Background
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျီ-၇ အုပ်စုဝင် နိုင်ငံခေါင်းဆောင်များနဲ့ ဂျပန်နိုင်ငံမှာ ဆွေးနွေးနိုင်ရေးအတွက် မေ ၂၆ ရက်မှာ လာအိုနဲ့ ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှမှ ခုနစ်နိုင်ငံခေါင်းဆောင်တွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။ အာဆီယံဒေသမှာ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလိုအပ်ပုံကိုလည်း အစည်းအဝေးမှာ အလေးပေးပြောကြားခဲ့ကြောင်း ကိုရီးယားတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ မေ ၂၃ ရက် ကလည်း အေ မရိကန်သမ္မတအိုဘားမား ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိပြီး ဗီယက်နမ်နိုင်ငံအား စစ်လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ထား တာကို အပြည့်အဝရုပ်သိမ်းပေးခဲ့ကာ ဗီယက်နမ်နဲ့ ပုံမှန်ဆက်ဆံမှုပြုလုပ်သွား မှာဖြစ်ကြောင်း ကြေ ညာခဲ့
ဆီပန့်အငယ်များဖြင့် စက်သုံးဆီရောင်းချနေသည့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများအတွက်စက်သုံးဆီ ဖြန့်ဖြူးရောင်း ချခွင့်လိုင်စင် ထုတ်ပေးနိုင်ခြင်းမရှိကြောင်း လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
မုံရွာကုန်စည်ဒိုင် ဇွန်ပထမပတ်ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအား မြင့်မားလာတာကြောင့် ငုံနီနဲ့စိမ်းကြီးတို့ ဈေးအနည်းငယ်တက် လာခဲ့သလို အရောင်းအဝယ်ပါ သွက်လာခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပြီးခဲ့တဲ့ ရက် သတ္တပတ်က တစ်တင်း ကျပ် ၄၆၃၀၀ အထိကျ ဈေးဖြစ်ပေါ်ခဲ့တဲ့ ငုံနီမှာ ယခုတစ်ပတ် ဝယ်လိုအားသွက်လာလို့ တစ်တင်း ကျပ် ၄၈၄၀၀ အထိ ဈေးအမြင့်ဆုံးတက်ခဲ့ပြီး အရောင်းအဝယ် အနေနဲ့ တစ်ရက်အိတ် ၁၀၀၀ ဝန်းကျင်ြ ဖစ် နိုင်တယ်လို့ လေ့လာသိရှိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာလည်း နယ်စုံက ခပ်ပါးပါးသာ ဒိုင်ကိုဝင်ရောက်ခဲ့ပြီး ဝယ်လိုအားမြင့်မားမှုရှိလို့ စိမ်းကြီးတစ်တင်း ကျပ် ၃၁၅၀၀ မှ ကျပ်၃၃၀၀၀၊ စိမ်းသေးက တစ်တင်း ကျပ် ၂၆၀၀၀ မှ
မေ ၂၉ရက်မှ ဇွန် ၄ ရက် သီတင်း ပတ်အတွင်း နို့ဆီ/နို့စိမ်း ၅၇၁ ဒသမ ၃၂ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းတံဆိပ်တစ်မျိုးသာတင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ် နို့ဆီ/နို့စိမ်းအဝင်မရှိဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခဲ့ တာဖြစ်ပါတယ်။
ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးများသည် ကျပ်တစ်သောင်းနီးပါး မြင့်တက်ခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြ စ်ပြီး ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်လာမှုကြောင့်လည်း ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ ရွှေဈေးများမြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း ပြန်လ ည်ရောင်း ချသူများ များပြားလာခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်း ဒေသကြီးအတွင်း ဆောင်းပဲ၊ မိုးပဲဆိုပြီး အခြားပဲများ စိုက် ပျိုးမှု များရှိသော်လည်း၊ ထောပတ်ပဲ သီးနှံကတော့ ဆောင်းပဲအဖြစ် စိုက်ပျိုး တဲ့အတွက် စိုက်ဧက အနည်းငယ်သာရှိကာ ပြည်ခရိုင်အတွင်း ရှိ ရွှေေ တာင်မြို့ နယ်နှ င့် ပန်းတောင်းမြို့နယ်များတွင်သာ စိုက်ဧက လေးထောင်ကျော်စိုက်ပျိုး ခဲ့ပါတယ်။ ဒါကြောင့် ပဲဈေးကွက်မှာ အရောင်းအဝယ်နည်းကာ ပဲပေါ်ချိန် ကာလ တွင်သာ အရောင်းအဝယ်သွက် ခဲ့ပါတယ်။ နောက်ပိုင်း ကာလများတွင် အရောင်းအဝယ်အေးပြီး လက်လီဝယ် ယူမှုများသာရှိခဲ့ကြပါတယ်။ ထောပတ် ပဲသီးနှံမှာ ယခုနှစ်အတွင်း ဈေးအေးခဲ့ တဲ့အတွက် တစ်တင်း ကျပ် ၁၅၀၀၀ ဖြင့် ဈေးကွက်အတွင်း ဈေးအနိမ့်ဆုံး ရခဲ့ပါတယ်။ ဧပြီလ
