Main menu

Background

Monday, 15 Nov 2010

 ၂ဝဝ၈ ခုနှစ် ဇူလိုင်လနောက်ပိုင်း စားအုန်းဆီကြမ်းဈေး အမြင့်ဆုံးကို ရောက်ခဲ့           ချီကာကို ပဲပုပ်ဆီအပါအဝင် အခြား စိုက်ပျိုးရေး ထွက်ကုန်များကို အမြောက်အမြားဝယ်ယူလာကြတာကြောင့် နိုဝင်ဘာလ ၉ ရက်နေ့ မလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၂၈ လ နီးပါးအတွင်း အမြင့်ဆုံးကို မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ ဆိပ်ကမ်းများမှာ စားအုန်းဆီ လက်ကျန်လျော့ကျနေပြီဆိုတဲ့ ဒေလီယံကုန်စည်ဒိုင်သတင်းများကလည်း စားအုန်းဆီ ကြိုပွိုင့်ဈေးကို မြင့်တက်စေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလ စာချုပ်အခြေခံဈေးဟာ ၂ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၃၆ဝ (ကန်ဒေါ်လာ ၁ဝ၈၈) ဖြစ်ခဲ့လို့ ၂ဝဝ၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နောက်ပိုင်းမှာ အမြင့်ဆုံးဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဆိပ်ကမ်းများမှာ လက်ကျန်ပမာဏဟာ တန်ချိန် ၂၁ဝဝဝဝ ဝန်းကျင်သာရှိပြီး ယခင်နှစ်ထက် သိသိသာသာကျဆင်းခဲ့တယ်လို့ China Securities Journal မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်မှု ကျဆင်းခြင်းက ဝယ်လိုအားကို မြင့်တက်စေတာကြောင့် ဈေးနှုန်းလည်းလိုက်ပါမြင့်တက်နေတယ်လို့ ကွာလမ်လာပူ အခြေစိုက် ကုန်သည်များက ဆိုပါတယ်။ မလေးရှား စားအုန်းဆီအခြေခံဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၄၅ဝ (ကန်ဒေါ်လာ ၁၁၁၇) ထိမြင့်တက်နိုင်ဖွယ်ရှိတယ်လို့ လည်း ၎င်းကခန့်မှန်းပြောကြားပါတယ်။ လက်ငင်းဈေးကွက်မှာ ဒီဇင်ဘာပို့ရမယ့် Palm olein ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၁၂ဝ ရှိပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာလည်း တစ်တန်ကို ရင်းဂစ် ၈ဝ မြင့်တက်ပြီး ရင်းဂစ် ၃၃၆ဝ (ကန်ဒေါ်လာ ၁ဝ၈၈) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                       ယုဇန၊ှSources: palmoil hq. com

Wednesday, 10 Nov 2010

စားအုန်းဆီဈေးနှုန်းများ(၁-၁၁-၂ဝ၁ဝ မှ ၄-၁၁-၂ဝ၁ဝ နေ့ထိ)                                                           ရေတွက်ပံုံ - ဒေါ်လာစဉ်     နေ့စွဲ              CIF (ရန်ကုန်)(၁) ၁-၁၁-၂ဝ၁ဝ         ၁ဝ၆ဝ(၂) ၂-၁၁-၂ဝ၁ဝ         ၁ဝ၆၅(၃) ၃-၁၁-၂ဝ၁ဝ         ၁ဝ၆၅(၄) ၄-၁၁-၂ဝ၁ဝ          ၁ဝ၈ဝ                                                                                                          Source:   ဆီကုန်သည်များးအသင်း

