Main menu

Background

Thursday, 22 Sep 2022

ထိုင်းနိုင်ငံအနေဖြင့် ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ လုပ်ငန်း စဉ်များအား အခြားမိတ်ဖက်နိုင်ငံများနှင့် ပေါင်းစပ်ဆောင် ရွက်နိုင်ရန်အတွက် ပြည်တွင်းဒီဂျစ်တယ်ကုန်သွယ်မှု ပလက် ဖောင်း (NDTP)အား စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းဘဏ်များအသင်း အထွေထွေမန်နေဂျာ၏ ပြောကြား ချက်အရ သိရှိရသည်။ အဆိုပါ ပလက်ဖောင်းမှာ ထိုင်းစီးပွား ရေးလုပ်ငန်းများအား နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ ကဲ့သို့ ဒီဂျစ်တယ်စီးပွားရေးကို ကူးပြောင်းဆောင်ရွက်နိုင်ရန် အထောက်အပံ့ ပေးနိုင်မည်ဖြစ်သည်။

Thursday, 22 Sep 2022

ပြည်တွင်းမတ်ပဲဈေးနှုန်းသည်  ယခင်သီတင်းပတ် တစ်ပတ်လုံး တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ အထက်တွင် ရှိခဲ့ရာမှ တဖြည်းဖြည်း ဈေး ထပ်မံမြင့်တက်လာကြောင်း တွေ့ရသည်။သီတင်းပတ်တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများ မှာ သြဂုတ် ၂၅ ရက်တွင် တစ်တင်းလျှင် ကျပ် ၆၁၈၀ဝ၊ ၂၆ ရက်တွင် ကျပ် ၆၂၀ဝ၀၊ ၂၇ ရက်တွင် ကျပ် ၆၃၂၀ဝ၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကျပ် ၆၄၂၀ဝ၊ ၃၀ ရက်တွင် ကျပ် ၆၄၈၀ဝ၊ ၃၁ ရက်တွင် ကျပ် ၆၆၇၀ဝ၊ စက်တင်ဘာ ၁ ရက်တွင် ကျပ် ၆၇၃၀ဝ၊ ၂ ရက်တွင် ကျပ် ၆၅၅၀ဝ အသီး သီးဖြစ်ခဲ့သည်။

Thursday, 22 Sep 2022

သြဂုတ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်တန်ချိန် ၂၉၀ဝ၀ ကျော်တင်ပို့ပြီး  တန်ဖိုး အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆၁၈ သန်းခန့် ရရှိခဲ့ ကြောင်း သိရသည်။တင်ပို့မှုများအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံသို့ ဆန်တန်ချိန် ၁၆၁၀ဝ ကျော်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၂၉၀ဝကျော် တင်ပို့နိုင်ခဲ့သည်။ နိုင်ငံအလိုက် ဆန်တင်ပို့မှု များမှာ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၃၉၂၀ကျော်၊ အီတလီ နိုင်ငံသို့ ဆန်တန်ချိန်၂၃၂၀ ကျော်၊ နယ်သာလန်နိုင်ငံသို့ ဆန် တန်ချိန် ၁၃၅၀၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၁၂၇၀ ကျော်၊ ချက်သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၂၃၀ကျော်၊ ရိုမေး နီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၈၀ဝ၊

Tuesday, 30 Aug 2022

သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံ သီးနှံနှင့် နှမ်းသီးနှံများအနက်  ပဲတီစိမ်းနှင့် နှမ်းသည်    နေ့စဉ်ဈေးကွက် အတွင်းသို့  ဝင်ရောက်လျက်ရှိသည်။  သြဂုတ်လ တတိယပတ်တွင်  ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၄၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်တွင်  ကျပ် ၅၀ဝ၀ဝ ဖြင့်   ဈေးမြင့်တက်လာသော်လည်း  အရောင်းအဝယ်အေးလျက်ရှိသည်။ နှမ်းသီးနှံများမှာလည်း တတိယပတ်တွင်  နှမ်းနက်တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ ဖြစ်ခဲ့ပြီး ယခုတစ်ပတ် တွင်  နှမ်းနက်တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ ဖြစ်၍ ကျပ် ၅၀ဝ၀စီ ဈေးမြင့်တက်လာကြောင်း သိရှိရသည်။

Tuesday, 30 Aug 2022

အရှေ့တောင်အာရှ တစ်ခွင်တွင်  ဒူးရင်းသီးကို သစ်သီး များရဲ့ဘုရင် (King of Fruits) ဟ ုတင်စားခေါ်ဝေါ်ကြပါ တယ်။ ဒူးရင်း (Durian) ဆိုသည့် အမည်ဟာ မလေးဘာသာ (Duri) မှဆိုသည့် စကားရပ်မှ ဆင်းသက်လာတာဖြစ်ပြီး (Duri) ဆိုတာကတော့ "ဆူး" ဆိုတဲ့အဓိပ္ပာယ်ပါ။ ထားဝယ် ရာဇဝင်သမိုင်း ဖော်ပြချက်မှာတော့ မြတ်စွာဘုရားရှင်အား "ဒူရကနတ်သား" မှ နတ်ပြည်မှပါလာသည့် နတ်သစ်သီးအား ဆပ်ကပ်လှူဒါန်းခဲ့သည့် နတ်သစ်သီးမျိုးစေ့ကို လူတို့စိုက် ပျိုးကြရာမှ ထိုအသီးကို "ဒူရကသီး" ဟု ခေါ်တွင်ခဲ့ရာမှ နောက် ပိုင်းတွင် ]ဒူးရင်းသီး}ဟု အမည်တွင်ခဲ့တယ်လို့ ဖတ်ရှုလေ့ လာဖူးပါတယ်။ 

