ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ စခန်းအသီး သီးအလိုက် တင်ပို့နိုင်မှုတွေကတော့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၆၂ သန်းတန်ဖိုးရှိ ရော်ဘာRSS-3 ၅၄ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၂၉ သန်းတန်ဖိုးရှိ ရော်ဘာMSR-20 ၁၀ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၁၀၂ သန်းတန်ဖိုးရှိ ရော်ဘာ MSR-50 ၃၇ တန်ခန့်၊ ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၁၄၃ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3 ၃၉၄ တန်ခန့်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ကူးသန်း ရောင်းဝယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၈၅ သန်းတန်ဖိုးရှိ ရော်ဘာRSS-3 တန် ၁၀၀ ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းတန်ဖိုးရှိ ရော်ဘာMSR-20 တန် ၅၀ ခန့် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မိမိဘက်မှာရော တစ်ဖက်နိုင်ငံမှာပါ RSS-3 နဲ့ RSS-5 ရော်ဘာဈေးများ ကျဆင်းလျက်ရှိပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင် ပေါက်ဈေး များကို နှိုင်း ယှဉ် ဖော်ပြပေးလိုက်ရပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၂၀၈၃၆၈၉ ၂၃၄၄၃၄၁ ၂၆၀၆၅၂ ၁၃ ၂၃၆၂ ၂၆၆၅ ၃၀၃ ၁၃RSS-5 ၁၉၂၆၂၈၈ ၂၂၀၇၅၀၀ ၂၈၁၂၁၂ ၁၅ ၂၁၈၆ ၂၅၀၄ ၃၁၉ ၁၅MIRT (DCCA)
မန္တလေးမြို့ သကြား၊ သကာရည် လုပ်ငန်းရှင်များ ကထိန်တော် အသင်း (မန္တလေးသကြားဒိုင်)မှာနေ့စဉ် သကြား၊ သကာရည်များ အရောင်းအဝယ် ပြု လုပ်လျက်ရှိပါတယ်။ သကာပွက်ရည် အပေါ်မှာ တည်မီပြီး သကြားဈေး အတက်၊ အကျ အပြောင်းအလဲရှိပါ တယ်။ သြင်္ကန်မတိုင်မီနဲ့ သြင်္ကန် အပြီးမှာ သကြားဈေးတက်နိုင်တယ်လို့ ယူဆပေမယ့် သိသိသာသာပြောင်းလဲမှု တော့မရှိပါဘူး။ သြင်္ကန်မတိုင်မီက သကြားတစ်ပိဿာလျှင် A (၈၅၀ ကျပ်)၊ B (၈၄၀ ကျပ်)၊ C (၈၃၀ ကျပ်)၊ သကာ ပွက်ရည် တစ်ပိဿာလျှင် ၅၁၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုဧပြီလ စတုတ္ထအပတ်မှာ သကြား၊ သကာရည် တစ်ပိဿာပေါက်ဈေးမှာ သကြား A (၈၇၀ ကျပ်)၊ B (၈၆၀ ကျပ်)၊ C (၈၅၀ ကျပ်)သကာပွက်ရည် (၅၃၀ ကျပ်)နဲ့ နေ့စဉ်သကြား ၃၀ ပိဿာဝင်အိတ် ၄၀၀၀ ကျော် အရောင်းအ ဝယ်ဖြစ်နေပါတယ်။
သြင်္ကန်ကာလအပြီးတွင် ပြည် ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်လာ ခဲ့ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာလကုန် ချောင်းတွေမြောင်းတွေ ရေနည်းလို့ ပေါ်လာတဲ့သဲသောင်ပြင်တွေမှာစိုက်တဲ့ ဆောင်းစိုက် ကြက် သွန်နီများ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လကုန်လို့ ဧပြီလ ဒုတိယပတ်များထဲမှာ တူးကြဖော်ကြ ကြက်သွန်မိတ် ဖြတ်ကြ လို့ ဈေးကွက်ကို တဖြည်းဖြည်းချင်းဝင်လာရာက ရှေ့လျှောက် အလုံးအရင်းနဲ့ ဝင်လာတော့မှာဖြစ်ပါတယ်။ ဝင်ဖို့လည်း တာစူ နေကြပါပြီ။ သြင်္ကန်ကာလမှာ ပျော်ရွှင်ကြည်နူးစွာနဲ့ ရေကစားကြလို့ နှစ်ဟောင်းကအညစ် အကြေးကိုနှစ်သစ်မှာ အတာရေနဲ့ဆေးပြီးစိတ်သစ်ကိုယ်သစ်နဲ့ နှစ်သစ်မှာ အရောင်း အဝယ်များလှိုင်ကြ၊ ပြိုင်ကြတော့မှာပါ။သြင်္ကန် မတိုင်မီ ကြက် သွန်နီဈေးက တစ်ပိဿာအထက်စ ၂၇၅ ကျပ်၊ အလတ်စ ၂၅၀ကျပ်၊အောက်စ ၁၀၀ ကျပ်ကနေ အထက်စ ၂၅၀ ကျပ်၊ အလတ်စ ၂၀၀ ကျပ်၊ အောက်စ ၁၅၀ ကျပ်ဈေးနဲ့ တစ်နေ့ ကိုပိဿာချိန် ၂၅၀၀ ကြားနဲ့ ၅၀၀၀ ကြားဝင်ပြီး အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ သြင်္ကန်ပွဲတော်ပြီးနောက်မှာ ကြက်သွန် တစ်ပိဿာ ထိပ်စ ၂၉၀ ကျပ်၊ လတ်စ ၂၅၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်ဈေးတွေနဲ့စဖွင့်ပြီး ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက် နေ့မှာတော့ အထက်စ တစ်ပိဿာ ၃၄၀ ကျပ်၊ အလတ်စ ၃၀၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်ဈေးအထိ တက်ရိပ်ပြလာ ခဲ့ပါတယ်။ တစ်နေ့ကို ၆၀၀၀ ပိဿာမှ ၁၀၀၀၀ ပိဿာကြား ဝင်တာကိုလည်းတွေ့ရပါတယ်။၂၀၁၂ ဧပြီလတုန်းက ကြက် သွန်နီဝင်စဈေးဟာတစ်ပိဿာအထက်စ ၃၂၅ ကျပ်၊ အလတ် စ ၃၀၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်ဈေးဆိုတော့ ယခင်နှစ် ဈေးနဲ့ယှဉ်ရင် ထိပ်စကြက်သွန်နီဟာ တက်ရိပ် အရောင်ပြ နေတာကိုတွေ့ရပါတယ်။ သြင်္ကန်ကာလမှာအနား ယူရင်း အား မွေးနေတဲ့ကြက်သွန်နီဟာ အခုနောက်ပိုင်း အလုံးအရင်းနဲ့ ဝင်လာရင်၊ ဝင်ခဲ့ရင် အရောင်းအဝယ်သဘော တရားအရ ပစ္စည်းအဝင်များလာရင် ဈေးနှုန်းဘယ်လိုဆက်ဖြစ်လာမယ် ဆိုတာ ကြက်သွန်နီဈေးနှုန်း ဇာတ်လမ်း ဘယ်လိုမှတ်တမ်း ဆက်တင်ရပါမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်၊ ဘယ်လို ဘဲပြောပြော ဆောင်းစိုက်ကြက် သွန်နီများဟာဈေးကွက်အတွင်းကိုလာပြီ ..လာပြီ..ကြက် သွန်နီလို့ ကြွေးကြာ် ဝင်ရောက်လာကြမှာကတော့ မလွဲ ကြောင်းပါ။ မြင့်ဦး-ပခုက္ကူ
ဧပြီလ ၁၇ ရက်မှ ၂၃ ရက်နေ့ထိ ကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင် ကူး သန်းရောင်းဝယ်ရေးစခန်းနှင့် တာချီလိတ် ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၃၀၅ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၄၄ တန် ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၁၆၀ ကျော်တင်ပို့နိုင်ခဲ့လို့ ယခုအပတ်မှာ ၅၁၅ တန် ကျော်တင်ပို့မှု လျော့ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှ ယခု အပတ်မှာ ကွမ်းစားဂမုန်း တစ်မျိုးတည်း သာပိုမိုတင်ပို့နိုင်ခဲ့ပြီး မန်ကျည်းမှည့် (အစေ့ပါ)၊ ဝဥခြောက်၊ ဆီးသီးခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြက်ဆူစေ့၊ စကားပန်းပွင့်ခြောက်၊ ကွမ်းသီးခွံ၊ ဖန် ခါးသီးခြောက်တို့မှာ ယခင်အပတ်က ထက်တင် ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိတဲ့ တော ချင်းနဲ့တောင်လုံးကျော်တို့ကိုလည်း ယခုအပတ်မှာ တင်ပို့ခဲ့ပါတယ်။ ယခု အပတ်မှာ တာချီလိတ်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုး ရှိ အုံတုံခေါက် ၁၆ တန် ကိုစတင် တင်ပို့နိုင် ခဲ့ပါတယ်။ ယခုအပတ်မှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်း ရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ သုညဒသမ ၀၀၁ သန်းတန်ဖိုးရှိ တောင် လုံးကျော် ၁ တန်ကျော်တင်သွင်းမှု ရှိခဲ့ပါတယ်။ခင်ကလျာဦးMIRT (DCCA)