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ဇွန် ၁၀ ရက် လက်ကား ဆန်ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ၃၅၀၀၀ ကျပ်၊ အလတ်စ ဆန်တစ်အိတ် ၃၂၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ထိပ်စ ဆန်တစ် အိတ်ကို ၅၀၀ ကျပ်ခန့် ဈေးမြင့်လာ ပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်ဖြစ်လို့ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း၊ နယ်စုံပေါ်ဆန်းဆန် များကတော့ ထိပ်စ တစ်အိတ် ၃၃၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၂၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ် ပတ်နဲ့ ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ဆန်လတ်စ တစ်အိတ် ၅၀၀ ကျပ်ခန့် ဈေးမြင့်လာကြောင်း ဝါးတန်းကုန်စည် ဒိုင် ဈေးနှုန်းများ အရ စိစစ်တွေ့ရ
အီရန်နိုင်ငံက ရေနံထုတ်လုပ်မှု တိုးမြှင့်ရန် တိုက်တွန်းလျက်ရှိတဲ့အတွက် ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့ (အိုပက်) အစည်းအဝေးမှာ ထုတ်လုပ် မှုဆိုင်ရာမူဝါဒကို ချမှတ်နိုင်ခြင်း မရှိပေမယ့် ဈေးကွက်အတွင်းသို့ ရေနံ များ ကို အလျှံပယ်တင် ပို့မှာ မဟုတ်ကြောင်း ဆော်ဒီအာရေးဘီးယားနိုင်ငံ က ဇွန် ၂ ရက်က ကတိပြုခဲ့ကြောင်း ဒိုမိန်း ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၅ ခုနှစ်ဒီဇင်ဘာကကျင်းပတဲ့ အစည်း အဝေးမှာ ရေနံထုတ်လုပ်မှု ရည်မှန်းချက်ချမှတ် ဖို့ကြိုးပမ်းချက်က နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အောင်မြင်မှု မရရှိခဲ့ပါဘူး။ ၂၀၁၅ ခုနှစ် အစည်းအဝေးနောက်ပိုင်း ကျင်းပတဲ့ အစည်းအဝေးအများအပြားမှာလည်း ဆ
ပြည်ပဲဈေးကွက်မှာ ပဲပေါ်ချိန်ကာလတွင်သာ ပဲလွန်းဖြူသီးနှံအနေဖြင့် လက်လီ/လက်ကားအဝယ်လိုက်ခဲ့သော်လည်း ကျန်အချိန်များတွင် လက်လီသမားလောက်သာ အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲလက်ကျန်ကလည်း အနည်း ငယ်သာရှိခဲ့ပါတယ်။ နေ့စဉ်အရောင်းအဝယ်ရှိခဲ့ပေမယ့် အိတ်အနည်းငယ်သာ ရောင်းချခဲ့ကြပါတယ်။ မေလအတွင်းကတည်းက ပဲဈေးနှုန်းတစ်တင်းကျပ် ၂၁၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် ဈေးငြိမ်နေခဲ့ တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ယခင်နှစ်က နှစ်ကုန်ခါနီးအချိန်တွင် ပဲဈေးအားလုံးလိုလိုမြင့်တက်ခဲ့ကြတဲ့အတွက် ပြည်ပဝယ်လက်ပဲရော၊ ပြည်တွင်းဝယ်လက်များပါ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲပုပ်နှင့်ထောပတ်ပဲမှ လွဲလျှင် ဈေးေ ကာင်း ရရှိခဲ့ကြပါတယ်။ ဖေဖော်ဝါရီလမ
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ ချင်းကပြည်ပဝယ်လက် မရှိခဲ့တာ နှစ်နှစ်၊သုံးနှစ်ရှိခဲ့ပါပြီ။ ပြည်တွင်းသုံးဝယ်လက်တွေသာ ရှိတာကြောင့် ဖြုန်းအားကလည်း သိပ်မကောင်းပါဘူး။ ယခင်ပြည်ပဝယ် လက်တွေရှိစဉ်ကတော့ တစ်ပတ်ကို ပိဿာချိန်လေးသိန်း၊ ငါးသိန်းအထိအရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် အခု နောက်ပိုင်းနှစ်တွေမှာတော့ တစ်ပတ်ကိုပိဿာချိန် အများဆုံးမှတစ်သိန်း၊ တစ်သိန်း ခွဲခန့်သာရှိပါတော့တယ်။ အိမ်နီးချင်းနိုင်ငံေ တွက မြန်မာ့ချင်းတွေကိုမျိုးအဖြစ် ဝယ်ယူပြီးကတည်းက ရှမ်းချင်းလည်း ပြည်ပဝယ်လက် ဝယ်ယူမှုနည်းသွားပါတယ်။ ဒီဘက်နှစ်တွေမှာ ဝယ်ယူမှုမရှိသလောက်ဖြစ်သွားတယ်လို့ လည်း ဒေသခံတွေထံမှ သိရှိရပါတယ်။ ဒီတစ် ပ