Main menu

Background

Friday, 23 Jun 2017

      ကမ္ဘာ့ဈေးကွက်အတွင်းသို့ ဗီယက်နမ် အသေး စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (အက်စ်အမ်အီး) များကိုပေါင်းစည်းနိုင်အောင်ဆောင်ရွက်ပေးမည့် ဒစ်ဂျစ် တယ်ဖြေရှင်းမှုများ (Digital Solutions) အကြောင်းကို ဇွန် ၁၅ ရက်က ဟိုချီမင်းစီးတီးတွင် ကျင်းပသော ကွန် ဖရင့်တွင် စီးပွားရေးခေါင်းဆောင်များနှင့် ကျွမ်းကျင်သူ တို့ ဆွေးနွေးခဲ့ကြောင်း ဗီယက်နမ် နယူးစ်သတင်းတွင် ဖော်ပြသည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲကို အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီနှင့် ဗီယက်နမ် ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ကျင်းပပေး ခြင်းဖြစ်သည်။

Friday, 23 Jun 2017

          ပြည်တွင်း ဘဏ္ဍာရေး ဈေးကွက်ကို တင်းကျပ်စွာ ကြီးကြပ်ရန်နှင့်  အမေရိကန် ပြည်ထောင်စု ဗဟိုဘဏ်က နောက်ဆုံးအတိုးနှုန်း မြှင့်တင်မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်မှန်သမျှကို ထိန်းချုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဇွန်၁၅ ရက်တွင် တောင်ကိုရီးယား အစိုးရကပြောကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ "အမေရိကန် အတိုးနှုန်းမြှင့်တင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဂယက်ရိုက်ခတ် မှုဒဏ်ကို လျော့ပါး သက်သာစေဖို့  ကျွန်တော်တို့ အပြည့်အ၀ ပြင်ဆင်ထားမှာဖြစ် ပါတယ်။ အစိုးရက ဈေးကွက်များကို ဆက်လက် ကြီးကြပ်ထိန်းသိမ်းပြီး ဈေးကွက် တည်ငြိမ်ရေး အစီအမံတွေကို အချိန်ကိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ဆိုးလ်မြို့တွင်

Thursday, 15 Jun 2017

         ထုတ်လုပ်မှုကို ပြန်လည်ထိန်းချုပ်ထားခြင်းဖြင့် ရေနံတင်ပို့သောနိုင်ငံ များအဖွဲ့(အိုပက်) က ဈေးကွက်ကို ထိန်းချုပ်နိုင်ရန် ဆက်လက်ကြိုးပမ်းလျက် ရှိသော်လည်း ရေနံစိမ်းရောင်းလိုအား ဆက်လက်မြင့်တက်နေသည်ကို တွေ့ရသည့်အတွက် ဇွန် ၉ ရက်တွင် ရေနံစိမ်းဈေးနှုန်းများ ဆက်လက်ကျဆင်းလျက် ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဘရင့်ရေနံစိမ်း ကြိုရောင်းဈေးနှုန်းများမှာ ဇွန် ၉ ရက်ဂရင်းနစ်စံတော် ချိန် နံနက် ၃၉ မိနစ်က တစ်စည်ကို အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆၇ နှုန်းသို့ရောက်ရှိခဲ့ရာ ယမန်နေ့ဈေးပိတ်ချိန်က ဈေးနှုန်းအောက် သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အိုပက်အဖွဲ့က ခေါင်းဆောင်ပြီး ရေနံထုတ်လုပ်မှုကို ၂၀၁၈ ခုနှစ် ပထ

