Main menu

Background

Monday, 20 Jun 2016

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း မိုးစပါးပြီး လျှင် ဆောင်းသီးနှံအဖြစ် အဓိကထားစိုက်ပျိုးသော မတ်ပဲ သီးနှံသည် နှစ်စဉ်စိုက်ဧက တစ်သိန်းကျော်စိုက်ပျိုးကြပြီး အခြားပဲများကိုတော့ စိုက်ဧက အနည်းငယ်သာ စိုက်ပျိုး ကြပါတယ်။ ဈေးကွက်အတွင်းမှာဆိုရင်လည်း မတ်ပဲဟာ ၂၀၁၅ နှစ်ကုန် ပိုင်းလောက်မှလွဲ၍ ကျန်နှစ်များမှာတော့ တစ်နှစ်တာလုံး  အရောင်းအဝယ်ဖြစ်တဲ့ပဲ ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ပဲလက်ကျန်မရှိတော့အောင်ဖြစ် ခဲ့ရခြင်းမှာ ပဲဈေးနှုန်း များ စံချိန်တင်မြင့်တက်ခဲ့တဲ့အတွက် လက်ဝယ်ရှိသမျှ ထုတ်ရောင်းချခဲ့သလို မျိုးပဲများလည်း ဝယ်ယူချိန်ဖြစ်ခဲ့လို့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။

Monday, 20 Jun 2016

        ဇွန် ၄ ရက်မှ ၁၀ ရက်အထိ ရက်သတ္တပတ်အတွင်း  ကန်ဒေါ်လာ ၅ ဒသမ ၇၁၀ သန်းဖိုးရှိ  ဆန်ဖြူတန် ၁၅၅၉၀ ကျော်ကို  မြန်မာ-တရုတ် နယ်စပ်ရှိ   ကုန်သွယ်ရေးစခန်းများမှ တင်ပို့ခဲ့ပါတယ်။  မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ငစိန်ဆန် ၈၇၆၈ တန်နဲ့ဧည့်မထဆန် ၁၉၁၉ တန်ခန့် ၊ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၈၈ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၇၁၅ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင် တစ်ပတ်  ဆန်တင်ပို့မှုထက် ၁၈၈၃ တန်လျော့နည်းခဲ့ပါတယ်။ ဆန်တင်ပို့မှု လျော့နည်းသော်လည်း ယခု တစ်ပတ်မှာ ဆန်ကွဲတင်ပို့မှု ပိုမိုခဲ့ပါတယ်။  မူဆယ်မှ  ၄၃၆၇ တန်နဲ့ လွယ်ဂျယ်မှ  ၁၁၇ တန် တင်ပို့ပြီး  ယခင် တစ်ပတ် တင်ပို့မှုထက် ၉၅

Thursday, 5 May 2016

    ဧပြီ ၃ရက်မှ ၉ရက် သီတင်းပတ် အတွင်း နို့ဆီ ၂၄၈ဒသမ ၄၀ တန်ကို  ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာ တော့ ဒွန်းနို့ဆီတစ်မျိုးတည်းသာဝင် လာခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၁၇ ရက်မှ ၂၃ ရက်သီတင်းပတ်မှာတော့ နို့ဆီ ၅၀ဒသမ ၉၉၄ တန်တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။   ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ် အတွင်း နို့မှုန့် ၂၅ဒသမ ၇၇၂ တန်ကို တင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာ နယူးဇီလန်မှ ၁၆ တန်၊ စင်ကာပူမှ ၆ ဒသမ ၉၆၈ တန်၊ ဗီယက်နမ်မှ ၂ဒသမ ၈၀၃ တန် တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ဧပြီ ၁၇ ရက်မှ ၂၃ရက်သီတင်း ပတ်မှာ မလေးရှားမှ ၄၄ဒသမ ၂၂၇ တန်နဲ့စင်ကာပူမှ ၄၅ ဒသမ ၂၆၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတ

