Main menu

Background

Sunday, 13 Jan 2013

ဒီတစ်ပတ်မှာလည်း ဟိုပုံးချင်းက အဝင်နည်းနေပါသေးတယ်။ လှောင်လက် ကတော့ ဈေးနေ့တွေမှာ တစ်ပိဿာ ၂၀၀ ကျပ်နဲ့ လက်လီလိုက်ဝယ်နေရပါတယ်။ တောင်သူတွေကတော့ ပန်းနှမ်း၊ ပြောင်းနဲ့ စပါးတွေကိုသာ သိမ်းနေကြလို့ အလုပ် မအားတဲ့အတွက် မဖော်ဖြစ်ကြသေးဘူးလို့သိရပါတယ်။ ချင်းကမြေကြီးထဲမှာ အတော်ကြာ ကြာအထားခံတဲ့အတွက် ကျန်သီးနှံတွေရိတ်သိမ်းပြီးမှသာ ဖော်ကြ တော့မှာဖြစ်ပါတယ်။ ဈေးကွက်မှာ အဝင်နည်း တာကြောင့် အဝယ်သာရှိနေပြီး၊ အရောင်းကတော့ မရှိသေးဘူးလို့လည်းသိရပါတယ်။ ဟိုပုံးချင်းခြောက် ကတော့ တစ်ပိဿာ ၁၀၀၀ ကျပ်၊ ၁၁၀၀ ကျပ်၊ ဈေးပေါက်ပေမဲ့ ဈေးသာရှိပြီး၊ ပစ္စည်းလက် ကျန်ကတော့ သိပ်မရှိတော့ဘူး လို့လည်း သိရပါတယ်။

အောင်ပန်းဈေးကွက်မှာတော့ ချင်းကအဝယ်လှိုင်နေတုံးပါပဲ။ အဝင်များသလို ပုံမှန်ရောင်းနေရတယ် လို့လည်းသိရ ပါတယ်။ ပြည်တွင်းသုံးအတွက်သာ ဝယ်ယူမှု ရှိနေပြီး၊ ပြည်ပဝယ်လိုအား ကတော့မရှိသေး ပါဘူး။ တောင်သူေ တွကတော့ ချင်း (စို) တွေကို ပြည်ပဝယ်ယူရင် ဒီထက်ဈေးကောင်းရမှာမို့၊ ပြည်ပဝယ်လိုအား ရှိစေချင်ကြပါတယ်။ မနှစ်ကလည်း မူဆယ်ဝယ်လက်တွေကသာ အနည်းအကျဉ်း ဝယ်ယူခဲ့ပြီး ရပ်သွားတာကြောင့် တစ်နှစ်ပတ် လုံး ပြည်တွင်းသုံးအနေနဲ့သာ ရောင်း ခဲ့ရပါတယ်။ ဒီနှစ်တော့ ပြည်ပတင်ပို့နိုင်ခဲ့ရင် မနှစ်ကထက်တော့ အကျိုးအမြတ် ရနိုင်တယ်လို့လည်း တောင်သူတွေကမျှော်လင့်နေကြပါတယ်။ ချင်း (စို) ကတော့ အကြီး၊ အသေးပေါ် မူတည်ပြီး တစ်ပိဿာကို ၂၅၀ ကျပ်၊ ၃၀၀ ကျပ်ဈေးရှိနေပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်-တောင်ကြီး
 

Sunday, 13 Jan 2013

ပြည်မြို့နယ်၊ ချင်းဈေးကွက်ကို အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများ နှစ်ပတ်လည်ပုံမှန်  ဝင်ရောက်မှုရှိနေပြီး မိတ္ထီလာချင်းက ဒီဇင်ဘာလဆန်းပိုင်း လောက်မှ ဝင်ရောက်ပြီးဖြစ်ပါတယ်။ မိတ္ထီလာချင်းအနေနဲ့ ရှမ်းချင်းနဲ့ယှဉ်ရင် ချင်း အရည်အသွေးအရ ဈေးသိပ်မရပါဘူး။ ရှမ်းချင်းကတော့ စားသုံးသူအကြိုက်ဖြစ်ပြီး၊ ပြည်ဈေးကွက်မှာ တစ်နေ့ကို ပိဿာချိန် ၈၀၀ ခန့် ပုံမှန် အရောင်းအဝယ်ဖြစ်နေ ပါတယ်။  တောင်ကြီးဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ ၂၅၀-၃၀၀ ကျပ်ဈေးနဲ့ အဝယ်ရှိပြီး၊ ပြည်ဈေးကွက်လက်ကားပွဲရုံများမှာ ယခင်တစ်ပတ်က ဈေးအတိုင်းရှိပြီး၊ ဒီတစ်ပတ်ချင်း (စို)တစ်ပိဿာ ၄၅၀-၆၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ လက်လီ ဝယ်ယူမှုများပြီး၊ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုင်ပြည်နယ်တောင်ကုတ်ကို အပတ်စဉ် တင်ပို့လျက်ရှိပါတယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားပါတယ်။ဝင်းဝင်းခိုင် - ပြည်

