Main menu

Background

Thursday, 19 Jan 2023

          ပညာရှင်များ ၂၀၂၂ ခုနှစ်ကို ကမ္ဘာ့စားနပ်ရိက္ခာစိန်ခေါ်မှု နှစ်တစ်နှစ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြတယ်။ ပထဝီနိုင်ငံရေး တင်းမာမှုများ၊ နိုင်ငံတကာပဋိပက္ခများ ပြင်းထန်သော ရာသီဥတုဖြစ်ရပ်များကြောင့် အစားအစာထောက်ပံ့ရေး ကွင်းဆက်ပြတ်တောက်ပြီး  အစားအစာဈေးနှုန်း ကြီးမြင့်မှု စတဲ့အားနည်းချက်များစွာကို ဖော်ထုတ်တွေ့ရှိခဲ့ကြလို့ ဖြစ်ပါတယ်။

Tuesday, 3 Jan 2023

ဧရာဝတီတိုင်းဒေသကြီး၌ မတ်ပဲအသစ်များ ဈေးကွက်အတွင်း အဝင်ရှိနေပြီး ပေါ်ခါစရက်ပိုင်းအတွင်း တစ်တင်းဈေးနှုန်း ကျပ် ၆၀ဝ၀ဝ ရရှိခဲ့သော်လည်း နောက်ရက်များတွင် တဖြည်းဖြည်း ဈေးကျဆင်းလာ သည်။ မတ်ပဲအသစ် ဈေးကျလာသည်နှင့်အမျှ မတ်ပဲဟောင်းဈေးနှုန်းက လည်း ကျပ် ၁၀ဝ၀ ဝန်းကျင်  ဈေးအကွာဖြင့် ဈေးနှုန်းလိုက်ကျဆင်းနေ သည်။

Thursday, 8 Dec 2022

နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှအမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၁၁သန်းတန်ဖိုးရှိဆန်တန်ချိန် ၃၁၃၂၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့်  အာရှနိုင်ငံများသို့  ဆန် တန်ချိန် ၂၇၃၆၀ ကျော်၊ အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၃၉၆၀နီးပါးတင်ပို့ခဲ့သည်။ တင်ပို့မှုအများဆုံးနိုင်ငံများမှာ အာရှ နိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ဆန်တန်ချိန် ၁၅၃၂၀ ကျော်၊ တရုတ် နိုင်ငံသို့ ဆန်တန်ချိန် ၇၂၈၀ ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့  ဆန်တန်ချိန် ၄၁၀၈ တန်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ နှင့်ဟောင်ကောင်သို့ ဆန်တန်ချိန် ၁၅၅ တန် တင်ပို့နိုင်ခဲ

Monday, 28 Nov 2022

စစ်ကိုင်းခရိုင်တွင် ချည်မျှင်ရှည်ဝါ၊ချည်မျှင်တို(မလှိုင်ဝါ၊ ဝါကြီး)တို့ စိုက်ပျိုးကြသည်။ ဝါမျိုးစုံမျိုးကွဲအလိုက် မိုးကြို တွင် (ရွှေ-၈၊ ငွေ-၉)၊   မိုးတွင် (ငွေ-၆၊ ရွှေ-၈၊ ငွေ-၉) နှင့် မိုးနှောင်းတွင် (ငွေ-၆၊ ရွှေ-၈၊ ငွေ-၉) မျိုးများကို   စိုက်ပျိုး ကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံ (ချည်မျှင်ရှည်ဝါ) လျာ ထားဧက ၃၉၈၁၂၊ အမှန်စိုက် ဧက ၄၀၁၈၆ ဖြစ်၍ (၁၁၀%) လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ 

Monday, 28 Nov 2022

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး မိုးသီးနှံဖြစ်သော မိုးစပါးကိုလည်း အဓိကထား အများဆုံးစိုက်ပျိုးကြသည်။ မိုးစပါး စိုက်ပျိုမှုအနေဖြင့် ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် ၁၅၆၇၀၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင်  ၁၄၃၇၉၆ ဧက စိုက်ပျိုးထားပြီး ယခုနှစ်မိုးစပါးများမှာ ယခင်နှစ်ထက် ပိုမိုဖြစ်ထွန်းကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ 

