Main menu

Background

Friday, 13 May 2016

ကမ္ဘာ့အဆင့်မီ တင်းပြည့်ဘဏ်များ ဖွင့်လှစ်ရန် လျှောက်ထားမှုများကို လက်ခံရန်အတွက် အမြဲတမ်းတံခါးဖွင့်ထားမယ်လို့  အိန္ဒိယဗဟိုဘဏ်ကပြောကြောင်း တိုင်းမ်အော့မ်အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။   ဗဟိုဘဏ်က ယခင် ကချမှတ်ထားတဲ့ နည်းလမ်းများအနက် အဓိကအားဖြင့် ပြောင်းလဲမှုနှစ်ခုကို ပြုလုပ်ပေးခဲ့ပါ တယ်။ ကုမ္ပဏီကြီးများကို ဘဏ်သစ်ဖွင့်ခွင့်မပေးဘဲ တစ်သီးပုဂ္ဂလဖွင့်လှစ်မည့်သူ များကိုသာ  ဖွင့်ခွင့်ပေးခဲ့တာ ဖြစ်ပါ တယ်။ စောစော ပိုင်းကမူ ဘဏ်ဖွင့်လှစ်မည် ဆိုပါက ဦးပိုင်ကုမ္ပဏီတစ်ခုကို ဖွင့်လှစ်ထားရမှာဖြစ်ပေမယ့် တစ်သီးပုဂ္ဂလ ဘဏ် ဖွင့်မည့်သူများက ထိုသို့ဖွင့်လှစ်ရန်မလိုကြောင်း အဲဒီသတင်းမှာ ဖော်ပြပါတယ်။ ကုမ္ပဏီကြီးများကို ဘဏ်

Friday, 13 May 2016

သုတေသနလုပ်ငန်း  ကယ်လီဆားဗစ်ရဲ့အစီရင်ခံစာသစ်အရ ယခုနှစ် စင်ကာပူနိုင်ငံမှာ သတင်းအချက်အလက်  နည်းပညာ (အိုင်တီ)၊ စာရင်းကိုင်၊  အရောင်းနဲ့  ဈေးကွက်ရှာဖွေရေး၊ ဘဏ်နဲ့  ဘဏ္ဍာရေးလုပ်ငန်း၊ ကျန်းမာရေးေ စာင့် ရှောက်မှုနဲ့ သက်ရှိသိပ္ပံစတဲ့ ကဏ္ဍငါးခုမှာရှိတဲ့ အလုပ်အကိုင်များက လစာကောင်းရမယ့်လုပ်ငန်း တွေဖြစ်ကြောင်း   စထရိတ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ရေနံစိမ်း၊ သဘာ၀ ဓာတ်ငွေ့နဲ့  ရေနံဓာတု ပစ္စည်း၊ ဆေးဝါးနဲ့ တစ်ပိုင်း လျှပ်ကူးပစ္စည်းထုတ် လုပ်ရေးလုပ်ငန်းသုံးမျိုးက ယခင်နှစ်ကထိပ်တန်း လုပ်ငန်းကဏ္ဍ  ငါးခုစာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့် ကုန်စည်နဲ့ ကုန်ထုတ်လုပ်မှုလုပ် ငန်းထုတ်ကုန်တွေ ရဲ့ ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုကြောင့်ယခ

Monday, 9 May 2016

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင်၊ ကသာ၊ ထီးချိုင့်မြို့နယ်များကို ဖြတ်သန်းစီးဆင်းတဲ့ ဧရာဝတီ မြစ်ရိုးတစ်လျှောက် နုန်းတင်လယ်ယာမြေ များမှာ မြေပဲအများ အပြားစိုက်ပျိုးထွက်ရှိတဲ့အပြင် ကျန်မြို့နယ်များဖြစ်တဲ့ အင်း တော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူးမြို့နယ် များမှာလည်း မဲဇာ၊ လေးတန်၊ ဒေါင်းယူးချောင်းများ နံဘေးနုန်းတင်လယ်ယာမြေပေါ် မြေပဲသီးနှံ  အများအပြား စိုက်ပျိုး ကြောင်း သိရပါတယ်။

Monday, 9 May 2016

ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ်မှာ ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၀၀၈သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၉၆၅ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၆၈၆၅ တန်ကျော်နဲ့ ဧည့်မထဆန် တန် ၅၀၀၊ လွယ်ဂျယ် ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၂၉၅ တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန်၃၀၄ တန်တင်ပို့ခဲ့တာဖြစ်ပါ တယ်။ ယခင်တစ်ပတ်တင်ပို့မှု ထက် ၃၉၃၇ တန် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဆန်ကွဲကိုလည်း အဆိုပါစခန်းများ မှပင် တန် ၂၅၈၀ တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ သုည ဒသမ ၈၄၃ သန်းဖြစ်ပြီး မူဆယ်မှ တန် ၂၄၅၀၊ လွယ် ဂျယ်မှ တန် ၂၀၊ ချင်းရွှေဟေ