Thursday, 15 Jun 2017

      ဗီယက်နမ်နိုင်ငံ၏ ခြံမွေးတိရစ္ဆာန် လုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်လျက်ရှိနေ သော်လည်း ပြည်ပသို့ တင်ပို့မှုကို ကောင်းစွာ  ဆောင်ရွက်နိုင်ခြင်းမရှိ သေးကြောင်း ဗီယက်နမ်နယူးစ်သတင်း တွင် ဖော်ပြထားသည်။ ဗီယက်နမ်နို င်ငံမှ ထွက်ရှိသော ခြံမွေးတိရစ္ဆာန်  ထွက်ကုန်အများစုမှာ ပြည်တွင်း ဈေးကွက်များတွင်သာ ရောင်းချလျက်ရှိကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနလက်အောက်ရှိ တိရစ္ဆာန် ကျန်းမာရေးဌာန ညွှန် ကြားရေးမှူး ဖမ်ဗန်ဒေါင်းကပြောသည်။ ဒေါင်း၏ အဆိုအရ သားသတ်ရုံ များ၊ တိရစ္ဆာန် မွေးမြူရေးခြံများ၏ အရည်အသွေး  နိမ့်ကျမှုနှင့်  ရောဂါ အန္တရာယ်များကြောင့် ပြည်ပသို့ ခြံ မွေးတိရစ္ဆာန် ထွက်ကုန်တင

Thursday, 15 Jun 2017

         ဆန်အဓိကတင်သွင်းသော နိုင်ငံများ၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့် ထိုင်းဆန် ဈေးနှုန်းသည် လေးနှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိပြီး ဗီယက်နမ်ဆန်ဈေးမှာလည်း နှစ်နှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိ ခဲ့ကြောင်း ဇွန် ၈ ရက် တွင် ကုန်သည်များက ပြောကြားခဲ့သည်ကို ရိုက်တာသတင်းတွင်ဖော်ပြသည်။ ထိုင်းငါးမှတ်ဆန်၏  အခြေခံစံထားဈေး နှုန်းမှာ ဗန်ကောက်အက်ဖ်အိုဘီဈေးနှုန်းအရ တစ်တန်ကို  အမေရိကန်ဒေါ်လာ  ၄၄၀ မှ ၄၅၇ အကြားရှိခဲ့ရာ ယခင်ရက်သတ္တပတ်က ရှိခဲ့သော ဈေးနှုန်းဖြစ်သည့် တစ်တန်ကို အမေရိကန် ဒေါ်လာ ၄၃၀ မှ မြင့်တက် လာခြင်းဖြစ်သည်။

Wednesday, 14 Jun 2017

        အိန္ဒိယဗဟိုဘဏ်က ငွေကြေး ဖောင်းပွမှုနှုန်းကို  လျှော့ချခန့်မှန်းပြီး ဗဟိုဘဏ်၏ ရည်ညွှန်း အတိုးနှုန်းကို  ၆ ဒသမ ၂၅ နှုန်းအတိုင်း မပြောင်းလဲဘဲ ဆက်လက်ထားရှိခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ဗဟိုဘဏ်မှ ကူးသန်းရောင်းဝယ်ရေးဘဏ်များသို့ ထုတ်ချေးသော အတိုးနှုန်းကိုလည်း ခြောက်နှစ်ခွဲအတွင်း အနိမ့်ဆုံးနှုန်းအတိုင်း ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ရာ ထိုဆုံး ဖြတ်ချက်မှာ ငွေကြေးမူဝါဒကော်မတီ အစည်းအဝေး မတိုင် မီ ရိုက်တာသတင်း ဌာနက လေ့လာဆန်းစစ်ရေးမှူး ၆၀ ဦး ၏ သဘောထားကို စစ်တမ်းကောက်ယူ ခဲ့ရာ ၅၆ ဦး၏ သဘောထားနှင့်ကိုက်ညီ မှုရှိသည်ကို တွေ့ရသည်။