Wednesday, 10 Nov 2010

 တရုတ်အစိုးရက နိုင်ငံမြောက်ပိုင်းပြည်နယ်များမှာ ပဲပုပ်ဝယ်ယူသွားမယ်        တရုတ်နိုင်ငံ ဗဟိုကောက်ပဲသီးနံှ အရန်ထိန်းသိမ်းရေးမှ နိုင်ငံမြောက်ပိုင်း ပဲပုပ်ထိပ်တန်းထုတ်လုပ်တဲ့ ပြည်နယ် များမှာ တောင်သူများ ဝင်ငွေမြှင့်တင်ဖို့ ယခုနှစ်ပဲပုပ်များ ဝယ်ယူသွားမယ်လို့ ပြည်နယ်ကောက်ပဲသီးနံှ စီမံခန့်ခွဲရေး အေဂျင်စီမှ ပြောကြားပါတယ်။ ဟေးလုံ ကျန်း၊ လျောင်နင်း၊ မွန်ဂိုလီးယား အတွင်းပိုင်းနဲ့ ချီလင်ဒေသတို့မှာ အစိုးရ က ယခုနှစ်ရိတ်သိမ်းပြီးတဲ့ ပဲပုပ်များ အတွက် တစ်တန်ကို ယွမ် ၃၈ဝဝ (ကန်ဒေါ်လာ ၅၇ဝ ) ပေးဝယ်သွား မယ်လို့ ယင်းအေဂျင်စီ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ ဝယ်ယူမှုကို နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ပြီး ဧပြီလ ၃ဝ ရက်မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။        ပဲပုပ်သစ်အတွက် လက်ရှိဈေးနှုန်း မှာ အစိုးရဝယ်ယူမယ့်ဈေးထက်ပိုပြီး တစ်တန်ကို ၃၉ဝဝ ယွမ်မှ ၄ဝဝဝ ယွမ် (ကန်ဒေါ်လာ ၅၈၃-၅၉၈) ရှိတယ်လို့ ချီလင်ကောက်ပဲသီးနံှကော်ပိုရေးရှင်းမှ Chen Baimin  မှ ပြောကြားပါတယ်။ ပြည်တွင်းထွက်ရှိတဲ့ ပဲပုပ်ကို အဓိက အားဖြင့် တို့ဟူးနဲ့ ပဲငန်ပြာရည်အဖြစ် အသုံးပြုပြီး ပြည်ပကတင်သွင်းတဲ့ မျိူးရိုးဗီဇ မြှင့်တင်ထားတဲ့ ပဲပုပ်ကိုတော့ ဆီပါဝင်မှုများတဲ့အတွက် စားဆီနဲ့ တိရစ္ဆာန်အစာအဖြစ် အသုံးပြုတယ်လို့ သိရပါတယ်။         အစိုးရဟာ ယခုနှစ် ရိတ်သိမ်းတဲ့ ပဲပုပ်တစ်မျိုးထဲကိုသာ ဝယ်ယူခြင်း ဖြစ်ပြီး ယင်းပဲများမှာ နိုင်ငံတော်က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း မီရမယ် လို့ သိရပါတယ်။                                                                                                                                                  ယမင်းခင်ှ                                                                                                                                Sources: Bloonberg. net

Wednesday, 10 Nov 2010

 အသစ်ပေါ်ပေမယ့် ဈေးအမြင့်မှာ ဆက်လက်ရှိနေတဲ့ ပြည်ပဲပုပ်ဈေးကွက်       ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲပုပ်လက်ကျန်အဟောင်းများ အရောင်းအဝယ်ဖြစ်လျက်ရှိရာ နေ့စဉ် ၁ဝ အိတ်ခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။ ပဲပုပ်ဈေးနှုန်းမှာ တစ်တင်း ၁၇၅ဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ်ထိ ဈေးရရှိခဲ့ကြပြီး ယခင်အပတ်က ထက် တစ်တင်း ၅ဝဝ ကျပ်ခန့် ဈေးမြင့် လာခဲ့ပါတယ်။ ပဲပုပ်အသစ်များ ပေါ် လာပြီ ဖြစ်သော်လည်း ဈေးမှာကျဆင်း သွားခြင်းမရှိဘဲ ဈေးကောင်းနေ ကြောင်း သိရပါတယ်။                                                                                                                                           ဆုမွန်ဆွေ

