Main menu

Background

Tuesday, 15 May 2012

    မန္တလေးမြို့တွင်   မြေအရောင်း အဝယ် အေးခြင်းကြောင့် မြေဝယ်ယူ ထားသူများမှာအရောင်းအဝယ် စာချုပ် ချုပ်၍ ပေါင်နှံမှုများ ပြုလုပ်မှုများ လာ ကြောင်း သိရပါတယ်။မြေပေါင်နှံရာတွင် မြို့သစ်ရှိ ထန်း ကိုးပင်ရပ်၊   အောင်ပင်လယ်ရပ်နဲ့ မနော်ဟရီတောင်ဘက်ခြမ်းရှိ   မြေ ကွက်များကို  အများဆုံး ပြု လုပ်နေ ကြောင်း  မြေအကျိုးဆောင်များထံမှ သိရပါတယ်။

Tuesday, 15 May 2012

     နိုင်ငံတော်မှ နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များမှာ ကားအရောင်းပြခန်းများ  (Used  Car  Sale  Centre) ဖွင့်လှစ်ပြသရောင်းချ ခွင့်ပြုပေးလျက်ရှိရာ မန္တလေးမြို့မှာလည်း ၂၀၁၂ ခုနှစ် မေ ၄ ရက် Best  Auto  Services  Co.,Ltd   ရဲ့ ကားအရောင်းပြခန်း ဖွင့်လှစ်ခဲ့ပါတယ်။       လက်ရှိပြခန်းမှာ ကား ၁၆ စီးပြသထားပြီး ဂျပန်နိုင်ငံထုတ်  Toyota, Nissan, Mitsubishi   လူစီးယာဉ်ငယ် အမျိုးမျိုးပါဝင်ပါတယ်။ ဝယ်ယူသူ လိုအပ်ချက်များအရ ကုန်တင်ယာဉ်များကိုလည်း မှာယူရောင်းချပေးနိုင်ကြောင်းနဲ့ ဖွင့်ပွဲနေ့မှာ ၂၀၀၂ ခုနှစ်ထုတ် Toyota  Caldina စက်ရုပ်ကားတစ်စီး ရောင်းချရကြောင်း ပြခန်းတာဝန်ခံ မန်နေဂျာ ဦးဇော်မင်းလှိုင်က ပြောကြားပါတယ်။ မန္တလေးမြို့မှာThemis  Services  Co.,Ltd နဲ့ Best  Auto  Services  Co.,Ltd   တို့ရဲ့ ကားအရောင်းပြခန်းနှစ်ခန်း ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရပါတယ်။    ဇေယျာဆွေ

Tuesday, 15 May 2012

    ရန်ကုန်မြို့ ကားဈေးကွက်၏ မေလဆန်းပိုင်းအခြေအနေမှာ ရောင်း လိုအားများနေပြီး ဝယ်လိုအားနည်းနေသဖြင့် ဈေးတန်းများအကျဖက်သို့ ဦးတည်နေကြောင်း သိရသည်။ ကဏ္ဍစုံ  တင်သွင်းရောက်ရှိလာသော အင် ဂျင်ပါဝါအမျိုးမျိုး၊ မိုဒယ်(လ်)အမျိုးမျိုးကားများ စုံလင်စွာဝိုင်းထဲတွင် လက် ရှိရောက်ရှိနေပြီး ဝယ်သူဈေးကွက်ဖြစ်လာကာ ဈေးတန်းမှာလည်း တဖြည်း ဖြည်း ကျဆင်းလာကြောင်းသိရသည်။

Tuesday, 15 May 2012

ဆင်၊ မောင်းတိန်းနဲ့ စိန်တံဆိပ်ဘိလပ်မြေများ တင်သွင်းခဲ့ဧပြီပထမပတ်အတွင်း ဘိလပ်မြေ တန်ချိန် ကိုးသောင်းကျော်တင်သွင်းခဲ့ပြီး ဒုတိယ ပတ်မှာ အဝင်နားခဲ့ပါတယ်။ ဧပြီစတုတ္ထပတ်မှာတော့ ဘိလပ်မြေတန်ချိန် ၁၁၉၁၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဆယ်သိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ စတုတ္ထပတ်အတွင်း တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ ဆင်တံဆိပ် ဘိလပ်မြေ တန် ၂၁၀၊ မောင်းတိန်း ဘိလပ်မြေ တန် ၅၇၀၀၊ စိန်တံဆိပ်ဘိလပ်မြေတန်ချိန် ၆၀၀၀ မှာယူတင်သွင်းခဲ့ပါတယ်။ ဧပြီ ပထမပတ်အတွင်း တန်ချိန်ကိုးသောင်းကျော်တင်သွင်း ခဲ့တာကြောင့် စတုတ္ထပတ် တင်သွင်းမှုနဲ့ယှဉ်ရင် စတုတ္ထပတ်မှာ ဘိလပ်မြေအဝင်လျော့နည်းခဲ့ပါတယ်။                             MIRT (DOT)

