Main menu

Background

Friday, 6 May 2016

တောင်ကိုရီးယားနိုင်ငံရဲ့   စီးပွား ရေးအခြေခံများ  အားနည်းနေခြင်းက စီးပွားရေးကျဆင်းရခြင်းရဲ့   အဓိက အကြောင်းတရားအဖြစ်   တောင်ကို ရီးယားနိုင်ငံမှ   စီးပွားရေးကျွမ်းကျင် သူတို့က ရည်ညွှန်းပြောကြားလျက်ရှိကြ ပြီးနိုင်ငံရဲ့စီးပွားရေးကျဆင်းမယ့် အနေ အထားကိုရောက်ရှိလာမှာကို   စိုးရိမ် လျက်ရှိကြကြောင်း ဧပြီ ၂၅ ရက်က ထုတ်ပြန်တဲ့စစ်တမ်းတစ်ခုကို ကိုးကား ပြီး ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။မကြာသေးမီက ကိုရီးယားစက်မှု လုပ်ငန်းများဖက်ဒရေးရှင်းက   စီးပွား ရေးကျွမ်းကျင်သူ ၆၁ ဦးကို စစ်တမ်း ကောက်ယူခဲ့ရာ   လောလောဆယ်မှာ တောင်ကိုရီးယားစီးပွားရေးက ဖွံ့ဖြိုးမှု ကျဆင်းတဲ့အဆင့်ကို    ရောက်နေ ကြောင်း ၇၀ ရာခိုင်နှုန်းကပြော

Friday, 6 May 2016

ဒေါ်လာနဲ့ဖလှယ်ရာမှာ ရက်သတ္တပတ်တစ်ပတ်အတွင်း အနိမ့်ဆုံးဈေးအဖြစ်ရောက်ရှိနေတဲ့   ရင်းဂစ်ငွေကြေးတန်ဖိုး က ပြန်လည်မြင့်တက်လာတဲ့အတွက်ကြောင့် လည်းကောင်း၊ ပို့ကုန်နှေးကွေးကျဆင်းမှုနဲ့  စားအုန်းဆီ ထုတ် လုပ်မှုမြင့်တက် နေချိန်မှာ ကုန်သည်များက အမြတ်ပိုမိုရရှိရန် ကြိုးပမ်းဆောင် ရွက်လာကြသည့် အတွက်ကြောင့်လည်းကောင်း မလေးရှား စားအုန်းဆီရဲ့ ကြိုရောင်းကြိုဝယ်ဈေးက ဧပြီ ၂၇ ရက်မှာ ပြန် လည်ကျဆင်းခဲ့ရာ ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာ  ဖော်ပြထားပါ တယ်။

Friday, 6 May 2016

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၉ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း  ကန်ဒေါ်လာ သုည ဒသမ ၁၈၄  သန်းတန်ဖိုးရှိ ဆီးဆန် ၄၆ တန်ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။

Tuesday, 3 May 2016

ရာသီဥတုသင့်တင်မျှတမှုနှင့် ဈေးနှုန်းကောင်းမွန်ခြင်းတို့ကြောင့် စိုက်ဧက မြင့်တက်လာရာအိန္ဒိယနိုင်ငံ ၏ ကြက်သွန်နီအထွက်နှုန်းသည် ၂၀၁၅ -၂၀၁၆ နှစ်၊ သီးနှံ ရာ သီကာလ ဖြစ်သည့် (ဇူလိုင်လမှဇွန်လ)အတွင်း စံချိန် သစ်ဖြစ်သည့် တန်ချိန်၂၀၃ သိန်း အထိ မြင့်တက်လိမ့်မည်ဟု ခန့်မှန်း ထားကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်၊ သီးနှံ ရာ သီ ကာလအတွင်း မိုးနည်းပါးသဖြင့် အထွက်နှုန်းကျဆင်းခဲ့ရာ တန်ချိန် ၁၈ ဒသမ ၉၂ သန်းရှိခဲ့ပြီး၊ ၂၀၁၃-၁၄တွင် ၁၉ ဒသမ ၄သန်းရှိခဲ့ကြောင်း၊ နွေရာသီ ကာလ အတွင်း  ကြက်သွန်ဈေးနှုန်း ကောင်းမွန်မှုသည် တောင်သူ လယ်သမားများအား ဆောင်းရာသီတွင် ကြက်သွန်နီဧက ပိုမိုစိုက်ပျိုးရန် တွန်း အားဖြစ်စေခဲ့သည်ဟု အမျိုး သားဥယျာဉ်ခြံ