Thursday, 8 Jun 2017

        "အသီးများ၏ဘုရင်" ဟုတင်စားခေါ်ဝေါ်သော အိန္ဒိယ သရက်သီးသည် မေ ၂၈ ရက်တွင် ကုန်ဆုံးသော ရက်သတ္တပတ်ကုန်ဆုံးချိန်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ကြောင်း ယွန်းဟပ် သတင်းတွင် ဖော်ပြသည်။ အိန္ဒိယနိုင်ငံ ဟိုဒ္ဒရာဘတ် မင်ဇီလေကြောင်း ကုန်စည်ဌာန၏ဆောင်ရွက်ချက်ဖြင့် သရက်သီး ၂ ဒသမ ၅ တန်ကို ရာဂျစ်ဂန္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တောင်ကိုရီးယားနိုင်ငံသို့ ပထမဦးဆုံး အကြိမ် အဖြစ် ပို့ဆောင် ပေးခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသို့  သရက်သီးများ တင်ပို့နိုင်ရေးအတွက် အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ တောင် ကိုရီးယားသံအမတ် ချိုဝှန်က ၂၀၁၆ ၊ ဇွန်လအ တွင်

Thursday, 11 May 2017

ထိုင်းနိုင်ငံရှိ King Power ကုမ္ပဏီသည် ၎င်းင်း၏ စီးပွားရေးလုပ်ငန်းကို တိုးချဲ့ရန်အတွက် ရှေ့လာမည့် ငါး နှစ်အတွင်း ဘတ် ၁၀ ဘီလီယံကို ရင်းနှီး မြှုပ်နှံရန်လျာထားပြီး လက်လီအရောင်းဆိုင်လုပ်ငန်း လုပ်ကိုင်သည့် ကမ္ဘာ့ အကြီးဆုံး ကုမ္ပဏီးငါးခုစာရင်းတွင် ပါဝင်လာစေရန် ရည်မှန်းဆောင်ရွက်လျက် ရှိပါသည်။

Thursday, 11 May 2017

      စင်ကာပူအဲလိုင်း(Singapore  Airlines _SIA)  က အပြည်ပြည်ဆိုင်ရာ လေကြောင်းသွားလာမှုတွင် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ထိုအစီအစဉ် အရ  လေကြောင်းလိုင်း၏ ခရီးစဉ် ၁၂ ခုအနက် အချို့ကို ဇီဝလောင်စာဆီ အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အမျိုး သားလေကြောင်းလိုင်း၏ မေ ၃ ရက်က ကြေညာချက်ကို တူဒေးဝက်ဘ်ဆိုက် သတင်းတွင် ဖော်ပြသည်။ခရီးစဉ် ၁၂ ခု အနက် ခရီးစဉ် တစ်ခုဖြစ်သောSQ 31 သည် မေ ၂ ရက်က စင်ကာပူနိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ်ရောက်ရှိခဲ့သည်။ လေ ကြောင်းခရီးစဉ်တွင် ခရီးသည် ၂၀၆ ဦး ပါဝင်ပြီး ဇီဝလောင်စာဆီကို ၁၇ နာရီ ကြာ အသုံးပြု၍ ဆန်ဖရန်စစ္စကိုမှ စင်ကာပူသို့ တောက်လျှောက် ပျံသန်းခဲ့

Wednesday, 26 Apr 2017

       ဗီယက်နမ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ငွေအရင်းအနှီး၊ စီမံခန့် ခွဲမှု၊ နည်းပညာနှင့် ကုန်အမှတ်တံဆိပ် ထူထောင် ရေးတို့ကို ဆောင်ရွက်ရာတွင် အကန့်အသတ်များ ရှိနေသည့်အတွက် ကမ္ဘာ့ဈေး ကွက်ကြီးနှင့် ပေါင်းစည်းရန် ဆောင်ရွက်သည့်အခါ  ဗီယက်နမ်ရှိ အသေးစားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်း (အက်စ်အမ်အီး) အတွက် ထောက်ပံ့ကူညီမှုများ လိုအပ်နေကြောင်း ဗီယက်နမ်လက်လီရောင်းချသူ များအသင်း (Vietnam  Retailars Association -VRA) က ပြောသည်။

Pages