Background
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံ ငရုတ်သီးစိုက်ခင်း ဧကပေါင်း ၁၄၀ဝ ကျော်အထိ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
နွားနို့ပမာဏအမြောက်အမြား ထုတ်လုပ်ပေးနိုင်မည့် စူပါနွားဟု အမည်ပေးထားသည့် ပုံတူပွားဖန်တီးထားသော နွားသုံးကောင်ကို တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက ပုံတူပွားနိုင်ခဲ့ပြီဖြစ်ကြောင်း စီအင်န်အင်န်သတင်းဌာနက ရေးသားဖော်ပြထားသည်။ တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက ဖန်တီးလိုက်သည့် အဆိုပါ စူပါနွားများသည် ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင် နို့ပမာဏအမြောက်အမြားကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
နို့မှုန့်
ဇန်နဝါရီ ၁၄ ရက် မှ ၂၀ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၉၈ သန်းတန်ဖိုးရှိ နို့မှုန့် တန်ချိန် ၂၀ဝခန့် တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် နယူးဇီလန်နိုင်ငံမှ တန်ချိန် ၁၄၀ ကျော်နှင့် မလေးရှားနိုင်ငံမှ တန်ချိန် ၆၀ ခန့် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့မှုန့် တန်ချိန် ၁၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဆေးဝါးပစ္စည်း
အိန္ဒိယနိုင်ငံသည် မိမိနိုင်ငံထွက် ကြက်ဥအလုံးပေါင်း သန်း ၅၀ ကို မလေးရှားနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ရေးသားဖော်ပြထားသည်။ အိန္ဒိယနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ကြက်ဥကို အဓိက တင်ပို့နေခြင်းဖြစ်သည်။ သို့သော် ၂၀၂၂ ခုနှစ်တွင် မလေးရှားနိုင်ငံမှ ကြက်ဥအမှာစာများကို အိန္ဒိယနိုင်ငံက စတင်လက်ခံရရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် စတင် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းသီးနှံများနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးကြသည့်အပြင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် ပန်းမျိုးစုံ စိုက်ပျိုးသည့် တောင်သူများလည်း မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်သန်း(ပခုက္ကူ)
ပြည်ခရိုင်တွင် ငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးကြသည်။ ငှက်ပျောသီးမှာ ကျန်းမာရေးအရ သင့်လျော်သလို လူကြိုက်လည်းများသဖြင့် အများအပြားစိုက်ပျိုးကြသည်။ ပြည်ခရိုင်အနေဖြင့် ငှက်ပျောစိုက်ဧကမှာ ၂၀၂၈ ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၅၅ ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၃၉၂ဧက၊ ပန်းတောင်းမြို့နယ်တွင် ၇၂၈ ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၁၅၃ဧက စိုက်ပျိုးကြသည်။
AirlineRatings.com သည် ၂၀၂၃ ခုနှစ်အတွက် အလုံခြုံဆုံးလေ ကြောင်းလိုင်းများကို စစ်တမ်းကောက် ကာ ထုတ်ဖော်ကြေညာခဲ့သည်။ AirlineRatings.com ၏ လေ့လာမှုတွင် ခရီးသည်များဘေးကင်းရေး၊ ဆန်းသစ်တီထွင်မှုနှင့် လေယာဉ်သစ်များကို မိတ်ဆက်ခြင်း စသည်ဖြင့် လေကြောင်းလိုင်း ၃၈၅ လိုင်းကို လေ့လာပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။