Background
ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု ပြန်လျော့လာ ယခင်သီတင်းပတ်က နှမ်းတန်ချိန် ၈၅ဝ ကျော်ထိ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (နိုဝင်ဘာလ ၁၅ ရက်မှ ၂၁ ရက်)အတွင်းမှာတော့ တန်ချိန် ၃၈ဝ ကိုပြန်လည်လျော့ကျတင်ပို့ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ တရုတ်ဝယ် လက်က ပုံမှန်အတိုင်းအဝယ်ရှိနေလို့ ယခင်ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်တို့က မြန်မာ့နှမ်းကို ဝယ်လိုပေမဲ့ လက်ရှိဈေးနဲ့ နှမ်းတင်ပို့သူတွေ မကိုက်တာကြောင့် ပင်လယ်ရေကြောင်းက တင်ပို့မှု လျော့နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၉၁ဝ-၁၉၆ဝ၊ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၆၁ဝ-၁၆၆ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၄၁၅-၁၄၆၅ အသီးသီး ဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT
စားအုန်းဆီဈေးနှုန်းများ(၂၂-၁၁-၂ဝ၁ဝ မှ ၂၆-၁၁-၂ဝ၁ဝ နေ့ထိ) ရေတွက်ပုံ- ဒေါ်လာစဉ် နေ့စွဲ CIF(ရန်ကုန်)(၁) ၂၂-၁၁-၂ဝ၁ဝ ၁၁ဝ၅(၂) ၂၃-၁၁-၂ဝ၁ဝ ၁၁၃ဝ(၃) ၂၄-၁၁-၂ဝ၁ဝ ၁၁၁၅(၄) ၂၅-၁၁-၂ဝ၁ဝ ၁၁၃ဝ(၅) ၂၆-၁၁-၂ဝ၁ဝ ၁၁၃ဝှ Source:ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၂၆-၁၁-၂ဝ၁ဝ US$/Ton နိုဝင်ဘာလတတိယပတ် နိုဝင်ဘာလစတုတ္ထပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၁၂၁ .ဝဝ ၁ဝ၆၈ .ဝဝRBD P.Oilen ၁၁၂၄ .ဝဝ ၁ဝ၉၅ .ဝဝRBD P.Strarin ၁ဝ၈၄ .ဝဝ ၁ဝ၆၁ .၅ဝSource: econ.mpob
အင်ဒိုနီးရှားက ဒီဇင်ဘာသင်္ဘောတင်အတွက် စားအုန်းဆီကြမ်းပို့ကုန်ခွန်ကို ၁၅ ရာခိုင်နှုန်းြမှင့်တင် အင်ဒိုနီးရှားအစိုးရဟာ ဒီဇင်ဘာသင်္ဘောတင်အတွက် စာအုန်းဆီကြမ်း ပို့ကုန်ခွန်ကို ယခုလမှာ ၁ဝ ရာခိုင်နှုန်းကောက်ခံရာမှ ၁၅ ရာခိုင်နှုန်းကို တိုးမြှင့်ခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေး၊ ညွှန်ကြားရေးမှူးချုပ် Deddy Saleh မှ ပြောကြားပါတယ်။ ယခုလို အခွန်တိုးမြင့် လိုက်ခြင်းက ယခင်က တစ်တန်ကို ကန်ဒေါ်လာ ၉၅၅ ဒသမ ၁၇ ရှိရာမှ ကန်ဒေါ်လာ ၁ဝ၈၁ ဒသမ ၅ ကို တိုးတက်လာတဲ့ ပျမ်းမျှစားအုန်းဆီကြမ်း ဈေးနှုန်း တိုးမြင့်မှုအပေါ်အခြေခံခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ စားအုန်းဆီအများဆုံးထုတ်လုပ်သူ ဖြစ်ပြီး ယခုနှစ်မှာ စားအုန်းဆီတန်ချိန် ၂၁ သန်း -၂၃ သန်းထုတ်လုပ်ဖို့ မျှော်မှန်းထားပြီး ၂ဝ၁၄ မှာ တန်ချိန် ၂၄ သန်းကို အနည်းဆုံး ၅ သန်းမြှင့်တင်ဖို့ ရည်မှန်းထားတယ်လို့ စိုက်ပျိုးရေးဝန်ကြီး H.E Suswono က ပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ်က အင်ဒိုနီးရှား စားအုန်းဆီထုတ်လုပ်မှုဟာ တန်ချိန် ၁၉ သန်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား နိုင်ငံအာဏာပိုင်များဟာ သစ်တော အမြောက်အမြားကို ပျက်စီးစေတဲ့ စားအုန်းဆီစိုက်ပျိူးမှု တိုးခဲျ့မှုနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတယ်ဆိုတဲ့ စွပ်စွဲမှုများနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ယုဇန၊ Sources: xinhua .com
