Main menu

Background

Monday, 4 Feb 2013

မုံရွာကုန်စည်ဒိုင် ဇန်နဝါရီလကုန်ပတ် ကုန်စည်ဒိုင် ဈေး ကွက်မှာရန်ကုန်ဝယ်လက်အဆွဲသွက်လို့ ငုံနီအရောင်း အဝယ် သွက်လာတယ်လို့ ကုန်သည်ရပ်ကွက်က ကြားရပါတယ်။ ဒီ တစ်ပတ်အတွင်း ငုံနီတစ်တင်း ၁၇၂၀၀ ကျပ်ဈေး မှာ ငြိမ်နေ ပြီး၊ မုံရွာကုန်သည်တွေနဲ့အပြိုင် ရန်ကုန်လက်တွေ အဝယ် သွက်လာတဲ့အတွက် တစ်ရက်ကို အိတ် ၃၀၀၀ မှ ၄၀၀၀ ကြားအရောင်းအဝယ်အားကောင်းလာတယ်လို့ ဆိုပါတယ်။

ကုလားပဲဈေးကွက်ကတော့ ဒီတစ်ပတ်မှာ ဆက်လက်ပြီး၊ ဈေးရော၊အရောင်းအဝယ်ပါအေးနေခဲ့ပါတယ်။ မန်းနဲ့ ရန်ကုန် အဝယ်အားမရှိဘဲ ဒေသခံပဲခွဲစက်သမား၊ အမှုန့်ကြိတ်လိုင်း သမား၊ ကြာဇံစက်သမားနဲ့ ပဲလက်လီဝယ် လိုအားသာရှိလို့ အခုလို ဈေးအေးခဲ့တာဖြစ်ပြီး၊ ဒီတစ်ပတ်အတွင်း ထိုင်ဝမ် တစ်တင်း ၁၆၅၀၀ ကျပ်၊ V2 တစ်တင်း ၁၅၇၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၆၀၀၀ ကျပ်ဈေးတွေနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ စွန်တာနီဈေးကွက်မှာတော့ ဒေသခံကြာဇံသမားတွေ အသုံးရှိပေမယ့် ဒီလထဲမှာ တစ်တင်း ၁၇၅၀၀ ကျပ်ထိ ဈေး မြောက်ခဲ့လို့ တစ်တင်း ၉၀၀၀ ကျပ်မှ ၁၁၇၀၀ ကျပ်သာရှိတဲ့ ပဲယင်းတွေအစားထိုးအသုံးပြုတဲ့အတွက် စွန်တာနီ ဈေးလည်း ၁၃၅၀၀ ကျပ်ထိ ပြန်အေးလာတာတွေ့ရပါတယ်။ အညာ လိုင်းထွက်ကုန်ပဲတစ်မျိုးဖြစ် တဲ့ မြေထောက်ပဲ  အသစ် တွေဈေးကွက်ထဲ တစ်ရက်အိတ် ၅၀-၁၀၀ ခန့်စတင်ဝင် ရောက်လာပြီး၊ ဒေသခံ ပဲလက်လီ သမားတွေအပြင် ရန်ကုန် ဘက်က ဝယ်လိုအားရှိတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်မှာ တစ်တင်း ၂၃၅၀၀ ကျပ်ထိ ဈေးမြှင့်ဝယ်ယူမှု ရှိနေကာ တမူးနဲ့ ဖောင်းပြင်ဘက်ကထွက်တဲ့ မြေထောက်ပဲကို ဈေးကွက်ကပို ကြိုက်တယ် လို့ ဆိုပါတယ်။ ဇန်နဝါရီလကုန်ပတ် ပဲတီစိမ်းဈေးကွက်အနေနဲ့ မန်း၊ ရန်ကုန်ဝယ်လက်ညီနေပြီး၊ စိမ်းကြီးတစ်တင်း ၁၁၈၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်နဲ့ စိမ်းသေးတစ်တင်း ၂၂၀၀၀ ကျပ်ဈေးတွေမှာ ငြိမ်လျက်ရှိပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ရက်ကို စိမ်းကြီးအိတ် ၇၀၀ မှ ၁၀၀၀ ကြားနဲ့ စိမ်းသေးအိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လိ့ု ဈေးကွက်က ဆိုပါတယ်။ ဖေ ဖော်ဝါရီ မုံရွာပဲဈေးကွက်မှာ ဈေးကောင်းရနေတဲ့ မြေ ထောက်ပဲတွေ ချင်းတွင်းအထက်လိုင်း အဝင် တိုးလာဖွယ်ရှိပြီး ကုလားပဲအသစ်တွေလည်း အဝင်လှိုင်လာဖွယ်ရှိတယ်လို့ လေ့ လာသိရှိရပါတယ်။                      ထွန်းလှိုင် - မုံရွာ
 