Wednesday, 10 Nov 2010

ဆီစက်ဝယ်အားကောင်းလို့ မန်းမြေပဲဆီဈေးမာ        မန်းဈေးကွက်အတွင်းသို့ မြင်းမူ၊ ရွှေဘို၊ ညောင်ဦး၊ မကွေး၊ ပြည်စတဲ့ ဒေသများမှာ မြေပဲဆီဆံများ ဝင်ရောက်နေပါတယ်။ ဈေးကွက်အတွင်း မြေပဲ ဆီဆံများ ဝင်ရောက်မှုရှိသော်လည်း ပစ္စည်းလှိုင်လှိုင်မဝင်လာခြင်း၊ ဝင်ရောက် လာတဲ့ မြေပဲဆီဆံများကိုလည်း ဆီစက်လုပ်ငန်းရှင်များမှ ဝယ်လိုအားကောင်း နေတဲ့အတွက် အရောင်းသွက်ပြီး ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ယခုတစ်ပတ် မှာ မြင်းမူဆီဆံက ၁၆၅ဝ ကျပ်၊ ၁၇ဝဝ ကျပ်၊ ရွှေဘိုဆီဆံက ၁၆ဝဝ ကျပ်၊ ၁၆၆ဝ ကျပ်၊ မကွေးဆီဆံက ၁၆၂၅ ကျပ်ဈေးတို့ဖြင့် ယခင်အပတ်ထက် ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်နေကြပါတယ်။ မြေပဲဆီက တစ်ပိဿာ ၂၈၅ဝ ကျပ်၊ ၃၁ဝဝ ကျပ်၊ မြေပဲဖတ်က ၈၇ဝ ကျပ်၊ ၈၈ဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပြီး ဈေးကွက်အတွင်း မြေပဲဆီဆံစီးဝင်မှု နည်းနေတဲ့အတွက် ဈေးမြင့်လာတာဖြစ်တယ် လို့ ဆီစက်လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားကြောင်း သိရပါတယ်။                                                                                                                                               ကျော်ကျော်မိုး

Wednesday, 10 Nov 2010

မုံရွာနှမ်းဈေး မန်းအဝယ်အေး       မုံရွာကုန်စည်ဒိုင် နှမ်းဈေးကွက်မှာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက နယ်စုံမှ မိုးကြိုနှမ်းတွေ ဝင်ရောက်ခဲ့ ပေမဲ့ မန္တလေးလက် အဆွဲနည်းခဲ့ပြီး၊ ဒေသတွင်းဆီစက်သမားအချို့ ပုံမှန်ဝယ်ယူမှုသာ ရှိခဲ့တယ်လို့သိရပါတယ်။ နှမ်းမျိုးစုံပေါက်ဈေးအနေနဲ့ စက်တင်ဘာလကထက် တစ်တင်း ၁ဝဝဝ ကျပ်ခန့် ဈေးသာခဲ့ရာ နှမ်းညိုတစ်တင်း အနိမ့်ဆုံး ၁၉ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၈ဝဝ ကျပ်၊ နှမ်းဝါတစ်တင်း ၂၁၇ဝဝ ကျပ်မှ ၂၄၅ဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂ဝ၈ဝဝ ကျပ်မှ ၂၃၃ဝဝ ကျပ်နဲ့ နှမ်းဖြူတစ်တင်း ၂၆ဝဝဝ ကျပ်မှ ၂၈ဝဝဝ ကျပ်ထိ ဈေးအနည်း ငယ်မြောက်ခဲ့ပါတယ်။ နိုဝင်ဘာလဆန်း နှမ်းဈေးကွက်မှာတော့ နှမ်းညိုတစ်တင်း ၂၂၅ဝဝ ကျပ်၊ နှမ်းဝါတစ်တင်း ၂၄၅ဝဝ ကျပ်နဲ့ နှမ်းဖြူ တစ်တင်း ၂၆ဝဝဝ ကျပ် အသီးသီးဈေးပြန်အေးသွားခဲ့ပြီး၊ အရောင်းအဝယ် အားနည်း သွားခဲ့တာတွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်ဈေးကွက်ကနေ အောက်တိုဘာလ အတွင်း မန္တလေးကို တင်း ၇ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း၂ဝဝဝ ခန့်သာ တင်ပို့ စီးဆင်းသွားခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။                                                                                                                                                    ထွန်းလှိုင်