လက်လီသမားဖြင့် ပုံမှန်အရောင်းအဝယ်ရှိတဲ့ ပြည်ပဲပုပ် ပြည်ဈေးကွက်တွင် ပဲပုပ်ဈေးမှာ ယခုနိုဝင်ဘာလ ဒုတိယပတ်ထိ တစ်တင်းကို ၁၈ဝဝဝ ကျပ်ဖြင့် ဈေးငြိမ် နေသော်လည်း အရောင်းအဝယ်ပုံမှန် ရှိကြောင်း သိရပါတယ်။ တိုင်းအတွင်းရှိ အခြားမြို့နယ်များနှင့် ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်ပြီး လက်ကျန်မှာ အခြားတိုင်းများသို့ တင်ပို့ရန် လုံ လောက်မှု မရှိကြောင်း သိရပါတယ်။ ဒေသတွင်းမှာတော့ လက်လီဝယ်ယူ သူများဖြင့်သာ ပုံမှန်အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
အောက်တိုဘာလအတွင်း တရုတ်နိုင်ငံမှ ပဲပုပ်စေ့ တင်သွင်းမှု သိသိသာသာလျော့ ကျ အောက်တိုဘာလ အတွင်း တရုတ် နိုင်ငံမှ ပဲပုပ်စေ့ တင်သွင်းမှုဟာ မမျှော်လင့်နိုင်လောက်တဲ့ပမာဏထိ လျော့ကျခဲ့ပါတယ်။ အောက်တိုဘာလ တစ်လတည်း တင်သွင်းမှုလျော့ကျသော်လည်း ပြည်တွင်းဈေးကွက်ကို ထိခိုက်စေခြင်းမရှိဘူးလို့ လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူများကဆိုပါတယ်။ အောက်တိုဘာလ တင်သွင်းမှုကို စက်တင်ဘာလ နဲ့နှိုင်း ယှဉ်လျှင် ၁၉ ရာခိုင်နှုန်း ကျော်လျော့ ကျခဲ့ပြီး တန်ချိန်အားဖြင့် ဝ ဒသမ ၇၈ သန်း လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလအတွင်း ပဲပုပ် တင်သွင်းမှုတန်ချိန်က၂ ဒသမ ၉၅သန်း ဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလမှ အောက်တိုဘာ ကုန်ထိ တရုတ် နိုင်ငံရဲ့ ပဲပုပ် တင်သွင်းမှုဟာ တန်ချိန် ၄၄ သန်းနီးပါးရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှာ ဈေးနှုန်းများမြင့်တက်နေခြင်းဟာ တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု အတွက် အဓိကကျနေတယ်လို့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနဲ့ တရုတ်လူမှုသိပ္ပံဌာနမှ လက် ထောက် သုတေသနတစ်ဦး ဖြစ်တဲ့ Hu Bingchuan က ပြောကြားပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်ပထမ ၁ဝ လ အတွင်း ချီကာဂိုကုန်သွယ်ရေး အဖွဲ့က ထုတ်ပြန်တဲ့ ဈေးနှုန်းဟာ အောက်တိုဘာလမှာ အမြင့်ဆုံးသို့ ရောက်ရှိသွား ပြီး ၁ တန်ကို ၄၂၇ ဒေါ်လာပေါက်ပါတယ်။ ဇန်နဝါရီလ ပေါက်ဈေး ၃၅၈ ဒသမ ၉၇ ဒေါ်လာထက် ၂ဝ ရာခိုင်နှုန်းမြင့်တက်သွားပါတယ်။ အောက်တိုဘာဈေးဟာ ၂ဝဝ၈ ခုနှစ် သြဂုတ်လကဈေးထက်ပိုမိုမြင့်ခဲ့ပါတယ်။ ရှန်ဟိုင်း အခြေစိုက်Qingma Investment မှ တာဝန်ရှိသူကလည်း '' အောက်တိုဘာလရဲ့ တင်သွင်းမှု ကျဆင်းခြင်းဟာ တစ်နှစ်လုံး တင်သွင်း မှုကို ထိခိုက်စေနိုင်ခြင်းမရှိကြောင်းနဲ့ နိုဝင်ဘာလနဲ့ဒီဇင်ဘာလများမှာ ပဲပုပ်စေ့ အများအပြား တင်သွင်း နိုင် ဖွယ်ရှိတယ်။ ဒါမှပြည်တွင်း စား သောက်ကုန် ဈေးကွက်တွင် ကုန် ဈေးနှုန်း မြင့်တက်မှုကို လျော့ကျစေ မယ်'' လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ ပဲပုပ် အများဆုံး စားသုံးမှုပြုတဲ့နိုင်ငံဖြစ်ပြီး ပြည်တွင်းထွက်ရှိမှုဟာ တစ်နိုင်ငံ လုံး လိုအပ်ချက်ရဲ့ သုံးပုံတစ်ပုံသာ ရှိကြောင်းနဲ့ ဒီနှစ်တစ်နှစ်လုံးမှာ ပဲပုပ်စေ့တန်ချိန် သန်း ၅ဝ တင်သွင်းဖို့ ခန့်မှန်း ထားတယ်လို့ သိရပါတယ်။ Source:Chiadaily KKCM