Tuesday, 22 Nov 2022

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုဝင်ဘာလ ‌တတိယ ပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေသည်။ ရွှေဘို ခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင် ဘာလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၃၀ဝ၀၊ မန္တလေး သို့ အိတ်ရေ ၄၃၆၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၉၀ဝ၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၅၀ဝ၊  ရှမ်း(မြောက်)သို့  အိတ်ရေ ၈၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၀၃၆၀ဝ၊ တန်အားဖြင့် ၅၁၈၀ တန် စီးထွက်ခဲ့သည်။ ယခုတစ်ပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၅၀ဝ၊ မန္တလေးသို့ အိတ်ရေ ၄၄၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀ဝ၊ ရှမ်း(တော

Tuesday, 8 Nov 2022

အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လတာကာလ အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ဝ၃၁ သန်း တန်ဖိုးရှိ  ဆန်တန်ချိန် ၁၀၂၅၂၀ ကျော် တင်ပို့ခဲ့သည်။ အောက်တိုဘာလအတွင်း  ဆန်အများ ဆုံး တင်ပို့သော နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၃၆၀ဝ၀၊တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၀ဝ၀ကျော်၊ ဖိလစ် ပိုင်နိုင်ငံသို့ တန်ချိန် ၈၆၉၀၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၂၃၆၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၆၀ဝ ခန့်  တင် ပို့နိုင် ခဲ့ပြီး အီးယူနိုင်ငံများသို့တန်ချိန် ၄၂၈၀ဝ ကျော်တင်ပို့ခဲ့သည်။ဟောင်ကောင်နှင့်  ထိုင်ဝမ်သို့လည်း တန်ချိန် အနည်းငယ်စီ တင်ပို့ခဲ့သည်။အောက်တိုဘာလအတွင်း မြန်မာ-တရုတ် နယ်စ

Wednesday, 2 Nov 2022

မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်ခရိုင်တွင် မိုးစပါး စိုက်ဧက ၁၄၃၇၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရသည်။ မိုးရေ၊ မြစ်ရေ၊ ချောင်းရေ  လုံလောက်စွာရရှိသောကြောင့်  မိုးစပါးများ ကောင်း မွန် စွာအောင်မြင်ဖြစ်ထွန်း လျက်ရှိသည်။ကျောက်ဆည်ခရိုင်အတွင်း မိုးစပါးကိုအရည်အသွေး ကောင်း၊ဈေးကောင်းရရှိသော   ဧရာ ပဒေသာစပါးမျိုးကို အဓိကထား  စိုက် ပျိုးပြီး မနောသုခ၊   ရေဆင်းလုံးသွယ်၊ ရွှေမနော်၊   ရွှေသွယ်ရင်  စပါးမျိုးများ လည်း စိုက်ပျိုးကြကြောင်း၊ စပါးစိုက်ပျိုး ရာတွင် ပက်ကြဲစနစ်သည်  ကုန်ကျစရိတ် သက်သာသောကြောင့် တောင်သူအများစုမှာပက်ကြဲစနစ်ကို အများဆုံးစိုက်ပျိုးလာကြကြောင်

Wednesday, 2 Nov 2022

အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆၁၄ သန်း တန်ဖိုးရှိ  ဆန်တန်ချိန် ၃၅၅၀ဝ ကျော် တင်ပို့ခဲ့သည်။ ယခုသီတင်းပတ်အတွင်း တင်ပို့မှုများမှာ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၂၆၀၉၀ ကျော်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၉၄၁၀ ကျော် တင်ပို့ခဲ့သည်။ယခုတစ်ပတ် ဆန်တင်ပို့မှုအနေဖြင့်ဥရောပနိုင်ငံများ ဖြစ်သော စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၇၃၀ ၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၁၀၅၀ဝ၊  ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ဝ၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၅၇၉ တန်နီးပါး စလိုဗေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၃၈၀ ကျော်၊ အင်္ဂလန

Tuesday, 1 Nov 2022

အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်ထိ  ကာလအတွင်း   ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၃၁ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၀ဝ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ခဲ့သည်။
ယခုတစ်ပတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမဝ၅၅ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန်၁၅၄၀တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့်တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့   ရော်ဘာတန်ချိန် ၁၄၉၀ ကျော်နှင့်  ထိုင်းနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၅ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။    နည်းလမ်း နှစ်သွယ်မှ ရော်ဘာတင်ပို့မှု   စုစုပေါင်းတန်ချိန် ၁၇၄၀ တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈၆ သန်းရရှိခဲ့သည်ဟု သိရသည်။

Pages