Main menu

Background

Tuesday, 9 May 2023

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတနှင့် မြန်အောင်ခရိုင် တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နွေစပါးစိုက်ပျိုးမှုမှာ ဟင်္သာတ မြို့နယ်တွင် ၁၀၂၂ ဧက၊ ဇလွန်မြို့နယ်တွင် ဧက ၃၀၉၀၊ လေးမျက်နှာမြို့နယ်တွင် ၁၅၅၃ ဧက၊ မြန်အောင်မြို့နယ်တွင် ၉၃၂၇ ဧက၊ ကြံခင်းမြို့နယ်တွင် ၁၄၇၂ ဧက၊ အင်္ဂပူမြို့နယ်တွင် ၂၄၄၂၉ နှင့် စုစုပေါင်း ၄၀၈၉၃ ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်ထက် ၃၇၈၉ ဧက  ပိုမိုစိုက်ပျိုးခဲ့သည်။ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်တွင် ရေတင်စိုက်ပျိုး ကြပြီး အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်များတွင် နန်ကသူ ဆည်၊ ကညင်ဆည်၊ မမြဆည်များမှ ဆည်ရေဖြင့် စိုက်ပျိုးကြ သည်။ ဆည်ရေသောက်  ဒေသများတွင် ဆင်းသုခ၊ မှ

Monday, 24 Apr 2023

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် ဧပြီ ၁ ရက်တွင် စတင်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ပနိုင်ငံများထံ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိရန်  ရည်မှန်းထားကြောင်း သိရ သည်။
MRF အနေဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ  တန်ချိန် ၂ ဒသမ ၅သန်း တင်ပို့ရောင်းချနိုင်ရန် ရည်မှန်းထားခြင်းဖြစ် ကြောင်း အသင်း၏ဆန်ပြည်ပတင်ပို့မှုနှင့်   ပို့ကုန် ဝင်ငွေရရှိမှုအခြေအနေ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Monday, 24 Apr 2023

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း(မိုးကြို)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၇၁၈၈ ဧကစိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း (မိုးကြို)ကို ကျောက်ဆည်မြို့နယ်တွင် ၁၉၀၄ ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် ၂၉၃၉ ဧကနှင့် မြစ်သားမြို့နယ်တွင် ၁၆၁၅ ဧက၊ စုစုပေါင်း ၆၄၅၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ 

Monday, 24 Apr 2023

နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့်ကြိုးပမ်းစို့ - ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် နွေစပါးများ စိုက်ပျိုးထားရှိသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သုံးသီးစားစနစ် မိုးစပါး၊ မတ်ပဲ၊ နွေစပါး အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြသည်။ တောင်ငူမြို့နယ်သည် တန်ဖိုးရှိလှသော သဘာဝအရင်းအမြစ်များ တည်ရှိနေသည်။ အရှေ့ရှမ်းရိုးမပေါ်တွင် ပသိဆည်၊ တောင်ခြေတွင် ကရင်ချောင်းဆည်၊ ကမ်းနီဆည်၊ စစ်တောင်းမြစ်၊ အနောက်ရိုးမတောင်ပေါ်တွင် ခပေါင်းဆည်တို့ ရှိနေခြင်းကြောင့် နွေစပါးစိုက်ပျိုးမှုအတွက် လုံလောက်စွာရေပေးထားနိုင်သည်။

Tuesday, 28 Mar 2023

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိသည့် ပြောင်းဆံများကိုဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ "အခုက မြန်မာဘက်ကတော့ ဘာမှမပြင်ဆင်ရသေးဘူး။ သူတို့ဘက်က ဝယ်ဖို့ စိတ်ဝင်စားတယ်။ အဲဒါကြောင့် လာပြီး ကမ်းလှမ်းတာတွေရှိတယ်" ဟု အဆိုပါအသင်းမှ တာဝန်ရှိသူ တစ်ဦးက မတ် ၂၂ ရက်တွင် ပြောသည်။
ယင်းသို့ ကမ်းလှမ်းထားခြင်းမှာ နှစ်နိုင်ငံအစိုးရချင်း နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး ဝယ်ယူရေးအတွက် တရားဝင် ကမ်းလှမ်းထားခြင်းမျိုးတော့မဟုတ်ကြောင်း ၎င်းက ပြောသည်။