Sunday, 13 Jan 2013

ယခုဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ချင်း ပြည်ပကို စုစုပေါင်းတင်ပို့ပြီးစီးမှုမှာ တန်ချိန် ကိုးထောင်ကျော်ရှိခဲ့ပြီး ရရှိခဲ့တဲ့ ဝင်ငွေ ကကန်ဒေါ်လာ ၄၁ သိန်းကျော်ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာ လတူမှ တန်ချိန် နှစ်ထောင့်ခြောက်ရာကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ဆယ့်သုံး သိန်းကျော်ရ ရှိခဲ့တာကြောင့် ယခုနှစ်မှာ တန်ချိန် ခြောက်ထောင့်ငါးရာကျော်ပိုမို တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ နှစ်ဆယ့်နှစ်သိန်းကျော် ပိုမိုရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။             MIRT (DOT)

Sunday, 13 Jan 2013

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ပွဲစားကုန်သည်စက်ပိုင်များ၊ မဟာကထိန် တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)၊ မြင်းခြံကုန်စည်ဒိုင်၊ ကျောက်ပန်းတောင်း ကုန်စည်ဒိုင်တို့ရှိရာမှာ မန္တလေးကုန်စည်ဒိုင်ဟာ သက်တန်းရင့် ပြီး၊ ကုန်စည်ဒိုင် အသင်းဝင်အင်အား များပြားတောင့်တင်းကာ နှစ်ပတ်လည် အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်နဲ့ ကျောက်ပန်းတောင်းကုန်စည်ဒိုင်များမှာ သက်တမ်းနုနယ်သော်လည်း ကုန်စည်ရောင်းဝယ်မှု အင်အားမှာ တဖြည်းဖြည်း တိုးတက်လာလျက်ရှိကြောင်း၊ ယခင်ကာလများမှာ ပြင်ပမှာသာ အဆင်ပြေသလို အရောင်းအဝယ်ပြုလုပ်နေကြရကြောင်း၊ ယခုအခါ ကုန်စည်ဒိုင်မှာ အရောင်း အဝယ် ပြုလုပ်ရလို့ ပေါက်ဈေးနှုန်း အမှန်နဲ့ အာမခံချက်ရှိတာကြောင့် ရောင်းဝယ်မှု အဆင် ပြေလျက်ရှိကြောင်း သိရပါတယ်။

Sunday, 13 Jan 2013

မြန်မာ-တရုတ်နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂ ရက်မှ ၈  ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၂၁ သန်းတန်ဖိုး ရှိတဲ့ ပဲတီစိမ်းလုံးပြည့် ၆၂၄ တန်ခွဲနဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၉၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၇၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း လုံးပြည့်တန် ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ် တန် ၃၀၀ ကျော် လျော့ နည်းခဲ့ပြီး ယခင်အပတ်က လုံးခြမ်း ၁၇၅ တန် အပိုရှိခဲ့လို့ ယခုအပတ်မှာ ၂ တန် ကျော် အပို့ပိုလာတာတွေ့ရပါတယ်။ နှစ်ဖက်မြေပြင် ပေါက်ဈေးများကိုကြည့်လျှင် မိမိဘက်ဈေးများ ယခင်အပတ်ထက် အနည်းငယ်ဈေးမြင့်လာပြီး တစ်ဘက်နို င်ငံ ဈေးပြောင်းလဲမှု မရှိတာတွေ့ရပါတယ်-