ဒီတစ်ပတ် ဟိုပုံးဈေးကွက်မှာ နနွင်းခြောက် အဝင်များ လာတယ်လို့သိရပါတယ်။ မူဆယ်ဝယ်လက် အချို့ကတော့ ခပ်ပါးပါးသာဝယ်ယူနေတယ်လို့ဆိုပါတယ်။ သြင်္ကန်ပြီးစမှာ အဝင်သိပ်မများပေမဲ့ ဒီရက်ပိုင်းမှာတော့ အဝင်ပြန် များနေပါ တယ်။ တစ်ရက်ကို ခန့်မှန်းခြေ ပိဿာချိန် ၅ ထောင်၊ ၆ ထောင်ခန့် အဝင်ရှိနေပါတယ်။ အဝင်များနေပေမဲ့ အရောင်း အဝယ်က ခပ်အေးအေးသာရှိနေပါသေးတယ်။ ပြည်ပ ဝယ် လက်တွေ ကတော့ ဈေးမေး လိုက်၊ ကြိုက်ဈေးမရလို့ အဝယ် ခဏရပ်လိုက်နဲ့ နနွင်းက ချင်းလောက် အရောင်းမသွက်ဘူး လို့လည်း သိရပါတယ်။ လက်ကျန်နနွင်းတွေလည်း အတော် များများ ကျန်နေ တာကြောင့် လှောင်လက်တွေ၊ တောင်သူ တွေ ကတော့ ရောင်းချင်နေကြပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၇၂၀ ကျပ်၊ ၇၃၀ ကျပ်ဈေးရှိပါ တယ်။ တောင်ကြီး ဈေးကွက်မှာ အင်းလေးစနနွင်းကိုတော့တစ်ပိဿာ ၅၅၀ ကျပ်၊ ၆၀၀ ကျပ်နဲ့ ဝယ်ယူနေတယ်လို့ သိရပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဧပြီလ ပထမပတ်အတွင်း နနွင်းတန်ချိန် လေးရာ ငါးဆယ် ကျော်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံ များမှာ စင်ကာပူ နိုင်ငံဖြစ်ပါတယ်။ ဧပြီလ ဒုတိယပတ် အတွင်းမှာတော့ မန် ကျည်း ၁၆ တန်ကိုသာ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း စင်ကာပူနိုင်ငံကိုပဲ တင်ပို့ခဲ့ တာဖြစ်ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့ ယှဉ်ရင်တန်ချိန် လေးရာကျော် လျော့ နည်းပြီးတင် ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နနွင်းတင်ပို့မှု မှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ခြောက်ထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့ရဲ့ တစ်ဖက်ကမ်းမှ ဈေးကွက်ထဲကို မြကျောက်သရက်သီးနဲ့ ဘုတ်ထုံသရက်သီးများ ဝင်ရောက်လာပါတယ်။ ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှ မကျီးစုရွာ၊ ရွှေဘုံသာရွာ၊ ညောင်ပင် သာရွာတို့မှ မြကျောက်နဲ့ ဘုတ်ထုံသရက်သီးများ အများဆုံးထွက်ရှိပြီး၊ ပေါ်ဦးပေါ်ဖျားဖြစ်တဲ့အတွက် ရန်ကုန်၊ မန္တလေးမြို့ကြီးများကို တင်ပို့မှုမရှိသေးကြောင်း သိရပါတယ်။ ဈေးနှုန်းများမှာ မြကျောက် သရက်သီးအရွယ်အစား အလိုက် တစ်လုံးကို ၂၀၀ ကျပ်မှ ၂၅၀ ကျပ်၊ ဘုတ်ထုံသရက်သီးမှာ အရွယ်အစားအလိုက်တစ်လုံးကို ၁၀၀ ကျပ်နဲ့ ၁၂၀ ကျပ် ဈေးတို့နဲ့ ရောင်းဝယ်နေကြပါတယ်။အေးမြတ်ခိုင် - ပြည်
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဧပြီလ ပထမပတ်အတွင်း မန်ကျည်းတန်ချိန် တစ်ထောင့် တစ်ရာကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံ များမှာ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ ဧပြီလ ဒုတိယ ပတ်အတွင်းမှာလည်း မန်ကျည်း ၅၈၆ ဒသမ ၈၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း စင်ကာပူနိုင်ငံကို တန်ချိန် ၄၂၀၊ ပါကစ္စတန်နိုင်ငံကို ၁၁၈ ဒသမ ၈၅ တန်၊ မလေးရှားနိုင်ငံကို ၄၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီ တစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် တင်ပို့မှုနဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့မှုမှာ တန်ချိန် ငါးရာကိုးဆယ် နီးပါး လျော့နည်းပြီး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှု မှရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ နှစ်သိန်းကျော်ရှိ ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)