Friday, 1 Feb 2013

ဇန်နဝါရီလ ၂၁ ရက်နေ့ ရော်ဘာဈေးနှုန်းများ ယခင် သတင်းပတ်ကထက်အားနည်းလာတယ်။ ဇန်နဝါရီလအ တွင်း ရော်ဘာဈေးနှုန်းများမြင့်မားလာတဲ့အတွက် အမြတ်ရဖို့ ပြန် လည်ရောင်းချမှုများ ရှိလာခဲ့ရာ ဈေးနှုန်းပြန်လည် ကျဆင်း လာတယ်လို့ သိရတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့က တစ်တန် ကို ၃၃၄၃ ဒသမ ၅၀ ဒေါ်လာရှိနေခဲ့တဲ့ ထိုင်းရော်ဘာ RSS-5 (မှိုင်းခံရော်ဘာအဆင့်-၅) ကဇန်နဝါရီလ ၂၁ ရက်နေ့မှာ တစ်တန်ကို ၃၂၉၆ ဒေါ်လာအထိ ၄၇ ဒသမ ၅၀ ဒေါ်လာ ဈေးကျလာတယ်။

Friday, 1 Feb 2013

ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၁၉၇၃ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၈၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာတန်ချိန် ၁၆၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်း အသီးသီးအလိုက်တင်ပို့နိုင်မှုတွေကတော့ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းဖိုးရှိRSS-1 ၁၂ တန် ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၉၇၉ သန်းဖိုးရှိRSS-3  တန်ချိန် ၇၀၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၇၄၆ သန်း ဖိုးရှိMSR-20  တန်ချိန်၂၇၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၂၁၆ သန်းဖိုးရှိMSR-50 ၇၉ တန်ကျော်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၅၉ သန်းဖိုးရှိ RSS-3  တန်ချိန် ၁၆၆ ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၂၃၆ သန်းဖိုးရှိ MSR-20 တန်ချိန် ၄၄၀ ခန့်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ် ရေးစခန်းမှကန်ဒေါ်လာ သုည ဒသမ ၅၇၀ သန်းဖိုးရှိRSS-3  တန်ချိန် ၂၀၀ ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၂၇၀ သန်းဖိုးရှိ MSR-20 တန်ချိန် ၁၀၀ ခန့်အသီးသီးတင်ပို့ခဲ့ပါတယ်။ မိမိဘက်နဲ့တရုတ်နိုင်ငံနယ်စပ်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ကြည့်ရာမှာ ငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် သိသိသာသာပြောင်းလဲမှုမရှိတာကိုတွေ့ရပါတယ်။

Friday, 1 Feb 2013

ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၂၉၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၇၆ တန်ကျော်ကို မလေးရှား၊ စင်္ကာပူနဲ့ တရုတ်နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကတန် ၉၅၀ ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာတန် ၂၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မလေးရှားနိုင်ငံသို့ RSS-3 ၄၃၆ တန်ကျော်၊ MSR-20 ၂၀၁ တန်ကျော်နဲ့ RSS-1 ၁၆ တန်ခန့်ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံသို့RSS-3 တန် ၂၁၀ နဲ့ MSR-20 တန် ၁၀၀ ကျော်ဖြစ်ပါတယ်။ တရုတ်နိုင်ငံကိုတော့ MSR-20 ၂၀၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် နိုင်ငံတကာ်ရော်ဘာဈေးနှုန်းမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းသွားပါတယ်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်းက ထုတ်ပြန်တဲ့ FOB ရော်ဘာဈေးတွေကတော့ RSS-1 တစ်တန်လျှင်ဒေါ်လာ ၃၀၀၀-၃၁၀၀၊RSS-3 နဲ့MSR-20 တစ်တန်လျှ င်ဒေါ်လာ ၂၉၀၀-၃၀၀၀ ၊RSS-5 နဲ့MSR-50  တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊MSR-10 တစ်တန်လျှင်ဒေါ်လာ ၂၉၅၀-၃၀၅၀ အသီးသီးဖြစ်ပါတယ်။ MIRT (DOBT)

Friday, 1 Feb 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၇၆ သန်းဖိုးရှိ နှံစားပြောင်း ၁၂၃၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၀၀၀ ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၂၃၀ ပိုမိုခဲ့ပါတယ်။ နှစ်ဖက်နယ် စပ်မြေပြင် ပေါက်ဈေးများ ကိုကြည့်လျှင်မိမိဖက်ရော၊တစ်ဖက်နိုင်ငံဈေးပါ မြင့်တက်နေတာ တွေ့ ရပါတယ်။ ဒီလိုဈေးမြင့် ရတာကလဲ ပွဲတော်ရက်မတိုင်မီ ကြိုတင်ဝယ်ယူစုဆောင်း နေတဲ့အတွက် ဈေးကြီးပေးပြီး ဝယ်နေတာလို့ သိရပါတယ်-

