Background
၂ဝ၁ဝ ဇန်နဝါရီ ပထမပတ် က ဖြစ်ပေါ်ခဲ့တဲ့ မြိတ်ရော်ဘာဈေး ွျှှ-၃ တစ်ပိဿာ ၄ဝဝဝ ကျပ် (တစ်ပေါင် ၁၁၁၁ ကျပ်) ၊ RSS-5 တစ်ပိဿာ ၃၈ဝဝ ကျပ် (တစ်ပေါင် ၁ဝ၅၅ ကျပ်)မှ ဇန်နဝါရီ ဒုတိယပတ်မှာ RSS-3 တစ်ပိဿာ ၄၁ဝဝ ကျပ် (တစ်ပေါင် ၁၁၃၉ ကျပ်)၊
မြန်မာထိုင်းနယ်စပ်ရှိ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းက ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ် ဧပြီလက ဒီဇင်ဘာလထိ ကာလအတွင်း စက်မှုကုန် ကြမ်းသီးနံှနဲ့ ပြောင်းများကို တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ၃၄၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။
ဘရူနိုင်းနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်နေ့ အထိ ကျင်းပမည့် ASEAN Tourism Forum-2010 (ATF-2010) သို့ ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန၊ ဝန်ကြီးနှင့်တာဝန်ရှိသူများ၊ မြန်မာ့ခရီးသွားမြှင့်တင်ရေးကုမ္ပဏီ၊ မြန်မာအဲဝေးအင်တာနေရှင်နယ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများတက် ရောက်မည်ဟု သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံ-၂ဝဝ၉ကို ဇန်နဝါရီလ၂၅ရက် မှ၂၉ရက်နေ့အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် (MFF)နှင့် မြန်မာနိုင်ငံ ပုစွန် လုပ်ငန်းရှင်များအသင်းတို့မှ ပူးပေါင်း စီစဉ်သည့် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲ ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆွေးနွေးပွဲ ကိုဇန်နဝါရီလ ၉ရက်နေ့ကMFF ရှိသီရိအဏ္ဏဝါခန်းမ၌ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံဆေးနှင့်ဆေး ပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များ အသင်းက အဆင့်မြင့်လက်တွေ့ အသုံးချဆေးဝါးစီမံခန့်ခွဲမှု သင်တန်း၊ (Advanced Applied Pharmaceutical Managament) အပတ်စဉ်(၆)ကို ၂ဝ၁ဝခုနှစ် ဇန်နဝါရီလ ၁၃ ရက် နေ့က အသင်းရဲ့ခန်းမမှာ ဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။
UMFCCI ရဲ့ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူး(အရှေ့)၊ပဲခူး(အနောက်)တို့တွင် ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း တိုင်းရုံးများဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များနှင့်မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များရောင်းသူနှင့်ဝယ်သူတွေ့ဆုံဆွေးနွေးပွဲကို ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီ၂၁ရက်နေ့၌ ကုန်သည် စက်မှုအသင်းချုပ်၌ပြုလုပ်မည်ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ခိုျ၊ နမ္မတူမြို့နယ်ဒေသများမှ စိုက်ပိုျးထွက်ရှိလာတဲ့ ပြောင်းသီးနံှဟာ ယခုနှစ်မှာတော့ သြဂုတ်လ ပထမပတ်မှ စတင်ပြီး လားရှိုးကုန်စည်ဒိုင်ဈေးကွက်ကို
အခုရာသီဟာ ရော်ဘာရွက်ေြွကချိန်ဖြစ်တဲ့အတွက် သဘာဝ အရ ရော်ဘာစေး အထွက်နည်းလို့ ခြံတွေဟာ ပုံမှန် ၂ ပတ်က ၄ ပတ် အစေးခြစ်နားကြပေမယ့် ဈေးကောင်းရလို့ အခိုျ့ခြံရှင်များက ၂ ပတ်လောက် ပဲ နားကြတယ်လို့ သိရပါတယ်။