Wednesday, 10 Nov 2010

နှမ်းတင်ပို့မှုလျော့       အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၂ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ နှမ်းရောင်စုံ တန်ချိန် ၂၅ဝ၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၃၆ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းဖြူများ မိမိဘက်မှာ သိသိသာသာကျဆင်းလျက်ရှိပါတယ်။ နှမ်းနက်ဈေးကတော့ မိမိဘက်မှာ ကျဆင်း သော်လည်း တစ်ဖက်နိုင်ငံ ဈေး မြင့်တက်လျက်ရှိပါတယ်။ တင်ပို့မှုဟာ ယခင် အပတ်ကထက် တန်ချိန် ၄၆ဝ နီးပါး လျော့နည်းခဲ့ပါတယ်။ ပြည်တွင်းပဲမျိုးစုံ နှမ်းဈေးနှုန်းများ အတက်အကျမြန်ဆန်ခြင်း တစ်ဘက်နိုင်ငံ ငွေကြေးအတက် အကျမြန်ဆန်ခြင်း တို့ကြောင့် အမှန်အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပမာဏကိုသာ တင်ပို့နေတာဖြစ်ပါတယ်။ ယခုအပတ်နှမ်းတင်ပို့နိုင်မှု များကတော့ နှမ်းဖြူ ၅၃၂ တန်ကျော်၊ နှမ်းနက် ၁၇၁၂ တန်ကျော်နဲ့ နှမ်းအခွံချွတ် ၂၅၆ တန် အသီးသီးဖြစ်ပါ တယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ နှမ်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ် -                                     မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု       ယခင်         ပြောင်းလဲမှု     %        ယခု         ယခင်       ပြောင်းလဲမှု      %နှမ်းဖြူ     ၁၁၈ဝ၄၈ဝ   ၁၂၉၇၈၂ဝ     ၁၁၇၃၄ဝ      ၁ဝ        ၁၃ဝ၃       ၁၄၂၄        ၁၂၁            ၉နှမ်းနက်   ၁၃၈၄၄၈ဝ   ၁၅၄၆ဝ၇၈      ၁၆၁၅၉၈     ၁၂         ၁၅၂၈       ၁၄၅၄         ၇၄            ၅                                                                                                                                      MIRT (DOBT)

Wednesday, 10 Nov 2010

ယခင်နှစ် အောက်တိုဘာလထက် နှမ်းပိုမိုတင်ပို့       ယခုနှစ် အောက်တိုဘာလမှာ ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၄၅ဝဝ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခုနှစ်မှာ ပြည်ပဝယ်လက်များ အဝယ်ရှိနေတာ ကြောင့် ယခင်နှစ် အောက်တိုဘာလ တင်ပို့မှု တန်ချိန် ၂၅ဝဝ ကျော်ထက် ပိုမိုလာ ခြင်း ဖြစ်ပါတယ်။ ယခုတစ်ပတ် အောက်တိုဘာလ ၂၅ ရက်မှ ၃၁ ရက်အတွင်းမှာ လည်း တရုတ်၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်တို့ကို တန်ချိန် ၁ဝဝဝ ကျော်တင်ပို့မှု ရှိခဲ့ပါတယ်။ စက်တင်ဘာလမှာ နှမ်းတန်ချိန် ၄၇ဝဝ ကျော် တင်ပို့နိုင်ခဲ့လို့ အောက်တိုဘာလတင်ပို့မှုထက် အနည်းငယ်ပိုခဲ့ပါတယ်။ ရန်ကုန်  FOB ဈေး အနေ နဲ့ သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၉၅ဝ-၂ဝဝဝ ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ် လာ ၁၆၅ဝ-၁၇ဝဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ ဖြစ်ကြောင်း သိရပါတယ်။                                                                                                         MIRT - MAPT