Wednesday, 6 Apr 2016

   ကမ္ဘာ့စီးပွားရေးမှာ နှေးကွေးကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တီထွင်ဆန်းသစ်မှုတွေကိုအားပေးတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး(R&D) လုပ် ငန်းတွေထွန်းကားစေမယ့်မူဝါဒတွေ ချမှတ်သွားဖို့လိုအပ်ကြောင်းတစ်နှစ် လျှင် နှစ်ကြိမ်ထုတ်ပြန်တဲ့အစီရင်ခံစာ မထုတ်ပြန်မီ ပြုလုပ်တဲ့အစည်းအဝေး မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့(အိုင်အမ်အက်ဖ်) က   တိုက်တွန်းကြောင်း အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။''သုတေသနနဲ့ ဖွံ့ဖြိုးရေး(R&D)၊ စွန့်ဦးတီထွင်မှုအရည်အသွေးပြည့်ဝမှု နဲ့ နည်းပညာလွှဲပြောင်းမှုစတဲ့ လုပ်ငန်းတွေဆောင်ရွက်ပြီး တီထွင်ဆန်းသစ်မှုတွေကိုအားပေးရာမှာဘဏ္ဍာရေးမူဝါဒတွေကအရေးပါတဲ့အခန်းကဏ္ဍ တွေမ

Wednesday, 6 Apr 2016

          Myanmar International Gems, Jewellery & Watch Expo 2016 ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနား ကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ  ( Gems Trade Center) တွင် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန် မာနိုင်ငံ ကျောက်မျက်ရတနာရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ  ဦးယုံမူ၊ အတွင်းရေးမှူး ဦးထွန်းလှအောင်၊  မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေ ဆိုင်)၊Asia Concent Co.,Ltd နှင့် ဖိတ်ြ ကားထား သော ဧည့်သည်များတက်ရောက်ကြပါသည်။

Tuesday, 5 Apr 2016

         ၂၀၁၅ခုနှစ် နိုဝင်ဘာအတွင်း အမေရိကန်နိုင်ငံ အစားအစာ ဘေး အန္တရာယ် ကင်းရှင်းရေးနှင့်စစ်ဆေး ရေးလုပ်ငန်းမှ ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံသို့ ငါးခူ အပါအဝင် ငါးခူမျိုးစိတ်များတင်သွင်းမှုနှင့် စပ်လျဉ်းသည့် စည်းမျဉ်း သတ်မှတ်ချက်များသည် ၂၀၁၆ခုနှစ် မတ်လတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အဆိုပါနေ့ရက်မှစ၍ အသွင်ကူးပြောင်းရေး ကာလစတင်မည်ဖြစ်ကာ အချိန်၁၈ လရရှိမည် ဖြစ်ပါသည်။ အဆိုပါ နေ့ရက်မှစ၍  catfish  အပါအဝင် ငါးခူ  (Siluriformes) ငါးမျိုးစိတ်ဝင်ဆိုင်ရာ စစ်ဆေးမှုကို အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲမှုဌာန(FDA)မှ ဆောင်ရွက်ခြင်းပြုတော့မည် မဟုတ်ဘဲ၊  အမေရိကန်နိုင်ငံ အစားအစာ ဘေး အန္တရာယ်ကင်း

Friday, 1 Apr 2016

အောင်ပန်းဈေးကွက်မှာ ချင်း(အသစ်) တွေ ပုံမှန်အဝင်ရှိနေပါတယ်။ ဒီတစ် ပတ်မှာတော့ မျိုးချင်းတွေပိုပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အချို့ တောင်သူတွေက ပြန်စိုက်ဖို့ အတွက်  မျိုးချင်းတွေကို ဝယ်နေလို့ အရောင်းသွက်နေ တယ်လို့  သိရပါတယ်။ ဈေးပတ်သမားများကလည်း ပုံမှန်အဆွဲရှိနေပါတယ်။ နထစသမအ  အဆွဲမရှိသေးပေမယ့် အလှူပွဲရာသီဖြစ်လို့ အရောင်းသွက်နေပြီး အဝင်ရှိ သလောက် အရောင်းဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချင်းပေါက်ဈေးက တော့ ချင်း (ညံံ့စ) က တစ်ပိဿာ ၃၅၀ ကျပ်၊ ပုံမှန်စတွေက တစ်ပိဿာ  ၄၀၀ ကျပ်၊ မျိုးချင်းတွေက တစ်ပိဿာကို ၅၀၀ ကျပ်-၅၅၀ ကျပ်ဈေးရှိပါတယ်။ ဈေးပတ်သမား တွေလည်း ပုံမှန်အဆွဲရှိနေတာကြောင့် ဒီတစ်ပတ်ထဲမှာ အရ

Friday, 1 Apr 2016

  အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ ဖောက်ဖျက်မှုကြောင့် တရုတ်တယ်လီ ကွန်ဆက်သွယ်ရေးကိရိယာနဲ့ စမတ်ဖုန်း ထုတ်လုပ်သူZTE  ကော်ပိုရေးရှင်းအား    ပို့ကုန်ကန့်သတ်မှုများကို အမေရိကန်   ပြည်ထောင်စုက ချမှတ်ခဲ့ပါတယ်။ ဒါပေ မဲ့ အစိုးရက အဆိုပါကန့်သတ်ချက်များကို ယာယီအားဖြင့် ရုပ်သိမ်းပေးခဲ့ကြောင်း အမေရိကန်    စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးရဲ့    ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြ ပါတယ်။

Pages