Main menu

Background

Thursday, 7 Jan 2021

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉  ရောဂါကြောင့်  ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေထုတ်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းပေါင်း ၆၃၃၃ ခု သို့ ချေးငွေ ကျပ်   ၁၆၆ ဒသမ   ၅၉၆၃   ဘီလီယံ ထုတ်ချေးပေးခဲ့ပြီဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။ ဒီဇင်ဘာ ၂၀ ရက်တွင် ရန်ကုန် မြို့ရှိUMFCCI ရုံးချုပ်၌   ကျင်းပခဲ့ သည့်   ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ   ကုန်သည်များနှင့်  စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏  (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင်  ၎

Friday, 3 Jul 2020

မတ် ၁၂ ရက်မှစ၍ သုံးလတာကာလအတွင်း အလုပ်ရှင်ပေါင်း ၄၈၀ဝ ကျော်က ကုန်ကျစရိတ် သက်သာရေး အစီအမံများကို လူအင်အားဝန်ကြီး ဌာနသို့တင်ပြခဲ့ရာ ကုမ္ပဏီဝန်ထမ်းများ၏ လစာ များကိုလည်း ထိခိုက်မှုရှိခဲ့ကြောင်း Straitstimes သတင်းတွင် ဖော်ပြသည်။ ယခုအချိန်ထိ  တင်ပြခဲ့သော အစီရင်ခံစာ အားလုံးကိုကြည့်ပါက  လစာအလျှော့ခံရသော အလုပ်သမားစုစုပေါင်း ၁၈၇၀ဝ ရှိပြီး အများစုမှာ ကိုဗစ်-၁၉ ၏ ပြင်းပြင်းထန်ထန် ဂယက်ရိုက်ခံရ သောလုပ်ငန်းကဏ္ဍမှ ဖြစ်သည်ကိုတွေ့ရကြောင်း ဇွန် ၂၄ ရက်က  ထုတ်ပြန်သော ဝန်ကြီးဌာန၏ကြေညာချက်အရ သိရသည်။  အိမ်ဖော်များကို ထည့်သွင်းတွက်ချက်ခြင်း မပြုပါက ထိခိုက်ခံရသော  အလုပ်သမားအရေ အတွက်မှာ စုစုပေါင်းလု

Friday, 19 Jun 2020

        အိန္ဒိယရှိစက်ရုံများ  ပြန်လည်လည်ပတ်ရေး အတွက် အလူးအလဲရုန်းကန်နေရသဖြင့် တရုတ် ရှောင်းမီနှင့် အော့ပိုဖုန်းကုမ္ပဏီများသည် စမတ် ဖုန်း မိုဒယ်အချို့ကို ပြည်ပမှပြန်လည်တင်သွင်းနေ ရသည်ဟု ၎င်းနှင့်နီးစပ်သော သတင်းရင်းမြစ်သုံးခု မှသိရကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ အိန္ဒိယတွင်  အလုံးအရင်းဖြင့် ရောင်းချနေ သော ရှောင်းမီစမတ်ဖုန်းများကို အိန္ဒိယနိုင်ငံ တောင်ပိုင်း ပြည်နယ်များဖြစ်ကြသော တမီနာဒူး နှင့် အန္ဒရာပရာဒေ့ရှ်ပြည်နယ်များရှိ ဖောက်စကွန်  စက်ရုံက     ကန်ထရိုက်စနစ်ဖြင့်   ထုတ်လုပ်ပြီး အော့ပို  အိန္ဒိယထုတ်ဖုန်းများကို နယူးဒေလီ ဆင်ခြေဖုံးရှိ စက်ရုံတစ်ခုတွင် ထုတ်လုပ်သည်။

Monday, 16 Mar 2020

         ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်တွင် ကုမ္ပဏီ၏ မိုဘိုင်းစီးပွားရေးလုပ်ငန်းကို ကုမ္ပဏီ၏ နောက်ဆုံး ပေါ်ဟန်းဆက်က မြှင့်တင်ပေးနိုင်လိမ့်မည် ဟု ရည်မှန်းလျက် နောက်ဆုံးပေါ်စမတ်ဖုန်းများကို ကမ္ဘာအနှံ့  စတင် ဖြန့်ချိရောင်းချပေးခဲ့ကြောင်း ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီက မတ် ၆ ရက်တွင်ပြောသည်။ Galaxy S20 စီးရီးကို တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ စင်ကာပူနှင့် ဗီယက်နမ်တို့အပါအဝင် နိုင်ငံပေါင်း ၂၀ တွင် ရောင်းချခဲ့ ကြောင်း ဆမ်ဆောင်းကပြောသည်။ ယခုလအကုန်တွင် နိုင်ငံပေါင်း ၁၃၀ တွင် မိုဘိုင်းကိရိယာသစ်များ ရရှိနိုင်လိမ့်မည်ဟုလည်း ထပ်လောင်းပြော ကြားသည်။

Monday, 16 Mar 2020

        ကိုရိုနာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက် ရန် အစိုးရအဖွဲ့များက လုံးပန်းနေရ သည့်အတွက်  ယခုနှစ်အတွင်း အာရှ ပစိဖိတ်နိုင်ငံများ၏ စီးပွားရေးများတွင် အမေရိကန်ဒေါ်လာ   ဘီလီယံ ၂၀ဝ ကျော် ဆုံးရှုံးမှုနှင့် ကြုံတွေ့နိုင်သည်ဟု ကမ္ဘာ့စီးပွားရေးအဆင့် သတ်မှတ်ရေး အေဂျင်စီ  S&P Global က မတ် ၆ ရက် တွင်ပြောကြောင်း အေအက်ဖ်ပီသတင်း တွင် ဖော်ပြသည်။  ယခုအကြိမ် စီးပွား ရေးကျဆင်းမှုသည် ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးဖြစ်သည်။ အဆိုးရွားဆုံးဖြစ်နိုင်သော အခြေ အနေမှာ တရုတ်နိုင်ငံ၏  စီးပွားရေဖွံ့ ဖြိုးမှုနှုန်းသည် ၃ ရာခိုင်နှုန်း အောက်သို့  ရောက်ရှိပြီး   ဂျပန်၊ သြစတေးလျနှင့် ဟောင်ကောင်တို့သည်   စီးပွားဆုတ်ကပ်အတွင်းသို့