Monday, 14 May 2012

ဘိလပ်မြေတန်ချိန် ကိုးသောင်းကျော်ဝင်ပထမသီတင်းပတ်ဖြစ်တဲ့ ဧပြီ ၁ ရက်မှ ၇ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၉၆၈၇၁ ဒသမ ၇၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနှစ်ဆယ့် ရှစ်သိန်းကျော်ဖိုးကို  ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၅၇၀၀၊ ဆင်တံဆိပ် ဘိလပ်မြေ ၆၀၅၉၄ ဒသမ ၈ တန်နဲ့ အခြားဘိလပ်မြေမျိုးစုံ တန်ချိန် ၃၀၅၇၆ ဒသမ ၉၅ တန်ကိုတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ တင် သွင်းမှုမှာ တန်ချိန် ခြောက်သောင်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးသောင်းကျော် ပိုမိုတင်သွင်းခဲ့တာတွေ့ရပါတယ်။  MIRT (DOT)

Monday, 9 Apr 2012

ကားဈေးကွက်မှာ Light Truck   ကားများမှာ နေရာယူလျက်ရှိပြီး လူ ကြိုက်များ အရောင်းအဝယ်သွက်ခြင်း ကြောင့် ဈေးမကျဘဲ အမြင့်ဆုံးဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျတ်ရှိပါတယ်။ Light Truck   ကားများဟာ အရောင်းအဝယ်ဈေးကွက်မှာသာမက အငှားဈေးကွက်မှာလည်း  တွက်ခြေ ကိုက်တဲ့ကားဖြစ်ကြောင်း သိရပါတယ်။

Monday, 9 Apr 2012

             မြန်မာတို့၏ မြန်မာ့ရိုးရာသြင်္ကန်ပွဲ တော်ကာလ  နီးကပ်လာမှုကြောင့် မြန်မာ့ရွှေဈေး ဆက်တိုက်ကျဆင်းလာ ခဲ့ကြောင်း  ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

Monday, 9 Apr 2012

ရန်ကုန်မြို့ကားဈေးကွက်မှာ အပေါ်ကားများ ဈေးအေးနေပြီး အလယ် အလတ်ကားများနှင့် အောက်ကားများဖြစ်သော ၁၀၀ သိန်းဝန်းကျင် ကားများနှင့် အပ်ကားများသာ အရောင်းအဝယ်ရှိနေကြောင်း သိရသည်။

Monday, 2 Apr 2012

ဘိလပ်မြေတန်ချိန် နှစ်သောင်းကျော်သာဝင်ခဲ့ပြည်တွင်းကို မတ် ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၂၈၀၂၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်လေးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန်က ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေတန် ၂၀၊ ထိုင်း နိုင်ငံမှ ကျောက်ဆူးတံဆိပ် ဘိလပ်မြေတန်ချိန် ၆၁၀၀ ၊ စိန်တံဆိပ်ဘိလပ်မြေတန် ချိန် ၁၆၇၀၀ နဲ့ အခြားဘိလပ်မြေမျိုးစုံ တန်ချိန် ၅၂၀၀ အသီးသီးမှာယူတင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ကိုးသောင်းကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ ယှဉ်ရင် လေးဆကျော်လောက် လျော့နည်း ခဲ့ပါတယ်။                                                                       MIRT (DOT)

Monday, 26 Mar 2012

 သိမ်ဖြူလမ်းတွင် ဖွင့်လှစ်ထားသည့် ငွေလဲစင်တာနှင့်  ပုဂ္ဂလိကဘဏ်တို့မှ ဖွင့်လှစ်ထားသည့်ငွေလဲစင်တာများတွင်  ဒေါ်လာများနှင့် အက်ဖ်အီးစီများကို လဲ လှယ်ရာတွင် အနည်းငယ်ဟောင်းနွမ်း နေသည့် ဒေါ်လာများနှင့် မှိုတက်နေ သည့်ဒေါ်လာများအားလဲလှယ်ပေးခြင်း  မရှိသဖြင့် နိုင်ငံခြားငွေများမှာ ပြင်ပ လောကသို့ စီးဆင်းနေကြောင်း သိရ သည်။

Pages