Wednesday, 10 Nov 2010

 စားဆီလက်ကျန်နည်းလာပြီဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယရဲ့ ဝယ်လိုအားကြောင့် စားအုန်းဆီဈေး အမြင့်ဆုံးကို ရောက်ရှိလာ       တရုတ်၊ ပါကစ္စတန်နဲ့ ဥရောပတို့မှ စားဆီဝယ်လိုအား တိုးတက် နေခြင်းကို ပြည့်မီနိုင်အောင် ရောင်းချ နိုင်ဖွယ်မရှိတဲ့ ခန့်မှန်းချက်များအရ စားအုန်းဆီ ကြိုပွိုင့်ဈေးဟာ နှစ်နှစ်ကျော်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလ ၂ ရက်နေ့က ဇန်နဝါရီ ပို့ရမယ့် စာချုပ်ဈေးဟာ ဝ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ရင်းဂစ် ၃၁ဝ၆ (ကန်ဒေါ်လာ ၁ဝဝ၃) ဈေးဖြစ်ခဲ့တယ်လို့သိရပါတယ်။ အဲဒီ ဈေးနှုန်းဟာ ၂ဝဝ၈ ခုနှစ် ဇူလိုင်လ ၂၄ရက် နောက်ပိုင်း အမြင့်ဆုံးဈေးဖြစ်တယ်လို့ သိရပါ တယ်။        အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဝယ်လိုအား ၁၁ ရာခိုင်နှုန်းခန့် တိုးတက် လာတာကြောင့် လာမယ့်နှစ်မှာ ပဲပုပ်နဲ့စားအုန်းဆီသိုလှောင်မှုဟာ ၁၂ ရာခိုင်နှုန်း ခန့်ကျဆင်းနိုင်တယ်လို့ အမေရိကန်စိုက်ပိုျးရေးဌာန စာရင်းများအရ သိရပါတယ်။ ကမ္ဘာမှာ ဒုတိယအများဆုံးတင်ပို့တဲ့ မလေးရှားရဲ့ စားအုန်းဆီတင်ပို့မှုဟာ စက်တင်ဘာလ အထိ ၉ လအတွင်း ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အထွက်မှာလည်း တန်ချိန် ၁၂ ဒသမ ၇ သန်းကို ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ မလေးရှား စားအုန်းဆီအဖွဲ့မှ ပြောကြားပါတယ်။          ဘရာဇီးနိုင်ငံ ပဲပုပ်စိုက်ပျိုးမှုရဲ့ ၄၇ ရာခိုင်နှုန်းခန့်စိုက်ပျိုးတဲ့ အနောက် အလယ်ပိုင်းမှာ မိုးရွာသွန်းမှု မရှိတာကြောင့် စိုက်ပျိုးမှုနှေးကွေးခဲ့တဲ့အတွက် ချီကာကိုမှာ ပဲပုပ်ဆီဈေးဟာ ယခုနှစ်အတွင်း ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာမှာ စားဆီအများဆုံးအသုံးပြုတဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားဟာ လာမယ့် ဖေဖော်ဝါရီလ နှစ်သစ်ကူးပွဲတော်နီးကပ်တဲ့ကာလတွေမှာ တိုးတက်လာမှာ ဖြစ်ပါတယ်။ ၂ဝ၁ဝ-၁၁ ဈေးကွက်ရာသီအတွင်း တရုတ် နိုင်ငံက ပဲပုပ်တန်ချိန် ၆ဝ သန်းအထိ တင်သွင်းနိုင်ဖွယ်ရှိတယ်လို့ တရုတ်အမျိုးသား ကောက်ပဲသီးနံှနဲ့ ဆီထွက်သီးနံှ သတင်းအချက်အလက်ဌာနမှ ပြောကြားပါတယ်။        ချီကာကိုမှာ ပဲပုပ်တစ်ဘူရှယ်ကို ဝ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ကန်ဒေါ်လာ ၁၂ ဒသမ ၄၁ (တစ်တန်ကို ကန်ဒေါ်လာ ၄၅၉) ရှိခဲ့ပြီး၊ ဒီဇင်ဘာလပို့ရမယ့် ပဲပုပ်ဆီဈေးဟာ ဝ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ပြီး၊ တစ်ပေါင် ကို ကန်ဒေါ်လာ ၄၉ ဒသမ ၉၂ ဆင့် (တစ်တန်ကိုကန်ဒေါ်လာ ၁၁ဝဝ) ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ဒေလီယံ ကုန်စည်ဒိုင်မှာ စက်တင်ဘာလ ပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ယွမ် ၈၇၄ဝ (ကန်ဒေါ်လာ ၁၃ဝ၈)၊ စက်တင်ဘာလပို့ရမယ့် ပဲပုပ်ဆီဈေးဟာလည်း ဝ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီး၊ ယွမ် ၉၆၃၂ (ကန်ဒေါ်လာ ၁၄၄၂) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                         ယုဇန၊ှSource: bloomberg.net

