Main menu

Background

Wednesday, 18 Nov 2015

မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ ဒုတိယပတ် ပဲဈေးကွက်မှာ ပဲမျိုးစုံထက် မြေပဲ ဆန်ဈေးကွက်   အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်ပဲဈေး ကွက်မှာ နထစသမအ ဈေးကွက်ပဲတွေဖြစ်ကြတဲ့ ငုံနီ၊ စိမ်းသေးနဲ့ မတ်ပဲတို့မှာ ပေါက်ဈေး သာဖွင့်နိုင်ခဲ့ပြီး အရောင်းအဝယ်မဖြစ်သလောက်ပါးခဲ့ကာ ဒေသသုံးပဲ တွေဖြစ်တဲ့ စွန်တာနီ၊ ပဲနီလုံးကြား၊ ပဲပုပ်၊ စားတော်ပဲနဲ့  ပဲယင်းဝါတို့ အရောင်းအဝယ်အနည်းငယ်ဖြစ်ခဲ့ပါတယ်။ကုလားပဲ မျိုးစုံဈေး ကွက်မှာတော့ ထိုင်ဝမ်တစ်တင်း ၃၈၂၀၀ ကျပ်၊V2 တစ် တင်း ၃၉၀၀၀  ကျပ်၊ 929 တစ်တင်း ၃၉၃၀၀ ကျပ်  အသီးသီးပေါက်ဈေးဖြစ်ခဲ့ကြ ပြီး၊ ဒေသတွင်း ပဲခွဲစက်၊  အမှုန့်ကြိတ်စက်နဲ့ ကြာဆံစက်သမားတွေ မရှိမဖြစ် လုပ်ငန်းသုံးအဝယ်ရ

Wednesday, 18 Nov 2015

နိုဝင်ဘာလ ပထမပတ်အတွင်းမှာ မြန်မာ-တရုတ်  နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၉ ဒသမ ၃၉၁ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၂၅၂၆၅ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ် (၁၀၅) မိုင်မှ ငစိန် ဆန် ၁၂၂၆၈ တန်ကျော်၊ ဧည့်မထဆန် ၁၀၁၂၁ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၂၀၉ တန်နဲ့ လွယ်ဂျယ်စခန်းမှ ငစိန်ဆန် ၂၆၆၆ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ်တင်ပို့မှုထက် တန်ချိန် ၉၄၄၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆန်အပြင် ကန်ဒေါ်လာ ၁ ဒသမ ၄၂၇ သန်းဖိုး ရှိ ဆန်ကွဲကို မူဆယ် ၁၀၅ မိုင်မှ ၄၃၇၈ တန်ကျော် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် ၁၆၈၈ တန်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ပင်လယ်ရေကြောင်းမှ တင်ပိ

Wednesday, 18 Nov 2015

Vietjet သည် အမေရိကန်ဒေါ် လာ ၃ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ A321  အမျိုးအစားဂျက်လေယာဉ် အစင်း ၃၀ ကိုAirbus ကုမ္ပဏီမှ ထပ်မံဝယ်ယူရနfသဘောတူလက်မှတ်ကို ရေးထိုးခဲ့ကြောင်း သိရသည်။အဆိုပါလေယာဉ်အ သစ်များ သည် မကြာသေးခင်က စတင်ပျံသန်းပြေးဆွဲခဲ့သည့် ရန်ကုန်-ဟိုချီမင်း ခရီးစဉ်တွင် အရည်အသွေးမြင့်မားပြီး စရိတ်သက်သာ သည့် ဝန်ဆောင်မှုများပေးစွမ်းရန်အတွက်  အားဖြည့် ပျံသန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ခရီးသွားများ အနေဖြင့် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့် ခရီးသွား ကဏ္ဍ အချက်အချာနေရာများသို့ သွားရောက်သည့် အခါတွင် အကောင်းဆုံး ပျံသန်းမှုအတွေ့အကြုံများ ကိုရရှိမည်ဖြစ်သည်ဟု Vietjet လေကြောင်းလိုင်း၏ တင်းထုတ်ပြန်ချက်များအရ

