Background
နှမ်းတန်ချိန် ၁၂ဝဝ ကျော် ပင်လယ်ရေကြောင်းကတင်ပို့ ယခုတစ်ပတ်အောက်တိုဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်း ပင်လယ် ရေကြောင်းက နှမ်းတန်ချိန် ၁၂ဝဝ ကျော် ပင်လယ်ရေကြောင်းက တင်ပို့မှုရှိခဲ့ ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁ဝဝဝ ဝန်းကျင်မှ တိုးတက်တင်ပို့လာတာ ဖြစ်ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ဖြစ်ပြီး ဂျပန်နိုင်ငံကို တန် ၄ဝဝ ကျော်တင်ပို့ခဲ့ တာတွေ့ရပါတယ်။ အဓိကတော့ ဂျပန်ဝယ်လက်က သိပ္ပံနှမ်းနက်အများဆုံး ဝယ်ယူတာ ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးအတိုင်း သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၉၅ဝ-၂ဝဝဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၅ဝ-၁၇ဝဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ ဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT
စားအုန်းဆီကြိုပွိုင့်ဈေး ၂ နှစ်ကျော်အတွင်း အမြင့်ဆုံး ရောက်ရှိ စားအုန်းဆီကြိုပွိုင့်ဈေး ၂ နှစ်ကျော်အတွင်း အမြင့်ဆုံး ရောက်ရှိ ရာသီဥတုအခြေအနေနဲ့ အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့လာခြင်းတို့ကြောင့် ပဲပုပ်ဈေးနှုန်း ခိုင်မာလာခြင်းနဲ့အတူ အောက်တိုဘာ ၂၈ ရက်နေ့ မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေးမှာလည်း ၂ နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ စားအုန်းဆီ အဓိကစိုက်ပျိုးတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ မိုးပိုမိုရွာသွန်းနေခြင်းက ရိတ်သိမ်းခူးဆွတ်မှုကို ထိခိုက်နိုင်ခြင်းရှိကာ ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ မလေးရှား ဘူစာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ဇန်နဝါရီလအတွက် အခြေခံ စားအုန်းဆီကြမ်း စာချုပ်ဈေးမှာ တစ်တန်ကို ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ရင်းဂစ် ၃ဝ၆၄ (ကန်ဒေါ်လာ ၉၈၃) ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဈေးနှုန်းဟာ ၂ဝဝ၈ ခုနှစ်ဇူလိုင်လ ၂၈ ရက်နောက်ပိုင်းမှာအမြင့်ဆုံးပမာဏ ဖြစ်တယ်လို့သိရပါတယ်။ စားဆီနဲ့သီးနံှဈေးကွက်မှာ ရာသီဥတုအခြေအနေနဲ့ ဒေါ်လာ တန်ဖိုး အားပျော့နေခြင်းတို့ကြောင့် ဈေးနှုန်းဆက်လက် မြင့်တက်မယ့် လက္ခဏာ ရှိတယ်လို့ ကွာလမ်လာပူမှ ကုန်သည်တစ်ဦးကဆိုပါတယ်။ မကြာခင်စားအုန်းဆီ တစ်တန်ကို ရင်းဂစ် ၃၁ဝဝ (ကန်ဒေါ်လာ ၉၉၄ ) ဈေးဖြစ်လာမှာ အနှေးနဲ့ အမြန်ပါပဲလို့လည်း ၎င်းကဆိုပါတယ်။ ယုဇန၊Source: palmoilhq.com
