Main menu

Background

Friday, 31 Aug 2012

သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ပဲလွန်းဖြူ၊ ပဲပုပ်စေ့နဲ့ ပဲနီကြားများ ယခင်အပတ်ကထက် ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခု အပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၇၈ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ တန် ၁၁၀ ကျော်၊ ကန်ဒေါ်လာသုညဒသမ ၀၉၃ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၁၃၆ တန်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၅၇ သန်းတန်ဖိုးရှိ ပဲနီကြား ၇၃ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲလွန်းဖြူ ၆၇ တန်၊ ပဲပုပ်စေ့ တန် ၉၀ နဲ့ပဲနီကြား တန် ၆၀ ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။

Friday, 31 Aug 2012

လားရှိုး-ကွတ်ခိုင်-သိန္ဒီတို့မှာ မိုးများရေကြီးတဲ့အပြင် တောင်ကျရေများပါ စီးဆင်းနေတဲ့အတွက် ယခုအပတ်မှာ ကုန်တင်ယာဉ်စီးဆင်းမှုများသိသိသာသာ လျော့နည်းလျက်ရှိပါတယ်။ယခုအပတ် သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၂၉၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၃၇၃ တန်သာ အပို့ရှိခဲ့တဲ့အတွက် တန် ၄၈၀ ကျော်ယခင်အပတ်ထက် အပို့လျော့ခဲ့ပါ တယ်။

Friday, 31 Aug 2012

မုံရွာကုန်စည်ဒိုင် သြဂုတ်လတတိယပတ် ပဲဈေးကွက်မှာ ပဲစင်းငုံနီအရောင်းအဝယ် ဆက်လက်ကောင်းမွန် နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက် ဝယ်အားကောင်းသလောက် ရောင်းလက်တွေ က ပစ္စည်းလက်ကျန် လျော့လာလို့ အား ပျော့လာတယ်လို့ ကုန်သည်အသိုင်းအဝန်းကပြောပါတယ်။

Friday, 31 Aug 2012

ရန်ကုန်ဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်က အရင် တစ်ပတ်ကလိုပဲအခြေအနေအပြောင်းအလဲ နည်းနေပါတယ်။ အိန္ဒိယဈေးကွက်မှာလည်း ပဲအသစ်ထွက်ဖို့ နီးလာပြီး ဈေး ထပ်ကျလာလို့  အဝယ်သိပ်မရှိတဲ့ အတွက်   ဒီတစ်ပတ်မှာ ပြည်တွင်းအရောင်းအဝယ်ဖြစ်တဲ့ ဈေးလျော့ကျခြင်းနဲ့အတူ ရန်ကုန် FOB  ဈေးလည်း တစ်တန် ကန်ဒေါ်လာ ၁၀ ခန့် ကျဆင်းလာတာတွေ့ရပါတယ်။

