Background
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးတို့ ပူးပေါင်းမှုဖြင့် ဗီယက်နမ် ကုန်စည်ပြပွဲ မြန်မာ ၂၀၁၉ ကို ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက် အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ကျင်းပ သွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံဈေးကွက် အတွင်း အကောင်းဆုံး ဈေးနှုန်းနှင့် ထုတ်ကုန်အရည်အသွေး မြှင့် ကုန်ပစ္စည်းများ ရောင်းချနိုင်ရန် ရည်ရွယ်၍ ဗီယက်နမ် ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် ဗီယက်နမ်ကုန်သည်များမှ လာရောက်ပြသကြခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာအဆင့်မီ အထွေထွေအာမခံ နှင့် အသက်အာမခံဝန်ဆောင်မှုပေးနိုင်ရန် အတွက် Grand Guardian Insurance (GGI) နှင့် ဂျပန်နိုင်ငံမှ ထိပ်တန်းအာမခံကုမ္ပဏီများ ဖြစ်သော Tokio Marine, Nippon Life တို့ ပူးပေါင်း၍ ဖက်စပ်ကုမ္ပဏီပြုလုပ်၍ ဒေသ တွင်း ဈေးကွက်ထပ်မံချဲ့ထွင်ခြင်းကို ဒီဇင်ဘာ ၃ ရက်တွင် တရားဝင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် အထွေထွေ အာမခံလုပ်ငန်းအတွက် Tokio Marine & Nichido Fire Insurance Co.,Ltd.(Tokio Marine) နှင့် ဖက်စပ်ဆောင်ရွက်သည့် Grand Guardian Tokio Marine General Insurance Co.,Ltd.
လာမည့် ၂၀၂၀ ပြည့်နှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင် ကုမ္ပဏီ သုံးခုနီးပါး ထပ်မံ တိုးလာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ် ရေးကော်မရှင် (SECM) အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။ ဒီဇင်ဘာ ၅ ရက်က ရန်ကုန် စတော့အိတ်ချိန်းခန်းမတွင် ပြုလုပ် သည့် Media Workshop for Myanmar Capital Market ဆွေးနွေးပွဲတွင် ယင်း သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “နှစ်ဆန်းပိုင်းမှာ လာဖို့ရှိတယ်။ ရန်ကုန်စတော့အိတ်ချိန်းကို တက်ပြီ ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ချ လက်ချ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခြေအနေ ရှိမှသာ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါကြောင့် ကြီးကြပ်တဲ့ ကုမ္ပဏီတွေက လည်း စစ်ရ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံ-ကိုရီးယားဆွေးနွေးဖက်ဆက်ဆံရေးနှစ် ၃၀ ပြည့် အထိမ်း အမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန် မြို့သို့ နိုဝင်ဘာ ၂၄ ရက်တွင် ထွက်ခွာခဲ့သည်။ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ နေပြည်တော်
ယနေ့မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးမှု အရှိန်ယူစ ပြုနေသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ကြိုးစား လျက်ရှိသည်။ နိုင်ငံ တကာနှင့် ကူးလူးဆက်ဆံကာကုန်သွယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံတကာထွက် ကုန်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် တင်သွင်းလျက်ရှိ၍ မြန်မာ နိုင်ငံရှိ စားသုံးသူပြည်သူများသည် နိုင်ငံတကာမှ ထုတ်လုပ် ဖြန့်ချိသည့်လူသုံး၊ အိမ်သုံးပစ္စည်းများကို တိုးတက်လာသော ခေတ်ကာလနှင့်အညီ ကျယ်ပြန့်တွင်ကျယ်စွာ ဝယ်ယူသုံးစွဲ လျက်ရှိနေပါသည်။ ယနေ့ခေတ်သည် သတင်းခေတ်ဖြစ်၍ ဖြစ်ပျက်မှုသတင်းအစုံစုံကို အချိန်တိုအတွင်း သိရှိနေရသည်။ တချို့လည်း ဝမ်းသာကျေနပ်စရာသတင်း၊ တချို့လည်း ဝ