Friday, 1 Feb 2013

ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၅၈၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၉၈၄ တန်ကို နိုင်ငံ သုံးနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံ တွေကတော့ ဖိလစ်ပိုင် နိုင်ငံသို့ ၁၇၅၄ တန်၊အင်ဒိုနီးရှားနိုင်ငံသို့ ၁၁၅ တန်နဲ့ စင်္ကာပူနိုင်ငံသို့ ၁၁၅ တန် ဖြစ်ပါတယ်။ ယခင်အပတ်က တန် ၆၀၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခု အပတ်မှာ တန်ချိန် ၁၃၀၀ ကျော်ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုအပတ်ပြောင်း FOB ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၇၅-၃၀၀ ဖြစ် တဲ့အတွက် ယခင် အပတ် ထက်ဈေးအနည်းငယ်ပိုရလျက်ရှိပါတယ်။               MIRT (DOBT)

Friday, 1 Feb 2013

တမူးနဲ့ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၃၀၃ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၂၈၈ တန်ခန့်ကိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။ ယခင်အပတ်ကတန် ၃၀၀ ကျော်တင်ပို့နိုင်တာမို့ ယခုအပတ်မှာ ၁၉ တန်လျော့နည်း တင်ပို့နိုင်ခဲ့ပါတယ်။ ကွမ်းသီးခြောက်များမှာ မြိတ်၊ ကော့သောင်း ဘက်မှလာတဲ့ ကွမ်းသီးခြောက်များလို့ သိရပါတယ်။ ယခုရာသီဟာကွမ်းသီးအသစ် ပေါ်ချိန်ဖြစ်တာမို့ ဈေးကွက်ပြောင်းလဲလျက်ရှိ တာကြောင့်တင်ပို့မှုလျော့ကျတာဖြစ် တယ်လို့ နယ်စပ်ရှိကုန်သည်တစ်ဦးထံမှ သိရပါတယ်။ ကွမ်းသီးခြောက် ၁ တန်ကို မိမိဘက်ဈေး ၁၃၀၀၀၀၀ ကျပ်ရှိပြီး တစ်ဖက်နိုင်ငံဈေး ၁ ကီလိုဂရမ်ကို ၁၀၅ ရူပီးဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။ MIRT (DOBT)

Friday, 1 Feb 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ငါးရှဉ့်၊ ကဏန်းကို ကြိုက်ရောင်း ကြိုက်ဝယ်လွတ်လပ်စွာဆောင်ရွက်ရန် စမ်းသပ်ကာလ စတင်နေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။ ငါးရှဉ့်ကို  ၁၇-၁-၂၀၁၃ နေ့ကစပြီး ကြိုက်ရောင်းကြိုက်ဝယ်နဲ့ရောင်းချရာမှာ ၁၈-၁-၂၀၁၃ မှ ၂၄-၁-၂၀၁၃ ထိ ငါးရှဉ့် ပျမ်းမျှကိုတစ်တန်လျှင် ၄၇၁၉၀၀၀ ကျပ်၊ ဒေါ်လာ ၅၅၀၀ နဲ့ အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ ကဏန်းကတော့ ဇန်နဝါရီလ ၂၁  နေ့ တွင်စတင်ခဲ့ပြီး အရွယ်အစား ခွဲခြားမှုမရှိတော့ဘဲ ကဏန်းတစ်တန်လျှင် ၃၁၁၄၅၄၀ ကျပ်၊ ဒေါ်လာ ၃၆၃၀ ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။

Friday, 1 Feb 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းဖိုးရှိ  စပျစ်သီး ၇ တန်ကို ပထမဦးဆုံးအကြိမ် စတင်တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ စပျစ်သီး ၄ တန် တင်ပို့နိုင်ခဲ့ပြီးဖြစ် ပါတယ်။ MIRT (DOBT)

Friday, 1 Feb 2013

ရှမ်းနနွင်းကတော့ အဝင်မရှိသလောက်ပါဘဲ၊ အသစ်တွေကလည်း နောက်တစ်လ၊ နှစ်လမှသာ အဝင်ရှိတော့ မယ်လို့လည်း ဆိုပါတယ်။ အခုလောလောဆယ်မှာတော့ ရန်ကုန်ဝယ်လက်တွေကလည်း လက်ကြီးသမားတွေဆီက ဝယ်ယူနေရတယ်လို့ သိရပါတယ်။ တချို့တောင်သူတွေဆီမှာတော့ အနည်းငယ်ကျန်နေသေးပေမယ့် ကြိုက်ဈေးမရေ သးတာကြောင့် ထုတ်မရောင်း ကြသေးပါဘူး။ ဟိုပုံးနနွင်းကလည်းဈေး သာရှိပြီး၊ပစ္စည်းကဈေးကွက်မှာ မရှိဘူးဖြစ်နေ တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်မှာ ပင်လောင်း နနွင်းကပိုပြီး အရောင်းအဝယ်ဖြစ်နေ တာကြောင့် ဈေးကလည်းတက်လာပါတယ်။ ရန်ကုန်ဝယ်လက်တွေကလည်း ဈေးနိမ့်တဲ့ပင်လောင်းနနွင်းကို ပိုပြီး ဝယ်ယူတယ်လို့လည်း သိရပါတယ်။ ဒီတစ်လအတွင်း နနွင်း(ညံ့)ပိဿာချိန်ပေါင်း တစ်သိန်း နှစ်သောင်းခန့်လည်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။

Pages