ရန်ကုန် FOB  ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်မှု လျော့သလို ပဲမျိုးစုံပြည်ပတင်ပို့မှုမှာ လည်း ပြီးခဲ့တဲ့ တစ်ပတ်ထက် ထက်ဝက်လျော့ကျလာခဲ့ပါ တယ်။ ပြည်ပတင်ပို့မှုအနေနဲ့ သြဂုတ်လ ၁၇ ရက်အထိ ယခု ဘဏ္ဍာနှစ်အတွင်းမှာ တန်ချိန် ၂၈၆၀၀၀  ကျော် ကန် ဒေါ်လာ ၁၅၈ သန်း ကျော်ဖိုး တင်ပို့ထားလို့ ပြီးခဲ့တဲ့ ဘဏ္ဍာ နှစ်ကာလတူ တင်ပို့မှု တန်ချိန် ၂၉၆၀၀၀ ကျော် ကန်ဒေါ် လာ ၂၅၄ သန်းကျော်ဖိုးနဲ့ ယှဉ်ရင် ပမာဏမှာ တန်ချိန် တစ်သောင်းလောက် လျော့ကျတာတွေ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လတွေက မတ်ပဲဈေး ပြန်မတ်လာလို့ ရရှိတဲ့ဝင်ငွေ အနည်းငယ်ပိုလာတာ တွေ့ရပါတယ်။ ပဲစင်းငုံဈေးကွက်က ဝယ်လက်များက ဝယ်လိုက် ရပ် လိုက်ဖြစ်သလို ဈေးကလည်း တက်လိုက်လျော့လိုက် ဖြစ်နေ တာ တွေ့ရပါတယ်။ ဒီသီတင်းပတ်အစပိုင်းမှာ ပဲစင်းငုံဈေး ပြန်တိုးပြီး၊ အရောင်းအဝယ်ဖြစ်ခဲ့ပြီး သီတင်းပတ်နှောင်းပိုင်း မှာတော့ ဈေးပြန်အေးလာခဲ့ပါတယ်။ ဒါပေမယ့် ပဲလက်ကျန်နဲ့ အရောင်းအဝယ်ဖြစ်မှုက အချိုးညီနေတဲ့ သဘောရှိတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ လက်ရှိမှာ အိန္ဒိယဈေးကွက် ကို အာဖရိက ပဲစင်းငုံတွေ အဝင်ရှိနေတဲ့အတွက် အိန္ဒိယ ပဲစင်းငုံ အသစ်မထွက်မီ စပ်ကူးမတ်ကူးကာလမှာ ပဲစင်းငုံဈေး ကွက် ပိုမိုကောင်းမွန်လာနိုင်တယ်လို့ သိရပါတယ်။ ပဲစင်းငုံတင်ပို့မှုကတော့ ယခုဘဏ္ဍာနှစ် သြဂုတ်လ ၁၈ ရက်အထိ တန်ချိန် ၁၅၅၀၀၀ တင်ပို့ထားပြီး၊ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၉၀ သန်းကျော်ရှိပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာတူအတွင်းမှာတော့ တန်ချိန် ရှစ်သောင်းကျော် တင်ပို့ခြင်း မှာ ကန်ဒေါ်လာ ၅၅ သန်းကျော်ရရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏအားဖြင့် တစ်ဆ ပိုမိုတင်ပို့ထားကြောင်း သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ခြားပဲဈေးတွေ ဆင်းပေမယ့် ပဲတီစိမ်းကတော့ ငြိမ်နေတာ တွေ့ရပါတယ်။ ခရမ်းရွှေဝါ ကတော့ လက်ကျန်မရှိတော့ပေမယ့် အညာပဲတီစိမ်းတွေ ဈေးကွက်ကို ဝင်လာနေပြီး၊ အရောင်း အဝယ် ရှိနေတာ တွေ့ရပါတယ်။ ဝင်လာတဲ့ ပဲတီစိမ်းတွေကတော့ အစိုဓာတ် များပြီး၊ အရေအသွေး သိပ်မကောင်းဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဈေးကွက်ကျယ်ပြန့်တဲ့ ပဲဖြစ်လို့ တင်ပို့မှု အသင့် အတင့်ရှိနေပါတယ်။ သြဂုတ်လ ၁၇ ရက်အထိ ပဲတီစိမ်း စုစုပေါင်း    တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၅၂၀၀၀ ကျော်ရှိပြီး၊ ကန်ဒေါ်လာ ၉၆ သန်းခန့် ဝင်ငွေရရှိထားလို့ ပြီးခဲ့တဲ့ ဘဏ္ဍာ နှစ် ကာလတူ တင်ပို့ထားတဲ့ တန်ချိန် ၁၅၆၀၀၀ ခန့်မှ ရရှိတဲ့ ဝင်ငွေ ကန်ဒေါ်လာ ၁၅၈ သန်းကျော်နဲ့ယှဉ်ရင် တင်ပို့တဲ့ ပမာဏ လျော့တာထက် ရရှိတဲ့ဝင်ငွေ များစွာလျော့ကျတာ တွေ့ရပါတယ်။ ဈေးကွက်ထဲမှာ ကုလားပဲပမာဏ အနည်းငယ် အရောင်းအဝယ်ရှိပြီး အခြားပဲတွေထဲမှာ ပဲလွန်းဖြူ အရောင်း အဝယ်ပမာဏ ပိုမိုလာတာတွေ့ရပါတယ်။ အခြားပဲအုပ်စုဝင် ထောပတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ စွန်တာပြာတို့လည်း တန်ချိန် ၅၀-၆၀ ခန့်စီ တင်ပို့မှု ရှိနေပါတယ်။ ပဲပုပ်ကိုလည်း ကိုရီးယား နဲ့ အိန္ဒိယကို တန်ချိန် ၁၀၀ ကျော် တင်ပို့မှုရှိကြောင်း သိရပါ တယ်။     ယမင်းခင်၊Source: Business standard
 

Wednesday, 29 Aug 2012

၂၀၁၁ ခုနှစ်ရောက်တော့ တရုတ်နိုင်ငံရှိ မြို့ပြ တွေမှာ နေထိုင်သူဦးရေ ဟာ ၆၉၀ ဒသမ ၇၉ သန်း၊ ကျေးလက်တောရွာတွေမှာ နေထိုင်သူဦးရေ ဟာ ၆၅၆ ဒသမ ၅၆ သန်း ရှိလာပါတယ်။ ဒါဟာ အနှစ် ၃၀ အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြီး ရဲ့ တွန်းအားကြောင့် တောင်သူလယ်သမားတွေ ဟာ မိမိတို့ရဲ့လူနေမှု အဆင့်အတန်း တိုးတက်မြင့် မားလာရေးအတွက် မြို့ပြတွေကို အများအပြား တက်လာတာကြောင့် မြို့ပြလူဦးရေ ဟာ ကျေး လက်တောရွာ လူဦးရေထက် ပထမဆုံးအကြိမ် ကျော်လွန်ရောက်ရှိလာခြင်းပဲဖြစ်ပါတယ်။

Wednesday, 29 Aug 2012

ကမ္ဘာမှာ ရော်ဘာအများဆုံးထုတ် လုပ်သူလဲဖြစ်၊ အများဆုံး တင်ပို့သူလဲ ဖြစ်တဲ့ ထိုင်းနိုင်ငံက အခြားထိပ်တန်း ထုတ်လုပ်သူများဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့နဲ့အတူ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ကျဆင်းနေတဲ့ ရော်ဘာ ဈေးနှုန်းကို အထောက်အပံ့ ပြုဖို့ အကြမ်းဖျင်း ဆောင်ရွက်ချက် များကို သြဂုတ် ၁၆ ရက်မှာ ပြင်ဆင် ဆောင်ရွက်တယ်လို့ ထိပ်တန်းအရာရှိ တစ်ဦးမှပြောပါတယ်။ ထိပ်တန်း ရော် ဘာ ထုတ်လုပ်သူ ၃ နိုင်ငံဟာ ယမန် နေ့က တွေ့ဆုံခဲ့ပြီး၊ ရော်ဘာဈေးနှုန်း တည်ငြိမ်စေဖို့ ဆောင်ရွက်မှု အချို့ ထွက်ပေါ်လာပြီး၊ ယင်းဆောင်ရွက်ချက် တွေကို အရေးပေါ် အကောင်အထည် ဖော်သွားမယ်လို့ နိုင်ငံတကာရော်ဘာ အစည်းအရုံးမှ အတွင်းရေးမှူး  Yium  Tavarolity  မှ ပြောကြားပါတယ်။

Wednesday, 29 Aug 2012

အီးယူဒေသကြွေးမြီ အကျပ်အတည်းကို ထိန်းချုပ်နိုင်မယ့် အလားအလာမရှိသေးခြင်း ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှေးကွေးနေခြင်းနဲ့ ကမ္ဘာ့ရော်ဘာဝယ်လိုအားနည်းနေခြင်းတို့ကြောင့် ကမ္ဘာ့ရော်ဘာ ဈေးနှုန်းတွေက သုံးနှစ် နီးပါးအတွင်း အနိမ့်ဆုံးနှုန်းကိုရောက်ရှိလာတယ်။

Wednesday, 29 Aug 2012

သြဂုတ်လ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၈၇၅ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၆၉၄ ဒသမ ၀၄ တန် တင်ပို့မှုရှိခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ RSS-3 တန် ၄၀၀ နဲ့ MSR-20 ၁၉၄ တန် ကျော်၊ မလေးရှားသို့  MSR-20 တန် ၁၀၀ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ် ရော်ဘာ FOB တစ်တန် ဈေးတွေတော့ RSS-1 ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS-3/MSR-20 ဒေါ်လာ ၂၆၀၀-၂၇၀၀၊RSS-5 /MSR-50 ဒေါ်လာ ၂၅၀၀-၂၆၀၀ နဲ့ Crepe Rubber   ဒေါ်လာ ၂၄၅၀ မှ ၂၅၅၀ အသီးသီး ဖြစ်ပါတယ်။CMK

Wednesday, 29 Aug 2012

ဟင်္သာတဈေးကွက်ရှိ ပြောင်းသီးနှံမှာ လက်ကျန်နည်းလာပြီး၊ ဈေးကတော့ ကောင်းနေဆဲဖြစ်ပါတယ်။ ဟင်္သာတမြို့နယ်အတွင်း ပြောင်းသီးနှံစိုက်ဧက ၁၃၈၃၁ စိုက်ပျိုးခဲ့ပြီး၊ တစ်ဧကကို ပျမ်းမျှအထွက်တင်း ၇၆ နှုန်းနဲ့ တင်းပေါင်း ၁၀ သိန်း ကျော်ထွက်ရှိခဲ့ပါတယ်။ ယခုနှစ်တွင် ထွက်ရှိမှုအနေနဲ့ ယခင်နှစ်ထက်လျော့နည်း သွားပေမယ့် ယခင်နှစ်ထက် ဈေးမြင့်လာပါတယ်။ ပြောင်းသီးနှံစပေါ်ချိန် မတ်လ ကုန်မှာ ပြောင်းပိဿာ ၂၀ ဝင်တစ်တင်းဈေးမှာ  ၅၃၀၀ ကျပ်၊ ဧပြီလမှာ ၅၅၀၀ ကျပ်၊ မေလမှာ ၆၃၀၀ ကျပ်၊ ဇွန်လမှာ ၇၈၀၀ ကျပ်၊ ဇူလိုင်လမှာ ၉၃၀၀ ကျပ်၊ သြဂုတ်လဒုတိယပတ်မှာ ၁၀၂၀၀ ကျပ်နဲ့ တဖြည်းဖြည်းဈေးမြင့်လာပါတယ်။ ပြောင်း စီးထွက်မှုအနေ နဲ့ ဈေးကောင်းရနေပေမယ့် ပစ္စည်းလက်ကျန် နည်းပါး လာပြီဖြစ်တာကြောင့် ရန်ကုန်ဈေးကွက်ကို တစ်ပတ်အတွင်း တင်းပေါင်း ၈၀၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။အေးအေးခိုင်

Wednesday, 29 Aug 2012

သြဂုတ် ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန် သွယ်မှုမှတစ်ဆင့် စင်္ကာပူ နိုင်ငံသို့ ကန်ဒေါ်လာ ၁၅၄၀၀ တန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၄ တန် တင်ပို့မှုရှိပါတယ်။ ဇွန်လ ၂၄ ရက်နောက်ပိုင်းကစပြီး ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုရပ်နားနေရာမှ ယခုသြဂုတ်လ ၅ ရက်နောက်ပိုင်းမှာ တင်ပို့မှုပြန် လည် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ ပြောင်း FOB ဈေးကတော့ ကန်ဒေါ်လာ ၃၈၀ ရှိတယ်လို့ သိရပါတယ်။CMK

Pages