Main menu

Background

Wednesday, 15 Jun 2016

          ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့်  CLMV ဖိုရမ်ကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါ ဖိုရမ်ကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက် နမ်နဲ့ ထိုင်းနိုင်ငံတို့မှ အစိုးရများနဲ့ ပုဂ္ဂလိက လုပ်ငန်းများမှ ကိုယ်စားလှယ်များတက်ရောက်မည်ဖြစ် ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေး သွားမှာဖြစ်ကြောင်း နေးရှင်းသတင်းမှာ  ဖော်ပြ ပါတယ်။ တစ်နိုင်ငံချင်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အတားအဆီးများကိုလည်း ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

Wednesday, 15 Jun 2016

         ဗဟိုဘဏ် ပင်မအတိုးနှုန်းကို ၆ ဒသမ ၅ ရာခိုင်နှုန်းအတိုင်းမပြောင်း လဲဘဲ အိန္ဒိယဗဟိုဘဏ်အုပ်ချုပ်ရေးမှူး  ရာဟူးရမ်ရာဂျန်က ဇွန် ၇ ရက်က ဆက်လက်ထားရှိခဲ့ရာ လေ့လာဆန်းစစ်သူတို့ရဲ့ ခန့်မှန်းချက်နဲ့ ကိုက်ညီခဲ့ကြော င်း တိုင်းမ်အော့အိန္ဒိယရဲ့ သတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာမှာ သူ့ရဲ့ရာထူးသက်တမ်း   ကုန်ဆုံးချိန်မှာ ဖြစ်ပေါ်လာမယ့် အခြေအနေနဲ့ သူရဲ့အနာဂတ်ရေးရာကို သူကပြောကြားခြင်းမရှိသေးပါဘူး။

Wednesday, 15 Jun 2016

        ချေးငွေလုပ်ငန်းများ ကျဆင်းလာခြင်းနဲ့ ငွေကြေးဈေး ကွက်လုပ်ငန်းများမှ  အခကြေးငွေရရှိမှု  ကျဆင်းလာတဲ့ အတွက် မလေးရှားဘဏ်လုပ်ငန်းကဏ္ဍမှာ   ယခုနှစ်အတွင်း ဖိအားပေး မှုအသစ်များနဲ့ ရင်ဆိုင်တွေ့ကြုံနိုင်ေ ကြာင်း စတား အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ မေ ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ ယခုနှစ်ချေးငွေဖွံ့ဖြိုးမှုနှုန်း က ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ခန့်မှန်းပြီး စုစုပေါင်း အသားတင်အမြတ်က ၅ ဒသမ ၃ ရာခိုင်နှုန်းမှ ၂ ဒသမ ၁ ရာခိုင်နှုန်းသို့  ကျဆင်းမယ်လို့ ခန့်မှန်း ထားကြောင်း မေရင်းနှီးမြှုပ်နှံမှုဘဏ်သုတေသနဌာနက ပြော ပါတယ်။

Wednesday, 15 Jun 2016

           နယူးယောက်ရှိ အမေရိကန်ဗဟို ဘဏ်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် ငွေစာရင်းကို ဟက်ကာတွေက တိုက်ခိုက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၁ သန်း ခိုးယူခြင်းခံခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်ခံရပြီးနောက်ပိုင်း လအနည်း ငယ်အကြာမှာ ကမ္ဘာ့ငွေပေးချေမှု ကွန်ရက်အတွင်းရှိ ငွေလွှဲများလိမ်လည်ခံရတာနဲ့ တခြားခြိမ်းခြောက်မှုခံရတာတွေကို ကာကွယ်ဖို့ ဆောင်ရွက်ထားတဲ့ ဆိုင် ဘာလုံခြုံရေးစနစ်တွေကို ပြန်လည် သုံးသပ်ဖို့   အမေရိကန်ကြီး ကြပ်သူတွေက ဘဏ်တွေကို နှိုးဆော်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Wednesday, 15 Jun 2016

           တစ်နိုင်ငံလုံးရှိ  ဈေးကွက်များ တွင် အဓိကအစားအစာများ အဆမတန် မြင့်တက်နေရသည့်  အဓိကအကြောင်းရင်းမှာ ကုမ္ပဏီစုကြီးများ ကြောင့်ဖြစ်ကြောင်း အင်ဒိုနီးရှား စီးပွား ရေးလုပ်ငန်းယှဉ်ပြိုင်မှုစွမ်းရည် ကြီး ကြ ပ် ရေးကော်မရှင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး  ဂျကာတာပို့စ်သတင်းမှာ ဖော်ပြပါတယ်။လယ်သမားတွေက  ဖြန့်ဖြူးသူ တွေကို ရောင်းချလိုက်တဲ့ဈေးနဲ့ ဖြန့်ဖြူးသူတွေက  ဈေးကွက်ထဲမှာ ရောင်းချခဲ့တဲ့ လက်လီလက်ကားေ ဈး နှစ်ခုကြား   ကွာဟချက်ကြီးမားနေတာကို တွေ့ရကြောင်း စီးပွားရေးယှဉ်ပြိုင်နိုင်မှုစွမ်းရည်  ကြီးကြပ်ရေးကော်မရှင်KPPUအကြီးအကဲ ဆရာကာဝီရော့ က ဇွန် ၇ ရက်က ပြောပါတယ်။