Monday, 16 Nov 2015

ကျန်းမာရေးဝန်ကြီးဌာနက အရည် အသွေးစစ်မှန်ကောင်းမွန်ပြီး ထိရောက် သည့် အကျိုးအာနိသင်ရှိပြီး ကျန်းမာ ရေးအတွက် ဘေးအန္တရာယ်ကင်းရှင်း စေသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ် တကျကွပ်ကဲလျက်ရှိပါတယ်။မြန်မာနိုင်ငံ၊ကျန်းမာရေးဝန်ကြီးဌာနရဲ့ အလှကုန်ပစ္စည်းဆိုင်ရာ အမိန့် အမှတ် (၁/၂၀၁၀)နဲ့အညီ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန တွင် မှတ်တမ်းတင်ထားခြင်း မရှိ ဘဲ ပြည် တွင်း၌ ဈေးကွက်တင် ရောင်းချနေ သော ဖော်ပြပါ အလှကုန်ပစ္စည်းများ ၁၃ မျိုးမှာကျန်းမာရေးအတွက် ဘေး အန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓါတု ပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် သုံးစွဲရန် မသ င့်တော်ေ ကြာင်း အများပြည်သူလူ

Monday, 16 Nov 2015

မဲခေါင်စြင်္ကံလမ်းမကြီးပေါ်ရှိ မြန်မာနိုင်ငံတွင်းမှ လမ်းပိုင်းများအား အဆင့်မြှင့်တင်နိုင်ရန် အာရှဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကူညီပံ့ပိုးမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ သတင်း ထုတ် ပြန် ချက်များအားကိုးကား၍ နေးရှင်း သတင်းတွင် ဖော်ပြထားသည်။မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏ အဓိကလမ်းမကြီး၏တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ကရင်ပြည်နယ်အတွင်းရှိအိန္ဒုမြို့နှင့်ကော့ကရိတ်မြို့နှစ်မြို့ကို ဆက်သွယ်သည့် အရှည် ၆၆ ဒသမ ၄ ကီလိုမီတာရှိ လမ်းပိုင်းအား အဆင့်မြှင့် တင်ပြုပြင်နိုင်ရန်အတွက် ယခုကဲ့သို့ ထုတ်ချေးခြင်းဖြစ်ကြောင်း သိရသည်။''ကရင်ပြည်နယ်ဟာ မပြည့်စုံတဲ့ အခြေခံအဆောက်အအုံနဲ့ဆင်းရဲနွမ်း ပါး မှုနှ

Monday, 16 Nov 2015

စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့  နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနတို့    ပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာရဲ့ လုပ်ငန်းစီမံချက်မှာ ပါဝင်တဲ့ အရေးကြီးပို့ကုန်အဖြစ် သတ်မှတ်ထား တဲ့ ရော်ဘာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရော်ဘာဗဟိုဈေးတစ်ခုကို မွန် ပြည်နယ် မော်လမြိုင်မြို့တွင် ပထမဦးဆုံး ဖွင့်လှစ်သွားမယ်လို့ သတင်းရရှိပါတယ်။ရည်ရွယ်ချက်မှာ ရော်ဘာ အရည်အသွေး ထိန်းသိမ်း ရေး နဲ့ ရော် ဘာဈေးကို ဈေးမှန်ရရှိအောင် ဆောင်ရွက်ရေးဖြစ် ပါတယ်။ ရော်ဘာစိုက်ခြံရှင်များမှ  ဈေးကွက်ကို အထူးရှာဖွေ ရန်မလိုဘဲ ရောင်းချနိုင်ပြီး ဝယ်ယူသူ  ကုမ္ပဏီများအနေဖြင့် လည်း ပစ္စည်းမှန်ဈေးနှုန်းမှန် အရည်အသွေး

