Background
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ တဖြည်းဖြည်းလျော့ကျလာပေမဲ့ မြေပဲဆန်တင်ပို့မှုမှာတော့ တိုးတက်လာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က နှမ်းတန်ချိန် ၄၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ်(ဇူလိုင် ၂ ရက်မှ ၇ ရက်) အတွင်း မှာတော့တန်ချိန် ၂၉၀ ခန့်သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ ဒီတစ်ပတ်မှာ တောင် ကိုရီးယားနဲ့ ကူဝိတ်ကိုတင်ပို့တာဖြစ်ပြီး တောင်ကိုရီးယားကို တင်ပို့တဲ့ ပမာဏ များတာ တွေ့ရပါတယ်။ မြေပဲဆန်တင်ပို့မှုအနေနဲ့ ယခုတစ်ပတ်မှာ တန်ချိန် တစ်ထောင်ကျော်တင်ပို့ခဲ့လို့ ယခင်တစ်ပတ်ထက် ပိုတင်လာတာ တွေ့ရပါတယ်။ ဆီထွက်သီးနှံ စုစုပေါင်း တင်ပို့မှုကို ကြည့်ရင် လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၆ ရက်အထိ နှမ်းတန်ချိန် ၁၄၀၀၀ နီးပါး၊ မြေပဲဆန်နှင့် မြေပဲအခွံပါ တန်ချိန် စုစုပေါင်း ၃၂၈၀၀ ကျော် စုစုပေါင်း တန်ချိန် ၄၅၇၀၀ တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၆၆ သန်းကျော် ရရှိပြီဖြစ်ကြောင်း သိရပါတယ်။ MIRT(MAPT)
ကမ္ဘာ့ပဲပုပ်ဝယ်ယူမှု အများဆုံး တရုတ်နိုင်ငံမှာ မွေးမြူရေးအစာ ဝယ်လို အားများလာခြင်းနဲ့ ကြိတ်ခွဲနိုင်မှု တိုးချဲ့ လာခြင်းတွေေ ကြာင့် ဇွန်လအတွင်းမှာ ပဲပုပ်တန်ချိန် ၅ ဒသမ ၆၂ သန်း တင် သွင်းခဲ့ရာ နိုဝင်ဘာလ နောက်ပိုင်း အများ ဆုံး တင်သွင်းခဲ့ကြောင်း အကောက်ခွန် စာရင်းများအရ သိရပါတယ်။
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း 6-7-2012 US$Ton ဇွန်လစတုတ္ထပတ် ဇူလိုင်လပထမပတ်နှိုင်းယှဉ်ချက် RBD P.Oil 963.00 966.50 RBD P.Olein 984.00 979.50 RBD P.Strarin 924.00 912.00 Source: econ.mpob
စားအုန်းဆီဈေးနှုန်းများ(၂-၇-၂၀၁၂ မှ ၆-၇-၂၀၁၂ နေ့ထိ) ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ CIF (ရန်ကုန်) Cloud Point 10.C Max (1) ၂-၇-၂၀၁၂ 1065 (2) ၃-၇-၂၀၁၂ 1065 (3) ၄-၇-၂၀၁၂ 1080 (4) ၅-၇-၂၀၁၂ 1075 (5) ၆-၇-၂၀၁၂ 1085 Source: ဆီကုန်သည်များအသင်း
ပြည်တွင်းဆီဈေးနှုန်း (၆-၇-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3500 3800 2800 2800 2000 1850 ရန်ကုန် 4500 4600 3500 3600 1725 1760 မန္တလေး 3800 3600 2900 3000 1830 1880 ပဲခူး 3500 3500 3300 3300 1750 1800 မကွေး 4000 4000 3000 3000 1870 1870 မုံရွာ 3850 3850 3100 3100 1920 1870 တောင်ကြီး 3500 3500 2500 2500 2000 1960 စစ်တွေ 3200 3400 3000 3200 2000 2000
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၄၁ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ ၂၀၅ တန်ကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလ အတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် ၅ တန်ကျော် လျော့နည်း ခဲ့ပါတယ်။ ဇွန်လမှ ကန်ဒေါ်လာသုည ဒသမ ၆၃၃ သန်းဖိုးရှိ ပဲပုပ်စေ့ ၉၂၃ တန် တင်ပို့နိုင်ခဲ့ပြီး ဧပြီလမှဇွန်လထိ နယ်စပ် မှ ပဲပုပ်စေ့ ၂၁၁၅ တန်ခန့် တင်ပို့နိုင် ခဲ့ပါတယ်။MIRT(DOBT)
ယခုတစ်ပတ်တောင်ကြီးဈေးကွက်မှာ မြေပဲဈေးများ အနည်းငယ်တက်လာပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၁၅၅၀ ကျပ်မှယခုတစ်ပတ်မှာတစ်ပိဿာ ၁၆၀၀ ကျပ် - ၁၆၂၅ကျပ်နဲ့ ဈေးတက်လာပါတယ်။ လက်ကျန်လည်းနည်းသွားပြီး ရှမ်းပဲ ဖြစ် တဲ့ ကျေးသီးမိုင်းရှူးဘက်မှထွက်တဲ့ မြေပဲများသာ အဝင်ရှိပါတော့တယ်လို့ သိရပါတယ်။ ဒေသတွင်း ဆီစက်နဲ့ ဈေးကွက် ဝယ်လိုအားများလာတာကြောင့် ဈေးတက်လာတယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။ SYH
