Background
ယခုအပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲနဲ့နှမ်းဈေးမာလာတာကြောင့် ပဲဆီ၊ နှမ်းဆီဈေးသာမက စားအုန်းဆီဈေးပါ အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ ခုလိုဆီထွက်သီးနှံ ဈေးမာလာခြင်းဟာ တရုတ်ပြည် တင်ပို့မှု ရှိလို့မဟုတ်ဘဲ ဒေသတွင်းဆီစက်သမားတွေ ကုန်ကြမ်းပစ္စည်းစုဖို့အတွက် အဝယ်သွက်လာတာကြောင့်ဖြစ်တယ်လို့ ပွဲရုံ ရပ်ကွက် က ပြောပါတယ်။
ယခုအပတ် မတ်လ ၂၁ မှ ၂၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၀၉၆ သန်းတန်ဖိုးရှိ နှမ်းနက် တန် ၅၀၀နဲ့ နှမ်းဖြူ ၁၄၇ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်မူဆယ်မှနှမ်းတင်ပို့မှုနဲ့ နှိုင်းယှဉ်လျှင် တန် ၂၇၀ ကျော် လျော့ နည်းခဲ့တာ တွေ့ရပါတယ်။
လက်ကျန်နည်းလာပြီဖြစ်တဲ့ နှမ်းကို ပြည်ပတင်ပို့ရာမှာ ယခင်တစ်ပတ်ထက်လျော့ကျတာ တွေ့ရပါတယ်။ ယခင် တစ်ပတ်က တန်ချိန် ၉၄၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (မတ်လ ၁၉-၂၃ ရက်) အတွင်း တန်ချိန် ၄၀၀ ခန့်သာတင်ပို့မှု ရှိတာ တွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်တို့ကိုဖြစ်ပြီး ပမာဏများများ တင်ပို့တာကတော့ တောင်ကိုရီးယားကိုဖြစ်ပါတယ်။
ရန်ကုန်မြို့ စားအုန်းဆီကန်အချို့မှ ၁၁၆ ပိဿာဝင်ဆံ့တဲ့ တစ်ပေပါကို ၂၅ ကျပ်သားမှ ၅ ပိဿာခန့်အထိ လျော့နည်းထုတ်ယူရရှိခြင်းနဲ့ပတ်သက်လို့ မြန်မာ နိုင်ငံ ဆီလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များ အသင်း၊ မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ မြန်မာနိုင်ငံ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်၊ ဆီကန်ပိုင်ရှင်များ၊
ပြည် ပဲပုပ်ဈေးကွက်မှာ ပဲပုပ် လက်ကျန်များ အရောင်းအဝယ် နေ့ စဉ် မဖြစ်ဘဲ တစ်ခါတစ်ရံမှသာ ရောင်း ဝယ်မှု ရှိခဲ့ကြပါတယ်။ လက်လီသမား အနည်းငယ်သာ ရောင်းဝယ်မှုရှိခဲ့ပြီး၊ လက်ကားဝယ်လက်များမှ ဝယ်ယူမှုရှိ လာတဲ့အခါ အိတ် ၄၀၀ ကျော် ရောင်း ဝယ်နိုင်ခဲ့ကြပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ယခင် အပတ်က အတိုင်း ဈေးငြိမ်လျက်ရှိခဲ့ ပါတယ်။
မတ်လ ၁၄ ရက်မှ ၂၀ ရက် ကာလမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၀၄၂ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ တန် ၆၀ ကျော် အပို့ရှိခဲ့ပြီး ယခင်အပတ်က တင်ပို့မှုထက် ထက် ဝက်ခန့် လျော့နည်းတင်ပို့ခဲ့တယ်လို့ သိ ရပါတယ်။ မြေပြင်ဈေးများ ပြောင်းလဲမှု မရှိဘဲမိမိဖက်မှာ ၅၆၆၀၁၆ ကျပ်နဲ့ တစ် ဘက်နိုင်ငံဈေး ၆၆၇ ဒေါ်လာ ပေါက် လျက်ရှိပါတယ်။ MIRT (DOBT)
ရာသီဥတုမသာယာခြင်း၊ ဈေးကွက်အခြေခံအဆောက်အဦးမရှိခြင်းနဲ့ ဈေးနှုန်းအတက်အကျများခြင်းတို့ ကြောင့် ၂၀၁၁-၁၂ အိန္ဒိယနိုင်ငံရဲ့ မြေပဲ စိုက်ဧရိယာက ၁၁ ရာခိုင်နှုန်းကျဆင်းပြီး၊ ဟက်တာ ၅ ဒသမ ၁၉ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်မယ်လို့ မတ်၂၀ မှာ စိုက်ပျိုးရေးဝန်ကြီး ရှရတ်ပါဝါက ပြောကြားပါတယ်။ ၂၀၁၀-၁၁ (ဇူလိုင်-ဇွန်)ရာသီအတွင်းမှာ မြေပဲ ဟက်တာ ၅ ဒသမ ၈၅ သန်းရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
နယ်ကုန်သည်လက်ထဲမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ နှမ်းရောင်စုံကို ပြည်ပတင်ပို့မှုဆက်ရှိနေသေးတာ တွေ့ရပါတယ်။ ယခင်တစ်ပတ်ကနှမ်းတန်ချိန် ၂၉၀ ခန့်သာတင်ပို့မှုရှိခဲ့ပြီးယခုတစ်ပတ်(မတ်လ၁၀-၁၆ ရက်) အတွင်းမှာတော့ တန်ချိန် ၉၄၀ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ
မူဆယ် ၁၀၅ မိုင်မှကန်ဒေါ်လာ၁ ဒသမ ၁၂၉ သန်းတန်ဖိုးရှိ နှမ်းနက် ၇၇၈ တန်ကျော်နဲ့ ကန်ဒေါ်လာ သုညဒသမ ၁၈၁ သန်း တန်ဖိုးရှိ နှမ်းဖြူ ၁၃၉ တန်ခန့်ကို မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ နှမ်းဖြူ (အခွံချွတ်) တင်ပို့နိုင်ခြင်းမရှိပေမဲ့ နှမ်းနက် ၂၄၆ တန်နဲ့ နှမ်းဖြူ တန် ၇၀ ယခင်အပတ်ကထက် သိသိသာသာ ပိုမို
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း 23-3-2012 US$Ton ဇန်နဝါရီလဒုတိယပတ် ဇန်နဝါရီလတတိယပတ် နှိုင်းယှဉ်ချက် RBD P.Oil 1112.50 1135.00 RBD P.Olein 1128.00 1143.00 RBD P.Strarin 1010.00 1036.00 Source: econ.mpob