၂၀၁၇ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်မှုအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(General Administration of Quality Supervision, Inspection and Quarantine-AQSIQ) အဖွဲ့မှ မြန်မာနိုင်ငံ အနေဖြင့် မင်းကွတ်သီး၊ Longan(တောကြက်မောက်သီး)၊ ကြက်မောက်သီး၊ လိုက်ချီးသီး စသည်တို့အား ပင်လယ်ရေ ကြောင်းနှင့်နယ်စပ် နှစ်မျိုးစလုံးမှတင်ပို့နိုင်ပြီး သရက်သီး၊ ဖရဲသီး၊သခွားမွှေး၊ ကုလားဆီးသီးများကို နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းဖြင့် မူဆယ်-ရွှေလီနှင့် မိုင်းလား-တာလော့ ဂိတ်ပေါက်နှစ်ခုမှသာတရားဝင် တင်ပို့နိုင်ကြောင်း ထုတ်ပြန် ထားရှိသည်။
စင်ကာပူ၏ စီးပွားရေးအခြေအနေ သည် ၂၀၁၉ ခုနှစ်၊ တတိယ သုံးလပတ် တွင် ကြိုတင်ခန့်မှန်းထားမှုထက် ပိုမို တိုးတက် ကောင်းမွန်လာသောကြောင့် ၂၀၁၉ ခုနှစ် တစ်နှစ်ပတ်လုံးအတွက် GDP တိုးတက်မှုနှုန်းသည် သုည ဒသမ ၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းအကြား တိုးတက်မည်ဟု ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်တွင် ခန့်မှန်းချက် ထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနက ပြန်လည်အတည် ပြု၍ ထုတ်ပြန်ခဲ့သည့်စာရင်းအရ စင်ကာပူ၏ GDP တိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်၊ ပထမ သုံးလပတ်တွင် ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ဒုတိယသုံးလပတ် တွင် သုည ဒသမ ၂ ရာခိုင်နှုန်းနှင့် တတိယသုံးလပတ်တွင် သုည ဒသမ ၅ ရာခိုင်နှုန်း ပေါ်ပေါက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ်သည် ငွေထည်၊ ကြေးထည်၊ ကြိမ်ထည်၊ အိုး၊ ဂီတာ၊ ကျောက်စိမ်းအချောထည်၊ ကျောက်လူသုံးကုန်ထုတ်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်းစသည်ဖြင့် အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းပေါင်း ၇၀ ခန့်ရှိရာ လက် ရက်ကန်း၊ စက်ရက်ကန်း၊ ချည်ထည်၊ ဖဲပိုး၊ ပိုးစစ်လွန်းရာကျော် ချိတ် လုပ်ငန်းများဖြင့် စီးပွားဖြစ်ထွန်းနေသော စစ်ကိုင်းမြို့နယ်၊ စိန်ကုန်း တိုက်နယ်၊ ရန်နိုင်ရပ်ရှိ ပန်းဝတ်ရည် ရက်ကန်းလုပ်ငန်းပိုင်ရှင် ဦးမောင်အေးနှင့်တွေ့ဆုံ၍ ရက်ကန်းလုပ်ငန်းအကြောင်းအား လေ့လာတင်ပြရခြင်းဖြစ်သည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းများ၏ ချည်ထည်၊ ဖဲပိုး၊ ပိုးစစ်အထည်တို့အား
လတ်တလောဖြစ်ပေါ်နေသည့် ပြည်တွင်း ကျားဖောင် ငါးဖမ်းရေလုပ်ငန်း၏ လူကုန်ကူးမှုဖြစ်ရပ် ကြောင့် ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှု ထိခိုက်မည်ကို စိုးရိမ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် မှ သိရသည်။ ထိုကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ အီးယူနိုင်ငံနှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုလုပ်ရန် မျက်စောင်းထိုး နေခြင်းများရှိသည့်အတွက် ယင်းဖြစ် ရပ်ကြောင့် ဖြေလျှော့ပေးနေမှုများ ရုပ်သိမ်းမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း သိရသည်။ “အခုလတ်တလော ဖျာပုံမှာဖြစ် သွားတဲ့ဖြစ်စဉ် နဲ့ပတ်သက်ပြီး အမှန်အမှားကို ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိတယ်ဆိုပေမယ့် အဲ
လက်ရှိ ကျားဖောင်လုပ်ငန်းတွင် လူအများအပြား လုပ်ကိုင်နေသောကြောင့် အဆိုပါလုပ်ငန်းမရှိသင့်ဟု ပြောဆိုသော နိုင်ငံရေးသမား မဲမရနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။နိုဝင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ဒီငါးဖမ်းနည်းက လူ့အခွင့်ရေးအရပဲ ဖြစ်စေ၊ လုပ်ငန်း ခွင်သတ်မှတ်ချက်အရပဲဖြစ်စေ ဆက်ရှိသင့်လား မရှိသင့် သလားဆိုတာတော့ အားလုံးဝိုင်းစဉ်းစားကြပါ။ လိုင်စင်ထုတ် ပေးပြီးတော့ ဒီလုပ်ငန်းကို ဆက်ပြီး ခွင့်ပြုမလား၊ မပြုဘူးလား ဆို