Background
မော်လမြိုင်မြို့၌ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ဘိလပ်မြေ ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၁၈၀ဝ၊ ဆင်(ထိုင်း) ကျပ် ၁၅၃၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၆၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအထက်ပိုင်း အထက်အညာဒေသများသည် ပူပြင်းခြောက်သွေ့သဖြင့် ဒေသခံအများစုမှာ ရာသီဥတုနှင့်လိုက်ဖက်ညီစွာ မြန်မာချည်ထည်များကို အများဆုံး ဝတ်ဆင်လေ့ရှိကြသည်။
ထိုင်းနိုင်ငံသို့ ယခုနှစ်တွင် နိုင်ငံတကာ ခရီး သွားဧည့်သည် ၂၅ သန်းအထိ ဝင်ရောက်ရန် ရည်မှန်းထားကြောင်း thailand-business-news သတင်းတွင် ဖော်ပြထားသည်။
လက်ရှိအချိန်၌ ထိုင်းနိုင်ငံတွင် ကိုဗစ်ကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်သလို အာရှနိုင်ငံအများသည်လည်း ကိုဗစ်(၁၉) ကန့်သတ်ချက်များကို ဖြေလျှော့ရုပ်သိမ်းမှုများ ရှိလာပြီဖြစ်သည်။ သို့အတွက်ကြောင့် ယခု ပွင့်လင်းရာသီတွင် ထိုင်းနိုင်ငံသို့ တရုတ်၊ မလေးရှားနှင့် လာအို စသည့်နိုင်ငံများမှ ခရီးသွားဧည့်သည် အများအပြား ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခိုင်၊တောင်ငူ မြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်တွင် စီးပွားဖြစ်မှိုစိုက်ပျိုးရေးမှာ အချိန်တိုအတွင်း ဝင်ငွေရရှိသော အောင်မြင်သည့်လုပ်ငန်းတစ်ခုဖြစ်သည်။ မှိုစိုက်ပျိုးရေးလုပ်ငန်းရှင် ဒေါ်ဝင်းပပခိုင်သည် မိမိတွင် ရှိရင်းစွဲဖြစ်သော မြေခံ၊ ရေခံ ခြံအကျယ် အဝန်းရှိနေမှုကို အကျိုးရှိစွာ အသုံးပြုထားသည် ကို တွေ့ရှိရသည်။
၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒို တိုက်ခန်းများ ဝယ်ယူသည့် ထိပ်တန်းငါးနိုင်ငံ စာရင်းကို ထုတ်ပြန်လိုက်ရာ တရုတ်နိုင်ငံသား များက ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပြီး မြန်မာနိုင်ငံက အဆင့်(၅)နေရာတွင် ရှိနေကြောင်း ထိုင်းနိုင်ငံ၏ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ Real Estate Information Centre - REIC) ၏ ထုတ်ပြန် ချက်အရ သိရသည်။
တရုတ်နိုင်ငံတွင် ကိုဗစ်စည်းကမ်းများ တင်းကျပ်ချိန်မှစတင်ကာ တရုတ်နိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံတွင် အိမ်ခြံမြေများ ဝယ်ယူရန် ကြိုးပမ်းခဲ့ကြပြီး အများစုမှာ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူခဲ့ကြသည်ဟု စစ်တမ်းက ဖော်ပြထားသည်။
ပန်းတောင်းဒေသထွက်စစ်စစ် စိမ်းစားသီး (သရက်) ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်သည်။ အသီးအရွယ်အစားမှာ လက်တစ်ဆစ်မျှသာရှိပြီး စားဖူးသူတိုင်း အရသာသိသော သရက်သီးဖြစ်၍ ပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို့မှထွက်ရှိသည်။
ဆီးသီး အမျိုးပေါင်းများစွာ ရှိသည့်အနက်မှ လေးပင်ဆီးသီးကို မကွေးတိုင်းဒေသကြီး ရွှေစက်တော် သို့သွားသောလမ်းမကြီးပေါ်ရှိ လေးပင် ရွာမှထွက်ရှိသည်။ ဆီးပင်၏ မူရင်း ဒေသသည် အရှေ့တောင်အာရှမှဖြစ်ပြီး မျိုးရင်းမှာ ROSACEAE) ဖြစ်ပြီး ရုက္ခ ဗေဒအမည်မှာ Zizyphus jujuba ဖြစ်ကာ အင်္ဂလိပ်အမည်မှာ plum or jujube ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးကြီး အတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ ဖြင့် ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။