Wednesday, 15 Jun 2016

              စင်ကာပူကုမ္ပဏီတစ်ခုက  အင်ဒိုနီးရှားနိုင်ငံမှာ အမေရိကန်ဒေါ်လာလေးသန်း ရင်းနှီးမြှုပ်နှံပြီး ဆေးဝါးစက်ရုံတည်ဆောက်ဖို့ စိတ်ဝင်စားနေတယ်လို့ အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှု ပေါင်းစပ်ညှိနှိုင်းရေးဘုတ် အဖွဲ့ (Indone -sian Investment Coordinating Board-BKPM) ကပြောကြောင်း အန်တာရာနယူးစ်သတင်း မှာ ဖော်ပြပါတယ်။ ငွေကြေးဖလှယ်နှုန်းကို  အမေရိကန်တစ်ဒေါ် လာလျှင် ရူပြား ၁၃၉၀၀ နှုန်းနဲ့ထားပြီးတွက်ရင် ဆေးဝါး စက်ရုံတန်ဖိုးက ရူပြား ၅၅ ဒသမ ၆ ဘီလီယံ ရှိမှာ ဖြစ်ပါတယ်။

Wednesday, 15 Jun 2016

          ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက  ဂျီ-၇ အုပ်စုဝင်  နိုင်ငံခေါင်းဆောင်များနဲ့  ဂျပန်နိုင်ငံမှာ  ဆွေးနွေးနိုင်ရေးအတွက် မေ ၂၆ ရက်မှာ လာအိုနဲ့ ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှမှ  ခုနစ်နိုင်ငံခေါင်းဆောင်တွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။ အာဆီယံဒေသမှာ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလိုအပ်ပုံကိုလည်း အစည်းအဝေးမှာ  အလေးပေးပြောကြားခဲ့ကြောင်း ကိုရီးယားတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ မေ ၂၃ ရက် ကလည်း အေ မရိကန်သမ္မတအိုဘားမား  ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိပြီး ဗီယက်နမ်နိုင်ငံအား စစ်လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ထား တာကို အပြည့်အဝရုပ်သိမ်းပေးခဲ့ကာ ဗီယက်နမ်နဲ့ ပုံမှန်ဆက်ဆံမှုပြုလုပ်သွား မှာဖြစ်ကြောင်း ကြေ ညာခဲ့

Wednesday, 8 Jun 2016

             အီရန်နိုင်ငံက ရေနံထုတ်လုပ်မှု တိုးမြှင့်ရန် တိုက်တွန်းလျက်ရှိတဲ့အတွက် ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့ (အိုပက်) အစည်းအဝေးမှာ ထုတ်လုပ် မှုဆိုင်ရာမူဝါဒကို ချမှတ်နိုင်ခြင်း  မရှိပေမယ့် ဈေးကွက်အတွင်းသို့ ရေနံ များ ကို  အလျှံပယ်တင် ပို့မှာ မဟုတ်ကြောင်း ဆော်ဒီအာရေးဘီးယားနိုင်ငံ က ဇွန် ၂ ရက်က ကတိပြုခဲ့ကြောင်း  ဒိုမိန်း ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၅ ခုနှစ်ဒီဇင်ဘာကကျင်းပတဲ့ အစည်း အဝေးမှာ ရေနံထုတ်လုပ်မှု  ရည်မှန်းချက်ချမှတ် ဖို့ကြိုးပမ်းချက်က နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အောင်မြင်မှု မရရှိခဲ့ပါဘူး။ ၂၀၁၅ ခုနှစ် အစည်းအဝေးနောက်ပိုင်း ကျင်းပတဲ့ အစည်းအဝေးအများအပြားမှာလည်း ဆ

Wednesday, 8 Jun 2016

        ဒေသတွင်းစီးပွားရေး  ပေါင်းစည်းမှုမှထွက်ပါ် လာမယ့် အကျိုးစီးပွားများကို အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများ (အက်စ်အမ်အီး) ရယူခံစားနိုင် စေရန်အတွက် အကောက်ခွန်မဟုတ်တဲ့ အတားအဆီး များကို ဖယ်ရှားရေး၊ စီးပွားရေးလုပ်ငန်းသစ်များဖန်တီး ရေးနဲ့ ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးမှုထူထောင် ရေးတို့ကို ၂၀၁၅ ခု  အာဆီယံစီးပွားရေးအသိုက်အဝန်း စီမံချက်မှာ ဦးစားပေးအဖြစ်  ချမှတ်ထားကြောင်း ချန်နယ်နယူးေ အရှသတင်းမှာ ဖော်ပြပါတယ်။

Wednesday, 8 Jun 2016

        တိုးတက်လျက်ရှိနေတဲ့ ဝယ်လို အားကိုဖြည့်ဆည်းဖို့အတွက် အီလက် ထရွန်းနစ်ကဏ္ဍမှာ လာမယ့်လေးနှစ်အတွင်း အိန္ဒိယနိုင်ငံက အမေရိကန် ဒေါ်လာ ၅၆ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ခန့်မှန်းထားကြောင်း တိုင်းမ်အော့ အိန္ဒိ ယသတင်းမှာ ဖော်ပြပါတယ်။ "၂၀၂၀ ပြည့်နှစ်   ရောက်ရင် အီလက်ထရွန်းနစ်ကဏ္ဍရဲ့ ဝယ်လိုအား ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အမေရိ ကန်ဒေါ်လာ ဘီလီယံ ၄၀၀ ဖိုးထုတ် လုပ်ပြီး ပြည်ပကိုအမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ ဖိုး  တင်ပို့မယ်လို့ ခန့်မှန်း ထားပါတယ်" လို့ အီလက်ထရွန်းနစ်နဲ့ အိုင်တီဝန်ကြီးဌာန  ညွှန်ကြားရေးမှူး အက်စ်ကေမာဝါယာက ပြောပါတယ်။

Pages