Background
မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကနေ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိ ကာလအတွင်း နှမ်းဖြူ ၁၂၉၃ တန်၊ နှမ်းနက် ၁၂၈၉ တန်နဲ့ နှမ်းဖြူ (အခွံချွတ်) ၃၁၉ တန်ကျော်၊ စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၀၀၂ သန်းဖိုး တင်ပို့ ခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူ တန် ၄၀၀ ကျော်နဲ့ နှမ်းနက် တန် ၄၀၀ ကျော်တင်ပို့မှုပိုမိုခဲ့တာ တွေ့ရပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတော့ ဆက်လက်တိုးတက်နေပါတယ်။ ယခင်သီတင်းပတ်က နှမ်းတန်ချိန် ၁၁၀၀ ခန့် တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာ ၁၉-၂၃ရက်)အတွင်းမှာ တန်ချိန် ၁၂၅၀ ခန့်အထိ တိုးတက်တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပြီး ပမာဏအများဆုံးတင်ပို့တဲ့ နိုင်ငံကတော့ ဂျပန်နိုင်ငံကိုပဲ ဖြစ်ပါတယ်။
နှစ်ကုန်ပိုင်း ရောင်းဝယ်ရေးလျော့နည်းလို့ ဒီဇင်ဘာလ ၂၉ ရက်မှာ မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး ကျဆင်းခဲ့ပေမယ့် စားအုန်းဆီ ဒုတိယအများဆုံး ထုတ် လုပ်တဲ့ မလေးရှားမှာ မိုးသည်းထန်ခြင်းကြောင့် ထုတ်လုပ်မှုကို ထိခိုက်နိုင်တဲ့ စိုးရိမ် မှုများက ဈေးနှုန်းကျဆင်းမှုကို ကန့်သတ်နိုင်ပါတယ်။ ကမ္ဘာ့ဈေးကွက် အရောင်း အဝယ် အားပျော့လာခြင်းက ရင်းနှီးမြုပ်နှံသူများ စားအုန်းဆီဝယ်ယူမှု နည်းလာတဲ့ အတွက် ဒီဇင်ဘာ ၂၈ ရက် သီတင်း ၅ ပတ်အတွင်း ဈေးမြင့်တက်ခဲ့ရာမှ ပြန်လည် လျော့ကျခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းဆီဈေးနှုန်း (၂၃-၁၂-၂၀၁၁) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3400 3400 2000 2800 1900 1900 ရန်ကုန် 3700 3500 2700 2700 1660 1665 မန္တလေး 3200 3000 2300 2400 1820 1800 ပဲခူး 3400 3500 2800 2900 1700 1800 မကွေး 3400 3200 2500 2450 1750 1775 မုံရွာ 3300 3300 2350 2350 1840 1840 တောင်ကြီး 3000 3000 2600 2600 2950 1950 စစ်တွေ 3400 3400 3100 3100 1900 1900
၂၃-၁၂-၂၀၁၁ US$/Ton ဒီဇင်ဘာလဒုတိယပတ် ဒီဇင်ဘာတတိယပတ် နှိုင်းယှဉ်ချက် RBD P.Oil ၁၀၅၈ .၅၀ ၁၀၄၉ .၅၀ RBD P.Olein ၁၀၆၇ .၀၀ ၁၀၅၃ .၅၀ RBD P.Strarin ၉၄၇ .၅၀ ၉၂၈ .၀၀Source: econ.mpob
တောင်ကြီးဈေးကွက်သို့ ပန်းနှမ်းများစတင်ဝင်ရောက်လာပါတယ်။ယခုတစ်ပတ်အတွင်းမှာပဲ ဆီဆိုင်၊ ဆိုက်ခေါင်၊ ဟိုပုံးမြို့ နယ်များမှ ပန်းနှမ်းများအဝင်များလာပါတယ်။ ပန်းနှမ်းများ အဝင်စိပ်လာတဲ့အတွက်ယခင်တစ်ပတ်ကထက် ပန်းနှမ်းဈေးကျလာ ပါတယ်။ ယခင်အပတ်က ပန်းနှမ်းတစ်ပိဿာ ၉၀၀ ကျပ်၊ ၉၅၀ ကျပ်မှ ယခုတစ်ပတ်မှာတော့ ပန်းနှမ်းတစ်ပိဿာ ၈၆၀ ကျပ်၊ ၈၇၀ ကျပ်ဖြင့် ဈေးအနည်းငယ်ကျလာပါတယ်။ ယခုအချိန်မှာတော့ ပန်းနှမ်းများစပေါ်ချိန်ဖြစ်လို့ လှောင်လက်များနဲ့ ဒေသတွင်းဆီစက်များမှ အဝယ်လိုက်နေတဲ့အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေပါတယ်။ S.Y.H
မန္တလေးမြို့တွင်းကို မကွေးတိုင်းဒေသကြီး ရေနံချောင်း၊ ပခုက္ကူ၊ ချောက်၊ အောင်လံ၊ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူ၊ ခင်ဦး၊ ဝက်လက်၊ ရွှေဘိုနဲ့ တိုင်းတွင်းဒေသများဖြစ်တဲ့ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာနယ်များမှ ထွက်ရှိတဲ့ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်တို့ ဝင်ရောက်လာကြပြီး၊ မန္တလေးမှတစ်ဆင့်မူဆယ်သို့ ခရီးဆက်ကြပါတယ်။
ယခုတစ်ပတ်ဒီဇင်ဘာလ ၁၂-၁၆ရက်အတွင်း ပင်လယ် ရေကြောင်းက နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၁၀၀ ခန့်ရှိပြီး ယခင် သီတင်းပတ်က တင်ပို့တဲ့ တန်ချိန် ၇၃၀ ထက်ပိုမိုလာပါတယ်။ ယခုတစ်ပတ်မှာ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေး ရှားနဲ့ တရုတ်ကို တင်ပို့ခဲ့တာဖြစ်ပြီး ဂျပန်ကို အများဆုံးနဲ့ တန်ချိန် ၆၆၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ တည်ငြိမ်နေတာတွေ့ရပြီး၊ ဒီဇင်ဘာလ ၁၆ ရက်မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန် ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် ရိုးရိုး တစ်တန် ကန်ဒေါ် လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူမှာ ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိ ကြောင်း သိရပါတယ်။ MIRT - MAPT
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလ အတွင်း နှမ်းဖြူ ၈၅၄ တန်၊ နှမ်းနက် ၈၃၁ တန်နဲ့ နှမ်းဖြူ (အခွံချွတ်)၊ ၃၂၃ တန် စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၇၇၁ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် နှမ်းဖြူရော နှမ်းနက်ပါ အပို့ပိုမိုခဲ့ပြီး ယခုတစ်ပတ်မှာလည်း နှမ်းညိုနဲ့ နှမ်းနီတင်ပို့မှု မရှိတာတွေ့ရပါတယ်။