ပြည်ဈေးကွက်တွင် မြေပဲဆံဈေးတက် ပဲခူးတိုင်းဒေသကြီးအနောက်တွင် ဆောင်းမြေပဲများစိုက်ပိုျးနေပြီဖြစ်ပြီး ပြည်ဈေးကွက်တွင် မိုးမြေပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်၊ ပြည်မြို့အနောက်ဘက်နဲ့ အောင်လံဘက်မှ တစ်နေ့ကို အိတ် ၁ဝဝဝခန့် ဝင်ရောက်လျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံကို ဆီစက် သမားများမှ ရသလောက်အဝယ်ရှိနေလို့ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၆ဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးတက်လာတာ တွေ့ရပါတယ်။ လုံးဆံဈေးမှာ တစ်ပိဿာ ၁၇၅ဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ပြည်ဈေးကွက်တွင် တစ်နေ့ကို မြေပဲဆံအိတ် ၉ဝဝ မှ ၁ဝဝဝ ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာကို ၃၄၅ဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးမြေပဲလှိုင်လှိုင်ပေါ် ယခုအချိန်က မိုးမြေပဲများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်သလို ဆောင်းမြေပဲ စိုက်ပျိုးချိန်လည်းဖြစ်ပါတယ်။ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး ၊ အရာတော်၊ ချောင်းဦး၊ မြောင်မြို့နယ်များမှ ထွက်ရှိတဲ့ မိုးမြေပဲများ မုံရွာမြို့သို့ အများအပြားဝင်ရောက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အတွင်း မြေပဲတစ်ပိဿာအနိမ့် အမြင့်ဈေးများမှာ မြေပဲဆံနီ ၁၉၅ဝ ကျပ်၊ ၂၁ဝဝ ကျပ်၊ မြေပဲဆံဖြူ ၁၆ဝဝ ကျပ်၊ ၁၇၄၅ ကျပ်၊ မြေပဲလုံးဆံ ၁၈၅၇ ကျပ်၊ ၂ဝ၃၆ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ပထမ ပတ်အတွင်း မြေပဲတင်း ၃၆ဝဝ ကျော်၊ ဒုတိယပတ်အတွင်း မြေပဲတင်း ၅၅ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံ တစ်ရက်ကို ပျမ်းမျှ တင်း ၁၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ လက်ကား ၃၁၅ဝ ကျပ်၊ လက်လီဈေး ၃၃ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ သန်းသန်းတင်
ပြည်တွင်းလက်ကျန်အခြေအနေကြောင့် နှမ်းတင်ပို့မှု လျော့ကျလာ ပြည်တွင်းဈေးနှုန်းနဲ့ တစ်ဖက်နိုင်ငံဈေးများ သိသိသာသာ မပြောင်းလဲသော်လည်း ပြည်တွင်းလက်ကျန် နည်းပါးသွားတဲ့အတွက် တင်ပို့မှုလျော့ကျ လျက်ရှိတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့ကထွက်ရှိတဲ့ နှမ်းဖြူ၊ နှမ်းနက်များကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်က တစ်ဆင့်တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ နှမ်းဖြူ ၉၆ တန်၊ နှမ်းနက် ၃၁၁ တန်နဲ့ နှမ်းအခွံချွတ် တန် ၁ဝဝ ၊ ချင်းရွှေဟော်နယ်စပ်မှ နှမ်းဖြူ ၃၄ တန်ကျော် စုစုပေါင်းနှမ်းရောင်စုံ ၅၄၁ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၇၅ သန်းဖိုးတင်ပိုနိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁ဝဝဝ ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်တင်ပို့နိုင်မှု ဟာ ထက်ဝက်နီးပါးလျော့ကျသွားပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံနှမ်းပေါက်ဈေး ကို ကြည့်တဲ့အခါ မိမိဘက်မှာ နှမ်းဖြူဈေး လျော့ကျခဲ့သော်လည်း နှမ်းနက်ဈေး ကောင်းလျက် ရှိတာတွေ့ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခ ပြောင်းလဲမှု %နှမ်းဖြူ ၁၁၅၂၆၁၄ ၁၁၉၆ဝ၇၂ ၄၃၄၅၈ ၄ ၁၃ဝ၇ ၁၂၃၂ ၇၅ ၆နှမ်းနက် ၁၅၃၃၆ဝ၇ ၁၃၈၄၄၈ဝ ၁၄၉၁၂၇ ၁ဝ ၁၆ဝ၈ ၁၅၃၃ ၇၅ ၅MIRT (DOBT)