Friday, 13 Nov 2015

ကုမ္ပဏီများရဲ့ ရေရှည်အနာဂတ် အတွက် ပညာရှင်ဝန်ထမ်းရရှိရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးများကို အဓိကစိန်ခေါ်မှု များအဖြစ် စင်ကာပူမိသားစု စီးပွားရေး လုပ်ငန်းများက ရှုမြင်နေကြတယ်လို့ ယူ နိုက်တက် အိုဗာဆီးဘဏ် (United Overseas Bank - UOB) နဲ့ စင်ကာပူစီမံ ခန့်ခွဲရေးတက္ကသိုလ် မိသားစုစီးပွားရေး လုပ်ငန်းသိပ္ပံတို့က နိုဝင်ဘာလ ၂ ရက် မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားကြောင်း  CNA  သတင်းဌာနမှာ ဖော်ပြပါတယ်။

Friday, 13 Nov 2015

ပြန်လည် ပေးဆပ်နိုင်မှာမဟုတ် တဲ့ ကြွေးဆုံးလျာထားချက်တွေ မြင့်မား လာတဲ့အတွက် ဗီယက်နမ်ပြည်တွင်းကူး သန်းရောင်းဝယ်ရေးဘဏ်များ ရရှိတဲ့ အမြတ်က ယခင်နှစ်ကအမြတ်နဲ့ နှိုင်း ယှဉ်ရင်လျော့ကျခဲ့ကြောင်း အမျိုးသား ဘဏ္ဍာရေးကြီးကြပ်မှုကော်မရှင် (NFSC) ရဲ့ အစီရင်ခံစာကို ကိုးကားပြီး VNS သတင်းမှာ ဖော်ပြပါတယ်။ဗီယက်နမ် ကူးသန်းရောင်းဝယ် ရေးဘဏ်များရဲ့ ၂၀၁၅ ခုနှစ် အောက် တိုဘာလ ၃၁ ရက်အထိ အီကွီတီရှယ် ယာများပြန်ရနှုန်း(Return on Equity - ROE)  မှာ ၄ ဒသမ ၁၆ ရာခိုင်နှုန်း ရှိခဲ့ ရာ ၂၀၁၃ ခုနှစ်က ရရှိခဲ့တဲ့ ၆ဒသမ၄ ရာခိုင်နှုန်းနဲ့ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ ၄ဒသမ၁၆ ရာခိုင်နှုန်းမှ ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း  အစိုးရရဲ့ ဘဏ္

Friday, 13 Nov 2015

၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းမှာ သစ်နဲ့ သစ်တောထွက်ပစ္စည်း(အခြား)အမှုတွဲ ၁၇ မှု၊ ဆင်သားရေခြောက် အမှုတွဲ တစ်မှု အကောက်ခွန်အမှုတွဲဖွင့်တားဆီးခဲ့ရပါတယ်။သစ်နဲ့သစ်တောထွက်ပစ္စည်း (အခြား)ခန့်မှန်းတန်ဖိုး ကျပ် ၁၉၉ သန်း၊ တန်ချိန် ၅ တန်ကိုလည်းကောင်း၊ ဆင်သားရေခြောက် ၁ ပိဿာ ၊ ခန့်မှန်းတန်ဖိုး ကျပ် ၁ သန်းကို သိမ်းဆည်းရမိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ်အောက်တိုဘာလအထိ သစ်နဲ့သစ်တောထွက်ပစ္စည်း (အခြား) ၄၉၄ တန်၊ တမလန်းသစ် ၄၇၆ တန်၊ ပိတောက်သစ် ၉၉ တန်ကျော်၊သစ်ခွ ၁၁ တန်နီးပါး၊ ဆင်သားရေခြောက် ၁၂ ပိဿာ၊ မြွေ ၄၆၅ ကီလိုနဲ့ ၈၃၄ ကောင်၊လိပ် ၆၉ ကောင်၊ သင်းခွေချပ်အခွံ ၂၅ ပိဿာခွဲ၊ ခန့်မှန်းတန်ဖိုးစုစုပေါင်း ကျပ်

Friday, 13 Nov 2015

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ  တပ်မတော်ခန်းမမှာကျင်းပပြုလုပ်မယ့် ဗီယက်နမ်ကုန်စည် ပြပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပမှာဖြစ်ကြောင်း သတင်း ရရှိပါတယ်။

Pages