Tuesday, 28 Mar 2023

ပြည်ကုန်စည်ဒိုင်တွင် ပြည်ပသို့ တင်ပို့မှုရှိသော ပဲများမှာ အရောင်းသွက်လျက်ရှိပြီး  ပဲဈေးများမှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။ မတ်လအစမှစ၍ ပြည်ပပို့ကုန်ဈေးများ မြင့်လျက်ရှိကြောင်း သိရှိရသည်။

ပြည်ကုန်စည်ဒိုင်၏ မတ်လဒုတိယပတ်တွင် မတ်ပဲ ဈေးမြင့်လာပြီး ပဲတစ်တင်းကို ကျပ် ၆၄၀ဝ၀-၆၅၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ တတိယပတ်မှာ ထောပတ်ပဲ ဈေး ပိုတက်လာပြီး ပဲတစ်တင်းကို ကျပ် ၆၆၅၀ဝ-၆၇၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၄၀ဝ ခန့် ရန်ကုန်တင်ပို့မှု ရှိခဲ့သည်။

Tuesday, 14 Mar 2023

မတ်လ   ဒုတိယပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  မုံရွာ ပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ် ပိဿာ ချိန် ၃၀ဝ၀ဝ ကျော်  ဝင်ရောက်လျက်ရှိ သည်။ ပွဲရုံသို့ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှောက်    တင်ပို့လျက်ရှိ ကြောင်း သိရသည်။

Tuesday, 14 Mar 2023

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပဲတီစိမ်း၊ ပဲစင်းငုံနှင့်မတ်ပဲ စုစုပေါင်းတန်ချိန် ၁၅၆၅၆၀ ကျော် တင်ပို့မှုများအား စုစည်းဖော်ပြပေးလိုက်သည်။ 
ပဲတီစိမ်း

Friday, 3 Mar 2023

အခြေခံ စားသောက်ကုန် စားဖိုဆောင် သီးနှံဖြစ်သည့် မြန်မာ့ကြက်သွန်နီကို ဈေးကွက် အလားအလာရှိသည့် ပြည်ပနိုင်ငံများသို့ G to G  စနစ်ဖြင့် တိုးမြှင့်တင်ပို့နိုင်ရန် လုပ်ဆောင် နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊    မြန်မာ့ကုန်သွယ်မှု မြှင့်တင် ရေးအဖွဲ့မှ သိရသည်။
ယင်းသို့ တင်ပို့နိုင်ရန်အတွက် ဖိလစ်ပိုင် အပါအဝင်   ဈေးကွက်အလားအလာရှိသည့် နိုင်ငံများနှင့်   ချိတ်ဆက်လုပ်ဆောင်သွားမည် ဖြစ်ပြီး လက်ရှိ ဖိလစ်ပိုင်နိုင်ငံတွင် ကြက်သွန်နီ ဈေးအမြင့်ဆုံးရောက်ရှိနေသောကြောင့် အစိုးရ ချင်း ချိတ်ဆက်၍ တင်ပို့ရောင်းချနိုင်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။

Friday, 3 Mar 2023

မကွေးတိုင်းဒေသကြီး၊  စားသုံးသူရေးရာ ဦးစီးဌာန၊ မင်းဘူးခရိုင်၊  စလင်းမြို့နယ် တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့်   အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက်  နံနက် ၁၁နာရီတွင် နွယ်တ မယ်ကျေးရွာရှိ  ပံပြောင်းစိုက်ပျိုးသော တောင်သူ ဦးအေးဝင်းထွန်းနှင့် တွေ့ဆုံ၍စိုက်ပျိုးထုတ်လုပ်မှု ရောင်းဝယ်ဖောက်ကားမှု   အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့သည်။

Pages