Background
ပီလောပီနံသည် စိုက်ပျိုးရန် လွယ်ကူပြီး လုပ်အားခနှင့်ကုန်ကျ စရိတ်များ သက်သာသဖြင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်/ ကျေးရွာ များတွင် နေရာအနှံ့စိုက်ပျိုးကြသည်။ အချို့တွင် အိမ်ခြံစည်းရိုးများ ၌ပင် စိုက်ပျိုးကြသည်။
မြန်မာနိုင်ငံက ထွက်ရှိသည့် ကော်ဖီ တန်ချိန် ၂၀ဝ၀ ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် စတင် လုပ် ဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရ သည်။
နှစ်စဉ် ပြည်တွင်း၌ ကော်ဖီတန်ချိန် ၈၀ဝ၀ မှ ၁၀ဝ၀ဝ ကြား ထွက်ရှိပြီး ပြည်ပတင်ပို့ရာတွင် ထွက်ရှိမှု စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းအထိ တင်ပို့နေခြင်းဖြစ်သည်။
ယင်းသို့ တင်ပို့ရာတွင် ပြည်ပဈေးကွက်၌ မြန်မာ့ကော်ဖီ ၏ အရည်အသွေးနှင့် အမျိုးအစားအလိုက် ကော်ဖီ တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၅၅၀ဝ မှ ၈၃၀ဝ ခန့်အထိ ဈေးရရှိ နေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် အတွင်းရှိ ကိုးထောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံး၊ ရေလယ်တောင်၊ ကျစ်ပြင်၊ ချင်တောင်၊ အောက်ဆိပ်၊ ဇီးကပ် ကျေးရွာများတွင် နှစ်စဉ်ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ ကုန်စိမ်းသီးနှံ ရာသီစာကန်စွန်းဥ စိုက်ခင်းများကို လည်း ကိုင်းကျွန်း၊ သဲ၊ နုံး မြေများတွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း ကန်စွန်းဥ စိုက်ခင်းများကို ဒေသစီးပွားဖြစ် အမြောက်အမြား နှစ်စဉ်စိုက်ပျိုးကြပြီး ဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃တွင် စိုက်ဧက ၂၀ဝ၀ ခန့်စိုက်ပျိုးပြီး ကန်စွန်းဥ အထွက် ကောင်းပြီး ဈေးကွက်ကောင်းမွန်ခြင်းကြောင့် ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၀၂၄ တွင် စိုက်ဧက
ဘိလပ်မြေ
မော်လမြိုင်မြို့၌ မတ်လစတုတ္ထပတ်တွင် ဘိလပ်မြေဈေးကွက်မှာ ဈေးနှုန်း အနည်းငယ် မြင့်တက် လာပြီး အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း သိရသည်။ ယခင်တစ်ပတ်က ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၁၅၀ဝ၊ ကြံ့တံဆိပ်(အပြာ)ကျပ် ၁၁၂၀ဝ၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၁၀၉၀ဝ ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကြံ့ နှစ်ကောင်(အနီ) ကျပ် ၁၃၂၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၂၀ဝ၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၁၁၅၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေသည်။
ဓာတ်မြေသြဇာ
မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်း အဝယ် ပုံမှန်ရှိနေသည်။
မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်ခရိုင် မြစ်သားမြို့နယ် ကြောင်ပန်း ကုန်းကျေးရွာအုပ်စု ထနောင်းကုန်း ကျေးရွာရှိ မြက်ဖျာလုပ်ငန်းအား လေ့ လာခဲ့သည်။ မြက်ဖျာရက်လုပ်ခြင်း လုပ်ငန်း တွင် အဓိကကုန်ကြမ်းမှာ ဒေသအခေါ် မြက်စလုံးမြက်ကို အသုံးပြုကြောင်း၊ မြက်စလုံးမြက်မှာ အင်းနှင့်မြစ်ချောင်းကမ်းဘေးများတွင် အများဆုံးပေါက် ရောက်သော အပင်ဖြစ်သည်။ မြက် စလုံးပင်ကို ဝယ်စရာမလို အလေ့ကျ ပေါက်သောကြောင့် အရင်းအနှီးမလိုဘဲ ရက်လုပ် ရောင်းချရသဖြင့် အကျိုး အမြတ်ပိုမိုရရှိကြသည်။ မြက်ဖျာ ရက်လုပ်ရန်အတွက် မြက်စလုံးပင်ကိုနုတ်ပြီး အပင်မှပါလာ သော ပန်းပွင့်များကိုဖယ်၍ အခွံများ ကိုသင်ပြီး အခြောက်ခံထားရကြော
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိ တောက် ငါးဈေးတွင် ဇန်နဝါရီ စတုတ္ထပတ်အတွင်း ဝင်ရောက်ခဲ့ သော ရေချိုငါးများ၏ တစ်ပိဿာဈေးနှုန်းများမှာ ငါးမြစ်ချင်း အနိမ့်ဆုံး ကျပ် ၄၅၀ဝ မှ အမြင့်ဆုံးကျပ် ၇၀ဝ၀၊ ငါးကြင်း ကျပ် ၆၅၀ဝ မှ ၁၃၀ဝ၀ ၊ ငါးသလောက် ကျပ် ၉၅၀ဝ မှ ၄၅၀ဝ၀ ၊ ငါး ခေါင်းပွ ကျပ် ၃၃၀ဝ မှ ၇၀ဝ၀ ၊ ငါးဘတ် ကျပ် ၁၅၀ဝ၀ မှ ၂၅၀ဝ၀၊ ကကတစ် ကျပ် ၁၄၀ဝ၀ မှ ၂၀ဝ၀ဝ တို့ဖြစ်သည်။
မန္တလေးကုန်စည်ဒိုင်သို့ ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်း နှမ်းမျိုးစုံဈေးကွက်ထဲ ဝင်ရောက်မှု နည်းလာကြောင်း သိရသည်။ နှမ်းမျိုးစုံဈေးကွက်တွင် နှမ်းဖြူနှင့် နှမ်းနက် (စမုန်) ဈေးအနည်းငယ်မြင့်တက်နေပြီး နှမ်းညိုဈေးအေးနေခြင်းမှာ ပြည်တွင်းဈေးကွက် ဝယ်ယူမှုအေးခြင်းကြောင့် ဈေးအေးနေ ကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။
နှမ်းနက်(စမုန်) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၁၀ဝ၀ဝ မှ ၃၅၅၀ဝ၀၊ ယခင်တစ်ပတ် ကျပ် ၃၁၀ဝ၀ဝ မှ ၃၅၅၀ဝ၀၊ ယခင်လ ကျပ် ၂၉၅၀ဝ၀ မှ ၃၃၀ဝ၀ဝ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး ယခင်လထက် ကျပ် ၁၅၀ဝ၀ မှ ၂၅၀ဝ၀ မြင့်တက်လာသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကDigital E-commerce PlatForm တစ်ခု တည်ဆောက်ထားပြီး ပြည်တွင်းမှ လုပ်ငန်းရှင်များ Exporter များ၊MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမှ ကြပနမ များနှင့် ချိတ်ဆက် ရောင်းဝယ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်၊
ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်မှ ၁၅ ရက်အထိ စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၄၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း YSX မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း စောင်ရေ ၄၇၁၇၀ ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၁၄၈ ဒသမ ၁၇ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း ရွှေရည်ညွှန်းဈေးမှာ နိုဝင်ဘာ ၁၆ ရက် ပေါက်ဈေးအရ ကျပ် ၃၀၇၇၉၀ဝ ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စ ၁၉၆၃ ဒေါ်လာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ) မှ သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်း ဈေးနှုန်းများအနေဖြင့် နိုဝင် ဘာ ၁၀ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၀၅၇၀ဝ၀၊ ၁၁ ရက်တွင် ကျပ် ၃၀၃၀၅၀ဝ၊ ၁၃ ရက်တွင် ကျပ် ၃၀၃၂၀ဝ၀၊ ၁၄ ရက်တွင်ကျပ် ၃၀၄၉၇၀ဝ၊ ၁၅ ရက်တွင် ကျပ် ၃၀၈၈၉၀ဝ၊ ၁၆ ရက်တွင်ကျပ် ၃၀၇၇၉၀ဝ ဖြစ်ကြောင်း သိရ သည်။