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၇၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၉၅၉ တန်ခန့်ကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၁၅၆ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နှမ်း ရောင်စုံတင်ပို့မှုတွေ ကတော့ကန်ဒေါ်လာ သုည ဒသမ ၁၉၆သန်းတန်ဖိုးရှိနှမ်းနက် ၁၃၅တန်၊ကန်ဒေါ်လာ သုည ဒသမ ၉၈၅ သန်းတန်ဖိုးရှိ နှမ်းဖြူ ၇၅၈ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၆၆ တန် အသီးသီးဖြစ်ပါတယ်။ ဇွန်လအတွင်းမှာ ကန်ဒေါ်လာ ၅ ဒသမ ၁၆၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၃၈၁၂ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ဧပြီမှ ဇွန်အထိ ဘဏ္ဍာနှစ်ပထမ ၃ လကာလမှာ နှမ်းတန်ချိန် ၂၃၂၄၆ တန်ဝန်းကျင် နယ်စပ်မှတင် ပို့ထားပြီးဖြစ်ပါတယ်။
ယခုနှစ်ဇွန်အတွင်း ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၂၁၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူမှာ တန်ချိန် ၁၅၀၀ ခန့်သာရှိခဲ့ပါတယ်။ ယခုနှစ် မေအတွင်းမှာတော့တန်ချိန် ၂၅၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုလတွေမှာ နှမ်းလက်ကျန် နည်းလာပြီဖြစ်လို့ပမာဏနည်းနည်းသာတင်ပို့မှုရှိရာယခုတစ်ပတ် (ဇွန် ၂၅-၂၉)ရက်အတွင်းမှာလည်း တန်ချိန် ၄၁၀ ခန့်သာ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ကူဝိတ်၊ ယူအေအီး၊ တောင်ကိုရီးယား၊ ဗီယက်နမ်နဲ့ အိန္ဒိယတို့ကို ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်ဇွန် ၂၉ ရက်အထိနှမ်းစုစုပေါင်းတင်ပို့ပြီးစီးမှုမှာတန်ချိန် ၁၂၄၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန် ချိန် ၆၁၀၀ ကျော်သာရှိကြောင်းသိရပါတယ်။လက်ရှိဘဏ္ဍာနှစ်အတွင်းမြေပဲတင်ပို့မှုအနေနဲ့ မြေပဲအခွံပါ တန်ချိန် ၁၆၃ နဲ့ မြေပဲ ဆန်တန်ချိန် ၃၀၆၀၀ ကျော်စုစုပေါင်းတန်ချိန် ၃၀၈၀၀ ကျော် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၄ သန်းကျော်ရရှိပြီးကြောင်း သိရပါ တယ်။ MIRT - MAPT
ယခုသီတင်းပတ်နှောင်းပိုင်းမှာ အီးယူခေါင်းဆောင်များရဲ့ ထိပ်သီးဆွေးနွေးပွဲက ဒေသတွင်းအကြွေးအကျပ် အတည်း လျော့ပါးအောင်ဖြေရှင်းနိုင်ဖွယ်မရှိခြင်းအတွက် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုဖြစ်ကာ မလေးရှား စားအုန်း ဆီကြမ်းကြိုပွို င့်ဈေး၊ ဇွန်လ ၂၇ ရက်မှာ ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ရာသီဥတု ပူပြင်းခြောက်ေ သွ့မှုက ပဲပုပ်အထွက်ကို ကျဆင်းစေပြီး ဆီထွက်သီးနှံရောင်းချမှု လျော့နည်းဖွယ်ရှိခြင်းဟာ စားအုန်းဆီဈေး ကို မြှင့်တင်နိုင်တဲ့အတွက် လက်ရှိ စားအုန်းဆီေ ဈးကျဆင်းမှု ကန့်သတ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်မှာ စားအုန်းဆီတစ်တန်ရင်းဂစ် ၃၀၀၀-၃၀၅၀ (ကန်ဒေါ်လာ ၉၃၉-၉၈၆ ) အတွင်း ရှိနေတယ်လို့ ကုန်သည် တစ်ဦးကဆိုပါတယ်။ ရာသီဥတုအခြေအနေက ကာလတို အတွင်း စားအုန်းဆီေ ဈးကွက်ကို ကြီးမားစွာလွှမ်းမိုးနေ ပါတယ်။ အမေရိကန်နိုင်ငံမှာ လက်ရှိစိုက်ပျိုးရာသီအတွင်း ရာသီဥတုခြောက်ေ သွ့ခြင်းက စားအုန်းဆီဈေးကို အထောက်အပံ့ပြုနေပါတယ်။