Thursday, 5 May 2016

   ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ် အတွင်း    ကန်ဒေါ်လာ ၅၆၆၂၀၂၀ တန်ဖိုးရှိ ဘိလပ်မြေ ၇၃၂၉၃ဒသမ၇၀ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါ တယ်။  ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၁၃၉၈၈ ဒသမ ၂၀ တန်၊ အိန ္ဒိယနိုင်ငံမှ တန်ချိန် ၁၄၀၀၊ မလေး ရှားနိုင်ငံမှ ၂ဒသမ ၅ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၇၉၀၁ ဒသမ ၆၀ တန် ဝင်လာခဲ့တယ်လို့သိရပါတယ်။ စိန်၊ ဆင်၊ ရန်ကို စတဲ့ တံဆိပ်များဝင်လာခဲ့ပါတယ်။ ဧပြီ ၁၇ ရက်မှ ၂၃ ရက်  သီတင်း ပတ်အတွင်းမှာတော့ ကန်ဒေါ်လာ ၈၇၁၀၃၈ တန်ဖိုးရှိ ဘိလပ်မြေ ၁၀၇၅၂ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဧပြီလ ပထမပတ်နဲ့ တတိယပတ်အတွင်း ဘိလပ်မြေ တန် ချိန် ၈၄၀၄၅ ကျော် ဝင်လာခဲ့တယ်လို့ သိရပါတယ်။

Thursday, 7 Apr 2016

        မြန်မာတို့၏ရိုးရာသြင်္ကန်ကာလနီးကပ်လာသဖြင့် ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာခဲ့ကြောင်းငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။''သြင်္ကန်ကာလလည်းနီးလာတော့ ဈေးကျမယ်လို့ခန့်မှန်းထားတဲ့အတွက် ပြန် ထုတ် ရောင်းတဲ့သူတွေများလာတယ်။ ကားတင်သွင်းတဲ့သူတွေလည်း နည်းသွားတဲ့အတွက် ဈေးကွက်ထဲမှာဝယ်လိုအား နည်းလာပြီးရောင်းလိုအားက များလာတဲ့အတွက် ဈေးကျလာရတာပါ။ သြင်္ကန်ရောက်ဖို့က တစ်ပတ် ပဲလိုတော့တာ ဆိုတော့ တချို့လုပ်ငန်းတွေ ရပ်ဖို့စိုင်းပြင်းနေကြပြီ။ အစိုးရသစ်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို စောင့်ကြည့်နေကြတဲ့သူတွေရှိနေတော့ ဈေးကွက်ထဲမှာ အဝယ်နည်းသွားတယ်။ အဲဒါကြောင့် ဈေးကျလာရတာပါ။ သြင်္ကန်ပြီးတဲ့

Thursday, 28 Jan 2016

ရန်ကုန်မြို့ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့လက်ကားဆန်ဈေးနှုန်းများမှာ ဇန်နဝါရီလ ၂၂ ရက်ဖျာပုံပေါ်ဆန်း ဆန်သစ်ဈေးကတော့ ထိပ်စတစ်အိတ် ၃၀၅၀၀ ကျပ်၊ လတ်စ တစ်အိတ် ၂၉၅၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း ဆန်  အသစ်ဈေး ထိပ်စတစ်အိတ် ၃၁၅၀၀ ကျပ်၊ လတ်စတစ်အိတ် ၃၀၀၀၀ ကျပ်နဲ့  နယ်စုံပေါ်ဆန်းဆန်သစ်ဈေးထိပ်စတစ်အိတ် ၃၀၀၀၀ ကျပ်၊ လတ်စတစ်အိတ် ၂၇၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ထိပ်စတစ် အိတ် ၅၀၀ ကျပ်ခန့်  ဈေးတက်လာကြောင်း၊ ကုန်စည်ဒိုင်ဈေးနှုန်းစာရင်းအရ စိစစ်တွေ့ရှိရပါတယ်။ ပေါ်ဆန်းဆန်ဟောင်းများဖြစ်တဲ့ ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်နဲ့နယ်စုံတို့ရဲ့ ပေါ်ဆန်းဆန်ချောဈေးနှုန်းများ ပြောင်းလဲမှုမရှိဘဲယခင် တစ်ပတ်အတိုင်းဈေ

Wednesday, 12 Aug 2015

      ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြင့်တက်လျက်ရှိသည့် မြန်မာ့ရွှေဈေးသည် ယခု သြဂုတ်လ ပထမပတ်တွင် ဈေးအမြင့်ဖြင့် ငြိမ်သက်လျက်ရှိ ကြောင်းသိရသည်။ ပြည်တွင်းငွေလဲနှုန်းများ အထိုက်အလျောက်ကျဆင်းလာခဲ့ပြီး ေ နာက်ပိုင်းတွင် ယခုကဲ့သို့ ပြည်တွင်းရွှေဈေးများပါ ပြန်လည်ကျ ဆင်းလာခဲ့ကြောင်း၊ ပြည်တွင်းရွှေဈေးများ ကျဆင်းလာသော်လည်း  သိသိသာသာ ကျဆင်းခြင်းမျိုးမဟုတ်သဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ ပါးလျက်ရှိေ ကြာင်း၊  ထို့ပြင် ပြည်နယ်တိုင်းဒေသအသီးသီးတွင် ရေလွှမ်းမိုးမှု များဖြစ်ပွားနေခြင်းကြောင့်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်များပါး နေခြင်းဖြစ်ကြောင်း ရွှေကုန်သည် တစ်ဦးက ပြောကြားခဲ့သည်။

Wednesday, 12 Aug 2015

     ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့ ရေကြီးမှုတွေရှိနေပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လမ်းပန်းသယ်ယူပို့ ဆောင်ရေးများ  အခက်အခဲဖြစ်နေကြောင်း တွေ့ရပါတယ်။ ပြည်ပွဲရုံများသို့ လည်း ကြက်သွန်နီအိတ်များ  အဝင်နည်း ပြီး ဒေသတွင်း ရေကြီးမှုတွေ ဖြစ် ပေါ်နေတာကြောင့် အရောင်းအဝယ် အေးနေပါတယ်။ အဝင်နည်းနေတဲ့ အတွက် အရောင်းအဝယ်  နည်းပေမယ့် လည်း ဈေးတက်လာပြီး ပြည်ပွဲရုံဈေး တွင် တစ်ပိဿာကို  ကြီး ၁၀၅၀ ကျပ်၊ လတ် ၁၀၀၀ ကျပ်၊ သေး ၉၀၀ ကျပ်တို့ ဖြင့်ဈေးမြင့်တက်လာခဲ့ပါတယ်။ ဒေသတွင်း လက်လီအရောင်းအဝယ်ဈေးမှာ တစ်ပိဿာ   ကြီး ၁၃၀၀ ကျပ်၊ လတ် ၁၂၀၀ ကျပ်၊ သေး ၁၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ပြုလုပ်လျက် ရှိပါတယ်။ ပွဲရုံ များတွင် တစ်ရ

Wednesday, 12 Aug 2015

  မုံရွာကုန်စည်ဒိုင် ပဲဈေးကွက် ဇူလိုင်လလယ်မှာ ကုလားပဲမျိုးစုံ စံချိန်တင် ဈေးမြင့်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့ တဲ့ အမြင့်ဆုံးဈေးထက် တစ်တင်း ၂၀၀၀ ကျပ်မှ ၂၅၀၀  ကျပ်အထိ ဈေးတက်ခဲ့တာဖြစ်ပြီး ယခု တစ်ပတ်မှာ ထိုင်ဝမ်ပဲလက်ကျန်မရှိလို့ ဈေးမဖွင့်နိုင်ခဲ့ပေမယ့် V 2  ကတော့ တစ်တင်း ၂၈၀၀၀ ကျပ်အထိနဲ့၊ ၉၂၉  ကုလားပဲက တစ်တင်း ၂၈၅၀၀ ကျပ်အထိ အသီးသီးပေါက်ဈေး ဖြစ်ခဲ့ပါတယ်။

Pages