Background
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ ကာလအတွင်းမှာကန်ဒေါ်လာသုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိမန်ကျည်းစေ့ ၁၃၈တန်ကျော်နဲ့ကန်ဒေါ်လာ သုညဒသမ ၀၇၁ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၉ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် မန်ကျည်း စေ့ ၂၇ တန်နဲ့ မန်ကျည်းမှည့် (အစေ့ပါ) ၃ တန်ခန့် အပို့ပိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာမှာ ရေစိမ့်ဝင်အားကိုတားဆီးနိုင်တဲ့ အတွက် မန်ကျည်းစေ့များကိုအမှုန့်ကြိတ်ပြီး ဘိလပ်မြေနဲ့ ရောသုံးတာဖြစ်ပါတယ်။ MIRT(DOBT)
ဟိုပုံးဈေးကွက်မှာတော့ ချင်း(ဥမ)တွေ ဒီတစ်ပတ်မှာ အဝင်မရှိသလောက် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေကဝင်တဲ့ ချင်းတွေကိုသာ ရောင်းနေရ တယ်လို့ လည်း သိရပါတယ်။ အခုလောလောဆယ်မှာတော့ ချင်း(ဥမ) တွေကို ပွဲရုံတွေက အရည်အသွေးပေါ်လိုက်ပြီး၊ ကောင်းရင်ကောင်းသလို တစ်ပိဿာကို ၇၀ ကျပ်မှ ၁၃၀ ကျပ်ထိပေးပြီး လိုက်ဝယ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ချင်း(ဥမ)အကြီး (အလှ)တွေကို တစ်ပိဿာ ၁၇၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချင်းခြောက်ကတော့ ကုန်သလောက်ဖြစ်နေပြီး၊ တစ်ပိဿာ ကို ၁၄၀၀ ကျပ်ဈေးပေါက်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီတို့မှ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက် ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၇၈ သန်းတန်ဖိုးရှိ ချင်းခြောက် တန် ၄၀ ခန့်အပို့ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် ၁၀ တန်ခန့်အပို့ပိုခဲ့တာဖြစ်ပါတယ်။ မူဆယ်မှ ၂၅ တန်ခန့် မြဝတီမှ ၁၅ တန်အပို့ရှိခဲ့တာဖြစ်ပြီး ယခင်အပတ်ကတော့ မြဝတီနယ်စပ်မှသာ ၂၉ တန်ခန့် တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
သြဂုတ်လအတွင်းမှာ စင်ကာပူနိုင်ငံသို့ ချင်း တန် ၁၃၀ တင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လအတွင်းမှာ တင်ပို့နိုင်ခဲ့တာက တန်ရှစ်ဆယ်ကျော်ဖြစ်တာကြောင့် သြဂုတ် လမှာ တန် ၅၀ လောက်ပိုမို တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လမှာတော့ ချင်းတင်ပို့နိုင်ခြင်း မရှိခဲ့တာတွေ့ရပါတယ်။ သြဂုတ် လအတွင်း ချင်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းက ကန်ဒေါ်လာ တစ်သိန်းရှစ် ထောင်ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ယနေ့အရောင်းအဝယ်လောကရဲ့ အများဆုံးဖြစ်ပေါ်နေတဲ့ မသမာမှုများ ဟာ ယုံကြည်မှုကို အလွဲသုံးစား ပြုခြင်းဖြစ်ပါတယ်။ နေ့စဉ် ပုံမှန် အရောင်းအဝယ် ပြုလုပ်နေရာမှ မိမိရဲ့အမြတ်အစွန်း တစ်ခုတည်း ကိုကြည့်ပြီး ဈေးကစားခြင်း ပြုလုပ်ရင်း ပြုလုပ်ရင်းမှ ဈေးအမြင့်နဲ့ ဝယ်မိပြီး၊ ဈေးကျသွားလို့ ဆုံးရှုံးမှု များဖြစ် ပေါ်ပြီး၊ မသမာမှုများ တိမ်းရှောင်မှုများ၊ လိမ်လည်မှုများ ဖြစ်ပေါ်လာရခြင်းဖြစ် တယ်လို့ သုံးသပ်မိပါတယ်။
ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှာ ကုလားပဲ မျိုးစုံ အရောင်းအဝယ်အေးပြီးဈေးလည်း အနည်းငယ်ကျခဲ့ တာ တွေ့ရပါတယ်။ မန္တလေး၊ ရန်ကုန်ဝယ်လိုအားလျော့ခြင်း၊ စက်တင်ဘာ မိုးပြောင်း ပဲခွဲစက်၊ အမှုန်ကြိတ်စက်နဲ့ ကြာဇံ စက်လိုင်းသမားတွေ အဝယ်အေးလို အခုလို အရောင်းအဝယ် လေးခဲ့ခြင်း ဖြစ်တယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ စက်တင်ဘာလ ပထမပတ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေး ကွက်အနေနဲ့ V2 ကုလားပဲမှာ တစ်တင်း ၂၀၃၀၀ ကျပ်ထိ ကျဈေးဖြစ်ခဲ့ကာ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်ကုလားပဲကတော့ တစ်တင်း ၂၀၈၀၀ ကျပ်ထိ အနိမ့်ဆုံးဖြစ်ခဲ့ကာ တစ်ရက်အိတ် ၃၀၀ ဝန်းကျင် အရောင်းအဝယ်ရှိခဲ့ပြီး၊ 929 ကုလားပဲအနေနဲ့ မုံရွာကုန်စည်ဒိုင်မှာ တစ်တင်း ၂၁၀၀၀ ကျပ်အနိမ့်ဆုံး ဈေး ဖြစ်ခဲ့ကာ တစ်ရက်ကို အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ကုန်သည်နဲ့ ပွဲစားလောကမှာ ကြားသိရပါတယ်။ စီးဆင်းမှုအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ရန်ကုန်ကို ရေကြောင်းနဲ့ အိတ် ၅၀၀၀ ခန့် မန္တလေးကို အိတ် ၁၀၀၀၀ ခန့် တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပြည်ပနဲ့ ပဲအရောင်းအဝယ်ပြုလုပ်ပြီး လိုင်စင်လျှောက် ထားရာမှာ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းကို ကုန်စည် ဒိုင်တာဝန်ရှိသူများမှ ယခင်က ထောက်ခံချက် ထုတ်ပေး ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီလို ဈေးနှုန်းထောက်ခံပေးခြင်း အားဖြင့် လိုင်စင်လျှောက်ထားရာမှာ ဈေးနှုန်းအာမခံ ချက်ရှိသလိုပြည်ပဝယ်လက်များနဲ့ ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့ရင်လည်း ယင်းထောက်ခံချက် အရ ဖြေရှင်းခြင်းအား ဖြင့် အဆင်ပြေချောမွေ့စေခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စက် တင်ဘာလ ၁ ရက်ကစပြီး ပွဲစားလုပ်ကိုင်ခွင့်ရပ်ဆိုင်း လိုက်ပြီးတဲ့ နောက် အရောင်းအဝယ်တန့်သလိုဖြစ်ခဲ့ပေမဲ့ အိန္ဒိယအဝယ် အမှန်တကယ်လိုက်လာတဲ့ ဒီရက်ပိုင်းမှာတော့ ဈေးကွက်ပြန်တက် လာတယ်လို့သိရပါတယ်။ ကြားခံပွဲစားမထားဘဲရောင်းသူနဲ့ ဝယ်သူ တိုက်ရိုက် ထိတွေ့ရောင်းဝယ်ခြင်းအားဖြင့် လက်ကြီးသမားများရဲ့ ပဲဈေးနဲ့ အဟလဲနည်းသွားပြီး ဈေးကစားမှုတွေ မရှိတော့ဘူးလို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။
သြဂုတ်လအတွင်း တစ်တန်ကို ၂၇၄၀ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိကျဆင်းသွားခဲ့တဲ့ ကမ္ဘာ့ ရော်ဘာ ဈေးနှုန်းေ တွက သြဂုတ်လ ၂၈ ရက်မှာတစ်တန်ကို ၂၈၀၀ ဒေါ်လာကိုပြန်လည်ရောက်ရှိ လာတယ်။ ရော်ဘာစိုက်ပျိုး ထုတ်လုပ် တင်ပို့မှု အများ ဆုံး နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံ တို့က ရော်ဘာတင်ပို့မှု လျှော့ချ သွားဖို့ ဆုံးဖြတ်လိုက်ခြင်းက ရော်ဘာ ဈေးနှုန်းကျဆင်းမှု ကို ရပ်တန့်သွားစေခဲ့တယ်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၇၄၉ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3 ၂၅၃ တန်ကျော်နဲ့ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၀ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3 ၁၄ တန် သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှု ထက်နှစ်ဆကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လမှာ နယ်စပ်မှရော်ဘာ ၇၄၆ တန်တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လနဲ့ နှိုင်းယှဉ်လျှင် ၈၄၈ တန်ကျော် တင်ပို့မှုလျော့ခဲ့ပါတယ်။ ယမန်နှစ်သြဂုတ်လနဲ့နှိုင်းယှဉ်လျှင် ၁၅၅၈ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ မိမိဘက်မြေပြင် ဈေးများပြောင်းလဲမှုမရှိသော်လည်း တစ်ဖက်နိုင်ငံဈေးများ အနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ မူဆယ်နဲ့ရွှေလီ မြေပြင်ပေါက်ဈေးများ ကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -
