Background
ယခုလဆန်းမှစတင်ကာ ဈေးကျခဲ့သည့် ပြည်တွင်းရွှေဈေးမှာ မေလစတုတ္ထ ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်မှ စုံစမ်းသိရှိရ သည်။ မေလတတိယပတ်က ကျပ် ၉၃၃၀၀၀ ဈေးရှိခဲ့သော ပြည်တွင်းရွှေဈေးနှုန်း များသည် မေလစတုတ္ထပတ်အတွင်း ကျပ် ၉၃၅၀၀၀ဖြင့် အနည်းငယ်မြင့်တက်လာခဲ့ ကြောင်း ဖြစ်သည်။
ရက်သတ္တသုံးပတ်ဆက်တိုက် ငြိမ်သက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ကြောင်း ပြည်တွင်း ငွေလဲဈေး ကွက်အတွင်းမှ စုံစမ်းသိရှိသည်။ ဈေးကွက်အတွင်း အေ ရာင်းအဝယ်များ အေးနေရာမှ အနည်းငယ်ပြန်လည် သွက်လာမှုကြောင့် ဈေးများပြန်လည်မြင့်တက်လာရခြင်းဖြစ်သည်ဟုဆိုသည်။ "ခရီးသွားရာသီတွေလည်းရောက်လာပြီဆိုတော့ ဈေးကွက်က နည်းနည်းပြန် လှုပ်လာတယ်။ ဈေးကွက်ပြန်လှုပ်လာတဲ့အတွက် အရောင်းအဝယ် ပြန်သွက်လာတယ်လို့ ပြောရမယ်။ စပါးပေါ်တဲ့ရာသီလည်းရောက်နေတဲ့အတွက် ဈေးကွက်ပြန် လှုပ်လာတာပါ။ နိုဝင်ဘာလတစ်လလုံး ဈေးကွက်ပျောက်နေသလိုမျိုး ခံစားေ နရတယ်"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြေ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်တွင် တောင်သူလယ်သမားများ မိုးစပါး အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မိုးစပါးစိုက်စရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိရာ ဇွန် ၁၄ ရက် အထိ သာယာဝတီမြို့နယ်တွင် ကျေးရွာ အုပ်စု ၂၄ အုပ်စုမှ တောင်သူ ၁၆၂၆ ဦး၏ မိုးစပါးစိုက်ဧက ၁၁၉၁၃ အတွက် ငွေကျပ် ၁၇၈၆၉၅၀၀၀၀ ကို လည်း ကောင်း၊ မင်းလှမြို့နယ်တွင် ကျေးရွာ အုပ်စု ၂၄ အုပ်စုမှ တောင်သူ ၃၀၉၇ ဦး၏ မိုးစပါးစိုက်ဧက ၂၀၃၅၆ အတွက် ငွေကျပ် ၃၀၅၃၄၀၀၀၀၀ ကို လည်း ကောင်း၊ မိုးညိုမြို့နယ် ကျေးရွာအုပ်စု ၁၁ အုပ်စုမှ တောင်သူ ၁၁၀၈
ယခုတစ်ပတ်အတွင်း MTSH၏ အစုရှယ်ယာဈေးများသည် ကျပ်ငါး ထောင်ကျဆင်းသွားခဲ့ကြောင်း YSX ၏ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။ယခုတစ်ပတ်တွင် FMI ရှယ်ယာ ဈေးများမှာ အတက်အကျနည်းခဲ့သော် လည်း MTSH ၏ ရှယ်ယာဈေးများမှာ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ဇွန် ၁၆ရက် က ကျပ် ၄၉၀၀၀ အထိ ကျဆင်းသွားခဲ့ပြီး ရုံးဖွင့်ရက်၏နောက်ဆုံးရက်ဖြစ် သည့် သောကြာနေ့တွင် ကျပ် ၅၀၀၀၀ သို့ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြ စ်ကြောင်း သိရသည်။ သို့သော် တစ်ပတ် အတွင်း ခြုံငုံကြည့်ပါက ကျပ် ၅၀၀၀ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးသည် ကျပ်ရှစ်သိန်းကျော်အထိမြင့် တက်ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေး မြင့် တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေ ဈေး မြင့်တက်လာရခြင်းမှာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းများမတိုး၍ဖြစ် ကြောင်း၊ ရွှေဈေးတက်မတက်မှာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းပေါ်တွင် မူတည်နေကြောင်း ရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့ သည်။ "ကမ္ဘာ့ရွှေဈေး မြင့်တက်လာလို့ ပြည်တွင်းရွှေဈေးလည်း မြင့်တက်လာခဲ့ ပါတယ်။ ကမ္ဘာ့ရွှေဈေးက အမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်းပေါ်မှာမူတည်ပါ တယ်။ ဗဟိုဘဏ်ရဲ့အတိုးနှုန်းမတိုးတော့ဘူးဆိုရင် ရွှေဈေးက မြင့် တက်လာနိုင်
ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ကျဆင်းခဲ့ရာမှ ပြန်လည် မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်အတွင်း မငြိမ်မ သက်ဖြစ်နေပြီး နေ့စဉ် အတက်အကျများ ရှိနေကြောင်း၊ ဈေးမငြိမ်သက်မှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးစက်နေကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက ဈေးအတက်အကျများရှိနေသကဲ့သို့ ယခုတစ်ပတ်တွင်လည်း ဈေး အတက်အကျများ ရှိနေခဲ့သည်။
ပြည်ကြက်သွန်နီဈေးကွက်တွင် ရေနံချောင်း၊ ဆိပ်ဖြူ၊ တောင်တွင်း၊ အောင်လံမြို့နယ်များမှ ဆောင်းစိုက်ကြက် သွန်နီများ ဝင်ရောက်မှု နည်းပေမယ့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ ပွဲရုံများသို့ တစ် ပတ် အတွင်း ပိဿာ ၃၀ ဝင် အိတ် ၁၅၀၀ ခန့် အဝင်ရှိပြီး ဈေး နှုန်းမှာလည်း တစ်ပိဿာကို (ကြီး) ကျပ်၆၀၀၊ (လတ်) ကျပ် ၅၈၀၊ (သေး) ကျပ် ၅၀၀ နှင့် လက်လီဈေးအသေးများ တွင် (ရှယ်သန့်) ကျပ် ၈၀၀၊ (ကြီး) ကျပ် ၇၅၀၊ (လတ်) ကျပ် ၇၀၀၊ (သေး) ကျပ် ၆၀၀ တို့နှင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။ အရောင်းအဝယ်မှာ ဒေသတွင်း ပုံမှန်ဝယ်လက်များဖြင့် နေ့စဉ်အိတ် ၂၅၀ ခန့် ပုံမှန်ရောင်းဝယ်မှုရှိနေပါတယ်။
ရှမ်းနနွင်းကတော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ နနွင်းတွေထဲမှာ အရည် အသွေးကောင်းတဲ့ ဆင်တောင်နနွင်းက ဒီနှစ်မှာပိုပြီး အရောင်းသွက်နေပါတယ်။ ရမည်းသင်းဝယ်လက်တွေက ဆင်တောင်နနွင်းကို ထွက်တဲ့ဒေ သမှာ အထိုင်ချပြီး ဝယ်ယူနေပါတယ်။ ခြံထဲကဖော်ပြီးတာနဲ့ အစိုအတိုင်းချက်ချင်းဝယ်ယူသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ပိဿာချိန် ငါးသောင်းခန့် ဝယ်ယူသွားတယ်လို့ လည်း ဈေးကွက်မှ သိရှိရပါတယ်။ အစိုအတိုင်း အရောင်း အဝယ်ဖြစ်တာကြောင့် ပြုတ်ခြောက်အဖြစ်ပြုလုပ်လို့ မရတော့ဘဲ ဈေးကွက်မှာလည်း ဆင်တောင်နနွင်းက အဝင်မရှိသလောက်ဖြစ်နေပါတယ်။ ရိုးရိုးစတွေဖြစ်တဲ့ တောင်ပို့လစတွေကိုလည်း ဈေးပတ်သမားတွေနဲ့ ဒေသ တွင်းက ဝယ်ယူကြလို့ တစ်ပတ်အတွင
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေး ဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသင်တန်း အမှတ်စဉ်(၈)ကို ဇွန် ၁၅ ရက်က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို အဆိုပါသင်တန်း ကျောင်းတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့ရာ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင် ထွန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ပြည်ပဲဈေးကွက်မှာ မေလလယ်တွင် ပြည်ပဝယ်လက်ပဲများဖြစ်တဲ့မတ်ပဲနှင့်ပဲစင်းငုံသီးနံှနှစ်မျိုးစလုံး ဈေးမြင့်တက်လာခဲ့ပါတယ်။ ပဲအဝင်မရှိပေမယ့် လက်ကျန်ပဲများ တစ်ခါတစ်ရံ အိတ် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ပြည်ပဝယ်လိုအားပေါ်မူတည်၍ ရန်ကုန်ဝယ်လက်က ရောင်းဝယ်ခဲ့ ကြလို့ပဲဈေးမှာ ယခင်တစ်ပတ်ထက် တစ်တင်းကျပ် နှစ်ထောင်ကျော် ရရှိခဲ့တာကြောင့် ယခုဇွန်လလယ်ဈေးမှာ တစ်တင်း ကျပ် ၄၉၃၀၀ ရရှိခဲ့ပါတယ်။ ယခင်နှစ် ဇွန်လလယ်က ပဲစင်းငုံဈေးမှာတစ်တင်း ကျပ် ၄၁၅၀၀ သာရရှိလို့ ယခုနှစ်မှာဈေးပိုရလာပြီး ဝယ်လိုအားလည်း ကောင်းနေခဲ့တယ်လို့ သိရပါတယ်။
(ခင်ဆွေဝင်း-ပြည်)