Background
ပြည်ချင်းပွဲရုံများတွင် လက်ကားစျေးနှင့် လက်လီစျေးများစက်တင်ဘာလလယ်မှ စပြီးစျေးနှုန်းငြိမ်နေခဲ့တာတွေ့ရသည်။ ယခုအောက်တိုဘာပထမပတ်တွင် ချင်းပွဲရုံများတွင် ချင်းစျေးအနည်းငယ် ကျလာတယ်လို့ သိရသည်။ ပြည်နှင့် နယ်ချင်းနီးစပ်သော ဟင်္သာတချင်းလည်း ရက်ခြား၀င်ရောက်လျက်ရှိနေတာသိရသည်။ ယခုပတ်ချင်းစျေးမှာ (ပွဲရုံ)အိတ်ဆွဲစျေး တစ်ပိဿာလျှင် ကျပ် ၁၈၀၀၊ ၂၀၀၀ နှင့်သန့်ပြီးလက်ကားစျေးမှာ ကျပ် ၂၅၀၀၊ ၂၈၀၀ စျေးတို့ဖြင့် ရောင်းချ နေတာတွေ့ရသည်။ ဒေသတွင်းလက်လီစျေးများတွင် ချင်းတစ်ပိဿာစျေးမှာ ၃၅၀၀ ကျပ်စျေးဖြင့်ရောင်း၀ယ်နေသည်။ ဓားလှီးချင်းဖတ် တစ်ပိဿာကျပ် ၃၀၀၀ စျေးဖြင့် ရောင်းချနေတာ တွေ့ရသည်။ ယခုတစ်ပတ်ချင်းစျေး တစ်ပိဿာ ပေါ်တွင် (
ပြည်စျေးကြီးနှင့် ပွဲရုံများတွင် COVID-19 ကာလအတွင်း အခြားစားဖိုဆောင်သီးနှံများကဲ့သို့ စျေးမတက်ဘဲ ကြက်သွန်ဖြူလိုင်းစျေးငြိမ်စွာနှင့် ရောင်း၀ယ်နေတာတွေ့ရသည်။ COVID-19 ရောဂါများ ဖြစ်ပွားနေချိန်ဖြစ်၍ တစ်နေရာနှင့် တစ်နေရာ သွားလာမှုယခင်လို မချောမွေ့တာကြောင့် ကုန်စီဆင်းမှုများ ကုန်အရောင်း အ၀ယ်များလည်း ပုံမှန်မဖြစ်နေဘဲ ဒေသတွင်းအရောင်းအ၀ယ်လောက်သာရှိနေပါတယ်။ ယခုတစ်ပတ် ကြက်သွန်ဖြူစျေးနှုန်းမှာ (ပွဲရုံစျေး) တစ်ပိဿာလျှင် (ရှမ်းစ) ကျပ်၂၀၀၀၊ ၂၃၀၀ နှင့် (ကြူကုတ်စ)ကို ကျပ် ၁၉၀၀၊၂၀၀ စျေးတို့ဖြင့် အိတ်ဆွဲစျေးရောင်းချလျက်ရှိနေသည်။ လက်လီစျေးများတွင် (ရှမ်းစ) ကျပ် ၃၀၀၀၊ ၃၅၀၀ နှင့် (ကြူကုတ်စ)ကိုတော့ ကျပ် ၂၂၀၀ စျေး
ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း စက်သုံးဆီဈေးနှုန်းများမှာ အောက်တိုဘာ ၈ ရက်တွင် အနိမ့်ဆုံးဈေးနှုန်းမှာ ဓာတ်ဆီ(ရိုးရိုး)တစ်လီတာလျှင် ၅၁၇ ကျပ်၊ အမြင့်ဆုံးမှာ ဓာတ်ဆီ(ရိုးရိုး)တစ်လီတာလျှင် ၆၁၅ ကျပ်၊ အနိမ့်ဆုံး ဈေးနှုန်းမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် ၅၆၃ ကျပ်၊အမြင့်ဆုံးဈေးမှာ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် ၆၁၅ ကျပ်၊ အနိမ့်ဆုံးဈေးနှုန်းမှာ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ၅၇၃ ကျပ်၊ အမြင့်ဆုံးဈေးမှာ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ် ၆၄၀၊ အနိမ့်ဆုံးဈေးမှာ ဓါတ်ဆီ (၉၅) တစ်လီတာလျှင် ၆၁၇ ကျပ်၊အမြင့်ဆုံးဈေးနှုန်းမှာ ကျပ် ၇၂၀ ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ပြည်နယ်အတွင်း၌ ရောင်းချလျက်ရှိသော စက်သုံးဆီဆိ
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲများကြောင့် ပြည်တွင်းရွှေဈေးကွက်တွင်လည်း အပြောင်းအလဲ များစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရွှေ တစ်အောင်စလျှင် ၁၉၅၂ ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၁၉၁၁ ဒေါ်လာ မှ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ၁၈၆၃ ဒေါ်လာသို့ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၃၂၀၀၀၀ ကျပ်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ
ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၁၃) နိုင်ငံအနက် စျေးနှုန်း မြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း (၂၁) နိုင်ငံရှိပြီး၊ ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ယခင်အပတ် စျေးနှုန်းထက် (၃.၅၀ %) ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများ အနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ် ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြား စျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ (White Sugar) တစ်တန်လျှင် (၁-၉-၂၀၂၀) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၃၆၄.၆၀) ဒေါ်လာ ပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက် ဖြစ်ပေါ်လျက်ရှိပြီး (၂၃-၉-၂၀၂၀) ရက်နေ့တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၇၁.၆၀) ဒေါ်လာ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲများကြောင့် ပြည်တွင်းရွှေဈေးကွက်တွင်လည်း အပြောင်းအလဲများစွာဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာလ ပထမပတ် အတွင်း ရွှေတစ်အောင်စလျှင် ၁၉၉၂ဒေါ်လာမှ ၁၉၁၇ ဒေါ်လာသို့ကျဆင်းသွား လာခဲ့ပြီး စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် ၁၉၆၄ ဒေါ်လာသို့ ပြန်လည် မြင့်တက်လာခဲ့သည်ကိုတွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း စက်တင်ဘာလ လဆန်းပိုင်းတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၃၁၀၀၀၀ က
ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၁၅) နိုင်ငံအနက် စျေးနှုန်း မြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း (၁၃) နိုင်ငံရှိပြီး၊ ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်သည့် လီဆိုသိုနိုင်ငံတွင် ယခင်အပတ် စျေးနှုန်းထက် (၃.၁၀ %) ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
ပြည်တွင်းရွှေဈေးနှုန်းနှင့် နိုင်ငံတကာရွှေဈေးမှာ ယခုတစ်ပတ်အတွင်း ဈေး ထပ်မံမြင့်တက်ခဲ့သည်။ ယခင်ရက်သတ္တပတ်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၄၇၀၀၀ရှိခဲ့ရာမှ ယခုရက်သတ္တပတ်မှာတော့ ကျပ် ၁၁၅၁၀၀၀ သို့ မြင့်တက် ခဲ့ခြင်းဖြစ်သည်။ "အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ထပ် တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၃၀၀ဘီလျံဖိုးအပေါ် ထပ်တိုးခွန် ၁၀ရာခိုင်နှုန်းချမှတ်မယ်လို့ ကြေညာ ချိန်မှာပဲ ရွှေက တစ် ရှိန်ထိုးပြန်တက်သွားတယ်။ နောက်ပြီး ဗြိတိန်ကလည်းဝန်ကြီးချုပ် သစ်တက်လာသလို သုံးလအတွင်း အီးယူကထွက်ကိုထွက်မယ်လို့ ကြေညာတာ လည်းရှိတော့ ရွှေကို ပင့်တင်လိုက်သလိုဖြစ်သွားတယ်။ ကမ္ဘာ့စီးပွားရေးလော က မှာလည်း အကျပ်အတည်းဖြစ်နေချ