Monday, 16 Mar 2020

        ကိုရိုနာရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ တင်ပို့သော ထိုင်းပို့ကုန်များထိခိုက်ခံခဲ့ရကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင်ဖော်ပြသည်။ တရုတ်နိုင်ငံသို့ ပို့ကုန်လုပ်ငန်းများ ပိတ်ပင်လိုက်သည့်အတွက် ထိုင်းနိုင်ငံ၏ အဓိကပို့ကုန် တစ်ခုဖြစ်သော  ပုစွန်ရောင်းချမှုကို  ထိခိုက်ခဲ့သည်။ ဗိုင်းရပ်စ် ရောဂါ ဒဏ်ခံ‌နေရသောနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ အစား အစာတင်ပို့ ရန်အတွက် လယ်သမားများတွင် အခက်အခဲများရှိနေသည်။ ဖေဖော်ဝါရီနှင့်   ဧပြီလအတွင်း  ပုစွန်တင်ပို့မှုလုပ်ငန်းတွင်  ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ထိခိုက်လိမ့်မည်ဟု အစိုးရ တာဝန်ရှိသူတို့က ခန့်မှန်းထားသည်။ ဤကျဆင်းမှုမှာ ယခင်နှစ်ကာလတူက တရုတ်နိုင်ငံသ

Monday, 16 Mar 2020

       အချိန်ပြည့် အလုပ်အကိုင်ရရှိ ထားသည့် စင်ကာပူရှိဘွဲ့ရတို့၏  စုစုပေါင်း ကနဦးရရှိသည့် အလယ်အလတ် လစာမှာ မြင့်တက်ခဲ့သည်ဟု  ဖေဖော် ဝါရီ ၂၈ ရက်က ထုတ်ပြန်သော  ဘွဲ့ရ အလုပ်အကိုင်ရရှိမှု  ပူးတွဲစစ်တမ်း တစ်စောင်တွင် ဖော်ပြထားကြောင်း ချန်နယ်နယူးအေရှသတင်းတွင် ဖော်ပြ သည်။ အလယ်အလတ် လစာဆိုသည် မှာ စစ်တမ်းကောက်ယူသော လုပ်ငန်း နယ်ပယ်တွင်  ပါဝင်သူဦးရေထက် ဝက်ထက်နည်းပြီး ကျန်ထက်ဝက်ထက် များသောလစာကိုခေါ်ခြင်းဖြစ်သည်။ ယခုစစ်တမ်းသည်  နန်ယန်း နည်းပညာတက္ကသိုလ်(NTU)၊ စင်ကာပူ အမျိုးသားတက္ကသိုလ်(NUS)၊ စင်ကာပူ စီမံခန့်ခွဲမှု   တက္ကသိုလ်   (SMU) နှင့် စင်ကာပူလူမှုသိပ္ပံ တက္ကသိုလ်(SUSS) တို့၏ အချိန်ပြည့်  အစီအစဉ်များမှ ဘ

Monday, 16 Mar 2020

     International Trade Centere နှင့် TCMA တို့မှ ကြီးမှူး၍ ရှစ်ကြိမ်မြောက် နိုင်ငံတကာသံရုံးများ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံအလိုက် ထုတ်ကုန်/ထွက်ကုန်များကို ပြသသည့် ဆောင်ရာသီပြပွဲ 8th Annual Embassy Showcase Winter nationall ကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ Ronald Reagan Building ၌ ကျင်းပခဲ့သည်။ အဆိုပါပြပွဲသို့ ဝါရှင်တန်မြို့၊ မြန်မာသံရုံး အပါအဝင် နိုင်ငံခြားသံရုံး ၆၀ ရုံးမှ ပါဝင်ပြသခဲ့ကြသည်။ ဝါရှင်တန်မြို့ မြန်မာသံရုံးအနေဖြင့် နှစ်စဉ်ကျင်းပသည့် ဆောင်းရာသီပြပွဲသို့ ဒုတိယအကြိမ် ပါဝင်ပြသခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ပြပွဲအား “Farmers to Markets & Environmental –

Wednesday, 4 Mar 2020

      ကူးစက်မှုလျင်မြန်သော ကိုရိုနာ ရောဂါဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသော ကုန်သွယ် မှုသဘောတူညီချက်ကို တရုတ်နိုင်ငံက စောင့်ထိန်းလိမ့်မည်ဟု အမေရိကန် အစိုးရက မျှော်လင့်ကြောင်း ဖေဖော် ဝါရီ ၂၀ ရက်က  အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးအား မည်မျှထိခိုက်မည်ကို အတိအကျခန့်မှန်းရန် စောလွန်းသေးသော်လည်း အခြေခံခန့်မှန်းချက်များ အရ တရုတ်နိုင်ငံ ၏ စီးပွားရေးတိုးတက် မှုနှုန်းသည်  ပထမသုံးလပတ်တွင် ကျ ဆင်းပြီး နောက်ပိုင်းမှသာ  ရုတ်တရက် ထိုးတက်လာနိုင်ကြောင်း  အမေရိကန် ဘဏ္ဍာရေးအရာရှိတစ်ဦးက  ပြော သည်။ ရောဂါပြန့်ပွာ

Pages