Background
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ “ရွှေပြည်မြေ” ကုမ္ပဏီ အနေဖြင့် ကြံစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကဆောင်ရွက်လျက်ရှိပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း အထွက်နှုန်းကောင်းသောကြံမျိုးများဖြစ်သည့် ထိုင်း KK3 နှင့် K 2000 မျိုးများအားရေဖျန်းစနစ်ဖြင့် ဧက ၁၂၀ဝ အား အဆက်ဆက်တည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါ သည်။ ကြံများအား ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးထားခြင်းကြောင့် တစ်ကြိမ်စိုက်ပျိုးလျှင် ငါးနှစ်အထိ လမိုင်းခင်းအဖြစ် အထွက်နှုန်း ကောင်းကြောင်း၊ တစ်ဧက အထွက်နှုန်းအနေဖြင့် ပျမ်းမျှတန် ၃၀ နှုန်းထွက်ရှိကြောင်းသိရပါသည်။ ရွှေပြည်မြေ ကုမ္ပဏီအနေဖြင့် ကြံ စိုက်ဧက ၁၂၀ဝ ရှိရာ ၄င်းတို့မှထွက်ရှိလာသည့် ကြံတန် ၃၆၀ဝ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ တတိယပတ်က တစ်တင်းလျှင် ကျပ် ၃၂၀ဝ၀ ကျပ်ဈေးဖြစ်ခဲ့သော မတ်ပဲသည် ဒီဇင်ဘာ ၂၃ ရက်တွင် ကျပ် ၃၅၅၀ဝ ထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၄ ရက်တွင် ကျပ် ၃၄၅၀ဝ သို့ ပြန်လည်ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်တွင် လည်းကျပ် ၃၄၅၀ဝ တွင် ဈေးငြိမ်လျက်ရှိသည်။ ဈေးတက်လာသော်လည်း အရောင်းအဝယ်အေးခဲ့ပြီး နေ့စဉ် အိတ် ၃၀ဝ မှ ၅၀ဝ အတွင်းသာ အရောင်း အဝယ်ဖြစ် နေခဲ့သည်။ ပဲတီစိမ်း(ဆီပြောင်) တစ်တင်းလျှင် ကျပ် ၄၀ဝ၀ဝ၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်တင်းလျှင် ကျပ် ၃၇၅၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။၊ ပဲလွန်းနီ တစ်တင်းလျှင် ကျပ် ၂၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်သီတင်း တစ်ပတ်ထက
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စပါးဈေးကွက်၌ ယခင်နှစ်လက်ကျန်ပေါ်ဆန်း၊ ဧည့်မထစပါး၊ ဆန်ဟောင်း ဈေးမြင့်၍ မိုးအသစ်ပေါ်ဆန်းရင်စပါး၊ ဆန်ဈေးနှင့် ဧည့်မထ စပါး၊ ဆန်ဈေးနှုန်းမှာဈေးနှုန်း လျော့နည်းပြီး ဈေးကွက်တွင် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ဆန်၊ စပါးသတင်းများ အရ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သော အမျိုး သားအဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးသို့ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ပူးတွဲဥက္ကဋ္ဌဖြစ်သည့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ကော်ဖီသီးခူးဆွတ် ရာသီအတွင်း ပြည်တွင်းကော်ဖီ ထုတ်လုပ်မှုမှ ကော်ဖီ စေ့တန်ချိန် ၂၀ဝ၀ မှ ၂၅၀ဝ အတွင်း ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ပြည်ပ သို့ တန်ချိန် ၁၀ဝ၀ ခန့် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ “ဒီနှစ် ပြည်ပပို့ဖို့ မှန်းတာတော့ တန်ချိန် ၈၀ဝ နဲ့ ၁၀ဝ၀ ကြားလောက် အကြမ်းဖျင်းမှန်းပါတယ်။ ထုတ်လုပ်မှု က တန်ချိန် ၂၀ဝ၀ ကနေ ၂၅၀ဝ လောက် အထိရှိတယ်။ ကျန်တာကတော့ ပြည်တွင်းသုံးနဲ့ နယ်စပ် ပို့ကုန်ဖြစ်မယ်လို့ ထင်ပါတယ်”ဟု အဆိုပါအသင်းဥက္ကဋ္ဌ ဦးမျိုးအေးက ပြောသည်။ ပြည်တွင်းနှင့် ပြည်ပကော်ဖီ ပို့ကုန်ဈေးကွက်ကို လက်ရှိတွင် ခန့်မှန်း ထားချက်သာရှိဆဲဖြစ်ပြီး ပို့ကုန် အတိ အကျယတိပြ
မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပို့ကုန်သွင်း ကုန်ရုံး(ရန်ကုန်) တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပွဲကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ယှဉ်ပြိုင် မှုဥပဒေနှင့် နည်းဥပဒေများ အကြောင်း သိကောင်းစရာများကို မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က ရှင်းလင်းပြော ကြား ခဲ့သည်။
ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအား မြင့်တက်လာပြီး ပြည်တွင်းဈေးကွက် များတွင် စပါးဈေးများ မြင့်တက်လာ သဖြင့်ယခုသီတင်းပတ်အတွင်း အိန္ဒိယ ဆန်ပို့ကုန်ဈေးနှုန်းများ မြင့်တက်လာ ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြ သည်။ သို့သော်လည်း ဈေးနှုန်းသက်သာသော ပြိုင်ဘက်များရှိလာသည့်အတွက် ထိုင်းဆန်၏ ဝယ်လိုအားမှာ ကျဆင်းခဲ့သည်။ ထိပ်တန်း ပို့ကုန်ဖြစ်သည့် အိန္ဒိယပြုတ်ဆန် ၅ မှတ် ဆန်ကွဲ၏ ယခုသီတင်းပတ်အတွင်း ဆိုဈေးမှာ တစ် တန်ကိုအမေရိကန်ဒေါ်လာ ၃၆၀- ၃၆၅ ဒေါ်လာအတွင်း ရှိခဲ့သည်။ ယခင်သီတင်းပတ်ကရှိခဲ့သော တစ်တန် အမေရိကန်ဒေါ်လာ ၃၅၈- ၃၆၃ ဒေါ်လာမှမြင့် တက်လာခြင်းဖြစ်သည်။
လာမည့်သီတင်းပတ်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တစ်ဦးချင်း တွေ့ဆုံမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်က သမ္မတအိမ်တော်မှ ကြေညာချက်ကို ကိုးကားပြီး ယွန်းဟပ် သတင်း တွင်ဖော်ပြသည်။ ဆွေးနွေးပွဲ သည် အလွန်ထူးခြားလိမ့်မည်ဖြစ်ကြောင်း လည်း ဖော်ပြသည်။ ဇီချွမ်ပြည်နယ်၊ ချန်ဒူးတွင်ပြုလုပ် မည့် ခရစ္စမတ်အကြိုတွေ့ဆုံပွဲသည် ၁၅ လအတွင်း ခေါင်းဆောင်နှစ်ဦးထိပ်သီး ဆွေးနွေးပွဲအဖြစ် ပထမအကြိမ် တွေ့ ဆုံခြင်းဖြစ်ပြီး သမိုင်းနှင့်သက်ဆိုင်သော ပြဿနာမှ ယှက်နွှယ်ပြီး ဆိုးလ်နှင့် တိုကျို တို့ ကုန်သွယ်ရေးတိုက်ပွဲကို ဆင်နွှဲနေ စဉ်ကာလအတွင်း ယခုကဲ့သို့ တွေ့ဆုံခဲ့ ခြင်းဖြစ်သည်။ နှစ်နိုင်ငံ
ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရိုဘတ်စတာ (robusta) ကော်ဖီအများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်သော်လည်း ရေရှည်ဖွံ့ဖြိုးရေးအတွက် နိုင်ငံအတွင်း၌ စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ဗီယက်နမ်နယူးအေဂျင်စီ၏သတင်းတွင် ဖော်ပြသည်။ ဗီယက်နမ်တောင်သူအများစုက ခေတ်မီနည်းပညာ ထက်ရိုးရာနည်းပညာများကို အသုံးပြုနေသည့်အတွက် ဗီယက်နမ်ကော်ဖီ၏ အရည်အသွေးသည် သာမန်အဆင့်မှ မတက်သေးဘဲရှိနေကြောင်း ဝန်ကြီးဌာနအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ငုယင်ဒူးအင်တွမ်းက ပြောသည်။
တစ်ဖက်နိုင်ငံ ယူနန်ပြည်နယ်နှင့် ကုန် သွယ်မှုပြုလုပ်နေသော ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ်ရှိ မိုင်းယုကျေးရွာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် သစ်သီးဝလံကုန်စည်ဒိုင်တွင် ဒီဇင်ဘာ ၁၃ရက်တွင် ဖရဲသီး၊ သခွားမွှေး တိုးမြှင့် တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ကြီးမှူးကျင်းပခဲ့ပြီး တက်ရောက်လာသူများကတော့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် OSS ကုန်သွယ်ရေးဦ