Sunday, 13 Jan 2013

၂၀၁၃ ဇန်နဝါရီ ဒုတိယပတ် ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံ ဈေးနှုန်းများ ဈေးအပြောင်းအလဲ သိပ်မဖြစ် ဘဲ ဈေးငြိမ်နေခဲ့ တာကို တွေ့ရပါတယ်။ ပဲပုပ်သီးနှံတစ်မျိုးသာ တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေးလျော့သွားခဲ့ပါတယ်။  ပဲပုပ်တစ်တင်းကို ၁၆၅၀၀ ကျပ်နဲ့ ပဲသစ်များဟာ ပေါင်းတလည်၊ ပန်းတောင်း ဘက်မှ ဆက်တိုက်ဝင်ရောက်ခဲ့ပြီး၊ အိတ် ၃၀ မှ ၅၀ အထိ လက်လီအဝယ်လိုက်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲသီးနှံ ကတော့ ယခင်အပတ်ကအတိုင်း တစ်တင်း ၁၄၀၀၀ ကျပ်နဲ့ သာ ရန်ကုန်ဝယ်လက်နေ့စဉ်အဝယ်မရှိဘဲ ရက်ခြားသာ အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် အိတ် ၂၀၀ မှ ၃၀၀ ခန့် ရောင်းချနိုင်ခဲ့ပါတယ်။ ပဲသစ်များ လကုန်မှာ ဝင်ရောက်နိုင် တယ်လို့ သိရပါတယ်။

Sunday, 13 Jan 2013

မုံရွာကုန်စည်ဒိုင် ဇန်နဝါရီလ ဒုတိယပတ်အစ ပဲဈေး ကွက်မှာ ပဲသစ်အချို့ပေါ်စပြုပေမယ့် ထင်သလောက် အဝယ် မသွက်ခဲ့ဘဲ ဈေးလည်းအေးလျက်ရှိတာတွေ့ရပါတယ်။ ယခု တစ်ပတ် ကုလားပဲမျိုးစုံဈေးကွက် အနေနဲ့ မန္တလေး-ရန်ကုန် ဝယ်လက်ငြိမ်နေပြီး၊ ဒေသခံစက်သမားနဲ့ လုပ်ငန်းသုံးသမား တွေရဲ့ အဝယ်သာရှိလို့ ပစ္စည်းမပေါပေ မယ့် ဈေးငြိမ်နေခဲ့ပါ တယ်။ ယခုတစ်ပတ်အတွင်းမှာ V2 တစ်တင်း ၁၆၁၀၀ ကျပ်မှာ တန့်နေကာ ထိုင်ဝမ်တစ်တင်း ၁၈၅၀၀ ကျပ်နဲ့ 929 ကုလားပဲတစ်တင်း ၁၈၁၀၀ ကျပ်အသီးသီး အမြင့်ဆုံး ပေါက် ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ယခုတစ် ပတ်မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲမျိုးစုံ အိတ် ၅၀၀၀ ဝန်း ကျင်ပုံမှန်ဖြစ်ခဲ့တယ်လို့ ကုန်သည်လောကက ကြားသိရပါ တယ်။

