Main menu

Background

Sunday, 24 Jun 2012

        မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူအမျိုးအစားသစ် ကို ၂၀၁၂ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ယခုထုတ်ဝေခဲ့သည့် ကျပ်တစ်သောင်းတန်သည် အစိုးရသစ်လက် ထက် ပထမဦးဆုံးထုတ်ဝေသည့်ငွေစက္ကူအမျိုးအစားဖြစ်သည်။

Sunday, 24 Jun 2012

ဘိလပ်မြေအဝင်ပိုပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မေ ၂၇ ရက်မှ ဇွန် ၂ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၄၀၇၀၉ ဒသမ ၃၃ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ သုံးဆယ့်သုံးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင် သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၅၆ ဒသမ ၁၈တန်၊ ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၆၆၀၀ နဲ့ ထိုင်းနိုင်ငံမှ ၃၄၀၅၃ ဒသမ ၁၅ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်ဘိလပ်မြေ တင်သွင်းမှုက တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင် ပိုခဲ့ပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သိန်းနှစ်သောင်းကျော်ရှိခဲ့ပြီး မေလ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ် သိန်းနှစ်သောင်းခုနှစ်ထောင်ကျော်ရှိခဲ့တာကြောင့် မေလမှာ တန်ချိန်ခုနှစ်ေ ထာင် ကျော်အဝင်ပိုခဲ့ပါတယ်။                                                            MIRT (DOT)

Thursday, 7 Jun 2012

     ကုန်စည်ပို့ဆောင်ရာမှာ မြန်ဆန် ချောမွေ့ရေး၊ အန္တရာယ်ကင်းရှင်းရေးနဲ့ ယာဉ်လုံလောက်စေရေးအတွက် ကုန် တင်ယာဉ် အစီး ၄၀၀ ကျော်ကို ပေါက် ဈေးအမှန်ဖြင့် တင်သွင်းနိုင်ရန် စီစဉ် ထားကြောင်း၊ ဗဟိုအဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးလှဦးက မန္တလေး တိုင်းဒေသကြီး အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်း ဖွဲ့စည်းရေးနဲ့ အလုပ်အမှု ဆောင်အဖွဲ့   ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

Thursday, 7 Jun 2012

နေပြည်တော်အနီး မွေးမြူရေးဇုန် ၇ ဇုန်မှာ နေရာယူထားပြီး မွေးမြူရေးအကောင်အထည်မေ

Thursday, 7 Jun 2012

    မေလကုန် ဇွန်လ  လဆန်းပိုင်း ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေ အနေမှာ အရောင်းအဝယ်အေးေ နပြီး ဈေးကွက်တစ်ခုလုံး ရောင်းလိုသူများ နေကြောင်းသိရသည်။ မေလပထမပတ် အကျော်ယာဉ်တင်သွင်းခွင့်မူဝါဒအသစ် ထွက်ရှိ လာပြီးနောက်ပိုင်းမှ  ကုန်ကား အရောင်းအဝယ်ဈေးကွက်  အရောင်း မရှိ အဝယ်မရှိသလောက် ဖြစ်ခဲ့ပြီး ၅ ရက် တစ်ပတ်ခန့်ကြာမှ သာအရောင်း အဝယ်ပြန်ရှိကာ  ယင်းကားများမှာ လည်း အင်ဂျင်ပါဝါအကြီး ဒီဇယ်သုံး ကားများနှင့်ယခင်ရှိပြီး ဒီဇယ်သုံးအမြင့် ကား  ကားဟောင်းများဖြစ်ကြောင်း သိရသည်။

Thursday, 7 Jun 2012

        နိုင်ငံတော်အစိုးရမှ ၂၀၀၇ခုနှစ် နှင့်အထက် မော်ဒယ်ရှိသည့် ကားများ ကို နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ ကားတင်သွင်းခွင့်ပြု လိုက်ခြင်းကြောင့် ငွေလဲစင်တာများတွင် နေ့စဉ်လိုလို နိုင်ငံခြားငွေများကို အဝယ်ထက် ရောင်း အားများနေခြင်းကြောင့် ယခုကဲ့သို့ အမေရိကန်ဒေါ်လာဈေး တက်လာ ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Thursday, 7 Jun 2012

ထိုင်းဘိလပ်မြေပဲဝင်ဒီသီတင်းပတ်ဖြစ်တဲ့ မေ ၂၀ ရက်မှ ၂၆ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၁၈၃၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ငါးသိန်း ကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ထိုင်းနိုင်ငံမှ ဘိလပ်မြေများသာ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများက စိန်တံဆိပ်ဘိလပ်မြေတန်ချိန် ၆၃၀၀ နဲ့ အခြားဘိလပ်မြေမျိုးစုံ တန်ချိန် ၁၂၀၀၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင် ကတန် ချိန် လေးသောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ဘိလပ်မြေအစင်  နည်းခဲ့ပါတယ်။                                               MIRT(DOT)

Wednesday, 30 May 2012

     Golden Wings Co. နှင့် Jenko Co တို့ပူးပေါင်းကာ လေယာဉ် မောင်းသင်တန်းကျောင်း စာတွေ့သင်တန်းကို မေ ၂၁ ရက်မှစကာ အပတ်စဉ် ဖွင့်လှစ်သင်ကြားမှာဖြစ်ပါတယ်။

Wednesday, 30 May 2012

    အဝေးပြေး ကုန်တင်ယာဉ် ရပ်နား စခန်းကို ဇူလိုင် ၁ ရက်မှာ ဖွင့်လှစ်မှာ ဖြစ်ရာ မန္တလေးမြို့တွင်းရှိ ကုန်တင်ဂိတ် များအား ဇွန်လကုန်ပိုင်း နောက်ဆုံး ထားပြီးပြောင်းရွေ့ဖွင့်လှစ်ရန် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ မှ အသိပေးထားကြောင်းသိရပါတယ်။အဝေးပြေး ကုန်တင်ယာဉ်ရပ်နား စခန်းနဲ့ကုန်စည်ဒိုင်များကို ၂၀၁၀ ခုနှစ် နှစ်လယ်မှစကာ  တည်ဆောက်ခဲ့ပြီး လတ်တလောမှာ ကုန်စည်ပို့ဆောင်ရေး ဂိတ်များ သာ ပြောင်းရွှေ့ဖွင့်လှစ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။

Wednesday, 30 May 2012

    ပြည်သူများ နိုင်ငံခြားငွေများလဲလှယ်ရာတွင် အဆင်ပြေချောမွေ့မှု  ရှိစေ ရန်အတွက် ငွေလဲစင်တာများဖွင့်လှစ်ပေးထားသော်လည်း ပြည်သူအများ စုမှာ မှောင်ခိုဈေးကွက်ကို သာအားထားပြီး အရောင်းအဝယ်ပြုလုပ်နေသည်ကို တွေ့ ရသည်။ ပြင်ပဈေးကွက်တွင် မှန်ကန်မျှတစွာ လုပ်ကိုင်စားသောက်နေသူများရှိ သော်လည်း အများစုမှာ လိမ်ညာနေသူများသာဖြစ်ကြောင်း ငွေလဲသူတစ်ဦး က ဆိုသည်။

Pages