Tuesday, 30 Aug 2022

ယခုတစ်ပတ် ပြည်ချင်းဈေးကွက်သို့ အောင်ပန်းချင်းများ တစ်ရက်လျှင် ၁၅ ပိဿာဝင် အိတ် ၂၀ဝ ခန့် အဝင်ရှိသည်။ အရောင်းအဝယ် အနည်းငယ်အေးနေပြီး ဓားလှီးချင်းဖတ်သမားများနှင့် လက်လီသမားတို့သာ အဝယ်ရှိနေသည်။ သြဂုတ်လ စတုတ္ထပတ် ချင်းဈေးများမှာ ချင်းတက်ပွဲရုံဈေး တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ-၁၅၀ဝ နှင့် လက်လီဈေးတစ်ပိဿာလျှင် ကျပ် ၂၂၀ဝ-၂၃၀ဝ တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်တစ်ပတ်ထက်စာလျှင် တစ်ပိဿာလျှင် ကျပ် ၂၀ဝ ဈေးမြင့်လာသည်။မန်ကျည်းမှည့် ပွဲရုံများတွင် ကျောက်ပန်းတောင်း၊ ပျော်ဘွယ် စသည့် အညာ ဒေသထွက် မန်ကျည်းမှည့်များ ဝင်ရောက်မှု အနည်းငယ်ရှိနေသည်။ မန်ကျည်းမှည့် ဈေးများမှာ ပွဲရုံဈေး  တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ-၄၀ဝ၀ ဖြစ်ပြီး ဒေသထ

Tuesday, 30 Aug 2022

ကသာခရိုင် မြို့နယ်လေးမြို့နယ်တွင် ယခင်နှစ် မိုးစပါးစိုက်ဧက ၁၇၃၆၀၈ ရှိပြီး ဧရာမင်း စပါးစိုက်ဧက ၃၀၆၇ ရှိကြောင်း သိရှိရသည်။ ဧရာမင်းစပါးသည် အခြားစပါးများထက် ဈေးနှုန်းမြင့်မားပြီး ငွေကြေးတတ်နိုင်သူများသာ စားသုံး ကြသည့်အတွက် ခရိုင်အတွင်း စိုက်ပျိုးမှု အနည်းငယ်သာရှိကြောင်း သိရသည်။ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဖြစ်သည့် ဦးမောင်မောင်က  "ဒေသတွင်း တိုင်းရင်းသားပြည်သူများအနေနဲ့ ဆန်အမာ စားသုံးမှုနည်းပြီး ဆန်အစီးကိုသာ စားသုံးကြတယ်။ တောင်သူအများစုကတော့ ဆင်းဧကရီ(၃) စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးသူများသလို တရုတ်ပြည်တင်ပို့မှုလည်း ရှိပါတယ်။ ဧရာမင်းဆန်က ဆန်အမာအမျိုးအစားမှာပါတဲ့ အတွက် ဒေသတ

Tuesday, 30 Aug 2022

ဂျုံသီးနှံသည် စပါးနှင့် ပြောင်းသီးနှံပြီးလျှင် အရေးပါဆုံး ကောက်ပဲသီးနှံ များထဲမှ သီးနှံတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်း၊ ချင်းတွင်းမြစ်အောက်ပိုင်းဒေသများ၊ ရွှေဘို၊ ကျောက် ဆည် စသည့်ဒေသများတွင် ဂျုံကို စိုက်ပျိုးကြသည်။ ဆောင်းရာသီဂျုံကို အဓိက စိုက်ပျိုးပြီး အရောင်မှာ အနီ၊ အဝါ၊ အဖြူ ကွဲပြားခြားနားမှုရှိသည်။ ဂျုံပင်များကို လေးလခန့်မျှ စိုက်ပျိုးရ၏။ မြေအမျိုးအစားနှင့်သင့်တော်မည့် ဂျုံအမျိုးအစားကို ရွေးချယ်စိုက်ပျိုးကြရပြီး မိုးရေအစိုဓာတ်ဖြင့် စိုက်ပျိုးပါက  မြေတစ်ဧကလျှင် ဂျုံမျိုးစေ့ တစ်တင်းခွဲခန့် အသုံးပြုကြပြီး ရေသွင်းစိုက်ပ

Tuesday, 30 Aug 2022

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် သြဂုတ် ၈ ရက်တွင် International Rice Market Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၈ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၄၁ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည် ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃၅ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၂၁ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅ ဒေါ်

Tuesday, 30 Aug 2022

ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂၅၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၈၄၀ တင်ပို့ခဲ့ကြောင်း သိရသည်။တင်ပို့မှုအနေဖြင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာ တန်ချိန် ၇၅၂၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၁၇၀၊  ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၉၀ဝ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၈၈၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၂၆၀ အသီးသီး တင်ပို့နိုင်ခဲ့သည်။ဇူလိုင်လအတွင်း မြန်မာ-ထိုင်း နယ်စပ်လမ်းကြောင်းမှ ရော်ဘာတန်ချိန် ၁၃၇၀ကျော်နှင့် မြန်မာ-တရုတ် နယ်စပ်က

Pages