Wednesday, 27 Oct 2010

ဆီစက်လုပ်ငန်းရှင်အဝယ်သွက်တဲ့ ရှမ်းပဲပုပ်         ဒီတစ်ပတ်ရှမ်းပဲပုပ်ဈေးမှာ ထိပ်စက အနည်းငယ်ဈေးကျလာပြီး (လတ်စ)နဲ့ (ညံ့စ)ဈေးက တက်လာပါ တယ်။ ပဲပုပ်ဆီက ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာကြောင့် ပြည်တွင်းဆီစက်လုပ်ငန်းရှင်တွေက အမှာ စာတွေနဲ့ ဝယ်ယူနေကြ ပါတယ်။ အဲဒီလို ဝယ်ယူခဲ့တာကြောင့် ပဲပုပ်လုံးသန့် (ထိပ်စ)တွေ ပစ္စည်းပြတ် သလောက် ဖြစ်သွားပါတယ်။ ပဲပုပ် (ထိပ်စ) တွေကလည်း အထွက်နည်း တာ ကြောင့် လုပ်ငန်းရှင်တွေကလည်း လို သလောက်မရဘူးဖြစ်နေပါတယ်။ ဟဲဟိုး၊ပင်းတယ၊ အောင်ပန်းနယ် တစ် ဝိုက်ကထွက်တဲ့ ပဲပုပ် (လတ်စ) နဲ့ (ညံ့စ)တွေတော့ လက်ကျန်ရှိနေပါ သေးတယ်။ ပြည်တွင်းဆီကြိတ်ရန်၊ တိရစ္ဆာန်အစာအဖြစ်အသုံးပြုရန် ဝယ်ယူနေတာကြောင့် ပဲပုပ် (လတ်စ) ဈေးက ဒီတစ်ပတ်မှာ တစ်ပိဿာ ၈ဝဝ ကျပ်ဈေးရှိပြီး၊ (ညံ့စ)က တစ် ပိဿာ ၇၅ဝ ကျပ်ဈေးထိ ရှိလာပါ တယ်။ပဲပုပ်ထိပ်စကတော့ ဈေးအနည်း ငယ် ပြန်ကျလာပြီး တစ်ပိဿာ ၈၃ဝ ကျပ်ဈေးရှိပါတယ်။ ပဲပုပ်ဖတ်ကတော့ တစ်ပိဿာ ၉ဝဝ ကျပ်၊ ၉၂ဝ ကျပ်၊ ပဲပုပ်ဆီက ၂၁ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ် နေပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းဝယ်လက်တွေကြောင့် တစ်ပတ်အတွင်း ပဲပုပ် ပိဿာချိန် ၁ ဒသမ ၇ သိန်းခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံလုပ်ငန်းရှင်များမှ သိရပါတယ်။                                                                                           ဧဧခိုင်

Pages