Sunday, 13 Jan 2013

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်အတွင်း ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ အသစ် အဟောင်း ပြောင်းဖူး စေ့၊ နှမ်းနက်၊ နှမ်းညို၊ ပဲတီစိမ်း ကြီး/သေး၊ ပြောင်းဆန်တွေ အရောင်းအဝယ်ဖြစ်ပါတယ်။ ပဲစင်းငုံအရောင်းအဝယ် အနေ နဲ့ ပဲစင်းငုံနီအသစ် နေ့စဉ် အရောင်းအဝယ်ဖြစ်ပြီး၊ စုစုပေါင်း ၁၄၉၅ အိတ်အရောင်းအဝယ်ဖြစ်ပါတယ်။ ဈေးအနေနဲ့ အနိမ့် ဆုံး ၁၇၃၀၀ ကျပ်မှ ၁၇၈၀၀ ကျပ်ဈေးအထိ နည်းနည်းခြင်း တက်ပြီး၊ တစ်တင်း အပေါ် ၅၀၀ ကျပ် တက်လာတာတွေ့ရ ပါတယ်။ အဟောင်းအနေနဲ့ တစ်ရက်ဘဲ အရောင်း အဝယ် ဖြစ်ပြီး၊ အိတ် ၂၈၀၊ ဈေးနှုန်း ၁၆၁၀၀ ကျပ်ပါ။ ရာသီဖျက်လို့ အသစ်အထွက်နည်းတယ်၊ အဟောင်း သမားလည်း လှောင် လက် လက်ကျန်ရှိနေမယ်။ ဈေးကွက်အပေါ် ပဲစင်းငုံနီ အသစ် တက်ရောက်လာမှုအခြေအနေကို ကြည့်ပြီး၊ အဟောင်းသမားများ ကိုင်သင့်...သလား။ ထုတ်ရောင်း မလား စဉ်းစားချင့်ချိန် သုံးသပ်နေကြ တာ တွေ့ရပါတယ်။ ပြောင်းဖူးစေ့ အိတ် ၁၄၀ ဒိုင်မှာ တင်ရောင်းပြီး၊ ဈေးအနေနဲ့ အနိမ့်ဆုံး တစ်တင်း ၅၈၀၀ ကျပ်၊ အမြင့်ဆုံး ၆၀၀၀ ကျပ်မှာ တစ်တင်းအပေါ် ၂၀၀ ကျပ်အကွာ နဲ့ မွေးမြူရေးသမားတွေ စောင့်....ဆွဲနေတာပါ။

Wednesday, 9 Jan 2013

ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၃-၁-၂၀၁၃                                   ကျပ်/ပိဿာ

စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး

28/12
3/1
ပြောင်းလဲမှု
28/12
3/1
ပြောင်းလဲမှု
28/12
3/1
ပြောင်းလဲမှု
28/12
3/1
ပြောင်းလဲမှု

1
မတ်ပဲ
751
767

617
633

685
710

685
690

2
ပဲစင်းငုံ

813

841

792
800

840
855

835

865

3
ပဲတီစိမ်း
1200
1165

800
889

1089
1089

1115
1053

4
ကုလားပဲရိုးရိုး
1050
1055

924
969

895
921

947
921

5
ပဲလွန်းဖြူ
915
915

1000
1000

1079
1105

895
-

6
ထောပတ်ပဲ
935
900

978
996

-
-

-
-

* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။

Wednesday, 9 Jan 2013

ပြည်တွင်းဈေးကွက်မှာရော ပြည်ပဈေးကွက်မှာပါ ရောင်းဝယ် မှုဈေးကွက်နေရာတစ်ခုကို မြန်မာနိုင်ငံထွက် နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်၊ နှမ်းနက်စမုံ၊ နှမ်းကြားတို့က နေရာယူထားပါတယ်။ နှမ်းဖြူကို ပြည်ပ သို့ ကုန်ကြမ်းအနေနဲ့ တင်ပို့ရောင်းချ ခြင်းသာမက အခွံချွတ်ပြီး တန်ဖိုးမြှင့်ကုန်အဖြစ် တင်ပို့တာကိုလည်း တွေ့ရပါတယ်။ မန္တလေးမြို့ ပွဲစားကုန်သည် စက်ပိုင်များရဲ့ ကထိန်တော် အသင်း (မန္တလေးကုန်စည်ဒိုင်)သို့ နှမ်းဖြူကို ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပခုက္ကူ၊ မြောင် မြို့နယ်များမှ လည်းကောင်း၊ နှမ်းညို၊ နှမ်းနက်များကို မကွေး၊ ရေနံ ချောင်း၊ ပခုက္ကူ၊ ချောက်၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ မြင်းမူ၊ ချောင်းဦး၊ ဝက်လက်ဒေသများမှလည်း ကောင်းဝင်ရောက်လျက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ တယ်။ နှမ်းကြားကို တံတားဦး၊ ငါန်းဇွန်း၊ စစ်ကိုင်း၊ ညောင်ပင်ဝန်း တို့မှ ဝင်ရောက်မှုရှိသော်လည်း ဝင်ရောက်မှု ပမာဏ အလွန်နည်း တာကြောင့် ဈေးနှုန်းကို ကြိုက်ရောင်းကြိုက်ဝယ်ဖြင့်သာ ရောင်းဝယ် တာကို တွေ့ရပါတယ်။

Pages