ဈေးငြိမ်ပြီး ပုံမှန်ရောင်းဝယ်နေတဲ့ ပဲပုပ် မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု နိုဝင်ဘာလဆန်းမှာ ပဲပုပ် တစ်ပိဿာ ၈၁၇ ကျပ် ဝန်းကျင်ဈေးနဲ့ အရောင်း အဝယ် ပြုလုပ်နေကြပါတယ်။ ယခင်နှစ် ကာလတူဈေးမှာ ၆၉၄ ကျပ်ဖြစ်ပါတယ်။ ကလေး၊ ဟုမ္မလင်း၊ ရေဦး၊ တန့်ဆည်၊ မြင်းမူ၊ မြောင်မြို့နယ်များက ပဲပုပ်များ မုံရွာမြို့သို့ ဝင်ရောက်လာပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ အောက်တိုဘာလအတွင်း ပဲပုပ်တင်း ၄ဝဝ ကျော်၊ နိုဝင်ဘာ ပထမပတ်အတွင်း တင်း ၃ဝ ကျော် စီးထွက်ခဲ့ပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ တင်း ၇ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းသန်းတင်
ဆောင်းရာသီအအေးဓါတ်နှင့်အတူ စားအုန်းဆီစားသုံးမှုကျဆင်းပြီး ပဲဆီစားသုံးမှုမြင့်တက်လာ ဆောင်းရာသီအအေးဓါတ်နဲ့အတူ စားအုန်းဆီအေးခဲခြင်းကြောင့် စားသုံးမှုကျဆင်းပြီး ပဲဆီစားသုံးမှု မြင့်တက်လာ ကြောင်း မန္တလေးမြို့ ဆီဈေးကွက် က သိရပါတယ်။ '' ဒီလမှာ ပဲဆီစားသုံးမှုမြင့်တက်လာတဲ့အတွက် ဈေးမာလာတယ်။ အထက်ပိုင်းဒေသတွေက ပဲဆံမခူးဆွတ်ရသေးလို့ ထွက်ရင်အင်နဲ့အားနဲ့ ဝင်လာနိုင်တယ်။ ဒီနှစ် ပဲဆံအထွက်ကောင်းတဲ့အတွက် ဈေးပြန်ကျလာ နိုင်ပါတယ်။ စားအုန်း ဆီက ဒီရက်ပိုင်း အဝင်နည်းပေမယ့် စားသုံးမှုလျော့တဲ့အတွက် သွင်းကုန်လျော့ကျ သင့်တယ်။ နှမ်းဆီဈေးကတက်နိုင်တယ်။ မနှစ်က နှမ်းအထွက်နည်းတဲ့အတွက်ကြောင့် ဈေးတက်နိုင်ပြီး စားသုံးမှုလျော့နိုင်တယ်။ စားအုန်းဆီနဲ့ နှမ်းဆီစားသုံးမှု လျော့ပြီး ပဲဆီ စားသုံးမှုမြင့်လာပေမယ့် ဒီနှစ်ပဲဆံအဝင်များလာနိုင်လို့ ဈေးကျဆင်းနိုင်တယ်'' လို့ ဆီကုန်သည်တစ်ဦးက ပြောပါတယ်။ လတ်တလောမှာ စားသုံးဆီဈေးနှုန်းများမြင့်တက်လာပြီး ပဲဆီတစ်ပိဿာကို ၃၂ဝဝ ကျပ်၊ ၃၃ဝဝ ကျပ်၊ နှမ်းဆီ ၂၉ဝဝ ကျပ်၊ ၂၈၅ဝ ကျပ်၊ စားအုန်းဆီ ၂၄ဝဝ ကျပ်၊ ၂၃၅ဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ဇူးဇူး
ပြည်ဈေးကွက်တွင် နှမ်းဈေးအေး ဆီဈေးတက် ပြည်ဈေးကွက်တွင် မိုးနှမ်းများအဝင်ပါးနေသဖြင့် အရောင်းအဝယ် အေးလျက်ရှိပါတယ်။ တစ်နေ့ကို နှမ်းအိတ် ၇ဝဝ သာပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ဆီစက်သမားများမှလည်း အဝယ်ရှိနေလို့ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ နယ်နဲ့ သရက်မြို့နယ်တို့မှ ဝယ်ယူကြိတ်ခွဲလျက်ရှိပါတယ်။ ရန်ကုန် ဝယ်လက်များကတော့ အဝယ်နည်းနေကြောင်း သိရပါတယ်။ နှမ်းဈေးမှာ အတက်အကျမရှိဘဲ ဈေးအေးနေပါတယ်။ စမုံနက်နှမ်း ၄၅ ပိဿာ တစ်အိတ်ကို ၁၂ဝဝဝဝ ကျပ်နဲ့ နှမ်းနက် ရိုးရိုးထိပ်စ ၄၅ ပိဿာတစ်အိတ်ကို ၁ဝဝဝဝဝ ကျပ်နဲ့ အောက်စတစ်အိတ်ကို ၉၅ဝဝဝ ကျပ်ရှိပြီး၊ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၇၆ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်အတိုင်း ဈေးအေးနေသော်လည်း နှမ်းဆီတစ်ပိဿာကို အနိမ့်ဆုံး ၃ဝဝဝ ကျပ်နဲ့ အမြင့်ဆုံး ၃၁ဝဝ ကျပ်ထိ ဈေးတက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
နှမ်းတင်ပို့မှုလျော့ကျ ယခုအပတ်မှာ နှမ်းတင်ပို့မှုသိသိသာသာလျော့ကျလျက်ရှိတာ တွေ့ရပါ တယ်။နှမ်းဖြူဈေးများမှာ မိမိဘက်ရော တစ်ဘက်နိုင်ငံပါ ဈေးကျလျက်ရှိပြီး နှမ်းနက် မှာ မိမိဘက် ဈေးအနည်းငယ် မြင့်တက်လျက် ရှိပါတယ်။ ယခုအပတ်မှာ မူဆယ် နယ်စပ်က နှမ်းတင်ပို့နိုင်မှုများကတော့ နှမ်းဖြူ ၁၂၅ တန်၊ နှမ်းနက် ၆၈၈ တန်နဲ့ နှမ်းအခွံချွတ် ၂ဝ၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၄၁၁ သန်းဖိုး တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။နှမ်းတင်ပို့မှုဟာ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် တန်ချိန် ၁၅ဝဝ နီးပါး လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှ အောက်တိုဘာလထိ နယ်စပ်စခန်းများမှ နှမ်းရောင်စုံ ၃၃၃၄ဝ တန်ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံးအနေနဲ့ကတော့ နှမ်းဖြူ တန် ၂၉၄ဝ၊ နှမ်းနက် တန် ၆၃၆ဝနဲ့ နှမ်းအခွံချွတ် ၈၅၃ တန် စုစုပေါင်း နှမ်းရောင်စုံ တန်ချိန် ၁ဝ၁၅၃ တန် တင်ပို့ထားပြီး ဖြစ်ပါတယ်။ မူဆယ်နဲ့ ရွှေလီနယ်စပ် နှမ်းပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၆၉ဝဝဝ ၁၁၇၇ဝဝ၈ ၈ဝဝ၈ ဝ .၇ ၁၂၂၅ ၁၃ဝ၂ ၇၇ ၆နှမ်းနက် ၁၃၈၄၄၈ဝ ၁၃၈ဝ၄ဝ၈ ၄ဝ၇၂ ဝ .၃ ၁၅၂၄ ၁၅၂၇ ၃ ဝ .၂MIRT (DOBT)
ယခုတစ်ပတ်နှမ်းတင်ပို့မှု လျော့လာ ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု တန်ချိန် ၁ဝဝဝ ကျော်ရှိခဲ့ရာမှ ယခုတစ်ပတ် (နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်) အတွင်းမှာ တော့ တန်ချိန် ၄ဝဝ ကျော်ကို တင်ပို့မှုလျော့ကျလာတာတွေ့ရပါတယ်။ ပြည်ပ တင်ပို့ဖို့ အဝယ်တွေရှိပေမဲ့ အရောင်းနည်းပါးတာကြောင့် တင်ပို့မှုနည်းကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ် အတိုင်း သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၉၅ဝ-၂ဝဝဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၅ဝ-၁၇ဝဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
စားအုန်းဆီဈေးနှုန်းများ(၈-၁၁-၂ဝ၁ဝ မှ ၁၂-၁၁-၂ဝ၁ဝ နေ့ထိ) ရေတွက်ပုံ - ဒေါ်လာစဉ် နေ့စွဲ CIF(ရန်ကုန်)(၁) ၈-၁၁-၂ဝ၁ဝ ၁၁၅၅(၂) ၉-၁၁-၂ဝ၁ဝ ၁၁၇၇(၃) ၁ဝ-၁၁-၂ဝ၁ဝ ၁၁၆ဝ(၄) ၁၁-၁၁-၂ဝ၁ဝ ၁၁၇၅(၅) ၁၂-၁၁-၂ဝ၁ဝ ၁၁၄၅Source:ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB) ဈေးနှုန်း ၄-၁၁-၂ဝ၁ဝ US$/Ton နိုဝင်ဘာလပထမပတ် နိုဝင်ဘာလဒုတိယပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁ဝ၂၃ .ဝဝ ၁ဝ၄၂ .ဝဝRBD P.Oilen ၁ဝ၂၇ .၅ဝ ၁ဝ၅၉ .၅ဝRBD P.Strarin ၉၉၃ .၅ဝ ၁ဝဝ၂ .၅ဝ Source: econ.mpob