Friday, 6 May 2016

သကြားထုတ်လုပ်မှုက   ငါးနှစ် အတွင်းအနိမ့်ဆုံးသို့  ရောက်ရှိလာလို့ သရေစာထုတ်လုပ်ရေး ကုမ္ပဏီများက သကြားဈေးနှုန်း  မြင့်တက်မှုကြောင့် အလူးအလဲရုန်းကန်နေရတဲ့အတွက် ချော့ကလက်၊ အချိုရည်၊ ရေခဲမုန့်နဲ့ ဘီစကွတ် တို့တွင်  သကြားကို  နိုင်နိုင် ထည့်နိုင်တော့မည်   မဟုတ်ကြောင်း တိုင်းမ်အော့      အိန္ဒိယဝက်ဘ်ဆိုက် သတင်းမှာ ဖော်ပြပါတယ်။FMCG  လို့ခေါ်တဲ့ဈေးနှုန်းချို သာစွာဖြင့်  အလျင်အမြန်သုံးစွဲမှုပြုတဲ့ သရေစာ ကို ထုတ်လုပ်တဲ့ ကုမ္ပဏီများ အနေဖြင့် ကုန်ပစ္စည်းများ ကိုလျှော့ဈေး ဖြင့် ပြန်လည်ရောင်းချခြင်းဖြင့် အကျိုး အမြတ်ကိုပြန်လည်ရယူကြရပါတယ်။ ဒါပေမယ့်  သကြားဈေးနှုန်းက   ယခင် အောက်တိုဘာကတစ်ကီလိုကို ရူပီး ၃၀ ဝန်း

Friday, 6 May 2016

တောင်ကိုရီးယားနိုင်ငံရဲ့   စီးပွား ရေးအခြေခံများ  အားနည်းနေခြင်းက စီးပွားရေးကျဆင်းရခြင်းရဲ့   အဓိက အကြောင်းတရားအဖြစ်   တောင်ကို ရီးယားနိုင်ငံမှ   စီးပွားရေးကျွမ်းကျင် သူတို့က ရည်ညွှန်းပြောကြားလျက်ရှိကြ ပြီးနိုင်ငံရဲ့စီးပွားရေးကျဆင်းမယ့် အနေ အထားကိုရောက်ရှိလာမှာကို   စိုးရိမ် လျက်ရှိကြကြောင်း ဧပြီ ၂၅ ရက်က ထုတ်ပြန်တဲ့စစ်တမ်းတစ်ခုကို ကိုးကား ပြီး ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။မကြာသေးမီက ကိုရီးယားစက်မှု လုပ်ငန်းများဖက်ဒရေးရှင်းက   စီးပွား ရေးကျွမ်းကျင်သူ ၆၁ ဦးကို စစ်တမ်း ကောက်ယူခဲ့ရာ   လောလောဆယ်မှာ တောင်ကိုရီးယားစီးပွားရေးက ဖွံ့ဖြိုးမှု ကျဆင်းတဲ့အဆင့်ကို    ရောက်နေ ကြောင်း ၇၀ ရာခိုင်နှုန်းကပြော

Friday, 6 May 2016

ဒေါ်လာနဲ့ဖလှယ်ရာမှာ ရက်သတ္တပတ်တစ်ပတ်အတွင်း အနိမ့်ဆုံးဈေးအဖြစ်ရောက်ရှိနေတဲ့   ရင်းဂစ်ငွေကြေးတန်ဖိုး က ပြန်လည်မြင့်တက်လာတဲ့အတွက်ကြောင့် လည်းကောင်း၊ ပို့ကုန်နှေးကွေးကျဆင်းမှုနဲ့  စားအုန်းဆီ ထုတ် လုပ်မှုမြင့်တက် နေချိန်မှာ ကုန်သည်များက အမြတ်ပိုမိုရရှိရန် ကြိုးပမ်းဆောင် ရွက်လာကြသည့် အတွက်ကြောင့်လည်းကောင်း မလေးရှား စားအုန်းဆီရဲ့ ကြိုရောင်းကြိုဝယ်ဈေးက ဧပြီ ၂၇ ရက်မှာ ပြန် လည်ကျဆင်းခဲ့ရာ ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာ  ဖော်ပြထားပါ တယ်။

Friday, 6 May 2016

ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၅၄၁ တန်ကျော်အဝင်ရှိခဲ့ပြီး ဧပြီ ၁၇ ရက်မှ ၂၃ အတွင်း ၅၈၇ တန် ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၉၅၀ ကျော် အဝင်လျော့ခဲ့တ ယ် လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာအဝင်မှာ ၅၉၁၂ တန် ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ် အဝင်မှာ ၅၄၆၂ တန်ကျော်ရှိခဲ့တာကြောင့်  ဒီတစ်ပတ်မှာ တန်ချိန် ၄၅၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်း ရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။

Friday, 6 May 2016

ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၀၇၅၂ တန် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၃ ရက်မှ ၉ ရက် သီတင်း ပတ် ဘိလပ်မြေအဝင်မှာ တန် ချိန်၇၃၂၉၀ ကျော် ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၆၂၅၀၀ ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၅၅၉၆ ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၁၂၆၈ ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန် ၄၃၂၇ ကျော်အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။

Pages